ရာသီကြိုခြေစမ်းပွဲမှာ မက်ဆီနဲ့ စီရော်နယ်လ်ဒို ပြန်လည်ရင်ဆိုင်ရဖို့ရှိနေ

ဘာစီလိုနာအသင်းဟာ နှစ်စဉ်ပုံမှန်ကျင်းပနေတဲ့ ယိုဟမ်ဂမ်ပါဖလားပွဲကို လာမယ့်သြဂုတ်လမှာယှဉ်ပြိုင်ကစားသွားမှာဖြစ်ပြီး ဒီနှစ်မှာတော့ စီးရီးအေထိပ်သီး
ဂျူဗင်တပ်စ်အသင်းကို ဖိတ်ခေါ်ထားတာကြောင့် နာမည်ကျော်ကစားသမားနှစ်ဦးဖြစ်တဲ့ မက်ဆီနဲ့စီရော်နယ်လ်ဒိုတို့ နူးကမ့်ကွင်းမှာပြန်လည်ရင်ဆိုင်ရဖို့ရှိနေပါပြီ။

ဘာစီလိုနာအသင်းဟာ အသင်းကို စတင်တည်ထောင်ခဲ့တဲ့ဂန္ထဝင်ဥက္ကဌကြီးဖြစ်သူယိုဟမ်ဂမ်ပါကို ဂုဏ်ပြုတဲ့အနေနဲ့ ၁၉၆၆ခုနှစ်ကစလို့ ယိုဟမ်ဂမ်ပါဖလားပွဲအဖြစ်ကျင်းပခဲ့ပြီး

၁၉၆၆ ကနေ ၁၉၉၆ ခုနှစ်အထိ အသင်း(၄)သင်းပါဝင်ကစားခဲ့ပေမယ့် ၁၉၉၇ ခုနှစ်မှာတော့ ကမ္ဘာတစ်ဝန်းက နာမည်ကျော်ကလပ်တစ်သင်းကို နှစ်စဉ်ဖိတ်ခေါ်ယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပါတယ်။

ယိုဟမ်ဂမ်ပါဖလားနောက်ဆုံး(၈)ကြိမ်မှာ ဘာစီလိုနာအသင်းက ပွဲတိုင်းအနိုင်ရခဲ့ပြီး ဂျူဗင်တပ်စ်နဲ့ ဘာစီလိုနာအသင်းတို့ဟာ ၂၀၀၅ ခုနှစ်ယိုဟမ်ဂမ်ပါဖလားပွဲမှာဆုံတွေ့ခဲ့တုန်းက ဂျူဗင်တပ်စ်အသင်း ပယ်နယ်တီအဆုံးအဖြတ်နဲ့အနိုင်ခဲ့ပါတယ်။

ဒီနှစ်ပွဲစဉ်မှာတော့ နာမည်ကျော်ကစားသမားနှစ်ဦးဖြစ်တဲ့ မက်ဆီနဲ့ စီရော်နယ်လ်ဒိုတို့နှစ်ဦး ပြိုင်ဘက်အဖြစ် တစ်ကျော့ပြန်ရင်ဆိုင်ရမှာဖြစ်လို့ ပရိသတ်တွေအတွက် စိတ်လှုပ်ရှားစရာကောင်းတဲ့ပွဲတစ်ပွဲဖြစ်လာဖို့ရှိနေပါပြီ။

မက်ဆီနဲ့ စီရော်နယ်လ်ဒိုဟာ ရီးယဲလ်အသင်းမှာ စီရော်နယ်လ်ဒိုကစားခဲ့တုန်းက တစ်ယောက်နဲ့တစ်ယောက်အနိုင်မခံ၊အရှုံးမပေးဘဲ အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ကြပြီး ၂၀၁၈ ခုနှစ်မှာ စီရော်နယ်လ်ဒိုက ဂျူဗင်တပ်စ်အသင်းဆီပြောင်းရွှေ့ခဲ့ပါတယ်။

