အိုလံပစ်အုပ်စုအဖွင့်ပွဲမှာ ဆိုးဆိုးရွားရွားဒဏ်ရာရရှိခဲ့တဲ့ စပိန်ကွင်းလယ်လူ

၂၀၂၀ တိုကျိုအိုလံပစ်အုပ်စုအဖွင့်ပွဲအဖြစ် အီဂျစ်အသင်းနဲ့ကစားခဲ့တဲ့ပွဲမှာ စပိန်ကွင်းလယ်လူစီဘယ်ယို့ဟာ ပြိုင်ဘက်ကစားသမားရဲ့ကြမ်းတမ်းတဲ့ ဖျက်ထုတ်ကစားပုံကြောင့် ဆိုးဆိုးရွားရွားဒဏ်ရာရရှိခဲ့ပြီး ပွဲဆက်လက်မကစားနိုင်တော့လို့ လူစားလဲခံခဲ့ရပါတယ်။ အဲဒီပွဲမှာ အီဂျစ်အသင်းကစားသမား တာဟာမိုဟာမတ်က ဘောလုံးယူပြီးလှည့်အထွက် သူ့အနားမှာကပ်နေတဲ့ စီဘယ်ယို့စ်ရဲ့ခြေချင်းဝတ်ကို ခြေထောက်နဲ့တက်နင်းမိခဲ့တာဖြစ်ပြီး ကံကောင်းလို့သာ ခြေချင်းဝတ်အရိုးမကျိုးခဲ့တာပါ။

ခြေထောက်နဲ့တက်နင်းမိတဲ့အရှိန်ကြောင့် စီဘယ်ယို့စ်ရဲ့ခြေမျက်စိက ဆိုးဆိုးရွရွားရောင်ရမ်းလာတဲ့အတွက် ဘောလုံးဆက်မကစားနိုင်တော့ဘဲ လူစားလဲခံခဲ့ရပြီး အဲဒီအဖြစ်အပျက်ကို ကွင်းလယ်ဒိုင်လူကြီးက VAR နဲ့ ပြန်ကြည့်ခဲ့ပေမယ့် မတော်တဆဖြစ်တာလို့ ယူဆခဲ့တာကြောင့် တာဟာမိုဟာမတ်ကို အဝါကတ်သာပြခဲ့ပါတယ်။ အီဂျစ်နဲ့ပွဲမှာ စီဘယ်ယို့စ်အပြင် စပိန်အသင်းနောက်ခံလူအော်စကာမင်ဂွယ်ဇာဟာလည်း ပထမပိုင်းမိနစ်(၂၀)ကတည်းက ဒဏ်ရာရရှိခဲ့တဲ့အတွက် စောစောစီးစီးလူစားလဲခံခဲ့ရပြီး နည်းပြဒယ်လာဖျူရန်တေးက မင်ဂွယ်ဇာရဲ့နေရာမှာ ဗယ်လေဟိုကို အစားထိုးအသုံးပြုခဲ့ရတာဖြစ်ပါတယ်။

စီဘယ်ယို့စ်ဟာ လူစားလဲခံခဲ့ရပြီးချိန်မှာ ကွင်းထဲကနေခြေထော့နင်းနဲ့ထွက်သွားခဲ့ရပြီး အခုဒဏ်ရာကြောင့် ရက်အတော်ကြာအနားယူရဖို့ရှိနေတဲ့အတွက် အိုလံပစ်အုပ်စုလက်ကျန်ပွဲတွေမှာ ပါဝင်ကစားဖို့မသေချာတော့ပါဘူး။ အာဆင်နယ်အသင်းမှာ အငှားနဲ့သွားရောက်ကစားခဲ့ပြီး စာချုပ်သက်တမ်းပြည့်လို့ အခုနွေရာသီအတွင်း ရီးယဲလ်အသင်းဆီပြန်ရောက်လာတဲ့စီဘယ်ယို့စ်ဟာ နည်းပြသစ်အန်ဆယ်လော့တီလက်ထက်မှာ ပွဲထွက်ကစားခွင့်ရဖို့ကြိုးစားမယ်လို့ ဆုံးဖြတ်ထားချိန်မှ အခုလိုဒဏ်ရာရခဲ့တာက သူ့အတွက်တော့ စိတ်ပျက်စရာလို့ပဲပြောရမှာပါ။

ဒါ့အပြင် ၂၀၂၀ အိုလံပစ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ရေပန်းစားနေတဲ့ စပိန်အသင်းဟာလည်း အုပ်စုအဖွင့်ပွဲမှာ အီဂျစ်နဲ့ဂိုးမရှိသရေကျခဲ့ပြီး လက်ကျန်ပွဲတွေအဖြစ် သြစတြေးလျ၊ အာဂျင်တီးနားအသင်းတို့နဲ့ ရင်ဆိုင်ရမှာဖြစ်တာကြောင့် အုပ်စုကတက်ဖို့အတွက် ရလဒ်ကောင်းရယူဖို့လိုနေချိန်မှာ အဓိကကွင်းလယ်လူစီဘယ်ယို့စ် ဒဏ်ရာရရှိခဲ့တာက ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်ခဲ့ရပါတယ်။

