ဒီတစ်ပတ်ထဲမှာ ယူနိုက်တက်အသင်းဆီကို ဗာရန်းရောက်လာတော့မှာလား…

ယူနိုက်တက်အသင်းဟာ ရီးရဲလ်မက်ဒရစ် နောက်ခံလူ ဗာရန်းကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီး ဒီတစ်ပတ်အတွင်း အပြောင်းအရွှေ့ ကိစ္စ အပြီးသတ်နိုင်မယ်လို့ စပိန်သတင်းတွေမှာဖော်ပြနေကြပါတယ်။

ဗာရန်းဟာ ရီးရဲလ်နဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တာ ဖြစ်တဲ့အပြင် ကစားသမား ကိုယ်တိုင်က အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့ချင်နေတာကြောင့် မကြာခင်မှာ ယူနိုက်တက်ရဲ့ ဒီနှစ်နွေရာသီ ခေါ်ယူ တစ်ခုဖြစ်လာတော့မယ့် အခြေအနေဖြစ်နေပါတယ်။

ရီးရဲလ်မက်ဒရစ် အနေနဲ့ လည်း လာမယ့်နှစ်မှာ အလွတ်နဲ့ ဆုံးရှုံးမယ့်အစား ဒီနွေရာသီအပြောင်းအရွှေ့မှာ ရောင်းချဖို့ ပြင်ဆင်နေ တယ်လို့လည်း ဖော်ပြနေကြပါတယ်။ ယူနိုက်တက်ကလည်း ဗာရန်းကို ပရီးမီးယားလိဂ် မစခင် ၁၂ရက်အတွင်း ခေါ်ယူနိုင်ဖို့ ကြိုးစားသွားမယ်လို့ သိရပါတယ်။

နည်းပြသစ် အန်ဆယ်လော့တီ ဦးစီးနေတဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေမှာတော့ ဗာရန်းဟာ လာရောက်ပူးပေါင်းနေခြင်းမရှိသေးပါဘူူး။ ပြင်သစ်အသင်းဟာ ယူရို၂၀၂၀ ပြိုင်ပွဲမှာ ၁၆သင်းအဆင့် အထိ ပါဝင်ခဲ့တာကြောင့်လည်း ဗာရာနီအနေနဲ့ ဒီအခွင့်အရေးရရှိနေတာလည်းဖြစ်ပါတယ်။ ဒါပေမယ့် လာမယ့် ဗုဒ္ဓဟူးနေ့မှာ တော့ ဗာရန်းဟာ ရီးရဲမက်ဒရစ်ရဲ့ ရာသီကြိုပွဲစဉ်တွေအတွက် အသင်းနဲ့ စတင်ပူးပေါင်းရဖို့ရှိနေပါတယ်။

ဒါကြောင့် ပြင်သစ်လက်ရွေးစင်က ကာရင်တန်လေ့ကျင့်ရေးကွင်းကို တိုက်ရိုက်သွားရောက်နိုင်ဖို့ ယူနိုက်တက် နှင့် ရီးရဲမက်ဒရစ်ကြားမှာ အကြိုသဘောတူညီမှု ရရှိဖို့ လိုအပ်နေတာဖြစ်ပါတယ်။

စပိန် အားကစားသတင်းစာ မာကာ ရဲ့ ဖော်ပြချက်မှာတော့ ရီးရဲလ်က ဒီတစ်ပတ်အတွင်းမှာ ဗာရန်းကို ယူရို သန်း ၆၀ ( ပေါင် – ၅၁.၈ သန်း ) နဲ့ ရောင်းချဖို့ ဆန္ဒရှိနေတယ်လို့ ဖော်ပြထားပါတယ်။

ဗာရန်းက ( ၂၀၁၁ ) ခုနှစ်မှာ ရီးရဲအသင်းကို စတင်ရောက်ရှိလာခဲ့ပြီး ဆယ်စုနှစ်တစ်ခုအတွင်း မက်ဒရစ်အခြေစိုက် ကလပ်နဲ့အတူ ချန်ပီယံလိဂ် (၄)ကြိမ်၊ လာလီဂါ အမှတ်ပေးဖလား (၃) ကြိမ်စီအပါအဝင် အခြားသော ဆုဖလားများစွာ သိမ်းပိုက်နိုင်ခဲ့သူဖြစ်ပါတယ်။

zawgyi

ဒီတစ္ပတ္ထဲမွာ ယူႏိုက္တက္အသင္းဆီကို ဗာရန္းေရာက္လာေတာ့မွာလား…

ယူႏိုက္တက္အသင္းဟာ ရီးရဲလ္မက္ဒရစ္ ေနာက္ခံလူ ဗာရန္းကို ေခၚယူႏိုင္ဖို႔ နီးစပ္ေနၿပီး ဒီတစ္ပတ္အတြင္း အေျပာင္းအေ႐ႊ႕ ကိစၥ အၿပီးသတ္ႏိုင္မယ္လို႔ စပိန္သတင္းေတြမွာေဖာ္ျပေနၾကပါတယ္။

