စပါးနဲ့ ခြေစမ်းပွဲမှာ ချန်ပီယံလိဂ်ဖလားကြီးကို ချဲလ်ဆီး ထုတ်ပြဖို့ စဉ်ထား

ချဲလ်ဆီးအသင်းဟာ လာမယ့် ဩဂုတ်လ ၄ ရက်နေ့မှာ ကစားမဲ့ လန်ဒန်မြို့ခံပြိုင်ဖက် စပါးအသင်းနဲ့ ခြေစမ်းပွဲမှာ ချန်ပီယံလိဂ်ဖလားကြီးကို ပထမဆုံးအကြိမ်အဖြစ် ပရိသတ်တွေရှေ့မှောက်မှာ ပြသသွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ်က ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ မန်စီးတီး ကို ကိုင်ဟာဗက်ဇ် ရဲ့ တလုံးတည်းသောသွင်းဂိုးနဲ့ အနိုင်ယူကာ သမိုင်းတလျှောက် ဒုတိယအကြိမ်မြောက်အဖြစ် ချဲလ်ဆီး က ဥရောပချန်ပီယံဖြစ်ခဲ့ပါတယ်။

ကိုဗစ်စည်းမျဉ်းတွေကြောင့် ပေါ်တိုမှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ပရိသတ်အနည်းငယ်ကသာ ဝင်ရောက်ကြည့်ရှုခွင့်ရခဲ့ပြီး ပရိသတ်အများစုကတော့ ရုပ်သံကနေသာ ချဲလ်ဆီး ရဲ့ အောင်ပွဲကို ကြည့်ရှုခဲ့ရပါတယ်။ ဒါကြောင့် ချဲလ်ဆီး က အိမ်ကွင်းဖြစ်တဲ့ စတန်းဖို့ဒ်ဘရေ့ချ် မှာ ကစားမဲ့ စပါးအသင်းနဲ့ ခြေစမ်းပွဲမှာ ချန်ပီယံလိဂ်ဖလားကြီးကို ပရိသတ်တွေ တိုက်ရိုက်ကြည့်ရှုနိုင်စေဖို့အတွက် အခုလို စီစဉ်ထားတာလို့ သိရပါတယ်။

အဲဒီအစီအစဉ်ကို ပရိသတ်တွေက သဘောကျနေကြပြီး မြို့ခံပြိုင်ဖက် စပါး ကိုလည်း ဆိုရှယ်မီဒီယာပေါ်မှာ နောက်ပြောင်နေကြပါတယ်။ စပါးအသင်းက ဆုဖလားအောင်မြင်မှုတွေနဲ့ နှစ်ပေါင်းများစွာဝေးကွာနေတဲ့အသင်းဖြစ်သလို ချန်ပီယံလိဂ်ဖလားကိုလည်း တကြိမ်တခါမှ ရယူထားနိုင်ခြင်းမရှိပါဘူး။

ဒါကြောင့် ချဲလ်ဆီးပရိသတ်တွေက သူတို့ရဲ့ချန်ပီယံလိဂ်ဖလားကြီးကို ဖလားမမြင်ရတာကြာနေပြီဖြစ်တဲ့ စပါးကစားသမားတွေပါ ကြည့်ရှုခွင့်ရတော့မယ်ဆိုပြီး လှောင်ပြောင်နေကြတာပဲ ဖြစ်ပါတယ်။ UK အစိုးရရဲ့ စည်းမျဉ်းတွေအရ အဆိုပါခြေစမ်းပွဲကို အိမ်ရှင်ပရိသတ်တွေပဲ ဝင်ရောက်ကြည့်ရှုခွင့်ပေးထားတာကြောင့် စပါးပရိသတ်တွေကတော့ ကွင်းထဲကို ဝင်ရောက်ကြည့်ရှုခွင့်ရမှာ မဟုတ်ပါဘူး။

ချဲလ်ဆီးအသင်းဟာ စပါးအသင်းနဲ့ ခြေစမ်းပွဲကစားပြီးရင်တော့ ဥရောပစူပါဖလားဗိုလ်လုပွဲကို ဩဂုတ်လ ၁၁ ရက်နေ့မှာ ယူရိုပါလိဂ်ချန်ပီယံ ဗီလာရီးရဲလ် နဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

zawgyi

စပါးနဲ႔ ေျခစမ္းပြဲမွာ ခ်န္ပီယံလိဂ္ဖလားႀကီးကို ခ်ဲလ္ဆီး ထုတ္ျပဖို႔ စဥ္ထား

ခ်ဲလ္ဆီးအသင္းဟာ လာမယ့္ ဩဂုတ္လ ၄ ရက္ေန႔မွာ ကစားမဲ့ လန္ဒန္ၿမိဳ႕ခံၿပိဳင္ဖက္ စပါးအသင္းနဲ႔ ေျခစမ္းပြဲမွာ ခ်န္ပီယံလိဂ္ဖလားႀကီးကို ပထမဆုံးအႀကိမ္အျဖစ္ ပရိသတ္ေတြေရွ႕ေမွာက္မွာ ျပသသြားဖို႔ စီစဥ္ထားတယ္လို႔ သိရပါတယ္။

