ဘိုကာဂျူနီယာ-အက်သလက်တီကိုမင်နဲရိုး ပွဲစဉ်မှာ ၂ ဖက်ကစားသမားတွေဟာ ခိုက်ရန်ဖြစ်ပွါးခဲ့ကြ

အာဂျင်တီးနားကလပ်တွေ နဲ့ ဘရာဇီးကလပ်တွေ ထိပ်တိုက်တွေ့ဆုံတိုင်း မကြာခဏဆိုသလို ခိုက်ရန်ဖြစ်ပွါးလေ့ရှိပါတယ်။ ဒီနေ့မနက်က ကစားခဲ့တဲ့ Copa Libertadores ပြိုင်ပွဲရဲ့ ပွဲစဉ်တပွဲဖြစ်တဲ့ ဘိုကာဂျူနီယာ-အက်သလက်တီကိုမင်နဲရိုး ပွဲစဉ်မှာလည်း ၂ ဖက်ကစားသမားတွေဟာ ခိုက်ရန်ဖြစ်ပွါးခဲ့ကြပြီး ပွဲကြမ်းခဲ့ပါတယ်။

ရှုံးထွက်ပွဲစဉ်အဖြစ် ကစားခဲ့တဲ့ ဘိုကာ-မင်နဲရိုး ပွဲစဉ်မှာ ပင်နယ်တီအဆုံးအဖြတ်နဲ့ ဘရာဇီးကလပ် မင်နဲရိုး က အနိုင်ရရှိခဲ့ပါတယ်။ ပွဲချိန်အတွင်းမှာ ဘိုကာဂျူနီယာ က သွင်းဂိုး ၂ ဂိုးသွင်းနိုင်ခဲ့ပေမဲ့ ဒိုင်လူကြီးတွေက လူကျွံဘောအဖြစ်သာ သတ်မှတ်ခဲ့ပါတယ်။

ရုပ်သံမြင်ကွင်းတွေအရတော့ ဘိုကာဂျူနီယာ ရဲ့ သွင်းဂိုး ၂ ဂိုးလုံးဟာ လူကျွံနေခဲ့ခြင်းမရှိခဲ့တာကို တွေ့ရပါတယ်။ ဒါကြောင့် သာမန်ပွဲကစားချိန်တွေမှာ ၂ ဖက်အသင်းကြား အငြင်းပွါးမှုတွေရှိခဲ့ပါတယ်။ ပွဲအပြီးမှာ ရှုံးပွဲတွေ့သွားတဲ့အခါမှာတော့ ဘိုကာဂျူနီယာ ကစားသမားတွေက ပေါက်ကွဲခဲ့ကြပြီး ဒိုင်လူကြီးတွေနဲ့ ပြိုင်ဖက်အသင်းဖြစ်တဲ့ မင်နဲရိုး က ကစားသမားတွေ ၊ ဝန်ထမ်းတွေ ၊ နည်းပြတွေကို ရန်ရှာခဲ့ကြပါတယ်။

ကွင်းလုံခြုံရေးတာဝန်ယူထားတဲ့ ရဲတွေနဲ့လည်း ခိုက်ရန်ဖြစ်ခဲ့ပါတယ်။ ရဲတွေဟာ အဓိကရုဏ်းနှိမ်နင်းတဲ့ စပရေးဘူးတွေကို အသုံးပြုပြီး ဘိုကာဂျူနီယာ ကစားသမားတွေကို ထိန်းသိမ်းနေတာကို ကင်မရာမှတ်တမ်းတွေအရ တွေ့ရပါတယ်။ အက်သလက်တီကို မင်နဲရိုး က ကစားသမားတွေ ၊ ဝန်ထမ်းတွေကလည်း ဘိုကာဂျူနီယာ ကစားသမားတွေကို ပြန်လည်ရန်ပြုခဲ့ပါတယ်။ အဝတ်လဲခန်းသွားရာလမ်းတလျှောက် ရန်ပွဲဟာ အတော်လေးပြင်းထန်ခဲ့ပြီး ထိခိုက်ဒဏ်ရာရမှုတွေလည်း ရှိခဲ့ပါတယ်။

