ဒရော့ဘာက ဖိနပ်ထဲ သတင်းစာထည့်ပြီး ဘောလုံးကစားလေ့ရှိတယ်..

ချဲလ်ဆီးအသင်းရဲ့ ဝတ်စုံပိုင်းဆိုင်ရာ တာဝန်ရှိသူ ဂယ်ရီ ဂရေးက ဒီဒီယာ ဒရော့ဘာမှာ ပွဲကြိုပြင်ဆင်မှုတွေ ပြုလုပ်စဉ်အတွင်း သတင်းစာရွက်ကို သူ့ရဲ့ ဘောကန်ဖိနပ်ထဲ ကြိုတင်ထည့်ထားလေ့ရှိတဲ့ အယူတစ်ခုရှိကြောင်း ပြောရှိခဲ့ဖူးပါတယ်။ ( ၂၀၀၄ ) ခုနှစ် မာဆေးလ်အသင်းကနေ ပြောင်းရွေ့လာခဲ့ပြီးနောက် စတန်းဖို့ဒ်ဘရစ်ချ်မှာ ( ၈ ) နှစ်ကြာ ကျင်လည်ခဲ့သူ အိုင်ဗရီကို့စ် လက်ရွေးစင်ဟောင်းဟာ လန်ဒန်ကလပ်အတွက် ( ၃၈၁ ) ပွဲ ကစားပေးခဲ့ပြီး ( ၁၆၄ ) ဂိုး သွင်းယူခဲ့ကာ ဆုဖလားများစွာလည်း သိမ်းပိုက်နိုင်ခဲ့ပါတယ်။

သူက ဂျိုဆေး ‌မော်ရင်ဟို လက်ထက်မှာ ချဲလ်ဆီးအသင်းအတွက် ပထမဆုံး အမှတ်ပေးချန်ပီယံဆု ရယူပေးခဲ့သလို ( ၈ ) နှစ် အကြာမှာလည်း ဘိုင်ယန်မြူးနစ်အသင်းကို အဆုံးအဖြတ်ပင်နယ်တီ ကန်သွင်းကာ အနိုင်ယူပြီး သမိုင်းဝင် ချန်ပီယံလိဂ် ဆုဖလားအောင်မြင်မှု ရယူခဲ့ပါတယ်။ ဝတ်စုံပိုင်းဆိုင်ရာ တာဝန်ရှိသူ ဂရေးကတော့ တစ်ချိန်က ပရီးမီးယားလိဂ် ဂန္တဝင်ရဲ့ လျှို့ဝှက်ချက်တစ်ခုကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ဂရေးက Sky Sports ရုပ်သံတင်ဆက်သူ ခရစ် ကာမရာနဲ့ တွေ့ဆုံရာမှာ “ ဒီဒီယာက ပွဲကစားဖို့ရှိတဲ့နေ့တွေမှာ ထူးခြားတာတွေပြုလုပ်လေ့ရှိပါတယ်။ သူနဲ့ ပတ်သက်ပြီး လုပ်စရာတွေ များစွာ ရှိတတ်ပါတယ်။ အထူးသဖြင့် သူ့ရဲ့ ဘောကန်ဖိနပ်တွေပါ ။ အဲ့တာတွေကို စိုစွတ်သွားအောင်အရင်လုပ်ပြီး အခြောက်ခံရပါတယ်။ အဲ့ဒီနောက် သတင်းစာရွက်ကို ထည့်သွင်းပြီး ပုံမပျက်ပဲ ရှိနေအောင် ပြင်ဆင်ရပါတယ်။” လို့ ဆိုခဲ့ပါတယ်။

“ အဲ့တာတွေက ပြင်သစ်သတင်းစာ L’Equipe ပါ ။ ရေဆွတ်တယ် ၊ အခြောက်ခံတယ် ၊ ထပ်ပြီး ရေဆွတ်တယ်။ အဲ့ဒီနောက် စာရွက်တွေ ပြွတ်သိပ်ထည့်ပါတယ်။ သူ့ရဲ့ ခြေထောက်တွေက သူ့အတွက် မှော်ကြိမ်လုံးတွေ ဖြစ်ပါသွားတယ်။”

ဒရော့ဘာဟာ ချဲလ်ဆီးဘောလုံးသမိုင်းကြောင်းရဲ့ အကောင်းဆုံး ခေါ်ယူမှုတစ်ခုဖြစ်ခဲ့ပေမယ့် ဂျိုဆေး မော်ရင်ဟိုရဲ့ တိုက်စစ်မှူးကို ခေါ်ယူပေးဖို့ တောင်းဆိုမှုအပေါ် အသင်းက အစောပိုင်းမှာ မေးခွန်းထုတ်ခဲ့တယ်လို့ သိရပါတယ်။ မော်ရင်ဟိုက ပေါ်တိုနည်းပြအဖြစ် ဆောင်ရွက်နေချိန် မာဆေးလ်အသင်းနဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ အိုင်ဗရီကို့စ်ကစားသမားရဲ့ ခြေစွမ်းကို စတင်သတိထားမိခဲ့တာဖြစ်ပါတယ်။

Zawgyi

ဒေရာ့ဘာက ဖိနပ္ထဲ သတင္းစာထည့္ၿပီး ေဘာလုံးကစားေလ့ရွိတယ္..

