အိုလံပစ်ပြိုင်ပွဲမှာ ထပ်မံသက်သေပြဦးမယ့် ဘရာဇီးလ် ဂန္တဝင်

အသက် ( ၃၈ ) နှစ်အရွယ် ရောက်ရှိနေပြီး ကမ္ဘာ့ထိပ်တန်းဘောလုံးလောကမှာ ( ၁၇ ) ရာသီတိုင် ကျင်လည်ခဲ့ပေမယ့် ဒန်နီ အဲဗတ်ရဲ့ ဂန္တဝင်ဆန်မှုတွေက အဆုံးမသတ်သေးပါဘူး ။


ဘာစီလိုနာ နှင့် ဆီဗီလာအသင်းတွေမှာ သူရဲကောင်းတစ်ဦးဖြစ်ခဲ့တဲ့ ညာနောက်ခံကစားသမားဟာ ဘရာဇီးလ် အသင်းကို ဦးဆောင်ပြီး တိုကျိုအိုလံပစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်အုံးမှာဖြစ်ပါတယ်။

အဲလ်ဗတ်က ကမ္ဘာ့ဖလား ( ၂ ) ကြိမ် ၊ ကိုပါအမေရိက ( ၄ ) ကြိမ် နှင့် ကွန်ဖက်ဒရေးရှင်း ဖလား ( ၂ ) ကြိမ်ကစားခဲ့ဖူးပါတယ်။
ကမ္ဘာ့ဘောလုံးသမိုင်းမှာ ဘယ်သူကမှ သူ့လောက် ဆုဖလားအောင်မြင်မှုတွေ ရယူနိုင်ထားနိုင်ခြင်းမရှိသေးပါဘူး ။

သူက ဘောလုံးရာသီ ( ၂၀ ) အတွင်းမှာ ဆုဖလား ( ၄၁ ) ခု ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် အဲလ်ဗတ်က ကမ္ဘာ့ဖလား ( သို့ ) အိုလံပစ်ရွှေတံဆိပ် အောင်မြင်မှု မရရှိသေးပါဘူး ။

ဒါကြောင့် ဂျပန်နိုင်ငံကို ယခုလို သွားရောက်ယှဉ်ပြိုင်ခြင်းဖြစ်ပါတယ်။

အဲလ်ဗတ်ထက် ( ၃ ) နှစ်ပဲ ကြီးတဲ့ နည်းပြ Andre Jardine က ဝါရင့်ကစားသမားကြီးဟာ အသင်းအတွက် အသင့်လျော်ဆုံး ခေါင်း‌ဆောင်ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

“ သူက ဒီမျိုးဆက်သစ်တွေအတွက် စံပြကောင်းတစ်ဦးပါ။
ဒါပေမယ့် သူက အိုလံပစ်ပြိုင်ပွဲ တစ်ကြိမ်မျှ ပါဝင်ယှဉ်ပြိုင်ဖူးခြင်းမရှိသေးပါဘူး ။
ဒီအသင်းရဲ့ စံပြကစားသမားဖြစ်သလို ကွင်းထဲမှာလည်း ခေါင်းဆောင်တစ်ဦးဖြစ်လာပါလိမ့်မယ်။”

ဘရာဇီးအသင်းက အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဇူလိုင်လ ( ၂၂ ) ရက်နေ့မှာ ဂျာမနီအသင်းနဲ့ ကစားရဖို့ရှိတယ်။
အဲ့ဒီနောက် ဇူလိုင်လ (၂၅ ) ရက်နေ့မှာ အိုင်ဗရီကို့စ် ၊ ဇူလိုင်လ ( ၂၈ ) ရက်‌ေနေ့မှာ ဆော်ဒီ အာရေးဗျ အသင်းတွေနဲ့ ဆက်လက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Zawgyi

