ပေါ်တူဂီအသင်းဖော်နီဗက်စ်ကို မန်ယူမှာ မြင်တွေ့ချင်နေတဲ့ ဖာနက်ဒက်စ်

မန်ယူကွင်းလယ်လူ ဘရူနို ဖာနက်ဒက်စ် က ပေါ်တူဂီအသင်းဖော်နဲ့ မန်ယူမှာ တွဲဖက်ကစားနိုင်ဖို့ အလိုရှိနေတယ်လို့ သတင်းတွေထွက်ပေါ်လာပါတယ်။အဲ့ဒီအသင်းဖော်ကတော့ ပရီးမီးယားလိဂ်ကလပ် ဝုဗ်လ်အသင်းရဲ့ ဗဟိုကွင်းလယ်လူ ရူဘင် နီဗက်စ် ပဲဖြစ်ပါတယ်။ ဘရူနို ဟာ နီဗက်စ် နဲ့ အတော်လေးရင်းနှီးတဲ့ ဆက်ဆံရေးရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် ဘရူနို က ကလပ်အသင်းမှာပါ အတူတွဲကစားနိုင်ဖို့အတွက် နီဗက်စ် ကို မန်ယူအသင်းဆီ ပြောင်းရွှေ့လာဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။

အဲ့ဒီသတင်းတွေနဲ့ ပတ်သက်ပြီး နာမည်ကျော် ဂျာနယ်လစ် Dean Jones က “ မန်ယူ ကို ရူဘင် နီဗက်စ် ပြောင်းလာဖို့အတွက် ဘရူနို က တော်တော်လေး စိတ်အားထက်သန်နေပါတယ်။ ကျွန်တော့်အထင်တော့ ဘရူနို ရဲ့ ဆန္ဒကို မန်ယူကလည်း နားလည်သဘောပေါက်တယ်လို့ ထင်ပါတယ် “ လို့ ပြောပါတယ်။

ကွင်းလယ်လူ ပေါ့ဘာ ရဲ့ အနာဂတ်မသေချာ မရေရာဖြစ်နေတာကြောင့် မန်ယူအသင်းဟာ ဆာအူလ် ၊ ကာမာဗင်ဂါ စတဲ့ ကွင်းလယ်လူတွေကို စောင့်ကြည့်နေပါတယ်။ ရူဘင် နီဗက်စ် ရဲ့ခြေစွမ်းဟာလည်း မန်ယူ အသင်းသဘောကျလောက်တဲ့ ခြေစွမ်းမျိုးပါ။ပရီးမီးယားလိဂ်မှာ အသားကျနေပြီးသား နီဗက်စ် ကို ပေါ့ဘာ နေရာမှာ အစားထိုးမယ်ဆိုရင်လည်း အံဝင်မှုရှိဖို့များပါတယ်။

နီဗက်စ် ကိုသာ ခေါ်ယူနိုင်ခဲ့ရင် အဓိက ကစားသမား ဘရူနို ရဲ့ ဆန္ဒကိုလည်း မန်ယူက ဖြည့်ဆည်းပေးရာရောက်သလို လိုအပ်ချက်ရှိနေတဲ့ ကွင်းလယ်ကိုလည်း ဖာထေးပြီးရာရောက်မှာ သေချာပါတယ်။

ရူဘင် နီဗက်စ် ကလည်း နည်းပြအပြောင်းအလဲလုပ်ထားတဲ့ ဝုဗ်လ်အသင်းကနေ ထွက်ခွါချင်နေတယ်လို့ သိရပါတယ်။ ဒါကြောင့် အာဆင်နယ် ကလည်း နီဗက်စ် ကို ခေါ်ယူဖို့ကြိုးစားနေတယ်လို့ သတင်းတွေကျယ်ကျယ်လောင်လောင်ထွက်ပေါ်နေပါတယ်။ ဒါပေမဲ့ မန်ယူ ကသာ နီဗက်စ် ကိုခေါ်ယူချင်ရင် ဘရူနို ရဲ့ အကူအညီနဲ့ ခေါ်ယူနိုင်မှာသေချာပါတယ်။

zawgyi

ပေါ်တူဂီအသင်းဖော်ကို မန်ယူမှာ မြင်တွေ့ချင်နေတဲ့ ဘရူနို ဖာနက်ဒက်စ်





