၂၀၂၀-၂၀၂၁ အတွင်း ကျင်းပခဲ့တဲ့ ဥရောပပြိုင်ပွဲတွေထဲက အကောင်းဆုံးသွင်းဂိုး ၁၀ ဂိုးကို UEFA ထုတ်ပြန်ကြေညာ

ဥရောပဘောလုံးအဖွဲ့ချုပ် UEFA က ၂၀၂၀-၂၀၂၁ အတွင်းကျင်းပခဲ့တဲ့ ဥရောပပြိုင်ပွဲတွေမှာ သွင်းယူခဲ့တဲ့ ဂိုးတွေထဲက အကောင်းဆုံးသွင်းဂိုး ၁၀ ဂိုးကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဲ့ဒီသွင်းဂိုးတွေဟာ ယူရို ၂၀၂၀ ပြိုင်ပွဲ ၊ ချန်ပီယံလိဂ် ၊ ယူရိုပါလိဂ် ၊ အမျိုးသမီးချန်ပီယံလိဂ် ၊ ဖူဆယ်ချန်ပီယံလိဂ် စတဲ့ ပြိုင်ပွဲတွေမှာ သွင်းယူခဲ့တဲ့ အကောင်းဆုံး အလှပဆုံးသွင်းဂိုးတွေဖြစ်ပါတယ်။ အဲ့ဒီသွင်းဂိုးတွေကိုကတော့

1. တာရီမီ vs ချဲလ်ဆီး – ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်မှာ ပေါ်တို ကစားသမား တာရီမီ ရဲ့ နောက်ပြန်ကန်ချက်ဖြစ်ပါတယ်။

2. အင်စင်ဂ်နီ vs ဘယ်လ်ဂျီယံ – ယူရို ၂၀၂၀ ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်မှာ သွင်းယူခဲ့တဲ့ အင်စင်ဂ်နီ ရဲ့ “ Trademark “ သွင်းဂိုးလို့ဆိုရမဲ့ ဂိုးဧရိယာအစပ်က လှပတဲ့ကန်ချက် ဖြစ်ပါတယ်။

3. ဒယ်လီ အယ်လီ vs ဝုဖ်လ်ဘတ် – ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဂိုးပေါက်နဲ့ခပ်လှမ်းလှမ်းအကွာကနေ နောက်ပြန်ကန်ချက်နဲ့ သွင်းယူခဲ့တဲ့ လှပတဲ့ သွင်းဂိုးဖြစ်ပါတယ်။

4. ပေါ့ဘာ vs ဆွစ်ဇာလန် – ယူရို ၂၀၂၀ ရှုံးထွက် ၁၆ သင်း အဆင့်ပွဲစဉ်မှာ ဂိုးဧရိယာအပြင်ဖက်ကနေ ဂိုးတိုင်အပေါ်ဒေါင့်ကို တိကျစွာကန်သွင်းခဲ့တဲ့ သွင်းဂိုးဖြစ်ပါတယ်။

5. Roofe vs စတန်းဒက်လိဂ် – ယူရိုပါလိဂ်ပွဲစဉ်မှာ ကွင်းလယ်ကနေ ကန်သွင်းခဲ့တဲ့ ရိန်းဂျားစ် ကွင်းလယ်လူ Roofe ရဲ့ လှပတဲ့သွင်းဂိုး ဖြစ်ပါတယ်။

6. Ferrao vs ဒိုဘိုဗက်စ် – ဥရောပ ဖူဆယ်ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဘာစီလိုနာ ဖူဆယ်အသင်းရဲ့ ကစားသမား Ferrao က ထောင့်ကန်ဘောကနေ အသင်းဖော်မတင်ပေးလိုက်တဲ့ ဘောလုံးကို မြေမကျအပြင်းကန်သွင်းခဲ့တာ ဖြစ်ပါတယ်။

7. Zadrazil vs ချဲလ်ဆီး – အမျိုးသမီးချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဘိုင်ယန်ကစားသမား Zadrazil က ဂိုးဧရိယာအပြင်ကနေ အားပါပြင်းထန်တဲ့ ကန်ချက်နဲ့ သွင်းယူခဲ့တာဖြစ်ပါတယ်။

