ယူနိုက်တက်ရဲ့ ပထမဆုံးရာသီကြို ပွဲစဉ်ကနေ အကျိုးအမြတ်ရခဲ့တဲ့ ကစားသမား ( ၇ ) ဦး

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဒါဘီကောင်တီ နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ရာသီကြို ခြေစမ်းပွဲစဉ်မှာ စုစုပေါင်း ကစားသမား ( ၂၃ ) ဦးထိ အသုံးပြုခဲ့ပါတယ်။ ကစားသမားတွေအနေနဲ့ ယခုလို ပွဲကစားခွင့်ရတဲ့ အပေါ် ပျော်ရွှင်ကျေနပ်သင့်ပြီး အချို့ကတော့ ထူးခြားတဲ့ စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့ပါတယ်။ ဒါကြောင့် အဆိုပါ ခြေစမ်းပွဲစဉ်ကနေ အကျိုးအမြတ် ရခဲ့တဲ့ ယူနိုက်တက် ကစားသမား ( ၇ ) ဦးကို သုံးသပ်တင်ပြပေးလိုက်ပါတယ်။

( ၁ ) တွမ် ဟီတန်

ယူနိုက်တက် ကစားသမားသစ် တွမ် ဟီတန်က ပထမဆုံး ပွဲစဉ်မှာ တည်ငြိမ်တဲ့ စွမ်းဆောင်ရည် ပြသနိုင်ခဲ့ပါတယ်။ အစောပိုင်းပွဲချိန်တွေအတွင်း ယူနိုက်တက်ခံစစ်က အနည်းငယ် ရုန်းကန်နေရချိန် ဟီတန်က ဒါဘီတိုက်စစ်ကို အလွယ်တကူ တားဆီးနိုင်ခဲ့ပါတယ်။

( ၂ ) ဘရန်ဒန် ဝီလီယံ

ဝီလီယံက ပြီးခဲ့တဲ့ ရာသီမှာ ပွဲကစားခွင့် အတော်လေးနည်းပါးခဲ့ပြီး နောက်ထပ် ဘောလုံးရာသီတစ်ခုကို အလားတူအခြေအနေနဲ့ ကုန်ဆုံးဖို့ မထိုက်တန်ကြောင်း သက်သေပြခဲ့ပါတယ်။ ပုံမှန်ပွဲထွက်ခွင့်ရမယ့် အငှားပြောင်းရွေ့တာက အကောင်းဆုံး အဖြေဖြစ်နိုင်ပြီး သူ့ကို စောင့်ကြည့်နေတဲ့ ကလပ်အသင်းတွေအနေနဲ့လည်း ယခုပွဲစဉ်မှ ဝီလီယံရဲ့ ခြေစွမ်းအပေါ် သဘောကျနေပါလိမ့်မယ်။

( ၃ ) တာဟစ် ချောင်

တာဟစ်ချောင်ရဲ့ သွင်းဂိုးက ဘာမင်ဂ်ဟမ် စီးတီးထံ အငှားပြောင်းရွေ့ခြင်းမပြုမီ ယူနိုက်တက်ပရိသတ်တွေအတွက် နှုတ်ဆက် လက်ဆောင် ဖြစ်ခဲ့ပါတယ်။ အဆိုပါ သွင်းဂိုးကြောင့် ပြီးခဲ့တဲ့ ရာသီမှာ ရုန်းကန်ခဲ့ရတဲ့ ချောင်အနေနဲ့ ယုံကြည်မှုတွေ ပြန်လည်ရရှိလာဖို့ မျှော်လင့်ရပါလိမ့်မယ်။

( ၄ ) ဒိုင်လန် လီဗစ်

လီဗစ်က ဂျိမ်းစ် ဂါနာနဲ့ တွဲဖက်ပြီး ယူနိုက်တက်ကွင်းလယ်ကို ပထမပိုင်း ( ၄၅ ) မိနစ်အတွင်း အကောင်းဆုံး ဦးဆောင်ကစားခဲ့ပါတယ်။ ဂါနာ မျှော်လင့်ထားသလို အကောင်းဆုံးထိန်းချုပ်ကစားနိုင်ခဲ့ပြီး လီဗစ်ကလည်း သူနဲ့ အတွဲအဖက်မိမိ စွမ်းဆောင်ပြခဲ့ပါတယ်။

