မာတီနက်စ် လို ဂိုးသမားမျိုးကိုရောင်းပြီးတော့ဂိုးသမားအသစ်ရှာဖွေနေရတဲ့ အာဆင်နယ်

နံပါတ် ၁ ဦးစားပေးဂိုးသမားဖြစ်တဲ့ ဂျာမန် ဂိုးသမား လီနို ရဲ့အနာဂတ်က မသေချာမရေရာဖြစ်နေတာကြောင့် အာဆင်နယ် က အပြောင်းအရွှေ့စျေးကွက်မှာ ဂိုးသမားအသစ်ရှာဖွေနေတယ်လို့ သတင်းတွေထွက်ပေါ်လာပါတယ်။

အဲ့ဒီသတင်းတွေကိုကြားပြီးနောက် အာဆင်နယ်ပရိသတ်တွေဟာ ပေါက်ကွဲနေကြပြီး အခုချိန်မှာ အာဂျင်တီးနား ဂိုးသမား မာတီနက်စ် သာဆက်ရှိနေမယ်ဆိုရင် ဒီလိုဖြစ်စရာအကြောင်းမရှိဘူးဆိုပြီး အသင်းကို ဝေဖန်နေကြပါတယ်။

အာဆင်နယ်မှာ ဆယ်စုနှစ်တခုနီးပါးကြာ အချိန်ကုန်ဆုံးခဲ့တဲ့ မာတီနက်စ် ကို နံပါတ် ၁ ဂိုးသမားနေရာမပေးချင်တာကြောင့် နည်းပြ အာတီတာ က မနှစ်ကရာသီမှာ အက်စတွန်ဗီလာကို ရောင်းချခဲ့တာဖြစ်ပါတယ်။

အာတီတာ သဘောမကျတဲ့ မာတီနက်စ် က အက်စတွန်ဗီလာ မှာ တရာသီလုံးလက်စွမ်းပြခဲ့ပြီး အာဆင်နယ်ရဲ့ နံပါတ် ၁ ဂိုးသမား လီနို ထက် အဆများစွာသာခဲ့တယ်လို့ ဆိုရမှာပါ။

မကြာသေးခင်က ယှဉ်ပြိုင်ကစားခဲ့တဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာလည်း မာတီနက်စ် က မယုံနိုင်စရာလက်စွမ်းမျိုးတွေနဲ့ အာဂျင်တီးနား ကို ချန်ပီယံဖြစ်စေခဲ့ပါတယ်။

မာတီနက်စ် က ဒီလိုမျိုးတွေတောက်ပနေချိန်မှာ အာဆင်နယ် ကတော့ ဂိုးသမားပြဿနာကို ရင်ဆိုင်နေရပါတယ်။

စျေးကွက်အတွင်းမှာ ဂိုးသမားတွေရှာဖွေနေရပြီး အင်္ဂလန်ဂိုးသမားတွေဖြစ်တဲ့ ဂျွန်စတုန်းစ် နဲ့ ရမ်းစ်ဒေးလ် တို့ကို စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

အဆိုပါ ဂိုးသမား ၂ ယောက်လုံးဟာ လက်စွမ်းအတော်အတင့်ရှိတဲ့ဂိုးသမားတွေဆိုပေမဲ့ မနှစ်တုန်းက သက်ဆိုင်ရာအသင်းတွေနဲ့အတူ ပရီးမီးယားလိဂ်ကနေ တန်းဆင်းခဲ့ရတဲ့သူတွေဖြစ်ပါတယ်။

ဝက်စ်ဘရွန်း ကတော့ အသက် ၂၈ နှစ်အရွယ် ဂျွန်စတုန်းစ် အတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၀ သန်းဝန်းကျင် အလိုရှိနေတယ်လို့ သိရပါတယ်။

လီနို ရဲ့ အနာဂတ်မသေချာမရေရာဖြစ်နေချိန်မှာ အရန်ဂိုးသမား ရူနာ ရန်နာဆန် ကို အားကိုးလို့မရသေးသလို လူငယ်ဂိုးသမားဖြစ်တဲ့ အိုကွန်ဝို ကလည်း ရာသီကြိုခြေစမ်းပွဲမှာ စိတ်ပျက်စရာလက်စွမ်းတွေ ပြသနေပါတယ်။

ဒါကြောင့်မို့ အာဆင်နယ်အနေနဲ့ ဂိုးသမားတဦးကို ဒီနှစ်စျေးကွက်ထဲမှာ အမြန်ဆုံး မဖြစ်မနေထပ်ခေါ်ရဖို့တော့ လိုအပ်ပါတယ်။

