ပရီးမီးယားလိဂ်အသင်းကြီးတွေရဲ့ နောက်ဆုံးရအပြောင်းအရွှေ့သတင်းများ

မန်ယူ

ပြင်သစ်နောက်ခံလူ ဗာရန်း အတွက် ပြောင်းရွှေ့ကြေးဆွေးနွေးမှုဟာ သဘောတူညီမှုရခဲ့ပြီလို့ သတင်းတွေထွက်ပေါ်လာပါတယ်။ ဗာရန်း နဲ့ မန်ယူကတော့ ပြီးခဲ့တဲ့အပတ်ထဲက ပုဂ္ဂိုလ်ရေးအရအလုံးစုံသဘောတူညီမှုရထားပြီးသားပါ။ ဗာရန်း ဟာ မန်ယူအသင်းမှာ တနှစ်ကို လစာ ယူရို ၁၀ သန်းရမယ်လို့ သိရပါတယ်။

လင်ဂတ် အတွက် ကမ်းလှမ်းမှုတွေကို မန်ယူအသင်းက ခဏဆိုင်းငံ့ထားပါတယ်။ ဒါဘီ နဲ့ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ လင်ဂတ် ဟာ မန်ယူအသင်းရဲ့ စီမံကိန်းမှာ ပါဝင်နေဆဲဖြစ်တဲ့ ကစားသမားလို့ ဆိုးလ်ရှား က ပွဲအပြီးမှာပြောခဲ့ပါတယ်။ မန်ယူအသင်းကဖက်ကတော့ လင်ဂတ်ကို စာချုပ်သစ်ချုပ်ဆိုဖို့အသင့်ရှိနေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ စာချုပ်ချုပ်ဖြစ်ဖို့ကတော့ ပုံမှန်ပွဲထွက်ခွင့်ရဖို့တောင်းဆိုထားတဲ့ လင်ဂတ် အပေါ်မှာသာ မူတည်ပါတယ်။

မန်ယူအသင်းဟာ အင်္ဂလန်နောက်ခံလူ ထရစ်ပီယာ ကို ခေါ်ယူဖို့စိတ်ဝင်စားနေဆဲဖြစ်ပြီး အက်သလက်တီကိုအသင်းကို ပြောင်းရွှေ့ကြေး လျှော့ချပေးဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။ ထရစ်ပီယာ ကတော့ အင်္ဂလန်ကိုပြန်လာဖို့ စိတ်အားထက်သန်နေပြီး မန်ယူအသင်းဟာ သူ့ရဲ့ဦးစားပေးအသင်းဖြစ်တယ်လို့ သိရပါတယ်။

ထရစ်ပီယာ ကိုခေါ်ယူဖို့အဆင်မပြေခဲ့ရင် နာပိုလီ နောက်ခံလူ ဒီလော်ရန်ဇို ကို အစားထိုးခေါ်ယူသွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ယူရို ၂၀၂၀ ချန်ပီယံ ဒီလော်ရန်ဇို ဟာ မကြာခင်ကမှ နာပိုလီ နဲ့ စာချုပ်သစ်ချုပ်ဆိုခဲ့တာကြောင့် မန်ယူအနေနဲ့ ပြောင်းရွှေ့ကြေး တော်တော်များများအသုံးပြုရဖွယ်ရှိနေပါတယ်။

ရန်းစ် အသင်းရဲ့ လူငယ်ကစားသမား ကာမာဗင်ဂါ ကို ခေါ်ယူဖို့စောင့်ကြည့်နေပေမဲ့ တရားဝင်ကမ်းလှမ်းမှုတခုမှတော့ မပြုလုပ်ရသေးပါဘူး။

မန်ယူ က နောက်ခံလူတွေဖြစ်တဲ့ အဲလက်စ် တဲလက်စ် ကို ရိုးမားက အဌားနဲ့ခေါ်ယူဖို့ ကမ်းလှမ်းမှုကို ပယ်ချခဲ့သလို ဘရန်ဒန် ဝီလျံ ကို ဆောက်သမ်တန်သို့ အဌားချမဲ့ အစီအစဉ်ကိုလည်း ဖျက်သိမ်းဖို့ရှိနေတယ်လို့ သိရပါတယ်။

မနှစ်ကရာသီက အေစီမီလန်အသင်းကို အဌားသွားရောက်ကစားခဲ့ပြီး ခြေစွမ်းပြသနိုင်ခဲ့တဲ့ ပေါ်တူဂီနောက်ခံလူ ဒါးလော့တ် ကို ရီးရဲလ် က ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