ခ်ဲလ္ဆီးအသင္းရဲ႕ ဝတ္စုံပိုင္းဆိုင္ရာ တာဝန္ရွိသူ ဂယ္ရီ ဂေရးက ဒီဒီယာ ဒေရာ့ဘာမွာ ပြဲႀကိဳျပင္ဆင္မႈေတြ ျပဳလုပ္စဥ္အတြင္း သတင္းစာ႐ြက္ကို သူ႔ရဲ႕ ေဘာကန္ဖိနပ္ထဲ ႀကိဳတင္ထည့္ထားေလ့ရွိတဲ့ အယူတစ္ခုရွိေၾကာင္း ေျပာရွိခဲ့ဖူးပါတယ္။

( ၂၀၀၄ ) ခုႏွစ္ မာေဆးလ္အသင္းကေန ေျပာင္းေ႐ြ႕လာခဲ့ၿပီးေနာက္ စတန္းဖို႔ဒ္ဘရစ္ခ်္မွာ ( ၈ ) ႏွစ္ၾကာ က်င္လည္ခဲ့သူ အိုင္ဗရီကို႔စ္ လက္ေ႐ြးစင္ေဟာင္းဟာ လန္ဒန္ကလပ္အတြက္ ( ၃၈၁ ) ပြဲ ကစားေပးခဲ့ၿပီး ( ၁၆၄ ) ဂိုး သြင္းယူခဲ့ကာ ဆုဖလားမ်ားစြာလည္း သိမ္းပိုက္ႏိုင္ခဲ့ပါတယ္။

သူက ဂ်ိဳေဆး ‌ေမာ္ရင္ဟို လက္ထက္မွာ ခ်ဲလ္ဆီးအသင္းအတြက္ ပထမဆုံး အမွတ္ေပးခ်န္ပီယံဆု ရယူေပးခဲ့သလို ( ၈ ) ႏွစ္ အၾကာမွာလည္း ဘိုင္ယန္ျမဴးနစ္အသင္းကို အဆုံးအျဖတ္ပင္နယ္တီ ကန္သြင္းကာ အႏိုင္ယူၿပီး သမိုင္းဝင္ ခ်န္ပီယံလိဂ္ ဆုဖလားေအာင္ျမင္မႈ ရယူခဲ့ပါတယ္။

ဝတ္စုံပိုင္းဆိုင္ရာ တာဝန္ရွိသူ ဂေရးကေတာ့ တစ္ခ်ိန္က ပရီးမီးယားလိဂ္ ဂႏၲဝင္ရဲ႕ လွ်ိဳ႕ဝွက္ခ်က္တစ္ခုကို ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။

ဂေရးက Sky Sports ႐ုပ္သံတင္ဆက္သူ ခရစ္ ကာမရာနဲ႔ ေတြ႕ဆုံရာမွာ “ ဒီဒီယာက ပြဲကစားဖို႔ရွိတဲ့ေန႔ေတြမွာ ထူးျခားတာေတြျပဳလုပ္ေလ့ရွိပါတယ္။
သူနဲ႔ ပတ္သက္ၿပီး လုပ္စရာေတြ မ်ားစြာ ရွိတတ္ပါတယ္။
အထူးသျဖင့္ သူ႔ရဲ႕ ေဘာကန္ဖိနပ္ေတြပါ ။ အဲ့တာေတြကို စိုစြတ္သြားေအာင္အရင္လုပ္ၿပီး အေျခာက္ခံရပါတယ္။
အဲ့ဒီေနာက္ သတင္းစာ႐ြက္ကို ထည့္သြင္းၿပီး ပုံမပ်က္ပဲ ရွိေနေအာင္ ျပင္ဆင္ရပါတယ္။” လို႔ ဆိုခဲ့ပါတယ္။

“ အဲ့တာေတြက ျပင္သစ္သတင္းစာ L’Equipe ပါ ။ ေရဆြတ္တယ္ ၊ အေျခာက္ခံတယ္ ၊ ထပ္ၿပီး ေရဆြတ္တယ္။
အဲ့ဒီေနာက္ စာ႐ြက္ေတြ ႁပြတ္သိပ္ထည့္ပါတယ္။
သူ႔ရဲ႕ ေျခေထာက္ေတြက သူ႔အတြက္ ေမွာ္ႀကိမ္လုံးေတြ ျဖစ္ပါသြားတယ္။”

ဒေရာ့ဘာဟာ ခ်ဲလ္ဆီးေဘာလုံးသမိုင္းေၾကာင္းရဲ႕ အေကာင္းဆုံး ေခၚယူမႈတစ္ခုျဖစ္ခဲ့ေပမယ့္ ဂ်ိဳေဆး ေမာ္ရင္ဟိုရဲ႕ တိုက္စစ္မႉးကို ေခၚယူေပးဖို႔ ေတာင္းဆိုမႈအေပၚ အသင္းက အေစာပိုင္းမွာ ေမးခြန္းထုတ္ခဲ့တယ္လို႔ သိရပါတယ္။
ေမာ္ရင္ဟိုက ေပၚတိုနည္းျပအျဖစ္ ေဆာင္႐ြက္ေနခ်ိန္ မာေဆးလ္အသင္းနဲ႔ ခ်န္ပီယံလိဂ္ ပြဲစဥ္မွာ အိုင္ဗရီကို႔စ္ကစားသမားရဲ႕ ေျခစြမ္းကို စတင္သတိထားမိခဲ့တာျဖစ္ပါတယ္။