zawgyi

အိုလံပစ္အုပ္စုအဖြင့္ပြဲမွာ ဆိုးဆိုး႐ြား႐ြားဒဏ္ရာရရွိခဲ့တဲ့ စပိန္ကြင္းလယ္လူ

၂၀၂၀ တိုက်ိဳအိုလံပစ္အုပ္စုအဖြင့္ပြဲအျဖစ္ အီဂ်စ္အသင္းနဲ႔ကစားခဲ့တဲ့ပြဲမွာ စပိန္ကြင္းလယ္လူစီဘယ္ယို႔ဟာ ၿပိဳင္ဘက္ကစားသမားရဲ႕ၾကမ္းတမ္းတဲ့ ဖ်က္ထုတ္ကစားပုံေၾကာင့္ ဆိုးဆိုး႐ြား႐ြားဒဏ္ရာရရွိခဲ့ၿပီး ပြဲဆက္လက္မကစားႏိုင္ေတာ့လို႔ လူစားလဲခံခဲ့ရပါတယ္။ အဲဒီပြဲမွာ အီဂ်စ္အသင္းကစားသမား တာဟာမိုဟာမတ္က ေဘာလုံးယူၿပီးလွည့္အထြက္ သူ႔အနားမွာကပ္ေနတဲ့ စီဘယ္ယို႔စ္ရဲ႕ေျခခ်င္းဝတ္ကို ေျခေထာက္နဲ႔တက္နင္းမိခဲ့တာျဖစ္ၿပီး ကံေကာင္းလို႔သာ ေျခခ်င္းဝတ္အ႐ိုးမက်ိဳးခဲ့တာပါ။

ေျခေထာက္နဲ႔တက္နင္းမိတဲ့အရွိန္ေၾကာင့္ စီဘယ္ယို႔စ္ရဲ႕ေျခမ်က္စိက ဆိုးဆိုး႐ြ႐ြားေရာင္ရမ္းလာတဲ့အတြက္ ေဘာလုံးဆက္မကစားႏိုင္ေတာ့ဘဲ လူစားလဲခံခဲ့ရၿပီး အဲဒီအျဖစ္အပ်က္ကို ကြင္းလယ္ဒိုင္လူႀကီးက VAR နဲ႔ ျပန္ၾကည့္ခဲ့ေပမယ့္ မေတာ္တဆျဖစ္တာလို႔ ယူဆခဲ့တာေၾကာင့္ တာဟာမိုဟာမတ္ကို အဝါကတ္သာျပခဲ့ပါတယ္။ အီဂ်စ္နဲ႔ပြဲမွာ စီဘယ္ယို႔စ္အျပင္ စပိန္အသင္းေနာက္ခံလူေအာ္စကာမင္ဂြယ္ဇာဟာလည္း ပထမပိုင္းမိနစ္(၂၀)ကတည္းက ဒဏ္ရာရရွိခဲ့တဲ့အတြက္ ေစာေစာစီးစီးလူစားလဲခံခဲ့ရၿပီး နည္းျပဒယ္လာဖ်ဴရန္ေတးက မင္ဂြယ္ဇာရဲ႕ေနရာမွာ ဗယ္ေလဟိုကို အစားထိုးအသုံးျပဳခဲ့ရတာျဖစ္ပါတယ္။

စီဘယ္ယို႔စ္ဟာ လူစားလဲခံခဲ့ရၿပီးခ်ိန္မွာ ကြင္းထဲကေနေျခေထာ့နင္းနဲ႔ထြက္သြားခဲ့ရၿပီး အခုဒဏ္ရာေၾကာင့္ ရက္အေတာ္ၾကာအနားယူရဖို႔ရွိေနတဲ့အတြက္ အိုလံပစ္အုပ္စုလက္က်န္ပြဲေတြမွာ ပါဝင္ကစားဖို႔မေသခ်ာေတာ့ပါဘူး။ အာဆင္နယ္အသင္းမွာ အငွားနဲ႔သြားေရာက္ကစားခဲ့ၿပီး စာခ်ဳပ္သက္တမ္းျပည့္လို႔ အခုေႏြရာသီအတြင္း ရီးယဲလ္အသင္းဆီျပန္ေရာက္လာတဲ့စီဘယ္ယို႔စ္ဟာ နည္းျပသစ္အန္ဆယ္ေလာ့တီလက္ထက္မွာ ပြဲထြက္ကစားခြင့္ရဖို႔ႀကိဳးစားမယ္လို႔ ဆုံးျဖတ္ထားခ်ိန္မွ အခုလိုဒဏ္ရာရခဲ့တာက သူ႔အတြက္ေတာ့ စိတ္ပ်က္စရာလို႔ပဲေျပာရမွာပါ။

ဒါ့အျပင္ ၂၀၂၀ အိုလံပစ္ၿပိဳင္ပြဲမွာ ဗိုလ္စြဲဖို႔ေရပန္းစားေနတဲ့ စပိန္အသင္းဟာလည္း အုပ္စုအဖြင့္ပြဲမွာ အီဂ်စ္နဲ႔ဂိုးမရွိသေရက်ခဲ့ၿပီး လက္က်န္ပြဲေတြအျဖစ္ ၾသစေၾတးလ်၊ အာဂ်င္တီးနားအသင္းတို႔နဲ႔ ရင္ဆိုင္ရမွာျဖစ္တာေၾကာင့္ အုပ္စုကတက္ဖို႔အတြက္ ရလဒ္ေကာင္းရယူဖို႔လိုေနခ်ိန္မွာ အဓိကကြင္းလယ္လူစီဘယ္ယို႔စ္ ဒဏ္ရာရရွိခဲ့တာက ႀကီးမားတဲ့ထိုးႏွက္ခ်က္ျဖစ္ခဲ့ရပါတယ္။