( ၅ ) ပယ်လီစထရီ

ဥရုဂွေး လူငယ်ကြယ်ပွင့် ပယ်လီစထရီဟာ Pride Parkမှာ ကစားခဲ့တဲ့ ပွဲစဉ်ကနေ အကြီးမားဆုံး အကျိုးအမြတ် ရခဲ့သူလို့ ဆိုနိုင်ပါတယ်။ ဒါက သူ့ရဲ့ ယူနိုက်တက် စီနီယာအသင်းကြီးနဲ့ ပထမဆုံး ပွဲစဉ်ဖြစ်ပြီး သွင်းဂိုးရယူနိုင်ခဲ့ပါတယ်။ သူ့ရဲ့ ဂိုးသွင်းယူမှုက ကျေနပ်စရာကောင်းပြီး ဂိုးသမားကိုပါ ဖြတ်‌ကျော်ကာ တည်တည်ငြိမ်ငြိမ် အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။ ပယ်လီစထရီက ပွဲစဉ်တစ်လျှောက် ခြေစွမ်းပြကစားနိုင်ခဲ့ပြီး ယူနိုက်တက် ပရိသတ်တွေက ချီးကျူးပြောဆိုလျက်ရှိကြပါတယ်။

( ၆ ) ဂျေစီ လင်ဂတ်

အိုလေ ဂန်းနား ဆိုးရှားက ဂျေစီလင်ဂတ် အနေနဲ့ အိုးထရတ်ဖို့ဒ်မှာ ကစားခွင့်ရဖို့ ဆက်လက်တိုက်ပွဲဝင်လိုတဲ့ ‌ဆန္ဒရှိကြောင်း အဆိုပါ ပွဲစဉ်အပြီး ပြောကြားခဲ့ပါတယ်။ လင်ဂတ်က ဒုတိယပိုင်းအတွင်း လှပတဲ့ အဝေးကန်ချက်ကနေ သွင်းဂိုး ရရှိဖို့ နီးစပ်ခဲ့ပါတယ်။

( ၇ ) ဆိုလာ ရှောတိုင်ယာ

လင်ဂတ်ကို အသုံးပြုမဖို့ ယူနိုက်တက်အတွက် အဟန့်အတားက အသင်းကြီးနဲ့ အတူ အလျင်အမြန် အထိုင်ကျလာတဲ့ ဆိုလာ ရှောတိုင်ယာ ဖြစ်နိုင်ပါတယ်။ ရှောတိုင်ယာက ပယ်လီစထရီရဲ့ သွင်းဂိုးအတွက် ပြိုင်ဘက်ခံစစ်ကစားသမားတွေကြားကနေ တိတိကျကျ ဖန်တီးပေးပို့မှု ပြုလုပ်နိုင်ခဲ့ပါတယ်။ အသက် ( ၁၇ ) နှစ်အရွယ် ကစားသမားရဲ့ ပေးပို့မှုကပဲ ပွဲကို အဆုံးအဖြတ် ပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရာသီအတွင်း ယူ -၂၃ အသင်းနဲ့အတူ ( ၁၀ )ဂိုးသွင်းယူခဲ့တဲ့ ဆယ်ကျော်သက်ကစားသမားအတွက် စိတ်လှုပ်ရှားဖွယ် ဘောလုံးရာသီက စောင့်ကြိုနေပါတယ်။

