တိုကျိုအိုလံပစ်ဘောလုံးပြိုင်ပွဲဝင်အသင်းတွေထဲမှာ တန်ဖိုးအမြင့်ဆုံးအသင်းအဖြစ် စပိန်အသင်း သတ်မှတ်ခံရ

မကြာခင်စတင်ကျင်းပတော့မယ့် ၂၀၂၀ တိုကျိုအိုလံပစ်အမျိုးသားဘောလုံးပြိုင်ပွဲဝင် အသင်းတွေထဲမှာ နာမည်ကျော်စပိန်အသင်းက,ကစားသမားတွေရဲ့ စုစုပေါင်းတန်ဖိုးက တခြားအသင်းတွေထက် ပိုများနေပြီး ဂျာမနီအသင်းထက် (၄)ဆအထိပိုများနေတာဖြစ်ပါတယ်။ နာမည်ကြီး transfermarkt ဝက်ဘ်ဆိုက်ရဲ့ဖော်ပြချက်အရ စပိန်အိုလံပစ်အသင်းက,ကစားသမားအားလုံးရဲ့စုစုပေါင်းတန်ဖိုးက ပေါင်(၄၈၇)သန်းအထိရှိတာကြောင့် အိုလံပစ်အမျိုးသားဘောလုံးပြိုင်ပွဲမှာ တန်ဖိုးအမြင့်ဆုံးအသင်းအဖြစ်သတ်မှတ်ခံခဲ့ရတာဖြစ်သလို ထိပ်သီးကစားသမားတချို့ပါဝင်နေတဲ့ ၂၀၁၆၊ ရီယိုအိုလံပစ်ချန်ပီယံဘရာဇီးလ်အသင်းတောင် စပိန်အသင်းလောက် တန်ဖိုးမရှိခဲ့ပါဘူး။

အိုလံပစ်ပြိုင်ပွဲရဲ့တန်ဖိုးအမြင့်မားဆုံးကစားသမားထိပ်ဆုံး(၁၅)ဦးစာရင်းမှာ စပိန်အသင်းက (၉)ဦးအထိပါဝင်ခဲ့ပြီး လူငယ်ကြယ်ပွင့်ကွင်းလယ်လူပတ်ဒရီက ပေါင်(၇၂)သန်း၊ ဆိုစီဒက်ကစားသမားအိုယာဇာဘယ်လ်က ပေါင်(၆၃)သန်းအထိ တန်ကြေးရှိနေတာဖြစ်ပါတယ်။ ပတ်ဒရီဟာ ပြီးခဲ့တဲ့ယူရို-၂၀၂ဝပြိုင်ပွဲမှာလည်း စပိန်လက်ရွေးစင်အသင်းကြီးအတွက် ပါဝင်ခြေစွမ်းပြခဲ့ပြီး ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးလူငယ်ကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပါတယ်။ ဒါ့အပြင် ယူရို-၂၀၂၀ ပြိုင်ပွဲဝင် စပိန်အသင်းမှာပါဝင်ခဲ့တဲ့ ပေါတောရက်စ်၊ ဒန်နီအော်လ်မိုတို့ကလည်း ပေါင်(၄၅)သန်းစီတန်ကြေးရှိနေပြီး ကားလို့စ်ဆိုလာ၊ မီခေးလ်မိုရီနိုတို့နှစ်ယောက်က ပေါင်(၃၆)သန်းနဲ့ အိုလံပစ်ပြိုင်ပွဲရဲ့တန်ဖိုးအမြင့်ဆုံးထိပ်ဆုံးကစားသမား(၁၀)ဦးစာရင်းထဲမှာ ပါဝင်ခဲ့ကြပါတယ်။

