အဲဗာတန်အသင်းဆီ (၂)နှစ်စာချုပ်နဲ့ပြောင်းရွှေ့ခဲ့တဲ့ ပဲလေ့စ်ကစားသမားဟောင်းတောင်ဆန်

ပြီးခဲ့တဲ့ရာသီကုန်က ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့လမ်းခွဲခဲ့တဲ့တောင်ဆန်ဟာ အဲဗာတန်အသင်းဆီပြောင်းရွှေ့သွားပြီဖြစ်ပြီး အသင်းနဲ့(၂)နှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ တောင်ဆန်ဟာ ပဲလေ့စ်အသင်းမှာ(၅)နှစ်ကြာကစားခဲ့ပြီး စုစုပေါင်း(၁၈၅)ပွဲကစား၊ (၁၆)ဂိုးသွင်း၊ ဂိုးဖန်တီးမှု(၂၈)ကြိမ်ပြုလုပ်ခဲ့ပေမယ့် ပဲလေ့စ်အသင်းက သူ့ကို စာချုပ်သက်တမ်းမတိုးခဲ့တာကြောင့် အသင်းနဲ့လမ်းခွဲခဲ့တာဖြစ်ပါတယ်။

စပါး၊ နယူးကာဆယ်အသင်းတို့မှာကစားခဲ့သူ တောင်ဆန်ဟာ အဲဗာတန်အသင်းမှာ သူ့ဆရာဟောင်းဘင်နီတက်ဇ်နဲ့ ပြန်လည်ဆုံတွေ့ရမှာဖြစ်ပြီး သူတို့နှစ်ဦးဟာ နယူးကာဆယ်အသင်းမှာတုန်းက အတူလက်တွဲခဲ့ဖူးပါတယ်။ အဲဗာတန်အသင်းနဲ့ စာချုပ်ချုပ်ဆိုပြီးတဲ့နောက် တောင်ဆန်က “အဲဗာတန်အသင်းနဲ့အတူ စာမျက်နှာသစ်ဖွင့်လှစ်ရမှာဖြစ်လို့ စိတ်လှုပ်ရှားမိသလို၊ ဂုဏ်လည်းယူမိပါတယ်။ အဲဗာတန်အသင်းသားတစ်ယောက်အနေနဲ့ အသင်းရဲ့တံဆိပ်အတွက် အစွမ်းကုန်ပေးဆပ်သွားမယ်ဆိုတာ ကတိပေးလိုပြီး အသင်းရထိုက်တဲ့အောင်မြင်မှုတွေ ရယူနိုင်အောင်ကြိုးစားသွားမှာပါ။ အဲဗာတန်အသင်းဟာ ပရီးမီးယားလိဂ်မှာထိပ်တန်းအဆင့်ရှိတဲ့အသင်းတစ်သင်းဖြစ်ပါတယ်”လို့ သူ့ရဲ့ Twitter မှာ ရေးသားခဲ့ပါတယ်။

အသက်(၃၀)နှစ်အရွယ်ရှိပြီဖြစ်သူ တောင်ဆန်ဟာ စပါးအသင်းအကယ်ဒမီကထွက်ပေါ်ခဲ့တဲ့ကစားသမားတစ်ဦးဖြစ်ပြီး စပါးအသင်းမှာ ၂၀၀၉ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိကစားခဲ့ပြီးတဲ့နောက် နယူးကာဆယ်၊ ပဲလေ့စ်အသင်းတို့ကို ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။ တောင်ဆန်ရဲ့ကစားသမားဘဝမှာ ဆုဖလားအောင်မြမှုမရသေးပေမယ့် ၂၀၁၈-၁၉ ရာသီတုန်းက မန်စီးတီးအသင်းဘက်ကို လှပတဲ့ Volley ကန်ချက်နဲ့သွင်းယူခဲ့တဲ့ဂိုးကြောင့် ပရီးမီးယားလိဂ်တစ်ရာသီအတွင်း အကောင်းဆုံးသွင်းဂိုးဆုရရှိခဲ့တာက ဂုဏ်ယူစရာကောင်းတဲ့ဆုတစ်ခုပါပဲ။

တောင်ဆန်ဟာ ပဲလေ့စ်အသင်းမှာ အဓိက,ကစားသမားအဖြစ် ကစားခွင့်ရခဲ့ပေမယ့် ပဲလေ့စ်အသင်းက သူ့ကို အံ့အားသင့်စရာကောင်းအောင် စာချုပ်သက်တမ်းမတိုးဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပြီး တောင်ဆန်ကို ခေါ်ယူဖို့ ကလပ်အသင်းတချို့စိတ်ဝင်စားခဲ့ပေမယ့် သူကတော့ ဘင်နီတက်ဇ်ရှိတဲ့ အဲဗာတန်အသင်းဆီပြောင်းရွှေ့ခဲ့တာပါ။ အဲဗာတန်အသင်းနည်းပြသစ်ဘင်နီတက်ဇ်ဟာ အခုနွေရာသီအတွင်း ဒုတိယမြောက်ကစားသမားခေါ်ယူမှုအဖြစ် တောင်ဆန်ကို စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး မကြာသေးခင်က စတုတ်စီးတီးနဲ့ချယ်လ်ဆီးဂိုးသမားဟောင်း ဘီဂိုဗစ်ကိုလည်း အလွတ်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူထားတာဖြစ်ပါတယ်။

