ဗာနာကို တစ်ရာသီအကြာမှာပဲ ပြန်ရောင်းထုတ်ဖို့ ချယ်လ်ဆီးစီစဉ်နေ

ချယ်လ်ဆီးအသင်းဟာ တိုက်စစ်အတွက် မျှော်လင့်တကြီးနဲ့ခေါ်ယူခဲ့ပေမယ့် ခြေစွမ်းမပြနိုင်တဲ့ဂျာမန်တိုက်စစ်မှူးဗာနာကို တစ်ရာသီအကြာမှာပဲ ပြန်လည်ရောင်းချဖို့စီစဉ်နေပြီဆိုတဲ့ သတင်းတွေထွက်ပေါ်နေပါတယ်။ အသက်(၂၅)နှစ်အရွယ်ရှိပြီဖြစ်သူ ဗာနာဟာ ၂၀၁၉-၂၀ ရာသီတုန်းက လိုက်ပ်ဇစ်အသင်းနဲ့အတူ ထင်ရှားလာတဲ့တိုက်စစ်မှူးဖြစ်ပြီး အသင်းအတွက်ဘွန်ဒစ်လီဂါမှာ (၂၈)ဂိုးအထိသွင်းယူခဲ့တာကြောင့် ချယ်လ်ဆီးအသင်းက သူ့ကို ၂၀၂၀၊ ဇူလိုင်လတုန်းက ပေါင်(၄၈)သန်းအထိပေးပြီးတော့ ခေါ်ယူခဲ့တာပါ။

ဒါပေမဲ့ ဗာနာဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာတော့ စိတ်ပျက်စရာကောင်းတဲ့စွမ်းဆောင်ရည်ပြသခဲ့ပြီး (၃၅)ပွဲမှာ (၆)ဂိုးသာသွင်းယူခဲ့တဲ့အပြင် တစ်ဂိုးသွင်းပြီးရင် အကြာကြီးဂိုးပေါက်ပြန်ပျောက်သွားလေ့ရှိတာကြောင့် ချယ်လ်ဆီးအသင်းက သူ့နေရာမှာအစားထိုးဖို့ တိုက်စစ်မှူးသစ်တစ်ဦး ရှာဖွေနေပြီဖြစ်ပါတယ်။

ဂျာမန်မီဒီယာတွေက ချယ်လ်ဆီးအသင်းဟာ သူတို့တိုက်စစ်မှူးဗာနာကို ခေါ်ယူလိုတဲ့ဥရောပထိပ်သီးအသင်းတွေရှိမလားဆိုပြီး စုံစမ်းနေတဲ့အပြင် တကယ်လို့ ဗာနာကို ရောင်းချဖြစ်ခဲ့ရင် ရလာတဲ့ငွေကြေးတွေနဲ့ ဒေ့ါမွန်တိုက်စစ်မှူဟာလန်းကို ကြိုးပမ်းသွားဖို့ရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ဒေ့ါမွန်တိုက်စစ်မှူးဟာလန်းကို ခေါ်ယူဖို့ အခုနွေရာသီအပြောင်းအရွှေ့တစ်လျှောက်လုံး ပစ်မှတ်ထားနေပြီး ဒေ့ါမွန်အသင်းက သူတို့ရဲ့အဓိကတိုက်စစ်မှူးကို ရောင်းချမယ့်အနေအထားမရှိပေမယ့် တကယ်လို့ပေါင်သန်း(၁၅၀)အထိရရင် လက်ခံစဉ်းစားသွားဖို့ရှိနေပါပြီ။ လိုက်ပ်ဇစ်အသင်းမှာ ဗာနာခြေစွမ်းပြခဲ့သလို အခု ဟာလန်းကလည်း ဒေ့ါမွန်အသင်းအတွက်ဂိုးတွေသွင်းယူနေပြီး ပြီးခဲ့တဲ့ရာသီဘွန်ဒစ်လီဂါပြိုင်ပွဲမှာ (၄၃)ပွဲကစား၊ ဂိုး(၄၀)အထိသွင်းယူခဲ့တာပါ။ ချယ်လ်ဆီးအသင်းအနေနဲ့ ဟာလန်းကို ခေါ်ယူဖို့မအောင်မြင်ခဲ့ရင် ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးလီဝန်ဒေါစကီးကို ပေါင်သန်း(၅၀)နဲ့ကြိုးပမ်းသွားဖို့ရှိနေသလို စပါးအသင်းနဲ့လမ်းခွဲဖို့ရှိနေတဲ့အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူး ဟယ်ရီကိန်းကိုလည်း ပစ်မှတ်ထားနေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