ၿပီးခဲ့တဲ့ႏွစ္က ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ မန္စီးတီး ကို ကိုင္ဟာဗက္ဇ္ ရဲ႕ တလုံးတည္းေသာသြင္းဂိုးနဲ႔ အႏိုင္ယူကာ သမိုင္းတေလွ်ာက္ ဒုတိယအႀကိမ္ေျမာက္အျဖစ္ ခ်ဲလ္ဆီး က ဥေရာပခ်န္ပီယံျဖစ္ခဲ့ပါတယ္။

ကိုဗစ္စည္းမ်ဥ္းေတြေၾကာင့္ ေပၚတိုမွာ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကို ပရိသတ္အနည္းငယ္ကသာ ဝင္ေရာက္ၾကည့္ရႈခြင့္ရခဲ့ၿပီး ပရိသတ္အမ်ားစုကေတာ့ ႐ုပ္သံကေနသာ ခ်ဲလ္ဆီး ရဲ႕ ေအာင္ပြဲကို ၾကည့္ရႈခဲ့ရပါတယ္။ ဒါေၾကာင့္ ခ်ဲလ္ဆီး က အိမ္ကြင္းျဖစ္တဲ့ စတန္းဖို႔ဒ္ဘေရ႕ခ်္ မွာ ကစားမဲ့ စပါးအသင္းနဲ႔ ေျခစမ္းပြဲမွာ ခ်န္ပီယံလိဂ္ဖလားႀကီးကို ပရိသတ္ေတြ တိုက္႐ိုက္ၾကည့္ရႈႏိုင္ေစဖို႔အတြက္ အခုလို စီစဥ္ထားတာလို႔ သိရပါတယ္။

အဲဒီအစီအစဥ္ကို ပရိသတ္ေတြက သေဘာက်ေနၾကၿပီး ၿမိဳ႕ခံၿပိဳင္ဖက္ စပါး ကိုလည္း ဆိုရွယ္မီဒီယာေပၚမွာ ေနာက္ေျပာင္ေနၾကပါတယ္။ စပါးအသင္းက ဆုဖလားေအာင္ျမင္မႈေတြနဲ႔ ႏွစ္ေပါင္းမ်ားစြာေဝးကြာေနတဲ့အသင္းျဖစ္သလို ခ်န္ပီယံလိဂ္ဖလားကိုလည္း တႀကိမ္တခါမွ ရယူထားႏိုင္ျခင္းမရွိပါဘူး။

ဒါေၾကာင့္ ခ်ဲလ္ဆီးပရိသတ္ေတြက သူတို႔ရဲ႕ခ်န္ပီယံလိဂ္ဖလားႀကီးကို ဖလားမျမင္ရတာၾကာေနၿပီျဖစ္တဲ့ စပါးကစားသမားေတြပါ ၾကည့္ရႈခြင့္ရေတာ့မယ္ဆိုၿပီး ေလွာင္ေျပာင္ေနၾကတာပဲ ျဖစ္ပါတယ္။ UK အစိုးရရဲ႕ စည္းမ်ဥ္းေတြအရ အဆိုပါေျခစမ္းပြဲကို အိမ္ရွင္ပရိသတ္ေတြပဲ ဝင္ေရာက္ၾကည့္ရႈခြင့္ေပးထားတာေၾကာင့္ စပါးပရိသတ္ေတြကေတာ့ ကြင္းထဲကို ဝင္ေရာက္ၾကည့္ရႈခြင့္ရမွာ မဟုတ္ပါဘူး။

ခ်ဲလ္ဆီးအသင္းဟာ စပါးအသင္းနဲ႔ ေျခစမ္းပြဲကစားၿပီးရင္ေတာ့ ဥေရာပစူပါဖလားဗိုလ္လုပြဲကို ဩဂုတ္လ ၁၁ ရက္ေန႔မွာ ယူ႐ိုပါလိဂ္ခ်န္ပီယံ ဗီလာရီးရဲလ္ နဲ႔ ယွဥ္ၿပိဳင္ကစားရမွာ ျဖစ္ပါတယ္။