အသက်ကြီးပေမယ့် မပျက်စီးသေးတဲ့ ပေါလ်စခိုးလ်

တစ်ချိန်တုန်းက Rocket ကန်ချက်သွင်းဂိုးတွေနဲ့အတူ မန်ချက်စတာယူနိုက်တက်ပရိသတ်အချစ်တော် ကစားသမားတစ်ဦးဖြစ်ခဲ့တဲ့ ပေါလ်စခိုးလ်ဟာ အသက်(၄၆)နှစ်အရွယ်ရှိပြီဖြစ်ပေမယ့် သူ့ရဲ့ ဘောလုံးစွမ်းရည်က အရင်အတိုင်းရှိနေဆဲဆိုတာကို ပြသခဲ့ပါတယ်။

ပေါလ်စခိုးလ်ဟာ သားဖြစ်သူအာရွန်ရဲ့ အားကစားလုပ်ငန်းကို လူသိများအောင် Promote လုပ်တဲ့အနေနဲ့ သားဖြစ်သူနဲ့အတူ ဘောလုံးစွမ်းရည်ပြသခဲ့တဲ့ရုပ်သံဖိုင်ကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ Post တင်ခဲ့တာဖြစ်ပြီး အဲဒီရုပ်သံဖိုင်က လူကြိုက်များနေတဲ့အပြင် ယူနိုက်တက်အသင်းဖော်ဟောင်းဘာဘာတော့ဗ်နဲ့ အသင်းပရိသတ်တွေက “ကိုယ်ပိုင်အရည်အချင်းဆိုတာက ဘယ်တော့မှပျောက်ပျက်မသွားဘူး”လို့ ချီးကျူးခဲ့ကြပါတယ်။

ပေါလ်စခိုးလ်ဟာ လေ့ကျင့်ခန်းအစီအစဉ်မှာပြုလုပ်တဲ့အတိုင်း ဘောလုံးဆွဲပြေးတာ၊ တစ်ဦးချင်းဖြတ်ကျော်မှု၊ အဝေးကန်ချက်နဲ့ ဘောလုံးပေးပို့တာတွေအပြင် နောက်ဆုံးမှာတော့ သူ့ရဲ့ Trademark ဖြစ်တဲ့ ကွန်ပြူတာနဲ့တွက်ချက်ထားသလို တိကျသေချာတဲ့ Rocket ကန်ချက်နဲ့ ဂိုးထောင့်ထဲကို သွင်းယူပြခဲ့ပါတယ်။

ပေါလ်စခိုးလ်ဟာ အခုနှစ်အတွင်းကျင်းပမယ့် Soccer Aid ရန်ပုံငွေခြေစမ်းပွဲမှာ ပါဝင်ကစားမှာဖြစ်ပြီး သားဖြစ်တဲ့ အာရွန်က “ဒီနေ့ လေ့ကျင့်ခန်းအစီအစဉ်အားလုံး လေ့ကျင့်ခဲ့ပါတယ်။ ပေါလ်စခိုးလ်ဟာ Soccer Aid ပွဲအတွက် အဆင်သင့်ဖြစ်နေပါပြီ”လို့ Caption တပ်ပြီးတော့ Post တင်ခဲ့တာဖြစ်ပါတယ်။

အဲဒီရုပ်သံဖိုင်ကို ယူနိုက်တက်အသင်းကလည်း သူတို့လူမှုကွန်ရက်စာမျက်နှာမှာ ပြန် Share ခဲ့ပြီး “စခိုးလ်စီ(Scholesy)ကတော့ အခုအချိန်အထိ မပျက်စီးသေးဘူး”လို့ ချီးကျူးရေးသားခဲ့ပါတယ်။ ဒီရုပ်သံဖိုင်ကို Like လုပ်ခဲ့တဲ့အရေအတွက်က (၁၂၅,၀၀၀)အထိရှိပြီး ယူနိုက်တက်တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်က ”လုပ်ထားစမ်း၊ စခိုးလ်ရေ။ ကိုယ်ပိုင်အရည်အချင်းဆိုတာက ဘယ်တော့မှပျောက်ပျက်မသွားဘူး”လို့ Comment ရေးသားခဲ့တာပါ။

လာမယ့်ရန်ပုံငွေခြေစမ်းပွဲမှာ စခိုးလ်နဲ့အတူ အင်္ဂလန်နာမည်ကျော်ကစားသမားဟောင်းတွေဖြစ်တဲ့ ဂယ်ရီနဗီးလ်၊ ရွန်နီတို့လည်းပါဝင်ကစားကြမှာဖြစ်ပြီး ပြိုင်ဘက်အသင်းမှာတော့ ယူနိုက်တက်နောက်ခံလူဟောင်း အီဗရာ၊ ဂျမေကာနာမည်ကျော်အပြေးသမား ယူစိန်ဘော့တ်တို့လည် ပါဝင်မှာဖြစ်ပါတယ်။

