“ ကျွန်တော် ဗာရန်းနဲ့အတူ တွဲကစားချင်ပါတယ်။” _ အလာဘာ

ဒေးဗစ် အလာဘာက ရီးရဲမက်ဒရစ်အသင်းထံ ပြောင်းရွေ့နိုင်ခဲ့ပြီးနောက် မန်ချက်စတာ ယူနိုက်တက်နဲ့ သတင်းထွက်ပေါ်နေတဲ့ ဗဟိုနောက်ခံလူ ရာဖေးလ် ဗာရန်းနဲ့အတူ တွဲဖက်ကစားဖို့ ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

အလာဘာက ဘိုင်ယန်မြူးနစ်အသင်းနဲ့ စာချုက်သက်တမ်း ကုန်ဆုံးပြီးနောက် လာလီဂါကလပ်ထံ အလွတ်ပြောင်းရွေ့နိုင်ခဲ့ပြီး ဗုဒ္ဓဟူးနေ့က ဘာနေဗျူးမှာ ပြုလုပ်တဲ့ တရားဝင်မိတ်ဆက်ခြင်းအခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။

သြစတြီးယားလက်ရွေးစင်ဟာ ရီးရဲမက်ဒရစ်နဲ့ ( ၅ ) နှစ် စာချုပ် ချုပ်ဆိုခဲ့ပြီး အနာဂတ်မရောမရာဖြစ်နေတဲ့ ဗာရန်းနဲ့ တွဲဖက်ကစားဖို့ မျှော်လင့်နေပါတယ်။ ဗာရန်းက စိန်ခေါ်မှုအသစ်တွေ ရင်ဆိုင်လိုတဲ့အတွက် ပရီးမီးယားလိဂ်ကို ပြောင်းရွေ့ဖို့ ဆန္ဒရှိနေပြီး ယူနိုက်တက်ကလည်း လာမယ့် ရက်အနည်းငယ်အတွင်းမှာ ကမ္ဘာ့ဖလားချန်ပီယံကို တရားဝင်ကမ်းလှမ်းဖွယ်ရှိနေပါတယ်။

ရီးရဲမက်ဒရစ်က ( ၂၀၂၂ ) ခုနှစ်မှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ဗာရန်းဆီကနေ ပြောင်းရွေ့ကြေး ဝင်‌ငွေရရှိဖို့ မျှော်လင့်နေပါတယ်။ ဒါပေမယ့် အလာဘာကတော့ သူလေးစားရတဲ့ နောက်ခံလူနဲ့အတူ ဘာနေဗျူးမှာ တွဲဖက်ကစားလိုကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့က ပြုလုပ်တဲ့ အင်တာဗျူးတစ်ခုအတွင်း အလာဘာက “ မှန်တာပေါ့၊ ကျွန်တော် ဗာရန်းနဲ့ တွဲကစားရမှာ သဘောကျပါတယ်။ သူက ခုမှမဟုတ်ပါဘူး ၊ နှစ်ပေါင်းများစွာ ဘောလုံး‌လောကမှာ ခြေစွမ်းပြကစားထားနိုင်တဲ့သူပါ။” လို့ ဆိုခဲ့ပါတယ်။

အလာဘာက ဘိုင်ယန်မြူးနစ်အသင်းနဲ့ ( ၁၃ ) နှစ်တာ ကာလအတွင်းမှာ ချန်ပီယံလိဂ်ဆုဖလား ( ၂ ) ကြိမ် ၊ အမှတ်ပေးဖလား ( ၁၀ ) ကြိမ် ရယူနိုင်ခဲ့ပြီး လက်ရှိမှာတော့ စပိန်နိုင်ငံမှာ အောင်မြင်တဲ့ ကစားသမားဘဝကို ပိုင်ဆိုင်နိုင်ဖို့ မျှော်လင့်လျက်ရှိပါတယ်။

zawgyi

“ ကြၽန္ေတာ္ ဗာရန္းနဲ႔အတူ တြဲကစားခ်င္ပါတယ္။” _ အလာဘာ

ေဒးဗစ္ အလာဘာက ရီးရဲမက္ဒရစ္အသင္းထံ ေျပာင္းေ႐ြ႕ႏိုင္ခဲ့ၿပီးေနာက္ မန္ခ်က္စတာ ယူႏိုက္တက္နဲ႔ သတင္းထြက္ေပၚေနတဲ့ ဗဟိုေနာက္ခံလူ ရာေဖးလ္ ဗာရန္းနဲ႔အတူ တြဲဖက္ကစားဖို႔ ဆႏၵရွိေၾကာင္း ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။

