အာဆင်နယ် ကစားသမားသစ် လိုကွန်ဂါရဲ့ ခြေစွမ်းကို သုံးသပ်ကြည့်ခြင်း

လိုကွန်ဂါက ကွင်းလယ်နေရာမျိုးစုံမှာ ကစားနိုင်တဲ့ စွယ်စုံရ ကစားသမားဖြစ်တယ်။ ဒါပေမယ့် box-to-box ( သို့ ) ကွင်းလယ်ခံစစ်နေရာမှာ အများဆုံး ကစားခဲ့တာတွေ့ရတယ်။

အရပ် ( ၆ ) ပေရှိတဲ့ အတွက် ခံစစ် ၊ တိုက်စစ်အကူးအပြောင်းတွေမှာ အကျိုးရှိနိုင်မယ့် ရုပ်ပိုင်းဆိုင်ရာ အနေအထားကို ပိုင်ဆိုင်ထားပါတယ်။ ခံစစ်ပိုင်းမှာ ပြိုင်ဘက်ကစားသမားတွေရဲ့ ပေးပို့မှုကို ကြိုတင်ခန့်မှန်းပြီး စောစီးစွာ ဖြတ်တောက်တားဆီးရတာ သဘောကျသူဖြစ်ပါတယ်။ tackles ပြုလုပ်ရာမှာ အနည်းငယ်ပြင်းထန်သူဖြစ်ပြီး မြေပြင်ယှဉ်လုယူမှု ( ၆၆ ) ရာခိုင်နှုန်း ၊ တစ်ပွဲပျမ်းမျှ ( ၆.၆ ) ကြိမ် အောင်မြင်မှုရရှိထားပါတယ်။

သူက ခံစစ်ရှေ့မှာ လုံးဝ တက်ကြွနေတတ်သူမဟုတ်ပဲ နေရာလွတ်တွေကိုပဲ ဦးစားပေး ကာကွယ်လေ့ရှိတာတွေ့ရပါတယ်။ တိုက်စစ်ပိုင်းမှာတော့ progress play ကစားဖို့ အားသန်တာ တွေ့ရပါတယ်။ သူက ပြစ်ဒဏ်ဘောရယူတဲ့ နေရာမှာလည်း လုံးဝကျွမ်းကျင်ပြီး ( တစ်ပွဲ ပျမ်းမျှ ၃ ကြိမ် ) ပြိုင်ဘက်ခံစစ်ကစားသမားတွေ ဝေခွဲရခက်ခဲစေဖို့ ပါးနပ်တဲ့ ပြေးလွှားမှုတွေလည်း ပြုလုပ်လေ့ရှိပါတယ်။

လိုကွန်ဂါက ရုပ်ပိုင်းဆိုင်ရာမှာသာမက နည်းစနစ်ပိုင်းမှာပါ ကျွမ်းကျင်သူဖြစ်ပါတယ်။ vision ကောင်းမွန်တဲ့အတွက် အဝေးဘော ပေးပို့ရာမှာ အထောက်အကူဖြစ်စေပါတယ်။ နောက်ပြီး သူက ဖိအားအောက်မှာ ဘောလုံးလက်ခံရယူမှု ကျွမ်းကျင်သူဖြစ်ပါတယ်။ ဒါက ပြီးခဲ့တဲ့ ရာသီအတွင်း ပြိုင်ဘက်အသင်းတွေရဲ့ pressing တွေကို ဖြတ်ကျော်ဖို့ ခက်ခဲခဲ့တဲ့ အာတီတာရဲ့ အသင်းအတွက် အသုံးဝင်ပါလိမ့်မယ်။

ဘယ်လ်ဂျီယံ ကစားသမားက ပြီးခဲ့တဲ့ ရာသီမှာ ( ၃ ) ဂိုး ရယူနိုင်ခဲ့ပြီး ဂိုးသွင်းယူနိုင်မယ့် နေရာယူမှုပုံစံတွေ ပြုလုပ်နိုင်ကြောင်း သက်သေပြခဲ့ပါတယ်။ နောက်ပြီးသူက ပြိုင်ဘက် ဂိုးသမားကိုပါ ဖြတ်ကျော်ပြီး အားနည်းတဲ့ ခြေထောက်နဲ့ တည်တည်ငြိမ်ငြိမ် အဆုံးသတ်တတ်သူဖြစ်ပါတယ်။

အသက် ( ၂၁ )နှစ်အရွယ် ကစားသမားအနေနဲ့ ဆုံးဖြတ်ချက်ချမှတ်တဲ့ အပိုင်းမှာတော့ တိုးတက်ဖို့ လိုအပ်နေသေးပြီး မကြာခဏ နှေး‌ကွေးမှု နှင့် ဆုံးဖြတ်ချက် မမှန်ကန်တာတွေ့ ကြုံတွေ့ရလေ့ရှိပါတယ်။ အာဆင်နယ်အနေနဲ့ အသင်းကို နောက်ထပ် ကြယ်ပွင့်ကစားသမားတစ်ဦး ခေါ်ယူနိုင်ခဲ့တာဖြစ်တဲ့အတွက် ယခုအပြောင်းအရွေ့အပေါ် ကျေနပ်သင့်ပါတယ်။

zawgyi

အာဆင္နယ္ ကစားသမားသစ္ လိုကြန္ဂါရဲ႕ ေျခစြမ္းကို သုံးသပ္ၾကည့္ျခင္း

လိုကြန္ဂါက ကြင္းလယ္ေနရာမ်ိဳးစုံမွာ ကစားႏိုင္တဲ့ စြယ္စုံရ ကစားသမားျဖစ္တယ္။ ဒါေပမယ့္ box-to-box ( သို႔ ) ကြင္းလယ္ခံစစ္ေနရာမွာ အမ်ားဆုံး ကစားခဲ့တာေတြ႕ရတယ္။

