ပေါ့ဘာ ၊ ဖာနန်ဒက်စ် ၊ မာရှယ် နှင့် ဗန်ဒီဘိခ်တို့ ပြန်လာမယ့်ရက်ကို ယူနိုက်တက်အတည်ပြု 

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပထမဆုံး ရာသီကြိုပွဲစဥ်မှာ ဒါဘီကောင်တီ အသင်းကို ( ၂-၁ ) အနိုင်ရခဲ့ပေမယ့် နိုင်ငံလက်ရွေးစင်အသင်‌းတွေမှာ ပါဝင်ယှဥ်ပြိုင်ခဲ့တဲ့ အဓိက အများစုကတော့ အဆိုပါပွဲစဥ်ကို လွဲချော်ခဲ့ပါတယ်။

ဘရူနို ဖာနန်ဒက်စ် နှင့် ‌ေပါလ် ပေါ့ဘာတို့က လာမယ့် အပတ်အတွင်းမှာ ယူနိုက်တက်နဲ့ လာရောက်ပူးပေါင်းဖို့ မရှိကြောင်း သိရပါတယ်။

ဖာနန်ဒက်စ် နှင့် ပေါ့ဘာတို့ ( ၂ ) ဦးစလုံးကဟာ လွန်ခဲ့တဲ့ ( ၃ ) ပတ်ကျော်က ယူရို ( ၂၀၂၀ ) ပြိုင်ပွဲ ( ၁၆) သင်းအဆင့်ပွဲစဥ်တွေမှာ ပေါ်တူဂီ ၊ ပြင်သစ်လက်ရွေးစင်အသင်းတွေနဲ့အတူ ရှုံးပွဲကိုယ်စီကြုံတွေ့ခဲ့ပါတယ်။

ပေါ့ဘာက လက်ရှိ ဖလော်ရီဒါမှာ အားလပ်ရက် အပန်းဖြေနေပြီး ဖာနန်ဒက်စ်ကတော့ ပေါ်တူဂီနိုင်ငံမှာပဲ မိသားစုနဲ့အတူ ရှိနေပါတယ်။

ယူနိုက်တက်က နောက်ထပ်ခြေစွမ်းပွဲစဥ်အဖြစ် ကျူပီအာ အသင်းကို စနေနေ့မှာ အဝေးကွင်း သွားရောက်ယှဥ်ပြိုင်ဖို့ ရှိနေပါတယ်။

ရာသီကြိုလေ့ကျင့်ရေးအစီအစဥ် ပထမ ( ၂ ) ပတ်ကို လွဲချော်ခဲ့တဲ့ အန်သိုနီ မာရှယ် နှင့် ဒွန်နီ ဗန်ဒီဘိခ်တို့က ယခုအပတ်အတွင်း အသင်းနဲ့ လာရောက်ပူးပေါင်းမယ်လို့ သိရပါတယ်။

မာရှယ်ဟာ မတ်လ ( ၂၈ ) ရက်နေ့က ပြင်သစ်အသင်းအတွက် ကစားပေးစဥ် ဒူးဒဏ်ရာရှိခဲ့ပြီးနောက်ပိုင်း ပွဲကစားနိုင်ခြင်းမရှိသေးပါဘူး။
ဗန်ဒီဘိခ်ကလည်း ဒဏ်ရာပြဿနာကြောင့် နယ်သာလန်လက်ရွေးစင်အသင်းကနေ နှုတ်ထွက်ခဲ့ပြီး ယူရိုပြိုင်ပွဲနဲ့ လွဲချော်ခဲ့ပါတယ်။

ဆိုးရှားက မာရှယ် ၊ ဗန်ဒီဘိ တို့နဲ့ ပတ်သက်ပြီး “ သူတို့က အဆင်သင့်မဖြစ်သေးပါဘူး ။
လာမယ့် တနင်္လာနေ့မှာ ကျွန်‌ေတာ်တို့နဲ့အတူ ရာနှုန်းပြည့် လာရောက်ပူးပေါင်း လေ့ကျင့်ဖွယ်ရှိပါတယ်။”လို့ ပြောခဲ့ပါတယ်။

“ ဖာနန်ဒက်စ် နှင့် ပေါ့ဘာ လား ? သူတို့က ‌ေနာက်အပတ်ထဲမှာ လာရောက်ပူးပေါင်းဖို့မရှိပါဘူး။ လာမယ့် အပတ်ပြီး နောက်တစ်ပတ်ပေါ့ ”

ဗန်ဒီဘိ ၊ မာရှယ် ၊ ဖာနန်ဒက်စ် နှင့် ပေါ့ဘာတို့က ဇူလိုင်လ (၂၈ ) ရက် အိုးထရတ်ဖို့ဒ်မှာ ကစားမယ့် ဘရက်ဖို့ဒ်နဲ့ ခြေစမ်းပွဲစဥ်ကိုလည်း ဆက်လက်လွဲချော်ဖို့ ရှိပြီး ဇူလိုင်လ ( ၃၁ ) ရက်နေ့ ပရက်စ်တန် နဲ့ ပွဲစဥ်မှာ စတင်ပါဝင်လာဖွယ်ရှိပါတယ်။

Zawgyi

ေပါ့ဘာ ၊ ဖာနန္ဒက္စ္ ၊ မာရွယ္ ႏွင့္ ဗန္ဒီဘိခ္တို႔ ျပန္လာမယ့္ရက္ကို ယူႏိုက္တက္အတည္ျပဳ ။

