ပြီးခဲ့တဲ့(၁၂)ရာသီအတွင်း ဥရောပထိပ်သီးလိဂ်(၅)ခုမှာ Man Of The Match ဆု အကြိမ်အများဆုံးရရှိခဲ့သူများ

၂၀၀၉-၁၀ ရာသီကစလို့ ဥရောပထိပ်သီးလိဂ်(၅)ခုမှာ Man Of The Match ဆုကို အကြိမ်အများဆုရရှိခဲ့တဲ့ကစားသမားတွေကို International Champions Cup Facebook Page မှာ ဓာတ်ပုံနဲ့အတူဖော်ပြခဲ့ပြီး ဒီကစားသမားတွေအားလုံးထဲမှာ အကြိမ်အများဆုံးဖြစ်နေတာကတော့ အာဂျင်တီးနားနာမည်ကျော်တိုက်စစ်မှူးမက်ဆီပဲဖြစ်ပါတယ်။

မက်ဆီဟာ လာလီဂါမှာကစားခဲ့တဲ့ကာလအတွင်း Man Of The Match ဆုကို အကြိမ်ပေါင်း(၂၂၂)ကြိမ်အထိရရှိခဲ့ပြီး ဒါက တခြားလိဂ်ပြိုင်ပွဲက အကြိမ်အများဆုံးရရှိခဲ့တဲ့သူတွေထက် အရေအတွက်(၄)ဆနီးပါးပိုများနေတာပါ။ မက်ဆီအနေနဲ့ ဘာစီလိုနာအသင်းနဲ့အတူ လာလီဂါချန်ပီယံဆုကို (၁၀)ကြိမ်အထိရယူခဲ့ပြီး လာလီဂါပြိုင်ပွဲမှာ သွင်းဂိုးအများဆုံးကစားသမားအဖြစ် (၈)ရာသီအထိရပ်တည်နိုင်ခဲ့တာကြောင့် Man Of The Match ဆုကို မကြာခဏဆိုသလိုရရှိခဲ့တာကြောင့် ဥရောပထိပ်သီးလိဂ်(၅)ခုမှာ Man Of The Match အကြိမ်အများဆုံးဆွတ်ခူးခဲ့တဲ့ကစားသမားအဖြစ် ရပ်တည်နေတာ သိပ်တော့မဆန်းပါဘူး။

ပရီးမီးယားလိဂ်ပြိုင်ပွဲမှာတော့ ၂၀၀၉-၁၀ ရာသီကစလို့ Man Of The Match အကြိမ်အများဆုံးရရှိခဲ့သူက အခု ရီးယဲလ်အသင်းမှာ ကစားနေတဲ့ ချယ်လ်ဆီးကစားသမားဟောင်းဟာဇက်ပဲဖြစ်ပါတယ်။ ဟာဇက်ဟာ ရီးယဲလ်အသင်းမှာ ဒဏ်ရာပြဿနာတွေကြောင့်ရုန်းကန်နေရပေမယ့်လည်း ချယ်လ်ဆီးအသင်းမှာတုန်းက ကမ္ဘာ့အဆင့်ခြေစွမ်းမျိုးပြသခဲ့ပြီး အသင်းနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံဆုနှစ်ကြိမ်အထိရယူခဲ့တဲ့အပြင် ချယ်လ်ဆီးအသင်းမှာ ကစားခဲ့တဲ့ (၇)နှစ်တာကာလအတွင်း Man Of The Match ဆုကို စုစုပေါင်း(၆၂)ကြိမ်အထိရယူနိုင်ခဲ့ပါတယ်။

စီးရီးအေပြိုင်ပွဲမှာ ပြီးခဲ့တဲ့ဆယ်ရာသီအတွင်း Man Of The Match ဆုကို အကြိမ်အများဆုံးရရှိခဲ့တာက အခုနွေရာသီအပြောင်းအရွှေ့မှာ ဆီဗီလာအသင်းဆီရောက်ရှိသွားတဲ့ အတ္တလန်တာကစားသမားဟောင်း ပါပူဂိုးမက်ဇ်ဖြစ်ပါတယ်။ တိုက်စစ်ကစားသမားတစ်ဦးဖြစ်တဲ့ ပါပူဂိုးမက်ဇ်ဟာ အတ္တလန်တာအသင်းမှာ ၂၀၁၄ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အထိကစားခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင် စွမ်းဆောင်ခဲ့သလို Man Of The Match ဆုကို (၃၈)ကြိမ်အထိရရှိခဲ့တာပါ။

ပြင်သစ်လီဂူးမှာတော့ Man Of The Match ဆုကို အကြိမ်အများဆုံးရရှိခဲ့သူတွေထဲမှာ အခု အေစီမီလန်အသင်းမှာခြေစွမ်းပြနေဆဲဖြစ်တဲ့ PSG နာမည်ကျော်တိုက်စစ်မှူးဟောင်း အီဘရာဟီမိုဗစ်ဟာ (၄၂)ကြိမ်နဲ့ အများဆုံးဖြစ်နေပြီး ဘွန်ဒစ်လီဂါပြိုင်ပွဲမှာတော့ ဒေ့ါမွန်အသင်းနာမည်ကျော်ကစားသမား မာကိုရွိုက်စ်က (၄၈)ကြိမ်နဲ့အများဆုံးဖြစ်နေပါတယ်။

zawgyi

ၿပီးခဲ့တဲ့(၁၂)ရာသီအတြင္း ဥေရာပထိပ္သီးလိဂ္(၅)ခုမွာ Man Of The Match ဆု အႀကိမ္အမ်ားဆုံးရရွိခဲ့သူမ်ား