အရပ္ ( ၆ ) ေပရွိတဲ့ အတြက္ ခံစစ္ ၊ တိုက္စစ္အကူးအေျပာင္းေတြမွာ အက်ိဳးရွိႏိုင္မယ့္ ႐ုပ္ပိုင္းဆိုင္ရာ အေနအထားကို ပိုင္ဆိုင္ထားပါတယ္။ ခံစစ္ပိုင္းမွာ ၿပိဳင္ဘက္ကစားသမားေတြရဲ႕ ေပးပို႔မႈကို ႀကိဳတင္ခန႔္မွန္းၿပီး ေစာစီးစြာ ျဖတ္ေတာက္တားဆီးရတာ သေဘာက်သူျဖစ္ပါတယ္။ tackles ျပဳလုပ္ရာမွာ အနည္းငယ္ျပင္းထန္သူျဖစ္ၿပီး ေျမျပင္ယွဥ္လုယူမႈ ( ၆၆ ) ရာခိုင္ႏႈန္း ၊ တစ္ပြဲပ်မ္းမွ် ( ၆.၆ ) ႀကိမ္ ေအာင္ျမင္မႈရရွိထားပါတယ္။

သူက ခံစစ္ေရွ႕မွာ လုံးဝ တက္ႂကြေနတတ္သူမဟုတ္ပဲ ေနရာလြတ္ေတြကိုပဲ ဦးစားေပး ကာကြယ္ေလ့ရွိတာေတြ႕ရပါတယ္။ တိုက္စစ္ပိုင္းမွာေတာ့ progress play ကစားဖို႔ အားသန္တာ ေတြ႕ရပါတယ္။ သူက ျပစ္ဒဏ္ေဘာရယူတဲ့ ေနရာမွာလည္း လုံးဝကြၽမ္းက်င္ၿပီး ( တစ္ပြဲ ပ်မ္းမွ် ၃ ႀကိမ္ ) ၿပိဳင္ဘက္ခံစစ္ကစားသမားေတြ ေဝခြဲရခက္ခဲေစဖို႔ ပါးနပ္တဲ့ ေျပးလႊားမႈေတြလည္း ျပဳလုပ္ေလ့ရွိပါတယ္။

လိုကြန္ဂါက ႐ုပ္ပိုင္းဆိုင္ရာမွာသာမက နည္းစနစ္ပိုင္းမွာပါ ကြၽမ္းက်င္သူျဖစ္ပါတယ္။ vision ေကာင္းမြန္တဲ့အတြက္ အေဝးေဘာ ေပးပို႔ရာမွာ အေထာက္အကူျဖစ္ေစပါတယ္။ ေနာက္ၿပီး သူက ဖိအားေအာက္မွာ ေဘာလုံးလက္ခံရယူမႈ ကြၽမ္းက်င္သူျဖစ္ပါတယ္။ ဒါက ၿပီးခဲ့တဲ့ ရာသီအတြင္း ၿပိဳင္ဘက္အသင္းေတြရဲ႕ pressing ေတြကို ျဖတ္ေက်ာ္ဖို႔ ခက္ခဲခဲ့တဲ့ အာတီတာရဲ႕ အသင္းအတြက္ အသုံးဝင္ပါလိမ့္မယ္။

ဘယ္္လ္ဂ်ီယံ ကစားသမားက ၿပီးခဲ့တဲ့ ရာသီမွာ ( ၃ ) ဂိုး ရယူႏိုင္ခဲ့ၿပီး ဂိုးသြင္းယူႏိုင္မယ့္ ေနရာယူမႈပုံစံေတြ ျပဳလုပ္ႏိုင္ေၾကာင္း သက္ေသျပခဲ့ပါတယ္။ ေနာက္ၿပီးသူက ၿပိဳင္ဘက္ ဂိုးသမားကိုပါ ျဖတ္ေက်ာ္ၿပီး အားနည္းတဲ့ ေျခေထာက္နဲ႔ တည္တည္ၿငိမ္ၿငိမ္ အဆုံးသတ္တတ္သူျဖစ္ပါတယ္။

အသက္ ( ၂၁ )ႏွစ္အ႐ြယ္ ကစားသမားအေနနဲ႔ ဆုံးျဖတ္ခ်က္ခ်မွတ္တဲ့ အပိုင္းမွာေတာ့ တိုးတက္ဖို႔ လိုအပ္ေနေသးၿပီး မၾကာခဏ ေႏွး‌ေကြးမႈ ႏွင့္ ဆုံးျဖတ္ခ်က္ မမွန္ကန္တာေတြ႕ ႀကဳံေတြ႕ရေလ့ရွိပါတယ္။

အာဆင္နယ္အေနနဲ႔ အသင္းကို ေနာက္ထပ္ ၾကယ္ပြင့္ကစားသမားတစ္ဦး ေခၚယူႏိုင္ခဲ့တာျဖစ္တဲ့အတြက္ ယခုအေျပာင္းအေ႐ြ႕အေပၚ ေက်နပ္သင့္ပါတယ္။