သူတို့နှစ်ယောက် နောက်ဆုံးဆုံတွေ့ခဲ့တာက ၂၀၂၀၊ ချန်ပီယံလိဂ်အုပ်စုအဆင့်မှာဖြစ်ပြီး ဂျူဗင်တပ်စ်အသင်းဟာ နူးကမ့်မှာ ဘာစီလိုနာကို (၃)ဂိုးပြတ်အနိုင်ရခဲ့သလို
စီရော်နယ်လ်ဒိုကလည်း နှစ်ဂိုးသွင်းယူခဲ့တာကြောင့် လာမယ့်ယိုဟမ်ဂမ်ပါဖလားပွဲမှာ အဲဒီရှုံးကြွေးကို ပြန်ဆပ်နိုင်ဖို့ မက်ဆီကြိုးစားရမှာပါ။

ဒါပေမဲ့ ပြဿနာဖြစ်နေတာက အခုလောလောဆယ် ဘာစီလိုနာအသင်းဟာ မက်ဆီကို စာချုပ်ပြန်ချုပ်ဖို့ကြိုးစားနေပေမယ့် တရားဝင်စာချုပ်ချုပ်ဆိုနိုင်တာမျိုးမရှိသေးသလို

စာချုပ်ချုပ်ဆိုဖြစ်ခဲ့ရင်တောင် မက်ဆီဟာ ဒဏ်ရာရှိလျက်နဲ့ ကိုပါအမေရိကဗိုလ်လုပွဲကစားခဲ့တာကြောင့် ယိုဟမ်ဂမ်ပါပွဲမှာ ပါဝင်ကစားနိုင်မလားဆိုတာ မသေချာသေးပါဘူး။

Zawgyi

ရာသီႀကိဳေျခစမ္းပြဲမွာ မက္ဆီနဲ႔ စီေရာ္နယ္လ္ဒို ျပန္လည္ရင္ဆိုင္ရဖို႔ရွိေန

ဘာစီလိုနာအသင္းဟာ ႏွစ္စဥ္ပုံမွန္က်င္းပေနတဲ့ ယိုဟမ္ဂမ္ပါဖလားပြဲကို လာမယ့္ၾသဂုတ္လမွာယွဥ္ၿပိဳင္ကစားသြားမွာျဖစ္ၿပီး ဒီႏွစ္မွာေတာ့ စီးရီးေအထိပ္သီး
ဂ်ဴဗင္တပ္စ္အသင္းကို ဖိတ္ေခၚထားတာေၾကာင့္ နာမည္ေက်ာ္ကစားသမားႏွစ္ဦးျဖစ္တဲ့ မက္ဆီနဲ႔စီေရာ္နယ္လ္ဒိုတို႔ ႏူးကမ့္ကြင္းမွာျပန္လည္ရင္ဆိုင္ရဖို႔ရွိေနပါၿပီ။

ဘာစီလိုနာအသင္းဟာ အသင္းကို စတင္တည္ေထာင္ခဲ့တဲ့ဂႏၴဝင္ဥကၠဌႀကီးျဖစ္သူယိုဟမ္ဂမ္ပါကို ဂုဏ္ျပဳတဲ့အေနနဲ႔ ၁၉၆၆ခုႏွစ္ကစလို႔ ယိုဟမ္ဂမ္ပါဖလားပြဲအျဖစ္က်င္းပခဲ့ၿပီး

၁၉၆၆ ကေန ၁၉၉၆ ခုႏွစ္အထိ အသင္း(၄)သင္းပါဝင္ကစားခဲ့ေပမယ့္ ၁၉၉၇ ခုႏွစ္မွာေတာ့ ကမာၻတစ္ဝန္းက နာမည္ေက်ာ္ကလပ္တစ္သင္းကို ႏွစ္စဥ္ဖိတ္ေခၚယွဥ္ၿပိဳင္ကစားခဲ့တာျဖစ္ပါတယ္။

