ဆန်ချို ဝတ်ဆင်မယ့် ကျောနံပါတ် ပေါက်ကြား

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဂျေဒန် ဆန်ချိုကို ဘိုရပ်ရှား ဒေါ့မွန်အသင်းကနေ ခေါ်ယူဖို့ ( ၂ ) နှစ်တာ ကြိုးစားခဲ့ပြီးနောက် ယခုလအစောပိုင်းမှာ သဘောတူညီမှု ရရှိခဲ့ပါတယ်။

ဒ‌ါပေမယ့် မန်ယူနိုက်တက်ရဲ့ တရားဝင်ထုတ်ပြန်ချက်အရ အပြောင်းအရွေ့ကို အပြီးသတ် ကြေညာနိုင်ဖို့ ဆေးစစ်ချက် နှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ စာရွက်စာတမ်းအချို့ ကျန်ရှိနေသေးကြောင်းသိရပါတယ်။

ဒါပေမယ့် ဆန်ချိုက အားလပ်ရက် အပန်းဖြေခရီး မထွက်ခွာမီ ယူရို ( ၂၀၂၀ ) ဗိုလ်လုပွဲအပြီး ဒုတိယမြောက်နေ့မှာ ယူနိုက်တက်ရဲ့ ကာရင်တန်လေ့ကျင့်ရေး ကွင်းကို သွားရောက်ကာ ဆေးစစ်ချက်ရယူခဲ့တယ်လို့ ဘီဘီစီ သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

လက်ရှိမှာတော့ ( ၈ ) ချက်ကြာသည်ထိ တရားဝင်ကြေညာနိုင်ခြင်း မရှိသေးသလို ပရိသတ်တွေအနေနဲ့ ဆန်ချို ဝတ်ဆင်မယ့် ဂျာစီနံပါတ်အပေါ် ဝေခွဲမရဖြစ်နေပါတယ်။ နာမည်ကြီး တိုက်စစ်ကစားသမားတွေရဲ့ စိတ်ကြိုက် နံပါတ် ( ၇ ) ကို လက်ရှိမှာ အက်ဒီဆင် ကာဗာနီက သိမ်းပိုက်ထားပါတယ်။

The National News ရဲ့ မန်ချက်စတာ ယူနိုက်တက် ဂျာနယ်လစ် အင်ဒီ မစ်တင်က မန်ချက်စတာ စီးတီး လူငယ်ကစားသမားဟောင်းဟာ ယူနိုက်တက်မှာ နံပါတ် ၁၆ ( သို့ ) ပိုပြီးဖြစ်နိုင်ခြေရှိတဲ့ နံပါတ် ၇ ဝတ်ဆင်ဖို့ မျှော်လင့်ရတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ဆန်ချိုသာ နံပါတ် ( ၇ ) ဝတ်ဆင်ပါက ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း ( ၁ ) နှစ် ကျန်ရှိသေးတဲ့ ကာဗာနီဟာ ကျောနံပါတ် ပြောင်းလဲရတော့မှာဖြစ်ပါတယ်။

zawgyi

ဆန္ခ်ိဳ ဝတ္ဆင္မယ့္ ေက်ာနံပါတ္ ေပါက္ၾကား

မန္ခ်က္စတာ ယူႏိုက္တက္အသင္းဟာ ေဂ်ဒန္ ဆန္ခ်ဳိကို ဘိုရပ္ရွား ေဒါ့မြန္အသင္းကေန ေခၚယူဖို႔ ( ၂ ) ႏွစ္တာ ႀကိဳးစားခဲ့ၿပီးေနာက္ ယခုလအေစာပိုင္းမွာ သေဘာတူညီမႈ ရရွိခဲ့ပါတယ္။

ဒ‌ါေပမယ့္ မန္ယူႏိုက္တက္ရဲ႕ တရားဝင္ထုတ္ျပန္ခ်က္အရ အေျပာင္းအေ႐ြ႕ကို အၿပီးသတ္ ေၾကညာႏိုင္ဖို႔ ေဆးစစ္ခ်က္ ႏွင့္ ပုဂၢိဳလ္ေရးဆိုင္ရာ စာ႐ြက္စာတမ္းအခ်ိဳ႕ က်န္ရွိေနေသးေၾကာင္းသိရပါတယ္။

ဒါေပမယ့္ ဆန္ခ်ိဳက အားလပ္ရက္ အပန္းေျဖခရီး မထြက္ခြာမီ ယူ႐ို ( ၂၀၂၀ ) ဗိုလ္လုပြဲအၿပီး ဒုတိယေျမာက္ေန႔မွာ ယူႏိုက္တက္ရဲ႕ ကာရင္တန္ေလ့က်င့္ေရး ကြင္းကို သြားေရာက္ကာ ေဆးစစ္ခ်က္ရယူခဲ့တယ္လို႔ ဘီဘီစီ သတင္းဌာနက ေဖာ္ျပခဲ့ပါတယ္။

လက္ရွိမွာေတာ့ ( ၈ ) ခ်က္ၾကာသည္ထိ တရားဝင္ေၾကညာႏိုင္ျခင္း မရွိေသးသလို ပရိသတ္ေတြအေနနဲ႔ ဆန္ခ်ိဳ ဝတ္ဆင္မယ့္ ဂ်ာစီနံပါတ္အေပၚ ေဝခြဲမရျဖစ္ေနပါတယ္။ နာမည္ႀကီး တိုက္စစ္ကစားသမားေတြရဲ႕ စိတ္ႀကိဳက္ နံပါတ္ ( ၇ ) ကို လက္ရွိမွာ အက္ဒီဆင္ ကာဗာနီက သိမ္းပိုက္ထားပါတယ္။

The National News ရဲ႕ မန္ခ်က္စတာ ယူႏိုက္တက္ ဂ်ာနယ္လစ္ အင္ဒီ မစ္တင္က မန္ခ်က္စတာ စီးတီး လူငယ္ကစားသမားေဟာင္းဟာ ယူႏိုက္တက္မွာ နံပါတ္ ၁၆ ( သို႔ ) ပိုၿပီးျဖစ္ႏိုင္ေျခရွိတဲ့ နံပါတ္ ၇ ဝတ္ဆင္ဖို႔ ေမွ်ာ္လင့္ရတယ္လို႔ ဆိုပါတယ္။

ဒါေၾကာင့္ ဆန္ခ်ိဳသာ နံပါတ္ ( ၇ ) ဝတ္ဆင္ပါက ယူႏိုက္တက္နဲ႔ စာခ်ဳပ္သက္တမ္း ( ၁ ) ႏွစ္ က်န္ရွိေသးတဲ့ ကာဗာနီဟာ ေက်ာနံပါတ္ ေျပာင္းလဲရေတာ့မွာျဖစ္ပါတယ္။