8. Wirtz vs နယ်သာလန် – လူငယ်ပြိုင်ပွဲဖြစ်တဲ့ ယူ-၂၁ ဥရောပချန်ပီယံရှစ်ပြိုင်ပွဲမှာ ခံစစ်ကနေစတင်လာတဲ့ လှပတဲ့ တွဲလုံးတွေကနေ Wirtz က ပိတ်သွင်းယူခဲ့တာဖြစ်ပါတယ်။

9. ပေါ်လင်ဟို vs လက်စတာ – ယူရိုပါလိဂ်ပြိုင်ပွဲမှာ အသင်းလိုက်ကစားပုံကနေ လှပတဲ့ အပေးအယူတွေလုပ်ကာ သွင်းယူခဲ့တဲ့ ဂိုးဖြစ်ပါတယ်။

10. ပက်ထရစ်ရှစ်ခ် vs စကော့တလန် – ယူရို ၂၀၂၀ ပြိုင်ပွဲရဲ့ အကောင်းဆုံးသွင်းဂိုးလို့ ပြောရမှာပါ။ ကွင်းတဝက်ကနေ အားပါပြင်းထန်တဲ့ ကန်ချက်နဲ့ သွင်းယူခဲ့တာဖြစ်ပြီး ယူရိုသမိုင်းမှာ အကွာအဝေးအများဆုံးကနေ သွင်းယူခဲ့တဲ့ ဂိုးအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

အဆိုပါ သွင်းဂိုး ၁၀ ဂိုးရဲ့ ဗီဒီယိုတွေကို UEFA ရဲ့ တရားဝင် ဝက်ဘ်ဆိုက်မှာ တင်ပေးထားပြီး ပရိသတ်တွေကို ဆန္ဒမဲပေးခိုင်းထားပါတယ်။ ဆန္ဒမဲအများဆုံးရတဲ့ သွင်းဂိုးကို တနှစ်အတွင်းအကောင်းဆုံးသွင်းဂိုးအဖြစ် သတ်မှတ်မှာဖြစ်ပါတယ်။

zawgyi

၂၀၂၀-၂၀၂၁ အတြင္း က်င္းပခဲ့တဲ့ ဥေရာပၿပိဳင္ပြဲေတြထဲက အေကာင္းဆုံးသြင္းဂိုး ၁၀ ဂိုးကို UEFA ထုတ္ျပန္ေၾကညာ

ဥေရာပေဘာလုံးအဖြဲ႕ခ်ဳပ္ UEFA က ၂၀၂၀-၂၀၂၁ အတြင္းက်င္းပခဲ့တဲ့ ဥေရာပၿပိဳင္ပြဲေတြမွာ သြင္းယူခဲ့တဲ့ ဂိုးေတြထဲက အေကာင္းဆုံးသြင္းဂိုး ၁၀ ဂိုးကို ထုတ္ျပန္ေၾကညာခဲ့ပါတယ္။

အဲ့ဒီသြင္းဂိုးေတြဟာ ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲ ၊ ခ်န္ပီယံလိဂ္ ၊ ယူ႐ိုပါလိဂ္ ၊ အမ်ိဳးသမီးခ်န္ပီယံလိဂ္ ၊ ဖူဆယ္ခ်န္ပီယံလိဂ္ စတဲ့ ၿပိဳင္ပြဲေတြမွာ သြင္းယူခဲ့တဲ့ အေကာင္းဆုံး အလွပဆုံးသြင္းဂိုးေတြျဖစ္ပါတယ္။ အဲ့ဒီသြင္းဂိုးေတြကိုကေတာ့ …

1. တာရီမီ vs ခ်ဲလ္ဆီး – ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္ပြဲစဥ္မွာ ေပၚတို ကစားသမား တာရီမီ ရဲ႕ ေနာက္ျပန္ကန္ခ်က္ျဖစ္ပါတယ္။

2. အင္စင္ဂ္နီ vs ဘယ္လ္ဂ်ီယံ – ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲရဲ႕ ကြာတားဖိုင္နယ္မွာ သြင္းယူခဲ့တဲ့ အင္စင္ဂ္နီ ရဲ႕ “ Trademark “ သြင္းဂိုးလို႔ဆိုရမဲ့ ဂိုးဧရိယာအစပ္က လွပတဲ့ကန္ခ်က္ ျဖစ္ပါတယ္။