zawgyi

ယူႏိုက္တက္ရဲ႕ ပထမဆုံးရာသီႀကိဳ ပြဲစဥ္ကေန အက်ိဳးအျမတ္ရခဲ့တဲ့ ကစားသမား ( ၇ ) ဦး

မန္ခ်က္စတာ ယူႏိုက္တက္အသင္းဟာ ဒါဘီေကာင္တီ နဲ႔ ယွဥ္ၿပိဳင္ခဲ့တဲ့ ရာသီႀကိဳ ေျခစမ္းပြဲစဥ္မွာ စုစုေပါင္း ကစားသမား ( ၂၃ ) ဦးထိ အသုံးျပဳခဲ့ပါတယ္။ ကစားသမားေတြအေနနဲ႔ ယခုလို ပြဲကစားခြင့္ရတဲ့ အေပၚ ေပ်ာ္႐ႊင္ေက်နပ္သင့္ၿပီး အခ်ိဳ႕ကေတာ့ ထူးျခားတဲ့ စြမ္းေဆာင္ရည္ေတြ ျပသႏိုင္ခဲ့ပါတယ္။ ဒါေၾကာင့္ အဆိုပါ ေျခစမ္းပြဲစဥ္ကေန အက်ိဳးအျမတ္ ရခဲ့တဲ့ ယူႏိုက္တက္ ကစားသမား ( ၇ ) ဦးကို သုံးသပ္တင္ျပေပးလိုက္ပါတယ္။

( ၁ ) တြမ္ ဟီတန္

ယူႏိုက္တက္ ကစားသမားသစ္ တြမ္ ဟီတန္က ပထမဆုံး ပြဲစဥ္မွာ တည္ၿငိမ္တဲ့ စြမ္းေဆာင္ရည္ ျပသႏိုင္ခဲ့ပါတယ္။ အေစာပိုင္းပြဲခ်ိန္ေတြအတြင္း ယူႏိုက္တက္ခံစစ္က အနည္းငယ္ ႐ုန္းကန္ေနရခ်ိန္ ဟီတန္က ဒါဘီတိုက္စစ္ကို အလြယ္တကူ တားဆီးႏိုင္ခဲ့ပါတယ္။

( ၂ ) ဘရန္ဒန္ ဝီလီယံ

ဝီလီယံက ၿပီးခဲ့တဲ့ ရာသီမွာ ပြဲကစားခြင့္ အေတာ္ေလးနည္းပါးခဲ့ၿပီး ေနာက္ထပ္ ေဘာလုံးရာသီတစ္ခုကို အလားတူအေျခအေနနဲ႔ ကုန္ဆုံးဖို႔ မထိုက္တန္ေၾကာင္း သက္ေသျပခဲ့ပါတယ္။ ပုံမွန္ပြဲထြက္ခြင့္ရမယ့္ အငွားေျပာင္းေ႐ြ႕တာက အေကာင္းဆုံး အေျဖျဖစ္ႏိုင္ၿပီး သူ႔ကို ေစာင့္ၾကည့္ေနတဲ့ ကလပ္အသင္းေတြအေနနဲ႔လည္း ယခုပြဲစဥ္မွ ဝီလီယံရဲ႕ ေျခစြမ္းအေပၚ သေဘာက်ေနပါလိမ့္မယ္။

( ၃ ) တာဟစ္ ေခ်ာင္

တာဟစ္ေခ်ာင္ရဲ႕ သြင္းဂိုးက ဘာမင္ဂ္ဟမ္ စီးတီးထံ အငွားေျပာင္းေ႐ြ႕ျခင္းမျပဳမီ ယူႏိုက္တက္ပရိသတ္ေတြအတြက္ ႏႈတ္ဆက္ လက္ေဆာင္ ျဖစ္ခဲ့ပါတယ္။ အဆိုပါ သြင္းဂိုးေၾကာင့္ ၿပီးခဲ့တဲ့ ရာသီမွာ ႐ုန္းကန္ခဲ့ရတဲ့ ေခ်ာင္အေနနဲ႔ ယုံၾကည္မႈေတြ ျပန္လည္ရရွိလာဖို႔ ေမွ်ာ္လင့္ရပါလိမ့္မယ္။