အလာဘာက ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔ စာခ်ဳက္သက္တမ္း ကုန္ဆုံးၿပီးေနာက္ လာလီဂါကလပ္ထံ အလြတ္ေျပာင္းေ႐ြ႕ႏိုင္ခဲ့ၿပီး ဗုဒၶဟူးေန႔က ဘာေနဗ်ဴးမွာ ျပဳလုပ္တဲ့ တရားဝင္မိတ္ဆက္ျခင္းအခမ္းအနားကို တက္ေရာက္ခဲ့ပါတယ္။

ၾသစႀတီးယားလက္ေ႐ြးစင္ဟာ ရီးရဲမက္ဒရစ္နဲ႔ ( ၅ ) ႏွစ္ စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့ၿပီး အနာဂတ္မေရာမရာျဖစ္ေနတဲ့ ဗာရန္းနဲ႔ တြဲဖက္ကစားဖို႔ ေမွ်ာ္လင့္ေနပါတယ္။

ဗာရန္းက စိန္ေခၚမႈအသစ္ေတြ ရင္ဆိုင္လိုတဲ့အတြက္ ပရီးမီးယားလိဂ္ကို ေျပာင္းေ႐ြ႕ဖို႔ ဆႏၵရွိေနၿပီး ယူႏိုက္တက္ကလည္း လာမယ့္ ရက္အနည္းငယ္အတြင္းမွာ ကမာၻ႔ဖလားခ်န္ပီယံကို တရားဝင္ကမ္းလွမ္းဖြယ္ရွိေနပါတယ္။

ရီးရဲမက္ဒရစ္က ( ၂၀၂၂ ) ခုႏွစ္မွာ စာခ်ဳပ္သက္တမ္း ကုန္ဆုံးေတာ့မယ့္ ဗာရန္းဆီကေန ေျပာင္းေ႐ြ႕ေၾကး ဝင္‌ေငြရရွိဖို႔ ေမွ်ာ္လင့္ေနပါတယ္။ ဒါေပမယ့္ အလာဘာကေတာ့ သူေလးစားရတဲ့ ေနာက္ခံလူနဲ႔အတူ ဘာေနဗ်ဴးမွာ တြဲဖက္ကစားလိုေၾကာင္း ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။

ဗုဒၶဟူးေန႔က ျပဳလုပ္တဲ့ အင္တာဗ်ဴးတစ္ခုအတြင္း အလာဘာက “ မွန္တာေပါ ့၊ ကြၽန္ေတာ္ ဗာရန္းနဲ႔ တြဲကစားရမွာ သေဘာက်ပါတယ္။ သူက ခုမွမဟုတ္ပါဘူး ၊ ႏွစ္ေပါင္းမ်ားစြာ ေဘာလုံး‌ေလာကမွာ ေျခစြမ္းျပကစားထားႏိုင္တဲ့သူပါ။” လို႔ ဆိုခဲ့ပါတယ္။

အလာဘာက ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔ ( ၁၃ ) ႏွစ္တာ ကာလအတြင္းမွာ ခ်န္ပီယံလိဂ္ဆုဖလား ( ၂ ) ႀကိမ္ ၊ အမွတ္ေပးဖလား ( ၁၀ ) ႀကိမ္ ရယူႏိုင္ခဲ့ၿပီး လက္ရွိမွာေတာ့ စပိန္ႏိုင္ငံမွာ ေအာင္ျမင္တဲ့ ကစားသမားဘဝကို ပိုင္ဆိုင္ႏိုင္ဖို႔ ေမွ်ာ္လင့္လ်က္ရွိပါတယ္။