သွင်းဂိုးတွေ ပြန်လည်ရယူနိုင်ခဲ့တဲ့ ဂျေစီလင်ဂတ်ရဲ့လျှို့ဝှက်ချက်

ဂျေစီ လင်ဂတ်က ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်မှာ သူ့ကို အကောင်းဆုံးကစားသမား တစ်ဦးဖြစ်လာစေတဲ့ အသေးစိတ်အစီအစဉ်ကို ဝေမျှခဲ့ပါတယ်။ အသက် ( ၂၈ ) အရွယ် ကွင်းလယ်ကစားသမားဟာ ပြီးခဲ့တဲ့ ဇန်နဝဝါရီလမှာ မန်ချက်စတာ ယူနိုက်တက်ကနေ ဝက်စ်ဟမ်းအသင်းထံ အငှားသွားရောက်ကစားခဲ့ပြီး စုစုပေါင်း ( ၁၆ ) ပွဲမှာ ( ၉ ) ဂိုးထိ ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

အဆိုပါ ကကာလအတွင်းမှာ သူက ဂိုးဖန်တီးမှု ( ၅ ) ကြိမ်ပါ ပြုလုပ်နိုင်ခဲ့ပြီး ဒေးဗစ် မိုယေးစ်ရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်လာကာ ဝက်စ်ဟမ်းအသင်းကိုလည်း ယူရိုပါလိဂ်ဝင်ခွင့်ရရှိအောင် ကူညီပေးခဲ့ပါတယ်။

အဲ့ဒီနောက် သူက ယူရိုပြိုင်ပွဲအတွက် အင်္ဂလန်အသင်းရဲ့ ပဏာမကစားသမား ( ၃၃ ) ဦးစာရင်းမှာ ရွေးချယ်ခံခဲ့ရပါတယ်။ ဒါပေမယ့် အသင်းမှာ တိုက်စစ်ကြယ်ပွင့်ကစားသမားတွေ များပြားနေတဲ့အတွက် ဂါရတ် ဆောက်ဂိတ်က အပြီးသတ် ( ၂၆ ) ဦးစာရင်းမှာတော့ လင်ဂတ်ကို ချန်လှပ်ထားခဲ့ပါတယ်။

ကွင်းလယ်ကစားသမားဟာ ယခုလို ခြေစွမ်းတိုးတက်လာမှုနဲ့ ပတ်သတ်ပြီး ‘Jesse 2.0’ ဆိုတဲ့ သူ့ရဲ့ ရည်မှန်းချက်အစီအစဉ်တွေ ပါဝင်တဲ့ ဓာတ်ပုံကို မျှဝေခဲ့ပါတယ်။ အဆိုပါ ဓာတ်ပုံကို လင်ဂတ် အဖွင့်ဂိုးသွင်းယူခဲ့တဲ့ ဝက်စ်ဟမ်း ( ၃-၃ ) အာဆင်နယ်ပွဲစဉ် မတိုင်မီ ရိုက်ကူးခဲ့တာလို့ ယူဆရပါတယ်။

အဆိုပါ ဓာတ်ပုံထဲမှာ လင်ဂတ်က ( ၄ ) ဂိုး ရယူထားပြီဖြစ်ကြောင်း တွေ့ရှိရပြီး ပွဲစဉ်တစ်ခုချင်းစီအတွက် သူ့ရဲ့ ဖန်တီးမှု ၊ ဂိုးကန်သွင်းမှု နှင့် ဖြတ်ကျော်မှုတွေကိုပါ သီးသန့်မှတ်တမ်းတင်ထားပါတယ်။ အဆိုပါ အစီအစဉ်ဟာ လင်ဂတ်ရဲ့ သူငယ်ချင်းလည်းဖြစ် ၊ သီးသန့် နည်းပြဆရာလည်းဖြစ်တဲ့ Alexandros Alexiadis ရဲ့ အကြံဖြစ်တယ်လို့ ယူဆရပါတယ်။

နောက်ပြီး ‘Jesse 2.0’ အပြင် ယူနိုက်တက် ကစားသမားက “ယူရိုပါလိဂ်” “အရှုံးမပေးနဲ့” “စွန့်စားပါ” ကဲ့သို့ ခွန်အားဖြည့် စာသားတွေ ပါဝင်တဲ့ ဓာတ်ပုံကိုလည်း မျှဝေခဲ့ပါတယ်။

လင်ဂတ်ဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က ဒါဘီကောင်တီအသင်းနဲ့ ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ပထမဆုံး ရာသီကြိုခြေစမ်းပွဲစဉ်မှာ ပါဝင်ခဲ့ပြီး နည်းပြ ဆိုးရှားကလည်း ကွင်းလယ်ကစားသမားဟာ ယူနိုက်တက်ရဲ့ လက်ရှိအစဉ်ထဲမှာ ပါဝင်ကြောင်း ပြောကြားခဲ့ပါတယ်။

zawgyi

သြင္းဂိုးေတြ ျပန္လည္ရယူႏိုင္ခဲ့တဲ့ ေဂ်စီလင္ဂတ္ရဲ့လွ်ိဳ႕ဝွက္ခ်က္

ေဂ်စီ လင္ဂတ္က ၿပီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ္မွာ သူ႔ကို အေကာင္းဆုံးကစားသမား တစ္ဦးျဖစ္လာေစတဲ့ အေသးစိတ္အစီအစဥ္ကို ေဝမွ်ခဲ့ပါတယ္။