zawgyi

ဗာနာကို တစ္ရာသီအၾကာမွာပဲ ျပန္ေရာင္းထုတ္ဖို႔ ခ်ယ္လ္ဆီးစီစဥ္ေန

ခ်ယ္လ္ဆီးအသင္းဟာ တိုက္စစ္အတြက္ ေမွ်ာ္လင့္တႀကီးနဲ႔ေခၚယူခဲ့ေပမယ့္ ေျခစြမ္းမျပႏိုင္တဲ့ဂ်ာမန္တိုက္စစ္မႉးဗာနာကို တစ္ရာသီအၾကာမွာပဲ ျပန္လည္ေရာင္းခ်ဖို႔စီစဥ္ေနၿပီဆိုတဲ့ သတင္းေတြထြက္ေပၚေနပါတယ္။ အသက္(၂၅)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ဗာနာဟာ ၂၀၁၉-၂၀ ရာသီတုန္းက လိုက္ပ္ဇစ္အသင္းနဲ႔အတူ ထင္ရွားလာတဲ့တိုက္စစ္မႉးျဖစ္ၿပီး အသင္းအတြက္ဘြန္ဒစ္လီဂါမွာ (၂၈)ဂိုးအထိသြင္းယူခဲ့တာေၾကာင့္ ခ်ယ္လ္ဆီးအသင္းက သူ႔ကို ၂၀၂၀၊ ဇူလိုင္လတုန္းက ေပါင္(၄၈)သန္းအထိေပးၿပီးေတာ့ ေခၚယူခဲ့တာပါ။

ဒါေပမဲ့ ဗာနာဟာ ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာေတာ့ စိတ္ပ်က္စရာေကာင္းတဲ့စြမ္းေဆာင္ရည္ျပသခဲ့ၿပီး (၃၅)ပြဲမွာ (၆)ဂိုးသာသြင္းယူခဲ့တဲ့အျပင္ တစ္ဂိုးသြင္းၿပီးရင္ အၾကာႀကီးဂိုးေပါက္ျပန္ေပ်ာက္သြားေလ့ရွိတာေၾကာင့္ ခ်ယ္လ္ဆီးအသင္းက သူ႔ေနရာမွာအစားထိုးဖို႔ တိုက္စစ္မႉးသစ္တစ္ဦး ရွာေဖြေနၿပီျဖစ္ပါတယ္။ ဂ်ာမန္မီဒီယာေတြက ခ်ယ္လ္ဆီးအသင္းဟာ သူတို႔တိုက္စစ္မႉးဗာနာကို ေခၚယူလိုတဲ့ဥေရာပထိပ္သီးအသင္းေတြရွိမလားဆိုၿပီး စုံစမ္းေနတဲ့အျပင္ တကယ္လို႔ ဗာနာကို ေရာင္းခ်ျဖစ္ခဲ့ရင္ ရလာတဲ့ေငြေၾကးေတြနဲ႔ ေဒ့ါမြန္တိုက္စစ္မႉဟာလန္းကို ႀကိဳးပမ္းသြားဖို႔ရွိတယ္လို႔ ေဖာ္ျပခဲ့ပါတယ္။

ခ်ယ္လ္ဆီးအသင္းဟာ ေဒ့ါမြန္တိုက္စစ္မႉးဟာလန္းကို ေခၚယူဖို႔ အခုေႏြရာသီအေျပာင္းအေ႐ႊ႕တစ္ေလွ်ာက္လုံး ပစ္မွတ္ထားေနၿပီး ေဒ့ါမြန္အသင္းက သူတို႔ရဲ႕အဓိကတိုက္စစ္မႉးကို ေရာင္းခ်မယ့္အေနအထားမရွိေပမယ့္ တကယ္လို႔ေပါင္သန္း(၁၅၀)အထိရရင္ လက္ခံစဥ္းစားသြားဖို႔ရွိေနပါၿပီ။ လိုက္ပ္ဇစ္အသင္းမွာ ဗာနာေျခစြမ္းျပခဲ့သလို အခု ဟာလန္းကလည္း ေဒ့ါမြန္အသင္းအတြက္ဂိုးေတြသြင္းယူေနၿပီး ၿပီးခဲ့တဲ့ရာသီဘြန္ဒစ္လီဂါၿပိဳင္ပြဲမွာ (၄၃)ပြဲကစား၊ ဂိုး(၄၀)အထိသြင္းယူခဲ့တာပါ။ ခ်ယ္လ္ဆီးအသင္းအေနနဲ႔ ဟာလန္းကို ေခၚယူဖို႔မေအာင္ျမင္ခဲ့ရင္ ဘိုင္ယန္ျမဴးနစ္တိုက္စစ္မႉးလီဝန္ေဒါစကီးကို ေပါင္သန္း(၅၀)နဲ႔ႀကိဳးပမ္းသြားဖို႔ရွိေနသလို စပါးအသင္းနဲ႔လမ္းခြဲဖို႔ရွိေနတဲ့အဂၤလန္လက္ေ႐ြးစင္တိုက္စစ္မႉး ဟယ္ရီကိန္းကိုလည္း ပစ္မွတ္ထားေနတယ္လို႔ သတင္းေတြထြက္ေပၚေနပါတယ္။