ဗာရန္းဟာ ရီးရဲလ္နဲ႔ စာခ်ဳပ္သက္တမ္း ၁ႏွစ္သာ က်န္ေတာ့တာ ျဖစ္တဲ့အျပင္ ကစားသမား ကိုယ္တိုင္က အိုးထရက္ဖို႔ဒ္ကို ေျပာင္းေ႐ႊ႕ခ်င္ေနတာေၾကာင့္ မၾကာခင္မွာ ယူႏိုက္တက္ရဲ႕ ဒီႏွစ္ေႏြရာသီ ေခၚယူ တစ္ခုျဖစ္လာေတာ့မယ့္ အေျခအေနျဖစ္ေနပါတယ္။

ရီးရဲလ္မက္ဒရစ္ အေနနဲ႔ လည္း လာမယ့္ႏွစ္မွာ အလြတ္နဲ႔ ဆုံးရႈံးမယ့္အစား ဒီေႏြရာသီအေျပာင္းအေ႐ႊ႕မွာ ေရာင္းခ်ဖို႔ ျပင္ဆင္ေန တယ္လို႔လည္း ေဖာ္ျပေနၾကပါတယ္။ ယူႏိုက္တက္ကလည္း ဗာရန္းကို ပရီးမီးယားလိဂ္ မစခင္ ၁၂ရက္အတြင္း ေခၚယူႏိုင္ဖို႔ ႀကိဳးစားသြားမယ္လို႔ သိရပါတယ္။

နည္းျပသစ္ အန္ဆယ္ေလာ့တီ ဦးစီးေနတဲ့ ေလ့က်င့္ခန္း အစီအစဥ္ေတြမွာေတာ့ ဗာရန္းဟာ လာေရာက္ပူးေပါင္းေနျခင္းမရွိေသးပါဘူူး။ ျပင္သစ္အသင္းဟာ ယူ႐ို၂၀၂၀ ၿပိဳင္ပြဲမွာ ၁၆သင္းအဆင့္ အထိ ပါဝင္ခဲ့တာေၾကာင့္လည္း ဗာရာနီအေနနဲ႔ ဒီအခြင့္အေရးရရွိေနတာလည္းျဖစ္ပါတယ္။

ဒါေပမယ့္ လာမယ့္ ဗုဒၶဟူးေန႔မွာ ေတာ့ ဗာရန္းဟာ ရီးရဲမက္ဒရစ္ရဲ႕ ရာသီႀကိဳပြဲစဥ္ေတြအတြက္ အသင္းနဲ႔ စတင္ပူးေပါင္းရဖို႔ရွိေနပါတယ္။

ဒါေၾကာင့္ ျပင္သစ္လက္ေ႐ြးစင္က ကာရင္တန္ေလ့က်င့္ေရးကြင္းကို တိုက္႐ိုက္သြားေရာက္ႏိုင္ဖို႔ ယူႏိုက္တက္ ႏွင့္ ရီးရဲမက္ဒရစ္ၾကားမွာ အႀကိဳသေဘာတူညီမႈ ရရွိဖို႔ လိုအပ္ေနတာျဖစ္ပါတယ္။

စပိန္ အားကစားသတင္းစာ မာကာ ရဲ႕ ေဖာ္ျပခ်က္မွာေတာ့ ရီးရဲလ္က ဒီတစ္ပတ္အတြင္းမွာ ဗာရန္းကို ယူ႐ို သန္း ၆၀ ( ေပါင္ – ၅၁.၈ သန္း ) နဲ႔ ေရာင္းခ်ဖို႔ ဆႏၵရွိေနတယ္လို႔ ေဖာ္ျပထားပါတယ္။

ဗာရန္းက ( ၂၀၁၁ ) ခုႏွစ္မွာ ရီးရဲအသင္းကို စတင္ေရာက္ရွိလာခဲ့ၿပီး ဆယ္စုႏွစ္တစ္ခုအတြင္း မက္ဒရစ္အေျခစိုက္ ကလပ္နဲ႔အတူ ခ်န္ပီယံလိဂ္ (၄)ႀကိမ္၊ လာလီဂါ အမွတ္ေပးဖလား (၃) ႀကိမ္စီအပါအဝင္ အျခားေသာ ဆုဖလားမ်ားစြာ သိမ္းပိုက္ႏိုင္ခဲ့သူျဖစ္ပါတယ္။