ချဲလ်ဆီး

ချဲလ်ဆီး က မန်ယူဆီကနေ ဗာရန်း ကို ဖြတ်ခုတ်ဖို့ ရုတ်တရက်ကြိုးစားနေတယ်လို့ သတင်းတွေထွက်ပေါ်လာပါတယ်။ ဘိုင်ယန်အသင်းက အလိုရှိနေတဲ့ လူငယ်ကစားသမား အိုဒွိုင်း ကို ဘိုင်ယန်တောင်ပံကစားသမား ကိုးမန်း နဲ့ အလှဲအထပ်လုပ်ဖို့ ရှိနေပါတယ်။ ဒါ့အပြင် ဘိုင်ယန်တိုက်စစ်မှူး လီဝန်ဒေါစကီး ကို ခေါ်ယူမယ့်အစီအစဉ်ကို လက်မလျှော့သေးပဲ ပေါင်သန်း ၅၀ နဲ့ထပ်မံကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။

မန်စီးတီး

မန်စီးတီး က ဗီလာတောင်ပံကစားသမား ဂျက်ဂရီးလစ်ရှ် ကို ပေါင်သန်း ၁၀၀ နဲ့ ပထမဆုံးအကြိမ်အဖြစ် ကမ်းလှမ်းခဲ့တယ်လို့သိရပါတယ်။ ဗီလာအသင်းက ရောင်းချဖို့စိတ်ကူးမရှိပေမဲ့ အပြောင်းအရွှေ့ကတော့ ဂရီးလစ်ရှ် အပေါ်မှာသာမူတည်ပါတယ်။ စပါးတိုက်စစ်မှူး ဟယ်ရီကိန်း ကိုလည်း ပေါင်သန်း ၁၀၀ နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။ အပြောင်းအရွှေ့စရိတ်ကာမိအောင် ဘရာဇီးလ် တိုက်စစ်မှူး ဂျေးဇူး နဲ့ စတာလင် တို့ကို ပြန်လည်ရောင်းချသွားဖို့ အရောင်းစာရင်းတင်ထားတယ်လို့ သိရပါတယ်။

လီဗာပူးလ်

အက်သလက်တီကို ကွင်းလယ်လူ ဆာအူလ် ကို ခေါ်ယူဖို့ စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ ဆာအူလ် နဲ့ ဂရီးဇ်မန်း တို့ကို တိုက်ရိုက်လဲလှယ်ဖို့ တီကို နဲ့ ဘာစီလိုနာ တို့ရဲ့ ဆွေးနေနေမှု အဆင်မပြေပါက ဆာအူလ် ကို ကမ်းလှမ်းသွားဖို့ အသင့်ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

အာဆင်နယ်

အန်ဒါလက်ချ် ကွင်းလယ်လူ လိုကွန်ဂါ ကို ခေါ်ယူဖို့သဘောတူညီမှုရခဲ့ပြီး တရားဝင်ကြေညာဖို့သာ ကျန်တော့တယ်လို့ သိရပါတယ်။ ဘရိုက်တန် နောက်ခံလူ ဘန်ဝှိုက် ကိုလည်း ပေါင်သန်း ၅၀ နဲ့ခေါ်ယူဖို့ သဘောတူညီမှုရခဲ့ပြီလို့ သတင်းမီဒီယာတွေက အကျယ်တဝင့်ဖော်ပြနေကြပါတယ်။ လူငယ်တိုက်စစ်မှူး ဝီလော့ခ် ကို နယူးကာဆယ်က ခေါ်ယူဖို့ကြိုးစားနေပေမဲ့ အာဆင်နယ် က လက်လွှတ်ဖို့မရှိဘူးလို့ သိရပါတယ်။

zawgyi

ပရီးမီးယားလိဂ္အသင္းႀကီးေတြရဲ႕ ေနာက္ဆုံးရအေျပာင္းအေ႐ႊ႕သတင္းမ်ား

မန္ယူ

ျပင္သစ္ေနာက္ခံလူ ဗာရန္း အတြက္ ေျပာင္းေ႐ႊ႕ေၾကးေဆြးေႏြးမႈဟာ သေဘာတူညီမႈရခဲ့ၿပီလို႔ သတင္းေတြထြက္ေပၚလာပါတယ္။ ဗာရန္း နဲ႔ မန္ယူကေတာ့ ၿပီးခဲ့တဲ့အပတ္ထဲက ပုဂၢိဳလ္ေရးအရအလုံးစုံသေဘာတူညီမႈရထားၿပီးသားပါ။ ဗာရန္း ဟာ မန္ယူအသင္းမွာ တႏွစ္ကို လစာ ယူ႐ို ၁၀ သန္းရမယ္လို႔ သိရပါတယ္။