မန်ယူအသင်းရဲ့ နောက်ခံလူဟောင်း ( လက်ရှိ ဘိုကာဂျူနီယာ ကစားသမား ) ရိုဟို ဆိုရင် မီးသတ်ဆေးဘူးကြီးကိုင်ကာ တဖက်ကစားသမားတွေကို ရန်ပြုဖို့ကြိုးစားခဲ့ပါတယ်။ တချို့ကစားသမားတွေဟာလည်း ရဲတွေကာထားတဲ့ အတားအဆီးတွေနဲ့ ပြိုင်ဖက်အသင်းကလူတွေကို ပစ်ပေါက်ခဲ့ကြပါတယ်။

တာဝန်ရှိသူတွေနဲ့ ရဲတွေဟာ အဆိုပါ ၂ သင်းရဲ့ ရန်ပွဲကို မနည်းငြိမ်အောင် ထိန်းခဲ့ရတယ်လို့ သိရပါတယ်။ တောင်အမေရိက ဘောလုံးအဖွဲ့ချုပ်ကတော့ အဲ့ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး အခုထိတော့ တစုံတရာကြေညာချက်မထုတ်ပြန်သေးပါဘူး။ ဖြစ်စဉ်ကို အသေးစိတ်စုံစမ်းပြီးရင်တော့ ၂ ဖက်လုံးကို ကြီးမားတဲ့ ပြစ်ဒဏ်တွေချမှတ်ဖွယ်ရှိနေပါတယ်။

zawgyi

ဘိုကာဂ်ဴနီယာ-အက္သလက္တီကိုမင္နဲ႐ိုး ပြဲစဥ္မွာ ၂ ဖက္ကစားသမားေတြဟာ ခိုက္ရန္ျဖစ္ပြါးခဲ့ၾက

အာဂ်င္တီးနားကလပ္ေတြ နဲ႔ ဘရာဇီးကလပ္ေတြ ထိပ္တိုက္ေတြ႕ဆုံတိုင္း မၾကာခဏဆိုသလို ခိုက္ရန္ျဖစ္ပြါးေလ့ရွိပါတယ္။ ဒီေန႔မနက္က ကစားခဲ့တဲ့ Copa Libertadores ၿပိဳင္ပြဲရဲ႕ ပြဲစဥ္တပြဲျဖစ္တဲ့ ဘိုကာဂ်ဴနီယာ-အက္သလက္တီကိုမင္နဲ႐ိုး ပြဲစဥ္မွာလည္း ၂ ဖက္ကစားသမားေတြဟာ ခိုက္ရန္ျဖစ္ပြါးခဲ့ၾကၿပီး ပြဲၾကမ္းခဲ့ပါတယ္။

ရႈံးထြက္ပြဲစဥ္အျဖစ္ ကစားခဲ့တဲ့ ဘိုကာ-မင္နဲ႐ိုး ပြဲစဥ္မွာ ပင္နယ္တီအဆုံးအျဖတ္နဲ႔ ဘရာဇီးကလပ္ မင္နဲ႐ိုး က အႏိုင္ရရွိခဲ့ပါတယ္။ ပြဲခ်ိန္အတြင္းမွာ ဘိုကာဂ်ဴနီယာ က သြင္းဂိုး ၂ ဂိုးသြင္းႏိုင္ခဲ့ေပမဲ့ ဒိုင္လူႀကီးေတြက လူကြၽံေဘာအျဖစ္သာ သတ္မွတ္ခဲ့ပါတယ္။

