မန်စီးတီးက ဟယ်ရီကိန်းကို ခေါ်ယူနိုင်ဖို့အတွက် စတာလင်ကို အသုံးချဖို့ ပြင်ဆင်နေ

လက်ရှိပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီး က စပါးတိုက်စစ်မှူး ဟယ်ရီကိန်း ကို ခေါ်ယူနိုင်ဖို့အတွက် တောင်ပံကစားသမား စတာလင် ကို အသုံးချဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေထွက်ပေါ်လာပါတယ်။

မန်စီးတီး က အဂွဲရို ရဲ့နေရာကိုအစားထိုးဖို့အတွက် ကမ္ဘာ့အဆင့်တိုက်စစ်မှူးတဦးကို ဈေးကွက်ထဲမှာ ရှာဖွေနေပြီး ဟယ်ရီကိန်း ၊ လီဝန်ဒေါစကီး ၊ ဟာလန်း စတဲ့ တိုက်စစ်မှူးတွေကို ခေါ်ယူဖို့ စောင့်ကြည့်နေတာပါ။ အင်္ဂလန်အသင်းခေါင်းဆောင် ဟယ်ရီကိန်း ကတော့ နည်းပြ ဂွါဒီယိုလာ ရဲ့ အဓိက ဦးစားပေးဖြစ်ပြီး ခေါ်ယူနိုင်ဖို့အတွက် တရားဝင်ကမ်းလှမ်းမှုတွေတောင် ပြုလုပ်ထားပြီးပါပြီ။

ဒါပေမဲ့ စပါးအသင်းက အဓိက ကစားသမားဖြစ်တဲ့ ဟယ်ရီကိန်း ကို ရောင်းချဖို့ ဆန္ဒမရှိတာကြောင့် မန်စီးတီး ရဲ့ ပေါင်သန်း ၁၀၀ နဲ့ ပထမဆုံးအကြိမ်ကမ်းလှမ်းမှုကို ပယ်ချခဲ့ပါတယ်။

မန်စီးတီး ကတော့ ဟယ်ရီကိန်း ကို ခေါ်ယူမဲ့အစီအစဉ်ကို လွယ်လွယ်နဲ့ လက်မလျှော့သေးပဲ နောက်တကြိမ်ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဒီတကြိမ်မှာတော့ ငွေသားအပြင် တောင်ပံကစားသမား စတာလင် ကိုပါ အလိုက်ပေးပြီး ကမ်းလှမ်းဖို့ ရှိနေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

အသက် ၂၆ နှစ်အရွယ်သာရှိသေးတဲ့ စတာလင် ဟာ မန်စီးတီး ရဲ့ အဓိက ကစားသမားတယောက်လို့ ဆိုရမှာဖြစ်သလို ပြီးခဲ့တဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲမှာလည်း အင်္ဂလန်အတွက် ခြေစွမ်းပြသနိုင်ခဲ့တဲ့သူပါ။ ဒါပေမဲ့ ဂွါဒီယိုလာ ကတော့ အနာဂတ်အစီအစဉ်တွေမှာ စတာလင် ကို အလိုရှိပုံမရတော့ပဲ ဒီရာသီမှာပဲ ရောင်းထုတ်ဖို့ ကြံစည်နေတာဖြစ်ပါတယ်။

မန်စီးတီး က ဟယ်ရီကိန်း အတွက် နောက်တကြိမ်ကမ်းလှမ်းမှုမှာ ငွေသားအပြင် စတာလင် ၊ ဘာနာဒိုဆေးလ်ဗား ၊ ဂါဘရီရဲလ် ဂျေဇူး စတဲ့ ကစားသမားတွေထဲက ကြိုက်တဲ့တယောက်ကို တောင်းဆိုနိုင်တယ်ဆိုတဲ့ အချက်ကို ထည့်သွင်းကမ်းလှမ်းသွားမယ်လို့ သိရပါတယ်။

မန်စီးတီး နဲ့ ပတ်သက်ပြီး ထွက်ပေါ်နေတဲ့ နောက်ထပ်အပြောင်းအရွှေ့သတင်းကတော့ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ခြေစွမ်းပြသခဲ့တဲ့ ဂျုဗင်တပ်စ်အသင်းရဲ့ အီတလီတောင်ပံကစားသမား ခီယေဆာ ကို ချဲလ်ဆီးနဲ့အပြိုင် ခေါ်ယူဖို့ မန်စီးတီး က စောင့်ကြည့်နေတယ်ဆိုတဲ့ သတင်းပဲဖြစ်ပါတယ်။

zawgyi

မန္စီးတီးက ဟယ္ရီကိန္းကို ေခၚယူႏိုင္ဖို႔အတြက္ စတာလင္ကို အသုံးခ်ဖို႔ ျပင္ဆင္ေန

လက္ရွိပရီးမီးယားလိဂ္ခ်န္ပီယံ မန္စီးတီး က စပါးတိုက္စစ္မႉး ဟယ္ရီကိန္း ကို ေခၚယူႏိုင္ဖို႔အတြက္ ေတာင္ပံကစားသမား စတာလင္ ကို အသုံးခ်ဖို႔ ျပင္ဆင္ေနတယ္လို႔ သတင္းေတြထြက္ေပၚလာပါတယ္။