လင္ဂတ္ အတြက္ ကမ္းလွမ္းမႈေတြကို မန္ယူအသင္းက ခဏဆိုင္းငံ့ထားပါတယ္။ ဒါဘီ နဲ႔ပြဲမွာ ေျခစြမ္းျပခဲ့တဲ့ လင္ဂတ္ ဟာ မန္ယူအသင္းရဲ႕ စီမံကိန္းမွာ ပါဝင္ေနဆဲျဖစ္တဲ့ ကစားသမားလို႔ ဆိုးလ္ရွား က ပြဲအၿပီးမွာေျပာခဲ့ပါတယ္။ မန္ယူအသင္းကဖက္ကေတာ့ လင္ဂတ္ကို စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔အသင့္ရွိေနတယ္လို႔ သိရပါတယ္။ ဒါေပမဲ့ စာခ်ဳပ္ခ်ဳပ္ျဖစ္ဖို႔ကေတာ့ ပုံမွန္ပြဲထြက္ခြင့္ရဖို႔ေတာင္းဆိုထားတဲ့ လင္ဂတ္ အေပၚမွာသာ မူတည္ပါတယ္။

မန္ယူအသင္းဟာ အဂၤလန္ေနာက္ခံလူ ထရစ္ပီယာ ကို ေခၚယူဖို႔စိတ္ဝင္စားေနဆဲျဖစ္ၿပီး အက္သလက္တီကိုအသင္းကို ေျပာင္းေ႐ႊ႕ေၾကး ေလွ်ာ့ခ်ေပးဖို႔ ေတာင္းဆိုထားတယ္လို႔ သိရပါတယ္။ ထရစ္ပီယာ ကေတာ့ အဂၤလန္ကိုျပန္လာဖို႔ စိတ္အားထက္သန္ေနၿပီး မန္ယူအသင္းဟာ သူ႔ရဲ႕ဦးစားေပးအသင္းျဖစ္တယ္လို႔ သိရပါတယ္။

ထရစ္ပီယာ ကိုေခၚယူဖို႔အဆင္မေျပခဲ့ရင္ နာပိုလီ ေနာက္ခံလူ ဒီေလာ္ရန္ဇို ကို အစားထိုးေခၚယူသြားဖို႔ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။ ယူ႐ို ၂၀၂၀ ခ်န္ပီယံ ဒီေလာ္ရန္ဇို ဟာ မၾကာခင္ကမွ နာပိုလီ နဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆိုခဲ့တာေၾကာင့္ မန္ယူအေနနဲ႔ ေျပာင္းေ႐ႊ႕ေၾကး ေတာ္ေတာ္မ်ားမ်ားအသုံးျပဳရဖြယ္ရွိေနပါတယ္။

ရန္းစ္ အသင္းရဲ႕ လူငယ္ကစားသမား ကာမာဗင္ဂါ ကို ေခၚယူဖို႔ေစာင့္ၾကည့္ေနေပမဲ့ တရားဝင္ကမ္းလွမ္းမႈတခုမွေတာ့ မျပဳလုပ္ရေသးပါဘူး။

မန္ယူ က ေနာက္ခံလူေတြျဖစ္တဲ့ အဲလက္စ္ တဲလက္စ္ ကို ႐ိုးမားက အဌားနဲ႔ေခၚယူဖို႔ ကမ္းလွမ္းမႈကို ပယ္ခ်ခဲ့သလို ဘရန္ဒန္ ဝီလ်ံ ကို ေဆာက္သမ္တန္သို႔ အဌားခ်မဲ့ အစီအစဥ္ကိုလည္း ဖ်က္သိမ္းဖို႔ရွိေနတယ္လို႔ သိရပါတယ္။

မႏွစ္ကရာသီက ေအစီမီလန္အသင္းကို အဌားသြားေရာက္ကစားခဲ့ၿပီး ေျခစြမ္းျပသႏိုင္ခဲ့တဲ့ ေပၚတူဂီေနာက္ခံလူ ဒါးေလာ့တ္ ကို ရီးရဲလ္ က ေခၚယူဖို႔ စိတ္ဝင္စားေနပါတယ္။

