ယူနိုက်တက်စီနီယာအသင်းအတွက် ဒီထက်ပိုကြိုးစားသွားမယ်လို့ ပယ်လစ်စထရီ ကတိပြု

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ လူငယ်ကစားသမားပယ်လစ်စထရီဟာ ဒါဘီအသင်းကို (၂-၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့ရာသီကြိုခြေစမ်းပွဲမှာ အသင်းအတွက် ဂိုးသွင်းယူခဲ့ပြီး သူက ခြေစွမ်းပိုင်းတိုးတက်လာဖို့အတွက် အခုထက်ပိုပြီးတော့ကြိုးစားသွားမယ်လို့ ကတိပေးခဲ့ပါတယ်။ အသက်(၁၉)နှစ်အရွယ်သာရှိသေးတဲ့ ဥရုဂွေးဆယ်ကျော်သက်ကစားသမား ပယ်လစ်စထရီဟာ ပြီးခဲ့တဲ့နှစ်၊အောက်တိုဘာလတုန်းက ပင်နာရိုးအသင်းကနေ ယူနိုက်တက်အသင်းဆီပြောင်းရွှေ့ခဲ့ပြီး ၂၀၂၀-၂၁ ရာသီမှာ အလာဗတ်စ်အသင်းဆီအငှားနဲ့သွားရောက်ကစားခဲ့ပါတယ်။

အခုအချိန်မှာ အလာဗတ်စ်အသင်းနဲ့ အငှားစာချုပ်သက်တမ်းကုန်ဆုံးသွားပြီဖြစ်လို့ ယူနိုက်တက်အသင်းဆီ ပြန်ရောက်လာပြီး ဒါဘီနဲ့ကစားခဲ့တဲ့ခြေစမ်းပွဲမှာ အသင်းအတွက် ဒုတိယဂိုးသွင်းယူခဲ့တဲ့အတွက် အသင်းကြီးနဲ့ပထမဆုံးဂိုးသွင်းယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ ယူနိုက်တက်အသင်းမှာ အရည်အသွေးရှိတဲ့လူငယ်ကစားသမားတွေ များနေတာကြောင့် နေရာရဖို့တိုက်ပွဲဝင်ရမှာဖြစ်ပေမယ့် ပယ်လစ်စထရီကတော့ အကောင်းဆုံးဖြစ်အောင်ကြိုးစားသွားဖို့ ဆုံးဖြတ်ထားပြီးသားပါ။

ဒါဘီနဲ့ပွဲအပြီး MUTV နဲ့ အင်တာဗျူးမှာ ပယ်လစ်စထရီက “အသင်းမှာ အရည်အသွေးမြင့်လူငယ်ကစားသမားတွေ အများကြီးရှိပါတယ်။ ကစားသမားတိုင်းကလည်း ခြေစွမ်းတိုးတက်လာဖို့ ဆန္ဒရှိနေကြတာပါ။ လေ့ကျင့်ခန်းအစီအစဉ်မှာ အပြင်းအထန်လေ့ကျင့်ကြပြီး အဲဒီလိုပြိုင်ဆိုင်မှုပြင်းထန်တာကို ကျွန်တော်ကျေနပ်အားရပါတယ်။ ယူနိုက်တက်အသင်းက လူငယ်ကစားသမားတွေဟာ အကောင်းဆုံးပုံစံပြသနိုင်ဖို့ အသင်းကြီးမှာနေရာတစ်နေရာရဖို့ ကြိုးပမ်းနေကြတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက အလာဗတ်စ်အသင်းမှာ ကျွန်တော် အငှားနဲ့သွားကစားခဲ့ရပြီး အဲဒီအသင်းမှာကျွန်တော့်အတွက် အဆင်ပြေခဲ့ပါတယ်။အခုအချိန်မှာတော့ ယူနိုက်တက်အသင်းဆီ ပြန်ရောက်နေပြီဖြစ်သလို အကောင်းဆုံးပုံစံပြသနိုင်ဖို့ အစွမ်းကုန်ကြိုးစားသွားမှာပါ”လို့ ဖြေကြားခဲ့ပါတယ်။

ဒါဘီနဲ့ပွဲက ပယ်လစ်ထရီရဲ့ခြေစွမ်းကို နည်းပြဆိုးလ်ရှားကလည်း ချီးကျူးစကားဆိုခဲ့ပြီး ပယ်လစ်စထရီဟာ ထိန်းချုပ်ဖို့ခက်တဲ့ကစားသမားဖြစ်သလို ပြိုင်ဘက်နဲ့တစ်ယောက်ချင်း ရင်ဆိုင်ရတဲ့အနေအထားတွေမှာ လွယ်လွယ်ကူကူကျော်ဖြတ်နိုင်တဲ့သူလို့ ဆိုခဲ့ပါတယ်။ ဆိုးလ်ရှားအနေနဲ့ ပယ်လစ်စထရီကို ပုံမှန်ပွဲထွက်ခွင့်ရအောင် လာမယ့်ရာသီကျရင်လည်း အငှားထပ်ချဖို့ စီစဉ်နေပြီး သူ့ကိုခေါ်ယူဖို့ အသင်းဟောင်းအလာဗတ်စ်အပါအဝင် ကလပ်တချို့ကစိတ်ဝင်စားနေကြတာဖြစ်ပါတယ်။

