မန်စီးတီးကို ပြောင်းရွှေ့ဖို့ မသေချာတဲ့ ဂျက်ဂရီးလစ်ရှ်

အက်စတွန်ဗီလာအသင်းရဲ့ အင်္ဂလန်တောင်ပံကစားသမား ဂျက်ဂရီးလစ်ရှ် ကို မန်စီးတီး က ပေါင်သန်း ၁၀၀ နဲ့ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ဖူးပါတယ်။

ဂျက်ဂရီးလစ်ရှ် ဟာ ဗီလာ ရဲ့ အသင်းခေါင်းဆောင်ဖြစ်သလို အဓိက ကစားသမားတယောက်လို့ ပြောရင်လည်းမမှားပါဘူး။
ဒဏ်ရာပြဿနာကြောင့် ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၂၆ ပွဲသာကစားခဲ့ရပေမဲ့ ၆ ဂိုးသွင်းကာ ဂိုးဖန်တီးမှု ၁၀ ကြိမ်တောင် ပြုလုပ်ပေးခဲ့ပါတယ်။

ဂရီးလစ်ရှ် ဟာ အသက် ၆ နှစ်အရွယ်တည်းက ဗီလာ အသင်းကို ရောက်ရှိခဲ့တာဖြစ်ပြီး ငယ်မွေးခြံပေါက် ကစားသမားစစ်စစ်ပါ။
ဒါကြောင့်မို့ သူ့ရဲ့အိမ်လိုဖြစ်နေတဲ့ ဗီလာ အသင်းကို စွန့်ခွါဖို့ ဝေဝါးနေပြီး မန်စီးတီး ကို ပြောင်းမယ့် အစီအစဉ်ကို ပြန်ပြီးသုံးသပ်နေတယ်လို့ သတင်းတွေအရ သိရပါတယ်။

မနှစ်တုန်းက အပြောင်းအရွှေ့ရာသီမှာလည်း မန်ယူအသင်းကို ပြောင်းရွှေ့ဖို့သတင်းတွေ ကျယ်ကျယ်လောင်လောင်ထွက်ခဲ့ဖူးပေမဲ့ နောက်ဆုံးမှာတော့ ဂရီးလစ်ရှ် က ဗီလာအသင်းနဲ့သာ စာချုပ်သစ်ချုပ်ဆိုခဲ့ပါတယ်။


ဗီလာအသင်းပေါ်ထားတဲ့ သူ့ရဲ့သံယောဇဉ်ဟာ အပြောင်းအရွှေ့တွေကို ရပ်တန့်စေတဲ့ အဓိကအရာဖြစ်ပါတယ်။

နောက်ဆုံး ၄ နှစ်မှာ ၃ ကြိမ်အထိ ပရီးမီးယားလိဂ်ဖလားကို ရယူထားနိုင်တဲ့ ဂွါဒီယိုလာ ရဲ့ မန်စီးတီး အသင်းမှာ ကစားခွင့်ရမယ့် အခွင့်အရေးဟာ ဂရီးလစ်ရှ် အတွက် မက်လောက်စရာဆိုပေမဲ့ သူချစ်တဲ့ ဗီလာ အသင်းကို စွန့်ခွါဖို့ကိုတော့ အခုထိ မချင့်မရဲဖြစ်နေတယ်လို့ ဆိုရမှာပါ။

ဗီလာ အသင်းကလည်း လက်ရှိအချိန်မှာ တပတ်ပေါင် ၁၅၀,၀၀၀ သာ ရနေတဲ့ ဂရီးလစ်ရှ်ကို လစာတိုးပေးပြီး စာချုပ်သစ် ထပ်ချုပ်ဖို့ အသင့်ရှိနေတယ်လို့ သိရပါတယ်။

ဒါကြောင့် ဗီလာ-ဂရီးလစ်ရှ်-မန်စီးတီး တို့ရဲ့ သုံးပွင့်ဆိုင်အပြောင်းအရွှေ့ပုံပြင် ဇာတ်သိမ်းက ကာယကံရှင်ဖြစ်သူ ဂျက်ဂရီးလစ်ရှ် အပေါ်မှာသာ အလုံးစုံမူတည်နေတယ်လို့ပဲ ပြောရမှာပါ။