အဲဗာတန်နာမည်ကျော်တိုက်စစ်ကစားသမား ရစ်ချာလစ်ဆင် ပါဝင်နေတဲ့ ဘရာဇီးလ်အသင်းဟာ ပေါင်(၃၁၅)သန်းနဲ့ ဒုတိယနေရာမှာရပ်တည်နေပြီး ရစ်ချာလစ်ဆင်ကတော့ ပေါင်(၄၉.၅)သန်းအထိ တန်ကြေးရှိနေတာပါ။ ဒီနှစ်သင်းနဲ့ တတိယနေရာက ဂျာမနီ၊ စတုတ္ထနေရာက အာဂျင်တီးနားအသင်းတို့အကြား တန်ဖိုးကွာဟချက်က မထင်မှတ်ဘဲမြင့်မားလွန်းနေပြီး ဂျာမနီကစားသမားတွေရဲ့စုစုပေါင်းတန်ဖိုးက ပေါင်(၁၁၁)သန်းသာရှိသလို အာဂျင်တီးနားအသင်းကတော့ ပေါင်သန်း (၁၁၀)သာ ရှိနေတာဖြစ်ပါတယ်။

၂၀၂၀ တိုကျိုအိုလံပစ်အမျိုးသားဘောလုံးပြိုင်ပွဲတွေကို အခုဇူလိုင်လ(၂၂)ရက်မှာ စတင်ကျင်းပမှာဖြစ်သလို စပိန်အသင်းဟာ အိုလံပစ်ပြိုင်ပွဲ အုပ်စု(C)မှာ လီဗာပူးလ်နာမည်ကျော်တိုက်စစ်မှူးဆာလာရဲ့ အီဂျစ်၊ သြစတြေးလျ၊ အာဂျင်တီးနားအသင်းတို့နဲ့ တစ်အုပ်စုတည်းကျရောက်နေပြီး ၂၀၁၆ အိုလံပစ်ဗိုလ်လုပွဲမှာ ဆုံတွေ့ခဲ့ဖူးတဲ့ ဘရာဇီးလ်နဲ့ဂျာမနီအသင်းတို့ကတော့ အုပ်စု(D)မှာ အတူကျရောက်နေတာဖြစ်ပါတယ်။

zawgyi

တိုက်ိဳအိုလံပစ္ေဘာလုံးၿပိဳင္ပြဲဝင္အသင္းေတြထဲမွာ တန္ဖိုးအျမင့္ဆုံးအသင္းအျဖစ္ စပိန္အသင္း သတ္မွတ္ခံရ

မၾကာခင္စတင္က်င္းပေတာ့မယ့္ ၂၀၂၀ တိုက်ိဳအိုလံပစ္အမ်ိဳးသားေဘာလုံးၿပိဳင္ပြဲဝင္ အသင္းေတြထဲမွာ နာမည္ေက်ာ္စပိန္အသင္းက,ကစားသမားေတြရဲ႕ စုစုေပါင္းတန္ဖိုးက တျခားအသင္းေတြထက္ ပိုမ်ားေနၿပီး ဂ်ာမနီအသင္းထက္ (၄)ဆအထိပိုမ်ားေနတာျဖစ္ပါတယ္။ နာမည္ႀကီး transfermarkt ဝက္ဘ္ဆိုက္ရဲ႕ေဖာ္ျပခ်က္အရ စပိန္အိုလံပစ္အသင္းက,ကစားသမားအားလုံးရဲ႕စုစုေပါင္းတန္ဖိုးက ေပါင္(၄၈၇)သန္းအထိရွိတာေၾကာင့္ အိုလံပစ္အမ်ိဳးသားေဘာလုံးၿပိဳင္ပြဲမွာ တန္ဖိုးအျမင့္ဆုံးအသင္းအျဖစ္သတ္မွတ္ခံခဲ့ရတာျဖစ္သလို ထိပ္သီးကစားသမားတခ်ိဳ႕ပါဝင္ေနတဲ့ ၂၀၁၆၊ ရီယိုအိုလံပစ္ခ်န္ပီယံဘရာဇီးလ္အသင္းေတာင္ စပိန္အသင္းေလာက္ တန္ဖိုးမရွိခဲ့ပါဘူး။