zawgyi

အဲဗာတန္အသင္းဆီ (၂)ႏွစ္စာခ်ဳပ္နဲ႔ေျပာင္းေ႐ႊ႕ခဲ့တဲ့ ပဲေလ့စ္ကစားသမားေဟာင္းေတာင္ဆန္

ၿပီးခဲ့တဲ့ရာသီကုန္က ခရစၥတယ္ပဲေလ့စ္အသင္းနဲ႔လမ္းခြဲခဲ့တဲ့ေတာင္ဆန္ဟာ အဲဗာတန္အသင္းဆီေျပာင္းေ႐ႊ႕သြားၿပီျဖစ္ၿပီး အသင္းနဲ႔(၂)ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ပါတယ္။ ေတာင္ဆန္ဟာ ပဲေလ့စ္အသင္းမွာ(၅)ႏွစ္ၾကာကစားခဲ့ၿပီး စုစုေပါင္း(၁၈၅)ပြဲကစား၊ (၁၆)ဂိုးသြင္း၊ ဂိုးဖန္တီးမႈ(၂၈)ႀကိမ္ျပဳလုပ္ခဲ့ေပမယ့္ ပဲေလ့စ္အသင္းက သူ႔ကို စာခ်ဳပ္သက္တမ္းမတိုးခဲ့တာေၾကာင့္ အသင္းနဲ႔လမ္းခြဲခဲ့တာျဖစ္ပါတယ္။

စပါး၊ နယူးကာဆယ္အသင္းတို႔မွာကစားခဲ့သူ ေတာင္ဆန္ဟာ အဲဗာတန္အသင္းမွာ သူ႔ဆရာေဟာင္းဘင္နီတက္ဇ္နဲ႔ ျပန္လည္ဆုံေတြ႕ရမွာျဖစ္ၿပီး သူတို႔ႏွစ္ဦးဟာ နယူးကာဆယ္အသင္းမွာတုန္းက အတူလက္တြဲခဲ့ဖူးပါတယ္။ အဲဗာတန္အသင္းနဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုၿပီးတဲ့ေနာက္ ေတာင္ဆန္က “အဲဗာတန္အသင္းနဲ႔အတူ စာမ်က္ႏွာသစ္ဖြင့္လွစ္ရမွာျဖစ္လို႔ စိတ္လႈပ္ရွားမိသလို၊ ဂုဏ္လည္းယူမိပါတယ္။ အဲဗာတန္အသင္းသားတစ္ေယာက္အေနနဲ႔ အသင္းရဲ႕တံဆိပ္အတြက္ အစြမ္းကုန္ေပးဆပ္သြားမယ္ဆိုတာ ကတိေပးလိုၿပီး အသင္းရထိုက္တဲ့ေအာင္ျမင္မႈေတြ ရယူႏိုင္ေအာင္ႀကိဳးစားသြားမွာပါ။ အဲဗာတန္အသင္းဟာ ပရီးမီးယားလိဂ္မွာထိပ္တန္းအဆင့္ရွိတဲ့အသင္းတစ္သင္းျဖစ္ပါတယ္”လို႔ သူ႔ရဲ႕ Twitter မွာ ေရးသားခဲ့ပါတယ္။

အသက္(၃၀)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ေတာင္ဆန္ဟာ စပါးအသင္းအကယ္ဒမီကထြက္ေပၚခဲ့တဲ့ကစားသမားတစ္ဦးျဖစ္ၿပီး စပါးအသင္းမွာ ၂၀၀၉ ခုႏွစ္ကေန ၂၀၁၆ ခုႏွစ္အထိကစားခဲ့ၿပီးတဲ့ေနာက္ နယူးကာဆယ္၊ ပဲေလ့စ္အသင္းတို႔ကို ေျပာင္းေ႐ႊ႕ခဲ့သူျဖစ္ပါတယ္။ ေတာင္ဆန္ရဲ႕ကစားသမားဘဝမွာ ဆုဖလားေအာင္ျမမႈမရေသးေပမယ့္ ၂၀၁၈-၁၉ ရာသီတုန္းက မန္စီးတီးအသင္းဘက္ကို လွပတဲ့ Volley ကန္ခ်က္နဲ႔သြင္းယူခဲ့တဲ့ဂိုးေၾကာင့္ ပရီးမီးယားလိဂ္တစ္ရာသီအတြင္း အေကာင္းဆုံးသြင္းဂိုးဆုရရွိခဲ့တာက ဂုဏ္ယူစရာေကာင္းတဲ့ဆုတစ္ခုပါပဲ။

ေတာင္ဆန္ဟာ ပဲေလ့စ္အသင္းမွာ အဓိက,ကစားသမားအျဖစ္ ကစားခြင့္ရခဲ့ေပမယ့္ ပဲေလ့စ္အသင္းက သူ႔ကို အံ့အားသင့္စရာေကာင္းေအာင္ စာခ်ဳပ္သက္တမ္းမတိုးဖို႔ဆုံးျဖတ္ခဲ့တာျဖစ္ၿပီး ေတာင္ဆန္ကို ေခၚယူဖို႔ ကလပ္အသင္းတခ်ိဳ႕စိတ္ဝင္စားခဲ့ေပမယ့္ သူကေတာ့ ဘင္နီတက္ဇ္ရွိတဲ့ အဲဗာတန္အသင္းဆီေျပာင္းေ႐ႊ႕ခဲ့တာပါ။ အဲဗာတန္အသင္းနည္းျပသစ္ဘင္နီတက္ဇ္ဟာ အခုေႏြရာသီအတြင္း ဒုတိယေျမာက္ကစားသမားေခၚယူမႈအျဖစ္ ေတာင္ဆန္ကို စာခ်ဳပ္ခ်ဳပ္ဆိုခဲ့တာျဖစ္ၿပီး မၾကာေသးခင္က စတုတ္စီးတီးနဲ႔ခ်ယ္လ္ဆီးဂိုးသမားေဟာင္း ဘီဂိုဗစ္ကိုလည္း အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ေခၚယူထားတာျဖစ္ပါတယ္။