အသက္ ( ၂၈ ) အ႐ြယ္ ကြင္းလယ္ကစားသမားဟာ ၿပီးခဲ့တဲ့ ဇန္နဝဝါရီလမွာ မန္ခ်က္စတာ ယူႏုိက္တက္ကေန ဝက္စ္ဟမ္းအသင္းထံ အငွားသြားေရာက္ကစားခဲ့ၿပီး စုစုေပါင္း ( ၁၆ ) ပြဲမွာ ( ၉ ) ဂိုးထိ ရယူႏုိင္ခဲ့တာျဖစ္ပါတယ္။

အဆိုပါ ကကာလအတြင္းမွာ သူက ဂိုးဖန္တီးမႈ ( ၅ ) ႀကိမ္ပါ ျပဳလုပ္ႏိုင္ခဲ့ၿပီး ေဒးဗစ္ မိုေယးစ္ရဲ႕ အဓိက ကစားသမားတစ္ဦးျဖစ္လာကာ ဝက္စ္ဟမ္းအသင္းကိုလည္း ယူ႐ိုပါလိဂ္ဝင္ခြင့္ရရွိေအာင္ ကူညီေပးခဲ့ပါတယ္။

အဲ့ဒီေနာက္ သူက ယူ႐ိုၿပိဳင္ပြဲအတြက္ အဂၤလန္အသင္းရဲ႕ ပဏာမကစားသမား ( ၃၃ ) ဦးစာရင္းမွာ ေ႐ြးခ်ယ္ခံခဲ့ရပါတယ္။ ဒါေပမယ့္ အသင္းမွာ တိုက္စစ္ၾကယ္ပြင့္ကစားသမားေတြ မ်ားျပားေနတဲ့အတြက္ ဂါရတ္ ေဆာက္ဂိတ္က အၿပီးသတ္ ( ၂၆ ) ဦးစာရင္းမွာေတာ့ လင္ဂတ္ကို ခ်န္လွပ္ထားခဲ့ပါတယ္။

ကြင္းလယ္ကစားသမားဟာ ယခုလို ေျခစြမ္းတိုးတက္လာမႈနဲ႔ ပတ္သတ္ၿပီး ‘Jesse 2.0’ ဆိုတဲ့ သူ႔ရဲ႕ ရည္မွန္းခ်က္အစီအစဥ္ေတြ ပါဝင္တဲ့ ဓာတ္ပုံကို မွ်ေဝခဲ့ပါတယ္။

အဆိုပါ ဓာတ္ပုံကို လင္ဂတ္ အဖြင့္ဂိုးသြင္းယူခဲ့တဲ့ ဝက္စ္ဟမ္း ( ၃-၃ ) အာဆင္နယ္ပြဲစဥ္ မတိုင္မီ ႐ိုက္ကူးခဲ့တာလို႔ ယူဆရပါတယ္။

အဆိုပါ ဓာတ္ပုံထဲမွာ လင္ဂတ္က ( ၄ ) ဂိုး ရယူထားၿပီျဖစ္ေၾကာင္း ေတြ႕ရွိရၿပီး ပြဲစဥ္တစ္ခုခ်င္းစီအတြက္ သူ႔ရဲ႕ ဖန္တီးမႈ ၊ ဂိုးကန္သြင္းမႈ ႏွင့္ ျဖတ္ေက်ာ္မႈေတြကိုပါ သီးသန႔္မွတ္တမ္းတင္ထားပါတယ္။

အဆိုပါ အစီအစဥ္ဟာ လင္ဂတ္ရဲ႕ သူငယ္ခ်င္းလည္းျဖစ္ ၊ သီးသန႔္ နည္းျပဆရာလည္းျဖစ္တဲ့ Alexandros Alexiadis ရဲ႕ အႀကံျဖစ္တယ္လို႔ ယူဆရပါတယ္။

ေနာက္ၿပီး ‘Jesse 2.0’ အျပင္ ယူႏိုက္တက္ ကစားသမားက “ယူ႐ိုပါလိဂ္” “အရွံုးမေပးနဲ႔” “စြန႔္စားပါ” ကဲ့သို႔ ခြန္အားျဖည့္ စာသားေတြ ပါဝင္တဲ့ ဓာတ္ပုံကိုလည္း မွ်ေဝခဲ့ပါတယ္။

လင္ဂတ္ဟာ ၿပီးခဲ့တဲ့ တနလၤာေန႔က ဒါဘီေကာင္တီအသင္းနဲ႔ ကစားခဲ့တဲ့ မန္ခ်က္စတာ ယူႏိုက္တက္ရဲ႕ ပထမဆုံး ရာသီႀကိဳေျခစမ္းပြဲစဥ္မွာ ပါဝင္ခဲ့ၿပီး နည္းျပ ဆိုးရွားကလည္း ကြင္းလယ္ကစားသမားဟာ ယူႏိုက္တက္ရဲ႕ လက္ရွိအစဥ္ထဲမွာ ပါဝင္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။