( ၄ ) ဒိုင္လန္ လီဗစ္

လီဗစ္က ဂ်ိမ္းစ္ ဂါနာနဲ႔ တြဲဖက္ၿပီး ယူႏိုက္တက္ကြင္းလယ္ကို ပထမပိုင္း ( ၄၅ ) မိနစ္အတြင္း အေကာင္းဆုံး ဦးေဆာင္ကစားခဲ့ပါတယ္။ ဂါနာ ေမွ်ာ္လင့္ထားသလို အေကာင္းဆုံးထိန္းခ်ဳပ္ကစားႏိုင္ခဲ့ၿပီး လီဗစ္ကလည္း သူနဲ႔ အတြဲအဖက္မိမိ စြမ္းေဆာင္ျပခဲ့ပါတယ္။

( ၅ ) ပယ္လီစထရီ

ဥ႐ုေဂြး လူငယ္ၾကယ္ပြင့္ ပယ္လီစထရီဟာ Pride Parkမွာ ကစားခဲ့တဲ့ ပြဲစဥ္ကေန အႀကီးမားဆုံး အက်ိဳးအျမတ္ ရခဲ့သူလို႔ ဆိုႏိုင္ပါတယ္။ ဒါက သူ႔ရဲ႕ ယူႏိုက္တက္ စီနီယာအသင္းႀကီးနဲ႔ ပထမဆုံး ပြဲစဥ္ျဖစ္ၿပီး သြင္းဂိုးရယူႏိုင္ခဲ့ပါတယ္။ သူ႔ရဲ႕ ဂိုးသြင္းယူမႈက ေက်နပ္စရာေကာင္းၿပီး ဂိုးသမားကိုပါ ျဖတ္‌ေက်ာ္ကာ တည္တည္ၿငိမ္ၿငိမ္ အဆုံးသတ္ခဲ့တာျဖစ္ပါတယ္။ ပယ္လီစထရီက ပြဲစဥ္တစ္ေလွ်ာက္ ေျခစြမ္းျပကစားႏိုင္ခဲ့ၿပီး ယူႏိုက္တက္ ပရိသတ္ေတြက ခ်ီးက်ဴးေျပာဆိုလ်က္ရွိၾကပါတယ္။

( ၆ ) ေဂ်စီ လင္ဂတ္

အိုေလ ဂန္းနား ဆိုးရွားက ေဂ်စီလင္ဂတ္ အေနနဲ႔ အိုးထရတ္ဖို႔ဒ္မွာ ကစားခြင့္ရဖို႔ ဆက္လက္တိုက္ပြဲဝင္လိုတဲ့ ‌ဆႏၵရွိေၾကာင္း အဆိုပါ ပြဲစဥ္အၿပီး ေျပာၾကားခဲ့ပါတယ္။ လင္ဂတ္က ဒုတိယပိုင္းအတြင္း လွပတဲ့ အေဝးကန္ခ်က္ကေန သြင္းဂိုး ရရွိဖို႔ နီးစပ္ခဲ့ပါတယ္။

( ၇ ) ဆိုလာ ေရွာတိုင္ယာ

လင္ဂတ္ကို အသုံးျပဳမဖို႔ ယူႏိုက္တက္အတြက္ အဟန႔္အတားက အသင္းႀကီးနဲ႔ အတူ အလ်င္အျမန္ အထိုင္က်လာတဲ့ ဆိုလာ ေရွာတိုင္ယာ ျဖစ္ႏိုင္ပါတယ္။ ေရွာတိုင္ယာက ပယ္လီစထရီရဲ႕ သြင္းဂိုးအတြက္ ၿပိဳင္ဘက္ခံစစ္ကစားသမားေတြၾကားကေန တိတိက်က် ဖန္တီးေပးပို႔မႈ ျပဳလုပ္ႏိုင္ခဲ့ပါတယ္။ အသက္ ( ၁၇ ) ႏွစ္အ႐ြယ္ ကစားသမားရဲ႕ ေပးပို႔မႈကပဲ ပြဲကို အဆုံးအျဖတ္ ေပးခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ရာသီအတြင္း ယူ -၂၃ အသင္းနဲ႔အတူ ( ၁၀ )ဂိုးသြင္းယူခဲ့တဲ့ ဆယ္ေက်ာ္သက္ကစားသမားအတြက္ စိတ္လႈပ္ရွားဖြယ္ ေဘာလုံးရာသီက ေစာင့္ႀကိဳေနပါတယ္။