3. ဒယ္လီ အယ္လီ vs ဝုဖ္လ္ဘတ္ – ယူ႐ိုပါလိဂ္ၿပိဳင္ပြဲမွာ ဂိုးေပါက္နဲ႔ခပ္လွမ္းလွမ္းအကြာကေန ေနာက္ျပန္ကန္ခ်က္နဲ႔ သြင္းယူခဲ့တဲ့ လွပတဲ့ သြင္းဂိုးျဖစ္ပါတယ္။

4. ေပါ့ဘာ vs ဆြစ္ဇာလန္ – ယူ႐ို ၂၀၂၀ ရႈံးထြက္ ၁၆ သင္း အဆင့္ပြဲစဥ္မွာ ဂိုးဧရိယာအျပင္ဖက္ကေန ဂိုးတိုင္အေပၚေဒါင့္ကို တိက်စြာကန္သြင္းခဲ့တဲ့ သြင္းဂိုးျဖစ္ပါတယ္။

5. Roofe vs စတန္းဒက္လိဂ္ – ယူ႐ိုပါလိဂ္ပြဲစဥ္မွာ ကြင္းလယ္ကေန ကန္သြင္းခဲ့တဲ့ ရိန္းဂ်ားစ္ ကြင္းလယ္လူ Roofe ရဲ႕ လွပတဲ့သြင္းဂိုး ျဖစ္ပါတယ္။

6. Ferrao vs ဒိုဘိုဗက္စ္ – ဥေရာပ ဖူဆယ္ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ဘာစီလိုနာ ဖူဆယ္အသင္းရဲ႕ ကစားသမား Ferrao က ေထာင့္ကန္ေဘာကေန အသင္းေဖာ္မတင္ေပးလိုက္တဲ့ ေဘာလုံးကို ေျမမက်အျပင္းကန္သြင္းခဲ့တာ ျဖစ္ပါတယ္။

7. Zadrazil vs ခ်ဲလ္ဆီး – အမ်ိဳးသမီးခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ဘိုင္ယန္ကစားသမား Zadrazil က ဂိုးဧရိယာအျပင္ကေန အားပါျပင္းထန္တဲ့ ကန္ခ်က္နဲ႔ သြင္းယူခဲ့တာျဖစ္ပါတယ္။

8. Wirtz vs နယ္သာလန္ – လူငယ္ၿပိဳင္ပြဲျဖစ္တဲ့ ယူ-၂၁ ဥေရာပခ်န္ပီယံရွစ္ၿပိဳင္ပြဲမွာ ခံစစ္ကေနစတင္လာတဲ့ လွပတဲ့ တြဲလုံးေတြကေန Wirtz က ပိတ္သြင္းယူခဲ့တာျဖစ္ပါတယ္။

9. ေပၚလင္ဟို vs လက္စတာ – ယူ႐ိုပါလိဂ္ၿပိဳင္ပြဲမွာ အသင္းလိုက္ကစားပုံကေန လွပတဲ့ အေပးအယူေတြလုပ္ကာ သြင္းယူခဲ့တဲ့ ဂိုးျဖစ္ပါတယ္။

10. ပက္ထရစ္ရွစ္ခ္ vs စေကာ့တလန္ – ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲရဲ႕ အေကာင္းဆုံးသြင္းဂိုးလို႔ ေျပာရမွာပါ။ ကြင္းတဝက္ကေန အားပါျပင္းထန္တဲ့ ကန္ခ်က္နဲ႔ သြင္းယူခဲ့တာျဖစ္ၿပီး ယူ႐ိုသမိုင္းမွာ အကြာအေဝးအမ်ားဆုံးကေန သြင္းယူခဲ့တဲ့ ဂိုးအျဖစ္လည္း မွတ္တမ္းဝင္ခဲ့ပါတယ္။

အဆိုပါ သြင္းဂိုး ၁၀ ဂိုးရဲ႕ ဗီဒီယိုေတြကို UEFA ရဲ႕ တရားဝင္ ဝက္ဘ္ဆိုက္မွာ တင္ေပးထားၿပီး ပရိသတ္ေတြကို ဆႏၵမဲေပးခိုင္းထားပါတယ္။ ဆႏၵမဲအမ်ားဆုံးရတဲ့ သြင္းဂိုးကို တႏွစ္အတြင္းအေကာင္းဆုံးသြင္းဂိုးအျဖစ္ သတ္မွတ္မွာျဖစ္ပါတယ္။