Instagram မှာ Like အများဆုံးစံချိန် စီရော်နယ်လ်ဒိုကို မက်ဆီ ကျော်ဖြတ်

အာဂျင်တီးနားနာမည်ကျော်ကစားသမား မက်ဆီဟာ သူ့ရဲ့အဓိကပြိုင်ဘက်ဖြစ်သူ စီရော်နယ်လ်ဒိုတင်ရှိထားတဲ့ Instagram မှာ ဓာတ်ပုံတစ်ပုံကို Like အများဆုံးရရှိတဲ့စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။

မက်ဆီဟာ မကြာသေးခင်က အာဂျင်တီးနားအသင်းနဲ့အတူ ၂၀၂၁ ကိုပါအမေရိကဖလားဆွတ်ခူးခဲ့ပြီး အဲဒီဆုဖလားနဲ့ရိုက်ထားတဲ့ဓာတ်ပုံနဲ့အတူ “ရူးလောက်စရာကောင်းတဲ့ အောင်မြင်မှုဖြစ်ပြီး တကယ့်ကို မယုံကြည်နိုင်လောက်အောင်ပါပဲ။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့အသင်း ချန်ပီယံဖြစ်ခဲ့ပါပြီ”လို့ စာရေးသား Post တင်ခဲ့ပြီး အဲဒီ Post ကို Instagram မှာ Like လုပ်တဲ့သူအရေအတွက်က သန်း(၂၀)ကျော်၊ Comments ပေါင်း (၅)သိန်းအကျော်အထိရှိခဲ့တာကြောင့် အားကစားသမားတွေထဲမှာ Post တစ်ခုတည်းကို Like အများဆုံးရခဲ့သူအဖြစ် စံချိန်တင်နိုင်ခဲ့တာပါ။

စီရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့နှစ်အတွင်း ကွယ်လွန်ခဲ့တဲ့ အာဂျင်တီးနားဂန္ထဝင်ကစားသမားမာရာဒိုနာအတွက် ဝမ်းနည်းကြောင်းစကားကို မာရာဒိုနာအတူတွဲရိုက်ထားတဲ့ပုံနဲ့ Post တင်ခဲ့ပြီး Like လုပ်တဲ့သူအရေအတွက်က (၁၉.၉)သန်းအထိရှိခဲ့တာကြောင့် Instagram မှာ စံချိန်တင်ခဲ့တာဖြစ်ပါတယ်။

အဲဒီအချိန်က မက်ဆီဟာလည်း မာရာဒိုနာနဲ့အတူတွဲရိုက်ထားတဲ့ပုံကို Post တင်ခဲ့ပြီး Like လုပ်သူ (၁၆.၅)သန်းသာရှိခဲ့လို့ စီရော်နယ်လ်ဒိုထက် ပိုနည်းခဲ့ပါတယ်။အခုအချိန်မှာတော့ မက်ဆီဟာ စီရော်နယ်လ်ဒိုရဲ့စံချိန်ကို Like (၁)သန်းကျော်နဲ့ ကျော်ဖြတ်နိုင်ခဲ့သလို Instagram ရဲ့ Like အများဆုံးရရှိခဲ့တဲ့စာရင်းမှာ အဆင့်(၆)နေရာချိတ်ခဲ့ပါတယ်။

စီရော်နယ်လ်ဒိုနဲ့ မက်ဆီကလွဲပြီး ကျန်တဲ့အားကစားသမားတွေထဲမှာ Instagram ရဲ့ Like အများဆုံးထိပ်ဆုံးအယောက်(၂၀)စာရင်းအတွင်း တစ်ယောက်မှမပါဝင်ခဲ့ပါဘူး။ အာဂျင်တီးနားအသင်းဟာ ၁၉၉၃ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကိုပါအမေရိကဖလားဆွတ်ခူးခဲ့တာဖြစ်ပြီး (၂၈)နှစ်ကြာဆုဖလားလက်မဲ့ဖြစ်နေတဲ့ မှတ်တမ်းဆိုးကို ရပ်တန့်နိုင်ခဲ့သလို မက်ဆီကလည်း လက်ရွေးစင်ကစားသမားဘဝ (၁၆)နှစ်တာကာလအတွင်း ပထမဆုံးအကြိမ် အဓိကဆုဖလားတစ်ခုရယူနိုင်ခဲ့တာပဲဖြစ်ပါတယ်။