ပေါလ်စခိုးလ်က ရွန်နီ၊ ဂယ်ရီနဗီးလ်တို့နဲ့အတူ အင်္ဂလန်ဂျာစီဝတ်ဆင်ထားတဲ့ဓာတ်ပုံကို သူ့ Twitter မှာ Post တင်ပြီး Soccer Aid ပွဲမှာ ရွန်နီ၊ ဂယ်ရီနဗီးလ်တို့နဲ့အတူ တွဲကစားဖို့ မစောင့်နိုင်တော့ဘူး။ Let’s bring it home.”လို့ Caption ရေးသားခဲ့သလို လူနောက်တစ်ဦးဖြစ်တဲ့ အီဗရာက သူ့ထုံးစံအတိုင်းပဲ ‘ဝိုး ..အင်္ဂလန်အသင်းကတော့ ဒီနှစ်မှာ အနိုင်ရဖို့ တကယ်မျှော်လင့်နေတာပဲ”လို့ Comment ရေးသားနောက်ပြောင်ခဲ့ပါတယ်။ Soccer Aid ရန်ပုံငွေပွဲကို လာမယ့်စက်တင်ဘာ(၄)ရက်ကျရင် မန်စီးတီးအသင်းရဲ့ အီတီဟတ်ကွင်းမှာကျင်းပမှာဖြစ်ပြီး ဂျေမီရက်ဒ်နပ်၊ ဒေးဗစ်ဂျိမ်းစ်၊ အက်ရှ်လေကိုးလ်၊ ဟက်စကီးစတဲ့ နာမည်ကျော် အင်္ဂလန်ကစားသမားဟောင်းတွေပါဝင်ကစားမှာဖြစ်ပါတယ်။

zawgyi

အသက္ႀကီးေပမယ့္ မပ်က္စီးေသးတဲ့ ေပါလ္စခိုးလ္

တစ္ခ်ိန္တုန္းက Rocket ကန္ခ်က္သြင္းဂိုးေတြနဲ႔အတူ မန္ခ်က္စတာယူႏိုက္တက္ပရိသတ္အခ်စ္ေတာ္ ကစားသမားတစ္ဦးျဖစ္ခဲ့တဲ့ ေပါလ္စခိုးလ္ဟာ အသက္(၄၆)ႏွစ္အ႐ြယ္ရွိၿပီျဖစ္ေပမယ့္ သူ႔ရဲ႕ ေဘာလုံးစြမ္းရည္က အရင္အတိုင္းရွိေနဆဲဆိုတာကို ျပသခဲ့ပါတယ္။ ေပါလ္စခိုးလ္ဟာ သားျဖစ္သူအာ႐ြန္ရဲ႕ အားကစားလုပ္ငန္းကို လူသိမ်ားေအာင္ Promote လုပ္တဲ့အေနနဲ႔ သားျဖစ္သူနဲ႔အတူ ေဘာလုံးစြမ္းရည္ျပသခဲ့တဲ့႐ုပ္သံဖိုင္ကို လူမႈကြန္ရက္စာမ်က္ႏွာေပၚမွာ Post တင္ခဲ့တာျဖစ္ၿပီး အဲဒီ႐ုပ္သံဖိုင္က လူႀကိဳက္မ်ားေနတဲ့အျပင္ ယူႏိုက္တက္အသင္းေဖာ္ေဟာင္းဘာဘာေတာ့ဗ္နဲ႔ အသင္းပရိသတ္ေတြက “ကိုယ္ပိုင္အရည္အခ်င္းဆိုတာက ဘယ္ေတာ့မွေပ်ာက္ပ်က္မသြားဘူး”လို႔ ခ်ီးက်ဴးခဲ့ၾကပါတယ္။

