ပယ်လစ်စထရီ က သူ့ကိုအဌားထပ်မချဖို့ ဆိုးလ်ရှားကို တောင်းဆို

မန်ယူအသင်းရဲ့ ၁၉ နှစ်အရွယ် ဥရုဂွေးတောင်ပံကစားသမားလေး ပယ်လစ်စထရီ ဟာ မနေ့ကကစားခဲ့တဲ့ ဒါဘီ အသင်းနဲ့ခြေစမ်းပွဲမှာ ခြေစွမ်းပြသနိုင်ခဲ့ပြီး အနိုင်ဂိုးတဂိုးသွင်းယူပေးခဲ့ပါတယ်။

ဒုတိယပိုင်းရောက်မှ လူစားဝင်ကစားခဲ့ရတာဆိုပေမဲ့ ပယ်လစ်စထရီ ဟာ ကွင်းထဲကို ရောက်ပြီး ၁၅ မိနစ်အကြာမှာပဲ ဂိုးသွင်းယူနိုင်ခဲ့တာပါ။

လူငယ်ကွင်းလယ်လူ ရှိုလာ ရှိုရီတိုင်ယာ အကွက်မြင်မြင်ပေးပို့လိုက်တဲ့ ဘောလုံးကို ဂိုးဧရိယာထဲမှာ အကောင်းဆုံးလက်ခံကာ ဂိုးသမားကိုပါ လိမ်ခေါက်ပြီး ပယ်လစ်စထရီ က လှလှပပ သွင်းယူခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ ပယ်လစ်စထရီ က လာမယ့်ရာသီမှာ သူ့ကိုအဌားထပ်မချတော့ဖို့ နည်းပြ ဆိုးလ်ရှားကို အခုလိုတောင်းဆိုခဲ့ပါတယ်။

“ မနှစ်တုန်းက အလာဗက်စ်အသင်းကို ကျွန်တော် အဌားနဲ့ သွားကစားခဲ့ရတယ်။
အကောင်းဆုံးလုပ်နိုင်ခဲ့တယ်လို့ ကျွန်တော်ခံစားရပါတယ်။

လက်ရှိအချိန်မှာတော့ ကျွန်တော် အကောင်းဆုံးကြိုးစားနေပြီး မန်ယူအသင်းမှာပဲ နေရာရဖို့ တိုက်ပွဲဝင်ချင်ပါတယ်။
အလုပ်တွေကို ကြိုးစားလုပ်ဆောင်နေသလို တနေ့တခြားလည်း တိုးတက်လာပါပြီ “

“ လက်ရှိ မန်ယူအသင်းမှာ ခြေစွမ်းကောင်းတဲ့ လူငယ်ကစားသမားတွေအများကြီးရှိပါတယ်။
အကုန်လုံးက တိုးတက်ဖို့အတွက် အမြဲအလိုရှိနေတာပါ။
ဒါကြောင့် လေ့ကျင့်ခန်းအစီအစဉ်တွေက အရမ်းပြင်းထန်ပါတယ်။

ဒါပေမဲ့ အဲ့လိုမျိုး ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေလုပ်ရတာကို ကျွန်တော်ပျော်ပါတယ်။
လူငယ်ကစားသမားတိုင်းကတော့ အသင်းကြီးမှာနေရာတနေရာရဖို့အတွက် အကောင်းဆုံးကြိုးစားနေကြပါတယ် “ လို့ ပွဲအပြီး အင်တာဗျူးမှာ ပယ်လစ်စထရီ က မန်ယူအသင်းရဲ့ တီဗီချန်နယ် MUTV ကို ပြောခဲ့ပါတယ်။

မန်ယူအသင်းဟာ ပြီးခဲ့တဲ့ရာသီကမှ ပယ်လစ်စထရီ ကို ပေါင် ၉ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။
ခေါ်ယူပြီး မကြာခင်မှာပဲ အတွေ့အကြုံရအောင် စပိန်ကလပ် အလာဗက်စ်အသင်းဆီသို့ ပယ်လစ်စထရီ ကို တရာသီအဌားချခဲ့ပါတယ်။

