ကာမာဗင်ဂါကို ယခုနွေရာသီမှာ ဆုံးရှုံးရနိုင်တယ်လို့ ရက်နက်ဥက္ကဌ ဝန်ခံပြောကြား

ရက်နက် ဥက္ကဌက ယခုနွေရာသီအပြောင်းအရွေ့မှာ မန်ချက်စတာ ယူနိုက်တက်ကို ရောက်ရှိဖို့ ရေပန်းစားနေတဲ့ ကွင်းလယ်ကစားသမား ကာမာဗင်ဂါရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး နောက်ဆုံးအခြေအနေကို ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

အသက် ( ၁၈ ) နှစ်အရွယ် ကာမာဗင်ဂါဟာ ယခုနွေရာသီအတွင်း နည်းပြ အိုလေ ဂန်းနား ဆိုးရှား ခေါ်ယူဖို့ စောင့်ကြည့်နေတဲ့ ကွင်းလယ်ကစားသမားတစ်ဦး ဖြစ်ပါတယ်။ ပြင်သစ်လက်ရွေးစင်ကစားသမားဟာ လာမယ့်နွေရာသီမှာ လီဂူးဝမ်း ကလပ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး ယခုအပြောင်းအရွေ့အတွင်း ပေါင် ( ၂၅.၇ ) သန်းနဲ့ ခေါ်ယူခွင့်ရနိုင်တယ်လို့ ဆိုကြပါတယ်။

ရက်နက် ဥက္ကဌ Nicolas Holveck က ပြင်သစ် ရေဒီယို အသံလွင့်ဌာန RMC နဲ့ တွေ့ဆုံရာမှာ ဆယ်ကျော်သက် ကြယ်ပွင့်ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေ ဆက်လက်ပြုလုပ်နေကြောင်း ပြောဆိုခဲ့ကာ ယခုနွေရာသီမှာ ကစားသမားကို လက်လွတ်ရနိုင်တယ်လို့ ဝန်ခံခဲ့ပါတယ်။

Holveck က “ ဆွေးနွေးမှုတွေ ဆက်လက်ရှိနေဆဲပါ ။ အရာရာကို လမ်းဖွင့်ထားပါတယ်။ ယခုနွေရာသီမှာ အသင်းပြောင်းရွေ့တာလည်း ဖြစ်နိုင်သလို စာချုပ်သက်တမ်းတိုးတာလည်း ဖြစ်သွားနိုင်ပါတယ်။”လို့ ပြောခဲ့ပါတယ်။

“သူက ဈေးပေါပေါနဲ့တော့ ပြောင်းရွေ့မှာ မဟုတ်ပါဘူး။ ဆွေးနွေးမှုများစွာ ရှိနေပါတယ်။ ဒါပေမယ့် သဘောတူညီမှုတွေတော့ မရရှိသေးပါဘူး။” နောက်ပြီး ယူနိုက်တက်က ယခုလအတွင်း ဝက်စ်ဟမ်းအသင်းရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို ငြင်းပယ်ထားတဲ့ ဒက်လန်ရိုက်ကိုလည်း ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။ တကယ်လို့ ယူနိုက်တက် အနေနဲ့ ကာမာဗင်ဂါကို ဦးစားပေး ခေါ်ယူဖို့ ကြိုးစားလာပါက ပီအက်စ်ဂျီအသင်းနဲ့ အဓိက ယှဉ်ပြိုင်ရဖွယ်ရှိနေပါတယ်။

zawgyi

ကာမာဗင္ဂါကို ယခုေႏြရာသီမွာ ဆုံးရႈံးရႏိုင္တယ္လို႔ ရက္နက္ဥကၠဌ ဝန္ခံေျပာၾကား

ရက္နက္ ဥကၠဌက ယခုေႏြရာသီအေျပာင္းအေ႐ြ႕မွာ မန္ခ်က္စတာ ယူႏိုက္တက္ကို ေရာက္ရွိဖို႔ ေရပန္းစားေနတဲ့ ကြင္းလယ္ကစားသမား ကာမာဗင္ဂါရဲ႕ အနာဂတ္နဲ႔ ပတ္သက္ၿပီး ေနာက္ဆုံးအေျခအေနကို ထုတ္ေဖာ္ေျပာဆိုသြားခဲ့ပါတယ္။