မက်ဆီနဲ့ စီရော်နယ်လ်ဒိုတို့ဟာ လက်ရွေးစင်အသင်းတွေနဲ့အတူ ကိုပါအမေရိက၊ ယူရိုပြိုင်ပွဲတွေဆင်နွှဲခဲ့ကြပြီး မက်ဆီက ချန်ပီယံဆုဖလားရယူနိုင်ခဲ့သလို စီရော်နယ်လ်ဒိုကတော့ ယူရို-၂၀၂၀ ရှုံးထွက်အဆင့်ကနေ လှည့်ပြန်ခဲ့ရပေမယ့် သမိုင်းဝင်စံချိန်မှတ်တမ်းတွေ ရယူခဲ့တဲ့အပြင် သွင်းဂိုးအများဆုံးရွှေဖိနပ်ဆုဆွတ်ခူးခဲ့လို့ နှစ်ယောက်စလုံးအတွက် ကျေနပ်စရာကောင်းတဲ့အနေအထားလို့ပြောရမှာပါ။

zawgyi

Instagram မွာ Like အမ်ားဆုံးစံခ်ိန္ စီေရာ္နယ္လ္ဒိုကို မက္ဆီ ေက်ာ္ျဖတ္

အာဂ်င္တီးနားနာမည္ေက်ာ္ကစားသမား မက္ဆီဟာ သူ႔ရဲ႕အဓိကၿပိဳင္ဘက္ျဖစ္သူ စီေရာ္နယ္လ္ဒိုတင္ရွိထားတဲ့ Instagram မွာ ဓာတ္ပုံတစ္ပုံကို Like အမ်ားဆုံးရရွိတဲ့စံခ်ိန္ကို ေက်ာ္ျဖတ္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

မက္ဆီဟာ မၾကာေသးခင္က အာဂ်င္တီးနားအသင္းနဲ႔အတူ ၂၀၂၁ ကိုပါအေမရိကဖလားဆြတ္ခူးခဲ့ၿပီး အဲဒီဆုဖလားနဲ႔႐ိုက္ထားတဲ့ဓာတ္ပုံနဲ႔အတူ “႐ူးေလာက္စရာေကာင္းတဲ့ ေအာင္ျမင္မႈျဖစ္ၿပီး တကယ့္ကို မယုံၾကည္ႏိုင္ေလာက္ေအာင္ပါပဲ။ ဘုရားသခင္ကို ေက်းဇူးတင္ပါတယ္။ ကြၽန္ေတာ္တို႔အသင္း ခ်န္ပီယံျဖစ္ခဲ့ပါၿပီ”လို႔ စာေရးသား Post တင္ခဲ့ၿပီး အဲဒီ Post ကို Instagram မွာ Like လုပ္တဲ့သူအေရအတြက္က သန္း(၂၀)ေက်ာ္၊ Comments ေပါင္း (၅)သိန္းအေက်ာ္အထိရွိခဲ့တာေၾကာင့္ အားကစားသမားေတြထဲမွာ Post တစ္ခုတည္းကို Like အမ်ားဆုံးရခဲ့သူအျဖစ္ စံခ်ိန္တင္ႏိုင္ခဲ့တာပါ။