လာမယ့်ရာသီမှာလည်း နည်းပြ ဆိုးလ်ရှား က ပယ်လစ်စထရီ ကို ထပ်မံအဌားချဖို့ ရည်ရွယ်ထားတာတယ်လို့ သိရပါတယ်။
ဒါပေမဲ့ ဒါဘီနဲ့ပွဲက ပယ်လစ်စထရီ ရဲ့ခြေစွမ်းဟာ အဌားချမယ့် ဆိုးလ်ရှားရဲ့ ဆုံးဖြတ်ချက်ကို ပြန်စဉ်းစားစေမှာ သေချာပါတယ်။

တောင်ပံကစားသမား ရပ်ရှ်ဖို့ဒ် ကလည်း ဒဏ်ရာကြောင့် ရာသီအစပွဲစဉ်တွေကို လွဲချော်မှာဖြစ်တဲ့အတွက် သူ့ရဲ့နေရာကို ပယ်လစ်စထရီ နဲ့ အစားထိုးလို့ရနိုင်ပါတယ်။


သူ့ရဲ့ဆန္ဒအတိုင်းတကယ်ဖြစ်လာဖို့အတွက် ပယ်လစ်စထရီ အနေနဲ့ နောက်လာမယ့် ရာသီကြိုခြေစမ်းပွဲတွေမှာ နည်းပြဆိုးလ်ရှား သဘောကျလောက်မယ့် ခြေစွမ်းမျိုး ထပ်မံပြသနိုင်ဖို့တော့ လိုပါတယ်။

Zawgyi

ပယ္လစ္စထရီ က သူ႔ကိုအဌားထပ္မခ်ဖို႔ ဆိုးလ္ရွားကို ေတာင္းဆို

မန္ယူအသင္းရဲ႕ ၁၉ ႏွစ္အ႐ြယ္ ဥ႐ုေဂြးေတာင္ပံကစားသမားေလး ပယ္လစ္စထရီ ဟာ မေန႔ကကစားခဲ့တဲ့ ဒါဘီ အသင္းနဲ႔ေျခစမ္းပြဲမွာ ေျခစြမ္းျပသႏိုင္ခဲ့ၿပီး အႏိုင္ဂိုးတဂိုးသြင္းယူေပးခဲ့ပါတယ္။

ဒုတိယပိုင္းေရာက္မွ လူစားဝင္ကစားခဲ့ရတာဆိုေပမဲ့ ပယ္လစ္စထရီ ဟာ ကြင္းထဲကို ေရာက္ၿပီး ၁၅ မိနစ္အၾကာမွာပဲ ဂိုးသြင္းယူႏိုင္ခဲ့တာပါ။

လူငယ္ကြင္းလယ္လူ ရႈိလာ ရႈိရီတိုင္ယာ အကြက္ျမင္ျမင္ေပးပို႔လိုက္တဲ့ ေဘာလုံးကို ဂိုးဧရိယာထဲမွာ အေကာင္းဆုံးလက္ခံကာ ဂိုးသမားကိုပါ လိမ္ေခါက္ၿပီး ပယ္လစ္စထရီ က လွလွပပ သြင္းယူခဲ့တာျဖစ္ပါတယ္။

ပြဲအၿပီးမွာေတာ့ ပယ္လစ္စထရီ က လာမယ့္ရာသီမွာ သူ႔ကိုအဌားထပ္မခ်ေတာ့ဖို႔ နည္းျပ ဆိုးလ္ရွားကို အခုလိုေတာင္းဆိုခဲ့ပါတယ္။