႐ုပ္သံျမင္ကြင္းေတြအရေတာ့ ဘိုကာဂ်ဴနီယာ ရဲ႕ သြင္းဂိုး ၂ ဂိုးလုံးဟာ လူကြၽံေနခဲ့ျခင္းမရွိခဲ့တာကို ေတြ႕ရပါတယ္။ ဒါေၾကာင့္ သာမန္ပြဲကစားခ်ိန္ေတြမွာ ၂ ဖက္အသင္းၾကား အျငင္းပြါးမႈေတြရွိခဲ့ပါတယ္။ ပြဲအၿပီးမွာ ရႈံးပြဲေတြ႕သြားတဲ့အခါမွာေတာ့ ဘိုကာဂ်ဴနီယာ ကစားသမားေတြက ေပါက္ကြဲခဲ့ၾကၿပီး ဒိုင္လူႀကီးေတြနဲ႔ ၿပိဳင္ဖက္အသင္းျဖစ္တဲ့ မင္နဲ႐ိုး က ကစားသမားေတြ ၊ ဝန္ထမ္းေတြ ၊ နည္းျပေတြကို ရန္ရွာခဲ့ၾကပါတယ္။

ကြင္းလုံၿခဳံေရးတာဝန္ယူထားတဲ့ ရဲေတြနဲ႔လည္း ခိုက္ရန္ျဖစ္ခဲ့ပါတယ္။ ရဲေတြဟာ အဓိက႐ုဏ္းႏွိမ္နင္းတဲ့ စပေရးဘူးေတြကို အသုံးျပဳၿပီး ဘိုကာဂ်ဴနီယာ ကစားသမားေတြကို ထိန္းသိမ္းေနတာကို ကင္မရာမွတ္တမ္းေတြအရ ေတြ႕ရပါတယ္။ အက္သလက္တီကို မင္နဲ႐ိုး က ကစားသမားေတြ ၊ ဝန္ထမ္းေတြကလည္း ဘိုကာဂ်ဴနီယာ ကစားသမားေတြကို ျပန္လည္ရန္ျပဳခဲ့ပါတယ္။ အဝတ္လဲခန္းသြားရာလမ္းတေလွ်ာက္ ရန္ပြဲဟာ အေတာ္ေလးျပင္းထန္ခဲ့ၿပီး ထိခိုက္ဒဏ္ရာရမႈေတြလည္း ရွိခဲ့ပါတယ္။

မန္ယူအသင္းရဲ႕ ေနာက္ခံလူေဟာင္း ( လက္ရွိ ဘိုကာဂ်ဴနီယာ ကစားသမား ) ႐ိုဟို ဆိုရင္ မီးသတ္ေဆးဘူးႀကီးကိုင္ကာ တဖက္ကစားသမားေတြကို ရန္ျပဳဖို႔ႀကိဳးစားခဲ့ပါတယ္။ တခ်ိဳ႕ကစားသမားေတြဟာလည္း ရဲေတြကာထားတဲ့ အတားအဆီးေတြနဲ႔ ၿပိဳင္ဖက္အသင္းကလူေတြကို ပစ္ေပါက္ခဲ့ၾကပါတယ္။

တာဝန္ရွိသူေတြနဲ႔ ရဲေတြဟာ အဆိုပါ ၂ သင္းရဲ႕ ရန္ပြဲကို မနည္းၿငိမ္ေအာင္ ထိန္းခဲ့ရတယ္လို႔ သိရပါတယ္။ ေတာင္အေမရိက ေဘာလုံးအဖြဲ႕ခ်ဳပ္ကေတာ့ အဲ့ဒီျဖစ္ရပ္နဲ႔ ပတ္သက္ၿပီး အခုထိေတာ့ တစုံတရာေၾကညာခ်က္မထုတ္ျပန္ေသးပါဘူး။ ျဖစ္စဥ္ကို အေသးစိတ္စုံစမ္းၿပီးရင္ေတာ့ ၂ ဖက္လုံးကို ႀကီးမားတဲ့ ျပစ္ဒဏ္ေတြခ်မွတ္ဖြယ္ရွိေနပါတယ္။