မန္ခ်က္စတာ ယူႏိုက္တက္အသင္းဟာ ပထမဆုံး ရာသီႀကိဳပြဲစဥ္မွာ ဒါဘီေကာင္တီ အသင္းကို ( ၂-၁ ) အႏိုင္ရခဲ့ေပမယ့္ ႏိုင္ငံလက္ေ႐ြးစင္အသင္‌းေတြမွာ ပါဝင္ယွဥ္ၿပိဳင္ခဲ့တဲ့ အဓိက အမ်ားစုကေတာ့ အဆိုပါပြဲစဥ္ကို လြဲေခ်ာ္ခဲ့ပါတယ္။

ဘ႐ူႏို ဖာနန္ဒက္စ္ ႏွင့္ ‌ေပါလ္ ေပါ့ဘာတို႔က လာမယ့္ အပတ္အတြင္းမွာ ယူႏိုက္တက္နဲ႔ လာေရာက္ပူးေပါင္းဖို႔ မရွိေၾကာင္း သိရပါတယ္။

ဖာနန္ဒက္စ္ ႏွင့္ ေပါ့ဘာတို႔ ( ၂ ) ဦးစလုံးကဟာ လြန္ခဲ့တဲ့ ( ၃ ) ပတ္ေက်ာ္က ယူ႐ို ( ၂၀၂၀ ) ၿပိဳင္ပြဲ ( ၁၆) သင္းအဆင့္ပြဲစဥ္ေတြမွာ ေပၚတူဂီ ၊ ျပင္သစ္လက္ေ႐ြးစင္အသင္းေတြနဲ႔အတူ ရႈံးပြဲကိုယ္စီႀကဳံေတြ႕ခဲ့ပါတယ္။
ေပါ့ဘာက လက္ရွိ ဖေလာ္ရီဒါမွာ အားလပ္ရက္ အပန္းေျဖေနၿပီး ဖာနန္ဒက္စ္ကေတာ့ ေပၚတူဂီႏိုင္ငံမွာပဲ မိသားစုနဲ႔အတူ ရွိေနပါတယ္။

ယူႏိုက္တက္က ေနာက္ထပ္ေျခစြမ္းပြဲစဥ္အျဖစ္ က်ဴပီအာ အသင္းကို စေနေန႔မွာ အေဝးကြင္း သြားေရာက္ယွဥ္ၿပိဳင္ဖို႔ ရွိေနပါတယ္။

ရာသီႀကိဳေလ့က်င့္ေရးအစီအစဥ္ ပထမ ( ၂ ) ပတ္ကို လြဲေခ်ာ္ခဲ့တဲ့ အန္သိုနီ မာရွယ္ ႏွင့္ ဒြန္နီ ဗန္ဒီဘိခ္တို႔က ယခုအပတ္အတြင္း အသင္းနဲ႔ လာေရာက္ပူးေပါင္းမယ္လို႔ သိရပါတယ္။

မာရွယ္ဟာ မတ္လ ( ၂၈ ) ရက္ေန႔က ျပင္သစ္အသင္းအတြက္ ကစားေပးစဥ္ ဒူးဒဏ္ရာရွိခဲ့ၿပီးေနာက္ပိုင္း ပြဲကစားႏိုင္ျခင္းမရွိေသးပါဘူး။
ဗန္ဒီဘိခ္ကလည္း ဒဏ္ရာျပႆနာေၾကာင့္ နယ္သာလန္လက္ေ႐ြးစင္အသင္းကေန ႏႈတ္ထြက္ခဲ့ၿပီး ယူ႐ိုၿပိဳင္ပြဲနဲ႔ လြဲေခ်ာ္ခဲ့ပါတယ္။

ဆိုးရွားက မာရွယ္ ၊ ဗန္ဒီဘိ တို႔နဲ႔ ပတ္သက္ၿပီး “ သူတို႔က အဆင္သင့္မျဖစ္ေသးပါဘူး ။
လာမယ့္ တနလၤာေန႔မွာ ကြၽန္‌ေတာ္တို႔နဲ႔အတူ ရာႏႈန္းျပည့္ လာေရာက္ပူးေပါင္း ေလ့က်င့္ဖြယ္ရွိပါတယ္။”လို႔ ေျပာခဲ့ပါတယ္။

“ ဖာနန္ဒက္စ္ ႏွင့္ ေပါ့ဘာ လား ? သူတို႔က ‌ေနာက္အပတ္ထဲမွာ လာေရာက္ပူးေပါင္းဖို႔မရွိပါဘူး။ လာမယ့္ အပတ္ၿပီး ေနာက္တစ္ပတ္ေပါ့ ”

ဗန္ဒီဘိ ၊ မာရွယ္ ၊ ဖာနန္ဒက္စ္ ႏွင့္ ေပါ့ဘာတို႔က ဇူလိုင္လ (၂၈ ) ရက္ အိုးထရတ္ဖို႔ဒ္မွာ ကစားမယ့္ ဘရက္ဖို႔ဒ္နဲ႔ ေျခစမ္းပြဲစဥ္ကိုလည္း ဆက္လက္လြဲေခ်ာ္ဖို႔ ရွိၿပီး ဇူလိုင္လ ( ၃၁ ) ရက္ေန႔ ပရက္စ္တန္ နဲ႔ ပြဲစဥ္မွာ စတင္ပါဝင္လာဖြယ္ရွိပါတယ္။