အိုလံပစ္ၿပိဳင္ပြဲရဲ႕တန္ဖိုးအျမင့္မားဆုံးကစားသမားထိပ္ဆုံး(၁၅)ဦးစာရင္းမွာ စပိန္အသင္းက (၉)ဦးအထိပါဝင္ခဲ့ၿပီး လူငယ္ၾကယ္ပြင့္ကြင္းလယ္လူပတ္ဒရီက ေပါင္(၇၂)သန္း၊ ဆိုစီဒက္ကစားသမားအိုယာဇာဘယ္လ္က ေပါင္(၆၃)သန္းအထိ တန္ေၾကးရွိေနတာျဖစ္ပါတယ္။ ပတ္ဒရီဟာ ၿပီးခဲ့တဲ့ယူ႐ို-၂၀၂ဝၿပိဳင္ပြဲမွာလည္း စပိန္လက္ေ႐ြးစင္အသင္းႀကီးအတြက္ ပါဝင္ေျခစြမ္းျပခဲ့ၿပီး ၿပိဳင္ပြဲတစ္ေလွ်ာက္ အေကာင္းဆုံးလူငယ္ကစားသမားဆုကို ဆြတ္ခူးႏိုင္ခဲ့သူျဖစ္ပါတယ္။ ဒါ့အျပင္ ယူ႐ို-၂၀၂၀ ၿပိဳင္ပြဲဝင္ စပိန္အသင္းမွာပါဝင္ခဲ့တဲ့ ေပါေတာရက္စ္၊ ဒန္နီေအာ္လ္မိုတို႔ကလည္း ေပါင္(၄၅)သန္းစီတန္ေၾကးရွိေနၿပီး ကားလို႔စ္ဆိုလာ၊ မီေခးလ္မိုရီႏိုတို႔ႏွစ္ေယာက္က ေပါင္(၃၆)သန္းနဲ႔ အိုလံပစ္ၿပိဳင္ပြဲရဲ႕တန္ဖိုးအျမင့္ဆုံးထိပ္ဆုံးကစားသမား(၁၀)ဦးစာရင္းထဲမွာ ပါဝင္ခဲ့ၾကပါတယ္။

အဲဗာတန္နာမည္ေက်ာ္တိုက္စစ္ကစားသမား ရစ္ခ်ာလစ္ဆင္ ပါဝင္ေနတဲ့ ဘရာဇီးလ္အသင္းဟာ ေပါင္(၃၁၅)သန္းနဲ႔ ဒုတိယေနရာမွာရပ္တည္ေနၿပီး ရစ္ခ်ာလစ္ဆင္ကေတာ့ ေပါင္(၄၉.၅)သန္းအထိ တန္ေၾကးရွိေနတာပါ။ ဒီႏွစ္သင္းနဲ႔ တတိယေနရာက ဂ်ာမနီ၊ စတုတၳေနရာက အာဂ်င္တီးနားအသင္းတို႔အၾကား တန္ဖိုးကြာဟခ်က္က မထင္မွတ္ဘဲျမင့္မားလြန္းေနၿပီး ဂ်ာမနီကစားသမားေတြရဲ႕စုစုေပါင္းတန္ဖိုးက ေပါင္(၁၁၁)သန္းသာရွိသလို အာဂ်င္တီးနားအသင္းကေတာ့ ေပါင္သန္း (၁၁၀)သာ ရွိေနတာျဖစ္ပါတယ္။

၂၀၂၀ တိုက်ိဳအိုလံပစ္အမ်ိဳးသားေဘာလုံးၿပိဳင္ပြဲေတြကို အခုဇူလိုင္လ(၂၂)ရက္မွာ စတင္က်င္းပမွာျဖစ္သလို စပိန္အသင္းဟာ အိုလံပစ္ၿပိဳင္ပြဲ အုပ္စု(C)မွာ လီဗာပူးလ္နာမည္ေက်ာ္တိုက္စစ္မႉးဆာလာရဲ႕ အီဂ်စ္၊ ၾသစေၾတးလ်၊ အာဂ်င္တီးနားအသင္းတို႔နဲ႔ တစ္အုပ္စုတည္းက်ေရာက္ေနၿပီး ၂၀၁၆ အိုလံပစ္ဗိုလ္လုပြဲမွာ ဆုံေတြ႕ခဲ့ဖူးတဲ့ ဘရာဇီးလ္နဲ႔ဂ်ာမနီအသင္းတို႔ကေတာ့ အုပ္စု(D)မွာ အတူက်ေရာက္ေနတာျဖစ္ပါတယ္။