ယိုဟမ္ဂမ္ပါဖလားေနာက္ဆုံး(၈)ႀကိမ္မွာ ဘာစီလိုနာအသင္းက ပြဲတိုင္းအႏိုင္ရခဲ့ၿပီး ဂ်ဴဗင္တပ္စ္နဲ႔ ဘာစီလိုနာအသင္းတို႔ဟာ ၂၀၀၅ ခုႏွစ္ယိုဟမ္ဂမ္ပါဖလားပြဲမွာဆုံေတြ႕ခဲ့တုန္းက ဂ်ဴဗင္တပ္စ္အသင္း ပယ္နယ္တီအဆုံးအျဖတ္နဲ႔အႏိုင္ခဲ့ပါတယ္။

ဒီႏွစ္ပြဲစဥ္မွာေတာ့ နာမည္ေက်ာ္ကစားသမားႏွစ္ဦးျဖစ္တဲ့ မက္ဆီနဲ႔ စီေရာ္နယ္လ္ဒိုတို႔ႏွစ္ဦး ၿပိဳင္ဘက္အျဖစ္ တစ္ေက်ာ့ျပန္ရင္ဆိုင္ရမွာျဖစ္လို႔ ပရိသတ္ေတြအတြက္ စိတ္လႈပ္ရွားစရာေကာင္းတဲ့ပြဲတစ္ပြဲျဖစ္လာဖို႔ရွိေနပါၿပီ။

မက္ဆီနဲ႔ စီေရာ္နယ္လ္ဒိုဟာ ရီးယဲလ္အသင္းမွာ စီေရာ္နယ္လ္ဒိုကစားခဲ့တုန္းက တစ္ေယာက္နဲ႔တစ္ေယာက္အႏိုင္မခံ၊အရႈံးမေပးဘဲ အႀကိတ္အနယ္ယွဥ္ၿပိဳင္ခဲ့ၾကၿပီး ၂၀၁၈ ခုႏွစ္မွာ စီေရာ္နယ္လ္ဒိုက ဂ်ဴဗင္တပ္စ္အသင္းဆီေျပာင္းေ႐ႊ႕ခဲ့ပါတယ္။

သူတို႔ႏွစ္ေယာက္ ေနာက္ဆုံးဆုံေတြ႕ခဲ့တာက ၂၀၂၀၊ ခ်န္ပီယံလိဂ္အုပ္စုအဆင့္မွာျဖစ္ၿပီး ဂ်ဴဗင္တပ္စ္အသင္းဟာ ႏူးကမ့္မွာ ဘာစီလိုနာကို (၃)ဂိုးျပတ္အႏိုင္ရခဲ့သလို

စီေရာ္နယ္လ္ဒိုကလည္း ႏွစ္ဂိုးသြင္းယူခဲ့တာေၾကာင့္ လာမယ့္ယိုဟမ္ဂမ္ပါဖလားပြဲမွာ အဲဒီရႈံးေႂကြးကို ျပန္ဆပ္ႏိုင္ဖို႔ မက္ဆီႀကိဳးစားရမွာပါ။

ဒါေပမဲ့ ျပႆနာျဖစ္ေနတာက အခုေလာေလာဆယ္ ဘာစီလိုနာအသင္းဟာ မက္ဆီကို စာခ်ဳပ္ျပန္ခ်ဳပ္ဖို႔ႀကိဳးစားေနေပမယ့္ တရားဝင္စာခ်ဳပ္ခ်ဳပ္ဆိုႏိုင္တာမ်ိဳးမရွိေသးသလို

စာခ်ဳပ္ခ်ဳပ္ဆိုျဖစ္ခဲ့ရင္ေတာင္ မက္ဆီဟာ ဒဏ္ရာရွိလ်က္နဲ႔ ကိုပါအေမရိကဗိုလ္လုပြဲကစားခဲ့တာေၾကာင့္ ယိုဟမ္ဂမ္ပါပြဲမွာ ပါဝင္ကစားႏိုင္မလားဆိုတာ မေသခ်ာေသးပါဘူး။