ခ်ဲလ္ဆီး

ခ်ဲလ္ဆီး က မန္ယူဆီကေန ဗာရန္း ကို ျဖတ္ခုတ္ဖို႔ ႐ုတ္တရက္ႀကိဳးစားေနတယ္လို႔ သတင္းေတြထြက္ေပၚလာပါတယ္။

ဘိုင္ယန္အသင္းက အလိုရွိေနတဲ့ လူငယ္ကစားသမား အိုဒြိဳင္း ကို ဘိုင္ယန္ေတာင္ပံကစားသမား ကိုးမန္း နဲ႔ အလွဲအထပ္လုပ္ဖို႔ ရွိေနပါတယ္။

ဒါ့အျပင္ ဘိုင္ယန္တိုက္စစ္မႉး လီဝန္ေဒါစကီး ကို ေခၚယူမယ့္အစီအစဥ္ကို လက္မေလွ်ာ့ေသးပဲ ေပါင္သန္း ၅၀ နဲ႔ထပ္မံကမ္းလွမ္းဖို႔ ျပင္ဆင္ေနပါတယ္။

မန္စီးတီး

မန္စီးတီး က ဗီလာေတာင္ပံကစားသမား ဂ်က္ဂရီးလစ္ရွ္ ကို ေပါင္သန္း ၁၀၀ နဲ႔ ပထမဆုံးအႀကိမ္အျဖစ္ ကမ္းလွမ္းခဲ့တယ္လို႔သိရပါတယ္။ ဗီလာအသင္းက ေရာင္းခ်ဖို႔စိတ္ကူးမရွိေပမဲ့ အေျပာင္းအေ႐ႊ႕ကေတာ့ ဂရီးလစ္ရွ္ အေပၚမွာသာမူတည္ပါတယ္။

စပါးတိုက္စစ္မႉး ဟယ္ရီကိန္း ကိုလည္း ေပါင္သန္း ၁၀၀ နဲ႔ ကမ္းလွမ္းဖို႔ ျပင္ဆင္ေနပါတယ္။

အေျပာင္းအေ႐ႊ႕စရိတ္ကာမိေအာင္ ဘရာဇီးလ္ တိုက္စစ္မႉး ေဂ်းဇူး နဲ႔ စတာလင္ တို႔ကို ျပန္လည္ေရာင္းခ်သြားဖို႔ အေရာင္းစာရင္းတင္ထားတယ္လို႔ သိရပါတယ္။

လီဗာပူးလ္

အက္သလက္တီကို ကြင္းလယ္လူ ဆာအူလ္ ကို ေခၚယူဖို႔ ေစာင့္ၾကည့္ေနတယ္လို႔ သိရပါတယ္။ ဆာအူလ္ နဲ႔ ဂရီးဇ္မန္း တို႔ကို တိုက္႐ိုက္လဲလွယ္ဖို႔ တီကို နဲ႔ ဘာစီလိုနာ တို႔ရဲ႕ ေဆြးေနေနမႈ အဆင္မေျပပါက ဆာအူလ္ ကို ကမ္းလွမ္းသြားဖို႔ အသင့္ျပင္ဆင္ထားတယ္လို႔ သိရပါတယ္။

အာဆင္နယ္

အန္ဒါလက္ခ်္ ကြင္းလယ္လူ လိုကြန္ဂါ ကို ေခၚယူဖို႔သေဘာတူညီမႈရခဲ့ၿပီး တရားဝင္ေၾကညာဖို႔သာ က်န္ေတာ့တယ္လို႔ သိရပါတယ္။

ဘ႐ိုက္တန္ ေနာက္ခံလူ ဘန္ဝႈိက္ ကိုလည္း ေပါင္သန္း ၅၀ နဲ႔ေခၚယူဖို႔ သေဘာတူညီမႈရခဲ့ၿပီလို႔ သတင္းမီဒီယာေတြက အက်ယ္တဝင့္ေဖာ္ျပေနၾကပါတယ္။

လူငယ္တိုက္စစ္မႉး ဝီေလာ့ခ္ ကို နယူးကာဆယ္က ေခၚယူဖို႔ႀကိဳးစားေနေပမဲ့ အာဆင္နယ္ က လက္လႊတ္ဖို႔မရွိဘူးလို႔ သိရပါတယ္။