Zawgyi

မန္စီးတီးကို ေျပာင္းေ႐ႊ႕ဖို႔ မေသခ်ာတဲ့ ဂ်က္ဂရီးလစ္ရွ္

အက္စတြန္ဗီလာအသင္းရဲ႕ အဂၤလန္ေတာင္ပံကစားသမား ဂ်က္ဂရီးလစ္ရွ္ ကို မန္စီးတီး က ေပါင္သန္း ၁၀၀ နဲ႔ေခၚယူဖို႔ ျပင္ဆင္ေနတယ္လို႔ သတင္းေတြထြက္ေပၚခဲ့ဖူးပါတယ္။

ဂ်က္ဂရီးလစ္ရွ္ ဟာ ဗီလာ ရဲ႕ အသင္းေခါင္းေဆာင္ျဖစ္သလို အဓိက ကစားသမားတေယာက္လို႔ ေျပာရင္လည္းမမွားပါဘူး။
ဒဏ္ရာျပႆနာေၾကာင့္ ၿပီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ ၂၆ ပြဲသာကစားခဲ့ရေပမဲ့ ၆ ဂိုးသြင္းကာ ဂိုးဖန္တီးမႈ ၁၀ ႀကိမ္ေတာင္ ျပဳလုပ္ေပးခဲ့ပါတယ္။

ဂရီးလစ္ရွ္ ဟာ အသက္ ၆ ႏွစ္အ႐ြယ္တည္းက ဗီလာ အသင္းကို ေရာက္ရွိခဲ့တာျဖစ္ၿပီး ငယ္ေမြးၿခံေပါက္ ကစားသမားစစ္စစ္ပါ။
ဒါေၾကာင့္မို႔ သူ႔ရဲ႕အိမ္လိုျဖစ္ေနတဲ့ ဗီလာ အသင္းကို စြန႔္ခြါဖို႔ ေဝဝါးေနၿပီး မန္စီးတီး ကို ေျပာင္းမယ့္ အစီအစဥ္ကို ျပန္ၿပီးသုံးသပ္ေနတယ္လို႔ သတင္းေတြအရ သိရပါတယ္။

မႏွစ္တုန္းက အေျပာင္းအေ႐ႊ႕ရာသီမွာလည္း မန္ယူအသင္းကို ေျပာင္းေ႐ႊ႕ဖို႔သတင္းေတြ က်ယ္က်ယ္ေလာင္ေလာင္ထြက္ခဲ့ဖူးေပမဲ့ ေနာက္ဆုံးမွာေတာ့ ဂရီးလစ္ရွ္ က ဗီလာအသင္းနဲ႔သာ စာခ်ဳပ္သစ္ခ်ဳပ္ဆိုခဲ့ပါတယ္။

ဗီလာအသင္းေပၚထားတဲ့ သူ႔ရဲ႕သံေယာဇဥ္ဟာ အေျပာင္းအေ႐ႊ႕ေတြကို ရပ္တန႔္ေစတဲ့ အဓိကအရာျဖစ္ပါတယ္။

ေနာက္ဆုံး ၄ ႏွစ္မွာ ၃ ႀကိမ္အထိ ပရီးမီးယားလိဂ္ဖလားကို ရယူထားႏိုင္တဲ့ ဂြါဒီယိုလာ ရဲ႕ မန္စီးတီး အသင္းမွာ ကစားခြင့္ရမယ့္ အခြင့္အေရးဟာ ဂရီးလစ္ရွ္ အတြက္ မက္ေလာက္စရာဆိုေပမဲ့ သူခ်စ္တဲ့ ဗီလာ အသင္းကို စြန႔္ခြါဖို႔ကိုေတာ့ အခုထိ မခ်င့္မရဲျဖစ္ေနတယ္လို႔ ဆိုရမွာပါ။

ဗီလာ အသင္းကလည္း လက္ရွိအခ်ိန္မွာ တပတ္ေပါင္ ၁၅၀,၀၀၀ သာ ရေနတဲ့ ဂရီးလစ္ရွ္ကို လစာတိုးေပးၿပီး စာခ်ဳပ္သစ္ ထပ္ခ်ဳပ္ဖို႔ အသင့္ရွိေနတယ္လို႔ သိရပါတယ္။

ဒါေၾကာင့္ ဗီလာ-ဂရီးလစ္ရွ္-မန္စီးတီး တို႔ရဲ႕ သုံးပြင့္ဆိုင္အေျပာင္းအေ႐ႊ႕ပုံျပင္ ဇာတ္သိမ္းက ကာယကံရွင္ျဖစ္သူ ဂ်က္ဂရီးလစ္ရွ္ အေပၚမွာသာ အလုံးစုံမူတည္ေနတယ္လို႔ပဲ ေျပာရမွာပါ။