မန်ယူ နဲ့ လီဗာပူးလ် တို့ရဲ့ပစ်မှတ် ဆာအူလ် အက်သလက်တီကိုမှာ မပျော်မရွှင်ဖြစ်နေ

လက်ရှိလာလီဂါချန်ပီယံ အက်သလက်တီကို ရဲ့ နည်းပြ ဆီမြွန်နီ က မန်ယူ နဲ့ လီဗာပူးလ်အသင်းတို့ရဲ့ ပစ်မှတ် စပိန်ကွင်းလယ်လူ ဆာအူလ် ဟာ အက်သလက်တီကိုအသင်းမှာ မပျော်မရွှင်ဖြစ်နေတယ်လို့ ဝန်ခံပြောသွားခဲ့ပါတယ်။

ဆာအူလ် ဟာ ပြီးခဲ့တဲ့ရာသီက လာလီဂါပြိုင်ပွဲမှာ ပွဲထွက်ကစားသမားအဖြစ် ၂၂ ပွဲသာ ကစားခွင့်ရခဲ့တာကြောင့် သူ့ကိုယ်သူအသင်းရဲ့ အဓိကကစားသမားမဟုတ်တော့ဘူးလို့ ခံစားနေရပြီး အနာဂတ်အတွက် စဉ်းစားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အဲ့ဒီသတင်းတွေနဲ့ပတ်သက်ပြီးတော့ နည်းပြ ဆီမြွန်နီ က “ ပြီးခဲ့တဲ့ရာသီမှာ ဆာအူလ် က အသင်းရဲ့ တာဝန်ရှိသူတွေနဲ့တွေ့ဆုံပြီး စကားပြောခဲ့ပါတယ်။ သူပြောခဲ့တာကတော့ သူ့ကိုယ်သူအသင်းရဲ့အရေးပါတဲ့ကစားသမားဖြစ်နေဆဲဆိုတာ ခံစားရဖို့အတွက် ကွင်းထဲမှာ ပိုပြီးနေရာရဖို့ လိုတယ်ဆိုပြီးတော့ပါ။ သူက အက်သလက်တီကို အတွက် အရမ်းကိုအရေးပါတဲ့ ကစားသမားပါ။ ဘာကြောင့်လဲဆိုတော့ ဆာအူလ် ဟာ ခံစစ် ၊ ကွင်းလယ် ၊ တိုက်စစ် စတဲ့ နေရာအစုံမှာ ကောင်းကောင်းကစားနိုင်တဲ့ သူဖြစ်လို့ပါ “

“ လက်ရှိမှာ ထွက်ပေါ်နေတဲ့ သတင်းတွေကို ဘေးချထားပြီး မပြောချင်လို့မရပါဘူး။ သူသာ အသင်းကနေ တကယ်ထွက်သွားတော့မယ်ဆိုရင် သူ့ကိုကျွန်တော်ဖက်ပြီး အသင်းသစ်မှာ ကံကောင်းပါစေလို့ ဆုတောင်းပေးမှာပါ။ ဘာစီလိုနာ ပဲဖြစ်ဖြစ် တခြားဘယ်အသင်းပဲ ဖြစ်ဖြစ် သူပြောင်းခဲ့ရင်ပေါ့ “ လို့ စပိန်သတင်းစာ AS နဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဝန်ခံပြောသွားခဲ့ပါတယ်။

အက်သလက်တီကို က ဆာအူလ် ကို ကစားသမားဟောင်း ဂရီးဇ်မန်း နဲ့ အလဲအထပ်လုပ်ဖို့ ဆန္ဒရှိနေပေမဲ့ ဘာစီလိုနာ က ငွေသားပါထပ်ပေးဖို့ တောင်းဆိုနေတာကြောင့် အပြောင်းအရွှေ့ပျက်ပြယ်ဖို့ များနေပါတယ်။

ဆာအူလ် ကတော့ အတွေ့အကြုံအသစ်တွေကို ရှာဖွေချင်နေပြီး စပိန်ပြင်ပက ကမ်းလှမ်းမှုတွေကို လက်ခံစဉ်းစားဖို့ရှိနေတယ်လို့ သိရပါတယ်။ လီဗာပူးလ် က ဝိုင်နယ်ဒန်း ရဲ့နေရာကို အစားထိုးဖို့အတွက် ဆာအူလ် ကို ခေါ်ယူဖို့ တကယ်ကြိုးစားနေပါတာပါ။ မန်ယူ ကတော့ ပေါ့ဘာ ရဲ့အနာဂတ်ကိုဆုံးဖြတ်ပြီးမှသာ ဆာအူလ် ကို ခေါ်ယူမဲ့အစီအစဉ်ကို စတင်ဖွယ်ရှိနေပါတယ်။

zawgyi

မန္ယူ နဲ႔ လီဗာပူးလ္ တို႔ရဲ႕ပစ္မွတ္ ဆာအူလ္ အက္သလက္တီကိုမွာ မေပ်ာ္မ႐ႊင္ျဖစ္ေန

လက္ရွိလာလီဂါခ်န္ပီယံ အက္သလက္တီကို ရဲ႕ နည္းျပ ဆီႁမြန္နီ က မန္ယူ နဲ႔ လီဗာပူးလ္အသင္းတို႔ရဲ႕ ပစ္မွတ္ စပိန္ကြင္းလယ္လူ ဆာအူလ္ ဟာ အက္သလက္တီကိုအသင္းမွာ မေပ်ာ္မ႐ႊင္ျဖစ္ေနတယ္လို႔ ဝန္ခံေျပာသြားခဲ့ပါတယ္။