“ မႏွစ္တုန္းက အလာဗက္စ္အသင္းကို ကြၽန္ေတာ္ အဌားနဲ႔ သြားကစားခဲ့ရတယ္။
အေကာင္းဆုံးလုပ္ႏိုင္ခဲ့တယ္လို႔ ကြၽန္ေတာ္ခံစားရပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ ကြၽန္ေတာ္ အေကာင္းဆုံးႀကိဳးစားေနၿပီး မန္ယူအသင္းမွာပဲ ေနရာရဖို႔ တိုက္ပြဲဝင္ခ်င္ပါတယ္။
အလုပ္ေတြကို ႀကိဳးစားလုပ္ေဆာင္ေနသလို တေန႔တျခားလည္း တိုးတက္လာပါၿပီ “

“ လက္ရွိ မန္ယူအသင္းမွာ ေျခစြမ္းေကာင္းတဲ့ လူငယ္ကစားသမားေတြအမ်ားႀကီးရွိပါတယ္။

အကုန္လုံးက တိုးတက္ဖို႔အတြက္ အၿမဲအလိုရွိေနတာပါ။
ဒါေၾကာင့္ ေလ့က်င့္ခန္းအစီအစဥ္ေတြက အရမ္းျပင္းထန္ပါတယ္။

ဒါေပမဲ့ အဲ့လိုမ်ိဳး ျပင္းထန္တဲ့ ေလ့က်င့္ခန္းေတြလုပ္ရတာကို ကြၽန္ေတာ္ေပ်ာ္ပါတယ္။
လူငယ္ကစားသမားတိုင္းကေတာ့ အသင္းႀကီးမွာေနရာတေနရာရဖို႔အတြက္ အေကာင္းဆုံးႀကိဳးစားေနၾကပါတယ္ “ လို႔ ပြဲအၿပီး အင္တာဗ်ဴးမွာ ပယ္လစ္စထရီ က မန္ယူအသင္းရဲ႕ တီဗီခ်န္နယ္ MUTV ကို ေျပာခဲ့ပါတယ္။

မန္ယူအသင္းဟာ ၿပီးခဲ့တဲ့ရာသီကမွ ပယ္လစ္စထရီ ကို ေပါင္ ၉ သန္းနဲ႔ ေခၚယူခဲ့တာျဖစ္ပါတယ္။
ေခၚယူၿပီး မၾကာခင္မွာပဲ အေတြ႕အႀကဳံရေအာင္ စပိန္ကလပ္ အလာဗက္စ္အသင္းဆီသို႔ ပယ္လစ္စထရီ ကို တရာသီအဌားခ်ခဲ့ပါတယ္။

လာမယ့္ရာသီမွာလည္း နည္းျပ ဆိုးလ္ရွား က ပယ္လစ္စထရီ ကို ထပ္မံအဌားခ်ဖို႔ ရည္႐ြယ္ထားတာတယ္လို႔ သိရပါတယ္။

ဒါေပမဲ့ ဒါဘီနဲ႔ပြဲက ပယ္လစ္စထရီ ရဲ႕ေျခစြမ္းဟာ အဌားခ်မယ့္ ဆိုးလ္ရွားရဲ႕ ဆုံးျဖတ္ခ်က္ကို ျပန္စဥ္းစားေစမွာ ေသခ်ာပါတယ္။

ေတာင္ပံကစားသမား ရပ္ရွ္ဖို႔ဒ္ ကလည္း ဒဏ္ရာေၾကာင့္ ရာသီအစပြဲစဥ္ေတြကို လြဲေခ်ာ္မွာျဖစ္တဲ့အတြက္ သူ႔ရဲ႕ေနရာကို ပယ္လစ္စထရီ နဲ႔ အစားထိုးလို႔ရႏိုင္ပါတယ္။
သူ႔ရဲ႕ဆႏၵအတိုင္းတကယ္ျဖစ္လာဖို႔အတြက္ ပယ္လစ္စထရီ အေနနဲ႔ ေနာက္လာမယ့္ ရာသီႀကိဳေျခစမ္းပြဲေတြမွာ နည္းျပဆိုးလ္ရွား သေဘာက်ေလာက္မယ့္ ေျခစြမ္းမ်ိဳး ထပ္မံျပသႏိုင္ဖို႔ေတာ့ လိုပါတယ္။