ေပါလ္စခိုးလ္ဟာ ေလ့က်င့္ခန္းအစီအစဥ္မွာျပဳလုပ္တဲ့အတိုင္း ေဘာလုံးဆြဲေျပးတာ၊ တစ္ဦးခ်င္းျဖတ္ေက်ာ္မႈ၊ အေဝးကန္ခ်က္နဲ႔ ေဘာလုံးေပးပို႔တာေတြအျပင္ ေနာက္ဆုံးမွာေတာ့ သူ႔ရဲ႕ Trademark ျဖစ္တဲ့ ကြန္ျပဴတာနဲ႔တြက္ခ်က္ထားသလို တိက်ေသခ်ာတဲ့ Rocket ကန္ခ်က္နဲ႔ ဂိုးေထာင့္ထဲကို သြင္းယူျပခဲ့ပါတယ္။ ေပါလ္စခိုးလ္ဟာ အခုႏွစ္အတြင္းက်င္းပမယ့္ Soccer Aid ရန္ပုံေငြေျခစမ္းပြဲမွာ ပါဝင္ကစားမွာျဖစ္ၿပီး သားျဖစ္တဲ့ အာ႐ြန္က “ဒီေန႔ ေလ့က်င့္ခန္းအစီအစဥ္အားလုံး ေလ့က်င့္ခဲ့ပါတယ္။ ေပါလ္စခိုးလ္ဟာ Soccer Aid ပြဲအတြက္ အဆင္သင့္ျဖစ္ေနပါၿပီ”လို႔ Caption တပ္ၿပီးေတာ့ Post တင္ခဲ့တာျဖစ္ပါတယ္။

အဲဒီ႐ုပ္သံဖိုင္ကို ယူႏိုက္တက္အသင္းကလည္း သူတို႔လူမႈကြန္ရက္စာမ်က္ႏွာမွာ ျပန္ Share ခဲ့ၿပီး “စခိုးလ္စီ(Scholesy)ကေတာ့ အခုအခ်ိန္အထိ မပ်က္စီးေသးဘူး”လို႔ ခ်ီးက်ဴးေရးသားခဲ့ပါတယ္။ ဒီ႐ုပ္သံဖိုင္ကို Like လုပ္ခဲ့တဲ့အေရအတြက္က (၁၂၅,၀၀၀)အထိရွိၿပီး ယူႏိုက္တက္တိုက္စစ္မႉးေဟာင္း ဘာဘာေတာ့ဗ္က ”လုပ္ထားစမ္း၊ စခိုးလ္ေရ။ ကိုယ္ပိုင္အရည္အခ်င္းဆိုတာက ဘယ္ေတာ့မွေပ်ာက္ပ်က္မသြားဘူး”လို႔ Comment ေရးသားခဲ့တာပါ။

လာမယ့္ရန္ပုံေငြေျခစမ္းပြဲမွာ စခိုးလ္နဲ႔အတူ အဂၤလန္နာမည္ေက်ာ္ကစားသမားေဟာင္းေတြျဖစ္တဲ့ ဂယ္ရီနဗီးလ္၊ ႐ြန္နီတို႔လည္းပါဝင္ကစားၾကမွာျဖစ္ၿပီး ၿပိဳင္ဘက္အသင္းမွာေတာ့ ယူႏိုက္တက္ေနာက္ခံလူေဟာင္း အီဗရာ၊ ဂ်ေမကာနာမည္ေက်ာ္အေျပးသမား ယူစိန္ေဘာ့တ္တို႔လည္ ပါဝင္မွာျဖစ္ပါတယ္။ ေပါလ္စခိုးလ္က ႐ြန္နီ၊ ဂယ္ရီနဗီးလ္တို႔နဲ႔အတူ အဂၤလန္ဂ်ာစီဝတ္ဆင္ထားတဲ့ဓာတ္ပုံကို သူ႔ Twitter မွာ Post တင္ၿပီး Soccer Aid ပြဲမွာ ႐ြန္နီ၊ ဂယ္ရီနဗီးလ္တို႔နဲ႔အတူ တြဲကစားဖို႔ မေစာင့္ႏိုင္ေတာ့ဘူး။

Let’s bring it home.”လို႔ Caption ေရးသားခဲ့သလို လူေနာက္တစ္ဦးျဖစ္တဲ့ အီဗရာက သူ႔ထုံးစံအတိုင္းပဲ ‘ဝိုး ..အဂၤလန္အသင္းကေတာ့ ဒီႏွစ္မွာ အႏိုင္ရဖို႔ တကယ္ေမွ်ာ္လင့္ေနတာပဲ”လို႔ Comment ေရးသားေနာက္ေျပာင္ခဲ့ပါတယ္။ Soccer Aid ရန္ပုံေငြပြဲကို လာမယ့္စက္တင္ဘာ(၄)ရက္က်ရင္ မန္စီးတီးအသင္းရဲ႕ အီတီဟတ္ကြင္းမွာက်င္းပမွာျဖစ္ၿပီး ေဂ်မီရက္ဒ္နပ္၊ ေဒးဗစ္ဂ်ိမ္းစ္၊ အက္ရွ္ေလကိုးလ္၊ ဟက္စကီးစတဲ့ နာမည္ေက်ာ္ အဂၤလန္ကစားသမားေဟာင္းေတြပါဝင္ကစားမွာျဖစ္ပါတယ္။