ဆာအူလ္ ဟာ ၿပီးခဲ့တဲ့ရာသီက လာလီဂါၿပိဳင္ပြဲမွာ ပြဲထြက္ကစားသမားအျဖစ္ ၂၂ ပြဲသာ ကစားခြင့္ရခဲ့တာေၾကာင့္ သူ႔ကိုယ္သူအသင္းရဲ႕ အဓိကကစားသမားမဟုတ္ေတာ့ဘူးလို႔ ခံစားေနရၿပီး အနာဂတ္အတြက္ စဥ္းစားေနတယ္လို႔ သတင္းေတြ ထြက္ေပၚေနပါတယ္။

အဲ့ဒီသတင္းေတြနဲ႔ပတ္သက္ၿပီးေတာ့ နည္းျပ ဆီႁမြန္နီ က “ ၿပီးခဲ့တဲ့ရာသီမွာ ဆာအူလ္ က အသင္းရဲ႕ တာဝန္ရွိသူေတြနဲ႔ေတြ႕ဆုံၿပီး စကားေျပာခဲ့ပါတယ္။ သူေျပာခဲ့တာကေတာ့ သူ႔ကိုယ္သူအသင္းရဲ႕အေရးပါတဲ့ကစားသမားျဖစ္ေနဆဲဆိုတာ ခံစားရဖို႔အတြက္ ကြင္းထဲမွာ ပိုၿပီးေနရာရဖို႔ လိုတယ္ဆိုၿပီးေတာ့ပါ။ သူက အက္သလက္တီကို အတြက္ အရမ္းကိုအေရးပါတဲ့ ကစားသမားပါ။ ဘာေၾကာင့္လဲဆိုေတာ့ ဆာအူလ္ ဟာ ခံစစ္ ၊ ကြင္းလယ္ ၊ တိုက္စစ္ စတဲ့ ေနရာအစုံမွာ ေကာင္းေကာင္းကစားႏိုင္တဲ့ သူျဖစ္လို႔ပါ “

“ လက္ရွိမွာ ထြက္ေပၚေနတဲ့ သတင္းေတြကို ေဘးခ်ထားၿပီး မေျပာခ်င္လို႔မရပါဘူး။ သူသာ အသင္းကေန တကယ္ထြက္သြားေတာ့မယ္ဆိုရင္ သူ႔ကိုကြၽန္ေတာ္ဖက္ၿပီး အသင္းသစ္မွာ ကံေကာင္းပါေစလို႔ ဆုေတာင္းေပးမွာပါ။ ဘာစီလိုနာ ပဲျဖစ္ျဖစ္ တျခားဘယ္အသင္းပဲ ျဖစ္ျဖစ္ သူေျပာင္းခဲ့ရင္ေပါ့ “ လို႔ စပိန္သတင္းစာ AS နဲ႔ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးမွာ ဝန္ခံေျပာသြားခဲ့ပါတယ္။

အက္သလက္တီကို က ဆာအူလ္ ကို ကစားသမားေဟာင္း ဂရီးဇ္မန္း နဲ႔ အလဲအထပ္လုပ္ဖို႔ ဆႏၵရွိေနေပမဲ့ ဘာစီလိုနာ က ေငြသားပါထပ္ေပးဖို႔ ေတာင္းဆိုေနတာေၾကာင့္ အေျပာင္းအေ႐ႊ႕ပ်က္ျပယ္ဖို႔ မ်ားေနပါတယ္။

ဆာအူလ္ ကေတာ့ အေတြ႕အႀကဳံအသစ္ေတြကို ရွာေဖြခ်င္ေနၿပီး စပိန္ျပင္ပက ကမ္းလွမ္းမႈေတြကို လက္ခံစဥ္းစားဖို႔ရွိေနတယ္လို႔ သိရပါတယ္။ လီဗာပူးလ္ က ဝိုင္နယ္ဒန္း ရဲ႕ေနရာကို အစားထိုးဖို႔အတြက္ ဆာအူလ္ ကို ေခၚယူဖို႔ တကယ္ႀကိဳးစားေနပါတာပါ။ မန္ယူ ကေတာ့ ေပါ့ဘာ ရဲ႕အနာဂတ္ကိုဆုံးျဖတ္ၿပီးမွသာ ဆာအူလ္ ကို ေခၚယူမဲ့အစီအစဥ္ကို စတင္ဖြယ္ရွိေနပါတယ္။