Zawgyi

မာတီနက္စ္ လို ဂိုးသမားမ်ိဳးကိုေရာင္းၿပီးေတာ့ဂိုးသမားအသစ္ရွာေဖြေနရတဲ့ အာဆင္နယ္

နံပါတ္ ၁ ဦးစားေပးဂိုးသမားျဖစ္တဲ့ ဂ်ာမန္ ဂိုးသမား လီႏို ရဲ႕အနာဂတ္က မေသခ်ာမေရရာျဖစ္ေနတာေၾကာင့္ အာဆင္နယ္ က အေျပာင္းအေ႐ႊ႕ေစ်းကြက္မွာ ဂိုးသမားအသစ္ရွာေဖြေနတယ္လို႔ သတင္းေတြထြက္ေပၚလာပါတယ္။

အဲ့ဒီသတင္းေတြကိုၾကားၿပီးေနာက္ အာဆင္နယ္ပရိသတ္ေတြဟာ ေပါက္ကြဲေနၾကၿပီး အခုခ်ိန္မွာ အာဂ်င္တီးနား ဂိုးသမား မာတီနက္စ္ သာဆက္ရွိေနမယ္ဆိုရင္ ဒီလိုျဖစ္စရာအေၾကာင္းမရွိဘူးဆိုၿပီး အသင္းကို ေဝဖန္ေနၾကပါတယ္။

အာဆင္နယ္မွာ ဆယ္စုႏွစ္တခုနီးပါးၾကာ အခ်ိန္ကုန္ဆုံးခဲ့တဲ့ မာတီနက္စ္ ကို နံပါတ္ ၁ ဂိုးသမားေနရာမေပးခ်င္တာေၾကာင့္ နည္းျပ အာတီတာ က မႏွစ္ကရာသီမွာ အက္စတြန္ဗီလာကို ေရာင္းခ်ခဲ့တာျဖစ္ပါတယ္။ အာတီတာ သေဘာမက်တဲ့ မာတီနက္စ္ က အက္စတြန္ဗီလာ မွာ တရာသီလုံးလက္စြမ္းျပခဲ့ၿပီး အာဆင္နယ္ရဲ႕ နံပါတ္ ၁ ဂိုးသမား လီႏို ထက္ အဆမ်ားစြာသာခဲ့တယ္လို႔ ဆိုရမွာပါ။ မၾကာေသးခင္က ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ကိုပါအေမရိကဖလားၿပိဳင္ပြဲမွာလည္း မာတီနက္စ္ က မယုံႏိုင္စရာလက္စြမ္းမ်ိဳးေတြနဲ႔ အာဂ်င္တီးနား ကို ခ်န္ပီယံျဖစ္ေစခဲ့ပါတယ္။

မာတီနက္စ္ က ဒီလိုမ်ိဳးေတြေတာက္ပေနခ်ိန္မွာ အာဆင္နယ္ ကေတာ့ ဂိုးသမားျပႆနာကို ရင္ဆိုင္ေနရပါတယ္။ ေစ်းကြက္အတြင္းမွာ ဂိုးသမားေတြရွာေဖြေနရၿပီး အဂၤလန္ဂိုးသမားေတြျဖစ္တဲ့ ဂြၽန္စတုန္းစ္ နဲ႔ ရမ္းစ္ေဒးလ္ တို႔ကို ေစာင့္ၾကည့္ေနတယ္လို႔ သိရပါတယ္။

အဆိုပါ ဂိုးသမား ၂ ေယာက္လုံးဟာ လက္စြမ္းအေတာ္အတင့္ရွိတဲ့ဂိုးသမားေတြဆိုေပမဲ့ မႏွစ္တုန္းက သက္ဆိုင္ရာအသင္းေတြနဲ႔အတူ ပရီးမီးယားလိဂ္ကေန တန္းဆင္းခဲ့ရတဲ့သူေတြျဖစ္ပါတယ္။ ဝက္စ္ဘ႐ြန္း ကေတာ့ အသက္ ၂၈ ႏွစ္အ႐ြယ္ ဂြၽန္စတုန္းစ္ အတြက္ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၁၀ သန္းဝန္းက်င္ အလိုရွိေနတယ္လို႔ သိရပါတယ္။

လီႏို ရဲ႕ အနာဂတ္မေသခ်ာမေရရာျဖစ္ေနခ်ိန္မွာ အရန္ဂိုးသမား ႐ူနာ ရန္နာဆန္ ကို အားကိုးလို႔မရေသးသလို လူငယ္ဂိုးသမားျဖစ္တဲ့ အိုကြန္ဝို ကလည္း ရာသီႀကိဳေျခစမ္းပြဲမွာ စိတ္ပ်က္စရာလက္စြမ္းေတြ ျပသေနပါတယ္။ ဒါေၾကာင့္မို႔ အာဆင္နယ္အေနနဲ႔ ဂိုးသမားတဦးကို ဒီႏွစ္ေစ်းကြက္ထဲမွာ အျမန္ဆုံး မျဖစ္မေနထပ္ေခၚရဖို႔ေတာ့ လိုအပ္ပါတယ္။