အိုလံပစ္ၿပိဳင္ပြဲမွာ ထပ္မံသက္ေသျပဦးမယ့္ ဘရာဇီးလ္ ဂႏၲဝင္

အသက္ ( ၃၈ ) ႏွစ္အ႐ြယ္ ေရာက္ရွိေနၿပီး ကမာၻ႔ထိပ္တန္းေဘာလုံးေလာကမွာ ( ၁၇ ) ရာသီတိုင္ က်င္လည္ခဲ့ေပမယ့္ ဒန္နီ အဲဗတ္ရဲ႕ ဂႏၲဝင္ဆန္မႈေတြက အဆုံးမသတ္ေသးပါဘူး ။
ဘာစီလိုနာ ႏွင့္ ဆီဗီလာအသင္းေတြမွာ သူရဲေကာင္းတစ္ဦးျဖစ္ခဲ့တဲ့ ညာေနာက္ခံကစားသမားဟာ ဘရာဇီးလ္ အသင္းကို ဦးေဆာင္ၿပီး တိုက်ိဳအိုလံပစ္ၿပိဳင္ပြဲ ဝင္ေရာက္ယွဥ္ၿပိဳင္အုံးမွာျဖစ္ပါတယ္။

အဲလ္ဗတ္က ကမာၻ႔ဖလား ( ၂ ) ႀကိမ္ ၊ ကိုပါအေမရိက ( ၄ ) ႀကိမ္ ႏွင့္ ကြန္ဖက္ဒေရးရွင္း ဖလား ( ၂ ) ႀကိမ္ကစားခဲ့ဖူးပါတယ္။
ကမာၻ႔ေဘာလုံးသမိုင္းမွာ ဘယ္သူကမွ သူ႔ေလာက္ ဆုဖလားေအာင္ျမင္မႈေတြ ရယူႏိုင္ထားႏိုင္ျခင္းမရွိေသးပါဘူး ။
သူက ေဘာလုံးရာသီ ( ၂၀ ) အတြင္းမွာ ဆုဖလား ( ၄၁ ) ခု ပိုင္ဆိုင္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္ အဲလ္ဗတ္က ကမာၻ႔ဖလား ( သို႔ ) အိုလံပစ္ေ႐ႊတံဆိပ္ ေအာင္ျမင္မႈ မရရွိေသးပါဘူး ။
ဒါေၾကာင့္ ဂ်ပန္ႏိုင္ငံကို ယခုလို သြားေရာက္ယွဥ္ၿပိဳင္ျခင္းျဖစ္ပါတယ္။

အဲလ္ဗတ္ထက္ ( ၃ ) ႏွစ္ပဲ ႀကီးတဲ့ နည္းျပ Andre Jardine က ဝါရင့္ကစားသမားႀကီးဟာ အသင္းအတြက္ အသင့္ေလ်ာ္ဆုံး ေခါင္း‌ေဆာင္ျဖစ္တယ္လို႔ ေျပာဆိုထားပါတယ္။

“ သူက ဒီမ်ိဳးဆက္သစ္ေတြအတြက္ စံျပေကာင္းတစ္ဦးပါ။
ဒါေပမယ့္ သူက အိုလံပစ္ၿပိဳင္ပြဲ တစ္ႀကိမ္မွ် ပါဝင္ယွဥ္ၿပိဳင္ဖူးျခင္းမရွိေသးပါဘူး ။
ဒီအသင္းရဲ႕ စံျပကစားသမားျဖစ္သလို ကြင္းထဲမွာလည္း ေခါင္းေဆာင္တစ္ဦးျဖစ္လာပါလိမ့္မယ္။”

ဘရာဇီးအသင္းက အုပ္စုအဖြင့္ပြဲစဥ္အျဖစ္ ဇူလိုင္လ ( ၂၂ ) ရက္ေန႔မွာ ဂ်ာမနီအသင္းနဲ႔ ကစားရဖို႔ရွိတယ္။

အဲ့ဒီေနာက္ ဇူလိုင္လ (၂၅ ) ရက္ေန႔မွာ အိုင္ဗရီကို႔စ္ ၊ ဇူလိုင္လ ( ၂၈ ) ရက္‌ေေန႔မွာ ေဆာ္ဒီ အာေရးဗ် အသင္းေတြနဲ႔ ဆက္လက္ယွဥ္ၿပိဳင္ရမွာ ျဖစ္ပါတယ္။