အသက္ ( ၁၈ ) ႏွစ္အ႐ြယ္ ကာမာဗင္ဂါဟာ ယခုေႏြရာသီအတြင္း နည္းျပ အိုေလ ဂန္းနား ဆိုးရွား ေခၚယူဖို႔ ေစာင့္ၾကည့္ေနတဲ့ ကြင္းလယ္ကစားသမားတစ္ဦး ျဖစ္ပါတယ္။ ျပင္သစ္လက္ေ႐ြးစင္ကစားသမားဟာ လာမယ့္ေႏြရာသီမွာ လီဂူးဝမ္း ကလပ္နဲ႔ စာခ်ဳပ္သက္တမ္း ကုန္ဆုံးမွာျဖစ္ၿပီး ယခုအေျပာင္းအေ႐ြ႕အတြင္း ေပါင္ ( ၂၅.၇ ) သန္းနဲ႔ ေခၚယူခြင့္ရႏိုင္တယ္လို႔ ဆိုၾကပါတယ္။

ရက္နက္ ဥကၠဌ Nicolas Holveck က ျပင္သစ္ ေရဒီယို အသံလြင့္ဌာန RMC နဲ႔ ေတြ႕ဆုံရာမွာ ဆယ္ေက်ာ္သက္ ၾကယ္ပြင့္ရဲ႕ အနာဂတ္နဲ႔ ပတ္သက္ၿပီး ေဆြးေႏြးမႈေတြ ဆက္လက္ျပဳလုပ္ေနေၾကာင္း ေျပာဆိုခဲ့ကာ ယခုေႏြရာသီမွာ ကစားသမားကို လက္လြတ္ရႏိုင္တယ္လို႔ ဝန္ခံခဲ့ပါတယ္။

Holveck က “ ေဆြးေႏြးမႈေတြ ဆက္လက္ရွိေနဆဲပါ ။ အရာရာကို လမ္းဖြင့္ထားပါတယ္။ ယခုေႏြရာသီမွာ အသင္းေျပာင္းေ႐ြ႕တာလည္း ျဖစ္ႏိုင္သလို စာခ်ဳပ္သက္တမ္းတိုးတာလည္း ျဖစ္သြားႏိုင္ပါတယ္။”လို႔ ေျပာခဲ့ပါတယ္။

“သူက ေဈးေပါေပါနဲ႔ေတာ့ ေျပာင္းေ႐ြ႕မွာ မဟုတ္ပါဘူး။ ေဆြးေႏြးမႈမ်ားစြာ ရွိေနပါတယ္။ ဒါေပမယ့္ သေဘာတူညီမႈေတြေတာ့ မရရွိေသးပါဘူး။” ေနာက္ၿပီး ယူႏိုက္တက္က ယခုလအတြင္း ဝက္စ္ဟမ္းအသင္းရဲ႕ စာခ်ဳပ္သစ္ ကမ္းလွမ္းမႈကို ျငင္းပယ္ထားတဲ့ ဒက္လန္႐ိုက္ကိုလည္း ပစ္မွတ္ထားေနတယ္လို႔ သိရပါတယ္။ တကယ္လို႔ ယူႏိုက္တက္ အေနနဲ႔ ကာမာဗင္ဂါကို ဦးစားေပး ေခၚယူဖို႔ ႀကိဳးစားလာပါက ပီအက္စ္ဂ်ီအသင္းနဲ႔ အဓိက ယွဥ္ၿပိဳင္ရဖြယ္ရွိေနပါတယ္။