zawgyi

ယူႏိုက္တက္စီနီယာအသင္းအတြက္ ဒီထက္ပိုႀကိဳးစားသြားမယ္လို႔ ပယ္လစ္စထရီ ကတိျပဳ

မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ လူငယ္ကစားသမားပယ္လစ္စထရီဟာ ဒါဘီအသင္းကို (၂-၁)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ရာသီႀကိဳေျခစမ္းပြဲမွာ အသင္းအတြက္ ဂိုးသြင္းယူခဲ့ၿပီး သူက ေျခစြမ္းပိုင္းတိုးတက္လာဖို႔အတြက္ အခုထက္ပိုၿပီးေတာ့ႀကိဳးစားသြားမယ္လို႔ ကတိေပးခဲ့ပါတယ္။ အသက္(၁၉)ႏွစ္အ႐ြယ္သာရွိေသးတဲ့ ဥ႐ုေဂြးဆယ္ေက်ာ္သက္ကစားသမား ပယ္လစ္စထရီဟာ ၿပီးခဲ့တဲ့ႏွစ္၊ေအာက္တိုဘာလတုန္းက ပင္နာ႐ိုးအသင္းကေန ယူႏိုက္တက္အသင္းဆီေျပာင္းေ႐ႊ႕ခဲ့ၿပီး ၂၀၂၀-၂၁ ရာသီမွာ အလာဗတ္စ္အသင္းဆီအငွားနဲ႔သြားေရာက္ကစားခဲ့ပါတယ္။

အခုအခ်ိန္မွာ အလာဗတ္စ္အသင္းနဲ႔ အငွားစာခ်ဳပ္သက္တမ္းကုန္ဆုံးသြားၿပီျဖစ္လို႔ ယူႏိုက္တက္အသင္းဆီ ျပန္ေရာက္လာၿပီး ဒါဘီနဲ႔ကစားခဲ့တဲ့ေျခစမ္းပြဲမွာ အသင္းအတြက္ ဒုတိယဂိုးသြင္းယူခဲ့တဲ့အတြက္ အသင္းႀကီးနဲ႔ပထမဆုံးဂိုးသြင္းယူႏိုင္ခဲ့ၿပီျဖစ္ပါတယ္။ ယူႏိုက္တက္အသင္းမွာ အရည္အေသြးရွိတဲ့လူငယ္ကစားသမားေတြ မ်ားေနတာေၾကာင့္ ေနရာရဖို႔တိုက္ပြဲဝင္ရမွာျဖစ္ေပမယ့္ ပယ္လစ္စထရီကေတာ့ အေကာင္းဆုံးျဖစ္ေအာင္ႀကိဳးစားသြားဖို႔ ဆုံးျဖတ္ထားၿပီးသားပါ။

ဒါဘီနဲ႔ပြဲအၿပီး MUTV နဲ႔ အင္တာဗ်ဴးမွာ ပယ္လစ္စထရီက “အသင္းမွာ အရည္အေသြးျမင့္လူငယ္ကစားသမားေတြ အမ်ားႀကီးရွိပါတယ္။ ကစားသမားတိုင္းကလည္း ေျခစြမ္းတိုးတက္လာဖို႔ ဆႏၵရွိေနၾကတာပါ။ ေလ့က်င့္ခန္းအစီအစဥ္မွာ အျပင္းအထန္ေလ့က်င့္ၾကၿပီး အဲဒီလိုၿပိဳင္ဆိုင္မႈျပင္းထန္တာကို ကြၽန္ေတာ္ေက်နပ္အားရပါတယ္။ ယူႏိုက္တက္အသင္းက လူငယ္ကစားသမားေတြဟာ အေကာင္းဆုံးပုံစံျပသႏိုင္ဖို႔ အသင္းႀကီးမွာေနရာတစ္ေနရာရဖို႔ ႀကိဳးပမ္းေနၾကတာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ရာသီက အလာဗတ္စ္အသင္းမွာ ကြၽန္ေတာ္ အငွားနဲ႔သြားကစားခဲ့ရၿပီး အဲဒီအသင္းမွာကြၽန္ေတာ့္အတြက္ အဆင္ေျပခဲ့ပါတယ္။

အခုအခ်ိန္မွာေတာ့ ယူႏိုက္တက္အသင္းဆီ ျပန္ေရာက္ေနၿပီျဖစ္သလို အေကာင္းဆုံးပုံစံျပသႏိုင္ဖို႔ အစြမ္းကုန္ႀကိဳးစားသြားမွာပါ”လို႔ ေျဖၾကားခဲ့ပါတယ္။ ဒါဘီနဲ႔ပြဲက ပယ္လစ္ထရီရဲ႕ေျခစြမ္းကို နည္းျပဆိုးလ္ရွားကလည္း ခ်ီးက်ဴးစကားဆိုခဲ့ၿပီး ပယ္လစ္စထရီဟာ ထိန္းခ်ဳပ္ဖို႔ခက္တဲ့ကစားသမားျဖစ္သလို ၿပိဳင္ဘက္နဲ႔တစ္ေယာက္ခ်င္း ရင္ဆိုင္ရတဲ့အေနအထားေတြမွာ လြယ္လြယ္ကူကူေက်ာ္ျဖတ္ႏိုင္တဲ့သူလို႔ ဆိုခဲ့ပါတယ္။ ဆိုးလ္ရွားအေနနဲ႔ ပယ္လစ္စထရီကို ပုံမွန္ပြဲထြက္ခြင့္ရေအာင္ လာမယ့္ရာသီက်ရင္လည္း အငွားထပ္ခ်ဖို႔ စီစဥ္ေနၿပီး သူ႔ကိုေခၚယူဖို႔ အသင္းေဟာင္းအလာဗတ္စ္အပါအဝင္ ကလပ္တခ်ိဳ႕ကစိတ္ဝင္စားေနၾကတာျဖစ္ပါတယ္။