မန္စီးတီး က အဂြဲ႐ို ရဲ႕ေနရာကိုအစားထိုးဖို႔အတြက္ ကမာၻ႔အဆင့္တိုက္စစ္မႉးတဦးကို ေစ်းကြက္ထဲမွာ ရွာေဖြေနၿပီး ဟယ္ရီကိန္း ၊ လီဝန္ေဒါစကီး ၊ ဟာလန္း စတဲ့ တိုက္စစ္မႉးေတြကို ေခၚယူဖို႔ ေစာင့္ၾကည့္ေနတာပါ။ အဂၤလန္အသင္းေခါင္းေဆာင္ ဟယ္ရီကိန္း ကေတာ့ နည္းျပ ဂြါဒီယိုလာ ရဲ႕ အဓိက ဦးစားေပးျဖစ္ၿပီး ေခၚယူႏိုင္ဖို႔အတြက္ တရားဝင္ကမ္းလွမ္းမႈေတြေတာင္ ျပဳလုပ္ထားၿပီးပါၿပီ။

ဒါေပမဲ့ စပါးအသင္းက အဓိက ကစားသမားျဖစ္တဲ့ ဟယ္ရီကိန္း ကို ေရာင္းခ်ဖို႔ ဆႏၵမရွိတာေၾကာင့္ မန္စီးတီး ရဲ႕ ေပါင္သန္း ၁၀၀ နဲ႔ ပထမဆုံးအႀကိမ္ကမ္းလွမ္းမႈကို ပယ္ခ်ခဲ့ပါတယ္။

မန္စီးတီး ကေတာ့ ဟယ္ရီကိန္း ကို ေခၚယူမဲ့အစီအစဥ္ကို လြယ္လြယ္နဲ႔ လက္မေလွ်ာ့ေသးပဲ ေနာက္တႀကိမ္ကမ္းလွမ္းဖို႔ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။ ဒီတႀကိမ္မွာေတာ့ ေငြသားအျပင္ ေတာင္ပံကစားသမား စတာလင္ ကိုပါ အလိုက္ေပးၿပီး ကမ္းလွမ္းဖို႔ ရွိေနတယ္လို႔ သတင္းေတြထြက္ေပၚေနပါတယ္။

အသက္ ၂၆ ႏွစ္အ႐ြယ္သာရွိေသးတဲ့ စတာလင္ ဟာ မန္စီးတီး ရဲ႕ အဓိက ကစားသမားတေယာက္လို႔ ဆိုရမွာျဖစ္သလို ၿပီးခဲ့တဲ့ ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲမွာလည္း အဂၤလန္အတြက္ ေျခစြမ္းျပသႏိုင္ခဲ့တဲ့သူပါ။ ဒါေပမဲ့ ဂြါဒီယိုလာ ကေတာ့ အနာဂတ္အစီအစဥ္ေတြမွာ စတာလင္ ကို အလိုရွိပုံမရေတာ့ပဲ ဒီရာသီမွာပဲ ေရာင္းထုတ္ဖို႔ ႀကံစည္ေနတာျဖစ္ပါတယ္။

မန္စီးတီး က ဟယ္ရီကိန္း အတြက္ ေနာက္တႀကိမ္ကမ္းလွမ္းမႈမွာ ေငြသားအျပင္ စတာလင္ ၊ ဘာနာဒိုေဆးလ္ဗား ၊ ဂါဘရီရဲလ္ ေဂ်ဇူး စတဲ့ ကစားသမားေတြထဲက ႀကိဳက္တဲ့တေယာက္ကို ေတာင္းဆိုႏိုင္တယ္ဆိုတဲ့ အခ်က္ကို ထည့္သြင္းကမ္းလွမ္းသြားမယ္လို႔ သိရပါတယ္။

မန္စီးတီး နဲ႔ ပတ္သက္ၿပီး ထြက္ေပၚေနတဲ့ ေနာက္ထပ္အေျပာင္းအေ႐ႊ႕သတင္းကေတာ့ ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲမွာ ေျခစြမ္းျပသခဲ့တဲ့ ဂ်ဳဗင္တပ္စ္အသင္းရဲ႕ အီတလီေတာင္ပံကစားသမား ခီေယဆာ ကို ခ်ဲလ္ဆီးနဲ႔အၿပိဳင္ ေခၚယူဖို႔ မန္စီးတီး က ေစာင့္ၾကည့္ေနတယ္ဆိုတဲ့ သတင္းပဲျဖစ္ပါတယ္။