၂၀၀၉-၁၀ ရာသီကစလို႔ ဥေရာပထိပ္သီးလိဂ္(၅)ခုမွာ Man Of The Match ဆုကို အႀကိမ္အမ်ားဆုရရွိခဲ့တဲ့ကစားသမားေတြကို International Champions Cup Facebook Page မွာ ဓာတ္ပုံနဲ႔အတူေဖာ္ျပခဲ့ၿပီး ဒီကစားသမားေတြအားလုံးထဲမွာ အႀကိမ္အမ်ားဆုံးျဖစ္ေနတာကေတာ့ အာဂ်င္တီးနားနာမည္ေက်ာ္တိုက္စစ္မႉးမက္ဆီပဲျဖစ္ပါတယ္။

မက္ဆီဟာ လာလီဂါမွာကစားခဲ့တဲ့ကာလအတြင္း Man Of The Match ဆုကို အႀကိမ္ေပါင္း(၂၂၂)ႀကိမ္အထိရရွိခဲ့ၿပီး ဒါက တျခားလိဂ္ၿပိဳင္ပြဲက အႀကိမ္အမ်ားဆုံးရရွိခဲ့တဲ့သူေတြထက္ အေရအတြက္(၄)ဆနီးပါးပိုမ်ားေနတာပါ။ မက္ဆီအေနနဲ႔ ဘာစီလိုနာအသင္းနဲ႔အတူ လာလီဂါခ်န္ပီယံဆုကို (၁၀)ႀကိမ္အထိရယူခဲ့ၿပီး လာလီဂါၿပိဳင္ပြဲမွာ သြင္းဂိုးအမ်ားဆုံးကစားသမားအျဖစ္ (၈)ရာသီအထိရပ္တည္ႏိုင္ခဲ့တာေၾကာင့္ Man Of The Match ဆုကို မၾကာခဏဆိုသလိုရရွိခဲ့တာေၾကာင့္ ဥေရာပထိပ္သီးလိဂ္(၅)ခုမွာ Man Of The Match အႀကိမ္အမ်ားဆုံးဆြတ္ခူးခဲ့တဲ့ကစားသမားအျဖစ္ ရပ္တည္ေနတာ သိပ္ေတာ့မဆန္းပါဘူး။

ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာေတာ့ ၂၀၀၉-၁၀ ရာသီကစလို႔ Man Of The Match အႀကိမ္အမ်ားဆုံးရရွိခဲ့သူက အခု ရီးယဲလ္အသင္းမွာ ကစားေနတဲ့ ခ်ယ္လ္ဆီးကစားသမားေဟာင္းဟာဇက္ပဲျဖစ္ပါတယ္။ ဟာဇက္ဟာ ရီးယဲလ္အသင္းမွာ ဒဏ္ရာျပႆနာေတြေၾကာင့္႐ုန္းကန္ေနရေပမယ့္လည္း ခ်ယ္လ္ဆီးအသင္းမွာတုန္းက ကမာၻ႔အဆင့္ေျခစြမ္းမ်ိဳးျပသခဲ့ၿပီး အသင္းနဲ႔အတူ ပရီးမီးယားလိဂ္ခ်န္ပီယံဆုႏွစ္ႀကိမ္အထိရယူခဲ့တဲ့အျပင္ ခ်ယ္လ္ဆီးအသင္းမွာ ကစားခဲ့တဲ့ (၇)ႏွစ္တာကာလအတြင္း Man Of The Match ဆုကို စုစုေပါင္း(၆၂)ႀကိမ္အထိရယူႏိုင္ခဲ့ပါတယ္။

စီးရီးေအၿပိဳင္ပြဲမွာ ၿပီးခဲ့တဲ့ဆယ္ရာသီအတြင္း Man Of The Match ဆုကို အႀကိမ္အမ်ားဆုံးရရွိခဲ့တာက အခုေႏြရာသီအေျပာင္းအေ႐ႊ႕မွာ ဆီဗီလာအသင္းဆီေရာက္ရွိသြားတဲ့ အတၱလန္တာကစားသမားေဟာင္း ပါပူဂိုးမက္ဇ္ျဖစ္ပါတယ္။ တိုက္စစ္ကစားသမားတစ္ဦးျဖစ္တဲ့ ပါပူဂိုးမက္ဇ္ဟာ အတၱလန္တာအသင္းမွာ ၂၀၁၄ခုႏွစ္ကေန ၂၀၂၁ ခုႏွစ္အထိကစားခဲ့ၿပီး ခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိေအာင္ စြမ္းေဆာင္ခဲ့သလို Man Of The Match ဆုကို (၃၈)ႀကိမ္အထိရရွိခဲ့တာပါ။ ျပင္သစ္လီဂူးမွာေတာ့ Man Of The Match ဆုကို အႀကိမ္အမ်ားဆုံးရရွိခဲ့သူေတြထဲမွာ အခု ေအစီမီလန္အသင္းမွာေျခစြမ္းျပေနဆဲျဖစ္တဲ့ PSG နာမည္ေက်ာ္တိုက္စစ္မႉးေဟာင္း အီဘရာဟီမိုဗစ္ဟာ (၄၂)ႀကိမ္နဲ႔ အမ်ားဆုံးျဖစ္ေနၿပီး ဘြန္ဒစ္လီဂါၿပိဳင္ပြဲမွာေတာ့ ေဒ့ါမြန္အသင္းနာမည္ေက်ာ္ကစားသမား မာကို႐ြိဳက္စ္က (၄၈)ႀကိမ္နဲ႔အမ်ားဆုံးျဖစ္ေနပါတယ္။