စီေရာ္နယ္လ္ဒိုဟာ ၿပီးခဲ့တဲ့ႏွစ္အတြင္း ကြယ္လြန္ခဲ့တဲ့ အာဂ်င္တီးနားဂႏၴဝင္ကစားသမားမာရာဒိုနာအတြက္ ဝမ္းနည္းေၾကာင္းစကားကို မာရာဒိုနာအတူတြဲ႐ိုက္ထားတဲ့ပုံနဲ႔ Post တင္ခဲ့ၿပီး Like လုပ္တဲ့သူအေရအတြက္က (၁၉.၉)သန္းအထိရွိခဲ့တာေၾကာင့္ Instagram မွာ စံခ်ိန္တင္ခဲ့တာျဖစ္ပါတယ္။

အဲဒီအခ်ိန္က မက္ဆီဟာလည္း မာရာဒိုနာနဲ႔အတူတြဲ႐ိုက္ထားတဲ့ပုံကို Post တင္ခဲ့ၿပီး Like လုပ္သူ (၁၆.၅)သန္းသာရွိခဲ့လို႔ စီေရာ္နယ္လ္ဒိုထက္ ပိုနည္းခဲ့ပါတယ္။အခုအခ်ိန္မွာေတာ့ မက္ဆီဟာ စီေရာ္နယ္လ္ဒိုရဲ႕စံခ်ိန္ကို Like (၁)သန္းေက်ာ္နဲ႔ ေက်ာ္ျဖတ္ႏိုင္ခဲ့သလို Instagram ရဲ႕ Like အမ်ားဆုံးရရွိခဲ့တဲ့စာရင္းမွာ အဆင့္(၆)ေနရာခ်ိတ္ခဲ့ပါတယ္။

စီေရာ္နယ္လ္ဒိုနဲ႔ မက္ဆီကလြဲၿပီး က်န္တဲ့အားကစားသမားေတြထဲမွာ Instagram ရဲ႕ Like အမ်ားဆုံးထိပ္ဆုံးအေယာက္(၂၀)စာရင္းအတြင္း တစ္ေယာက္မွမပါဝင္ခဲ့ပါဘူး။ အာဂ်င္တီးနားအသင္းဟာ ၁၉၉၃ ခုႏွစ္ေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ ကိုပါအေမရိကဖလားဆြတ္ခူးခဲ့တာျဖစ္ၿပီး (၂၈)ႏွစ္ၾကာဆုဖလားလက္မဲ့ျဖစ္ေနတဲ့ မွတ္တမ္းဆိုးကို ရပ္တန႔္ႏိုင္ခဲ့သလို မက္ဆီကလည္း လက္ေ႐ြးစင္ကစားသမားဘဝ (၁၆)ႏွစ္တာကာလအတြင္း ပထမဆုံးအႀကိမ္ အဓိကဆုဖလားတစ္ခုရယူႏိုင္ခဲ့တာပဲျဖစ္ပါတယ္။

မက္ဆီနဲ႔ စီေရာ္နယ္လ္ဒိုတို႔ဟာ လက္ေ႐ြးစင္အသင္းေတြနဲ႔အတူ ကိုပါအေမရိက၊ ယူ႐ိုၿပိဳင္ပြဲေတြဆင္ႏႊဲခဲ့ၾကၿပီး မက္ဆီက ခ်န္ပီယံဆုဖလားရယူႏိုင္ခဲ့သလို စီေရာ္နယ္လ္ဒိုကေတာ့ ယူ႐ို-၂၀၂၀ ရႈံးထြက္အဆင့္ကေန လွည့္ျပန္ခဲ့ရေပမယ့္ သမိုင္းဝင္စံခ်ိန္မွတ္တမ္းေတြ ရယူခဲ့တဲ့အျပင္ သြင္းဂိုးအမ်ားဆုံးေ႐ႊဖိနပ္ဆုဆြတ္ခူးခဲ့လို႔ ႏွစ္ေယာက္စလုံးအတြက္ ေက်နပ္စရာေကာင္းတဲ့အေနအထားလို႔ေျပာရမွာပါ။