ရာသီကြိုပြင်ဆင်မှုကို စောစောပူးပေါင်းမဲ့ ဒီဂီယာ

စပိန်ဂိုးသမား ဒီဂီယာ ဟာ မနှစ်တုန်းက သူလက်လွှတ်ခဲ့ရတဲ့ မန်ယူအသင်းရဲ့ နံပါတ် ၁ ဂိုးသမားနေရာကို ပြန်လည်ရယူနိုင်ဖို့အတွက် ရာသီကြိုပြင်ဆင်မှုတွေကို စောစောလာရောက်ပြီး ပူးပေါင်းတော့မယ်လို့ သိရပါတယ်။

အသက် ၃၀ အရွယ်ရှိပြီဖြစ်တဲ့ ဒီဂီယာ ဟာ ပြီးခဲ့တဲ့ရာသီမှာ အမှားတွေများခဲ့တာကြောင့် ဝေဖန်မှုတွေကို ခံခဲ့ရပါတယ်။
နည်းပြဆိုးလ်ရှား ကလည်း လူငယ်ဂိုးသမားလေး ဟန်ဒါဆန် ကို ဒီဂီယာ ထက်ပိုပြီးပွဲထွက်ခွင့်ပေးခဲ့ပြီး ဦးစားပေးဂိုးသမားအဖြစ် သတ်မှတ်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်ပွဲစဉ်တော်တော်များများမှာ ဟန်ဒါဆန် ကိုသာ ပွဲထွက်ကစားစေခဲ့ပြီး ဒီဂီယာ ကိုတော့ ယူရိုပါလိဂ်ပြိုင်ပွဲမှာသာ အများဆုံးအသုံးပြုခဲ့ပါတယ်။
အရင်တုန်းက မန်ယူအသင်းကို သူ့ရဲ့မယုံနိုင်စရာလက်စွမ်းတွေနဲ့ အကြိမ်ကြိမ်ကယ်တင်ပေးခဲ့တဲ့ ဒီဂီယာ ဟာ နောက်ပိုင်းနှစ်တွေမှာတော့ လက်စွမ်းတွေအတော်လေးကျနေခဲ့တယ်လို့ ဆိုရမှာပါ။

မန်ယူအသင်းမှာ ဦးစားပေးဂိုးသမားအဖြစ် သတ်မှတ်ခြင်းမခံရတော့တဲ့အဖြစ်က ဒီဂီယာ ရဲ့ စပိန်လက်ရွေးစင်ကစားသမားဘဝကိုပါ ရိုက်ခက်မှုရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ စပိန်နည်းပြ အင်းနရစ် က ကလပ်အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးခဲ့တဲ့ ဒီဂီယာ အစား ဘီလ်ဘာအိုအသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရနေတဲ့ ဂိုးသမား အူနိုင်း ဆိုင်မွန် ကိုသာ ပွဲတိုင်းအသုံးပြုခဲ့ပါတယ်။

ဒါကြောင့်မို့ ဒီဂီယာ ဟာ သူလက်လွှတ်ခဲ့ရတဲ့ နံပါတ် ၁ ဂိုးသမားနေရာကို ပြန်လည်ရယူနိုင်ဖို့အတွက် မန်ယူအသင်းရဲ့ ရာသီကြိုပြင်ဆင်မှုတွေကို စောစောပူးပေါင်းဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
တကယ်ဆိုရင် မန်ယူ က ဒီဂီယာ ကို ဇူလိုင်လကုန်အထိ အားလပ်ရက်ပေးထားတာဖြစ်ပါတယ်။


ဒါပေမဲ့ နေရာယှဉ်လုရမဲ့ ဟန်ဒါဆန် က အသင်းနဲ့လေ့ကျင့်နေတာကို သိခဲ့ရပြီးနောက် ဒီဂီယာ ကလည်း အသင်းနဲ့ စောစောပူးပေါင်းဖို့ ဆုံးဖြတ်ခဲ့တာပဲဖြစ်ပါတယ်။

နည်းပြ ဆိုးလ်ရှား က ဒီဂီယာ ထက် အင်္ဂလန်ဂိုးသမား ဟန်ဒါဆန် ကို ပိုပြီးသဘောကျတဲ့သူဖြစ်ပါတယ်။
ဒါကြောင့် ဒီဂီယာ အနေနဲ့ ဆယ်စုနှစ်တခုနီးပါးကြာရပ်တည်ခဲ့ဖူးတဲ့ သူ့ရဲ့နေရာကို ပြန်လည်ရယူနိုင်ဖို့ဆိုရင်တော့ အရင်ကထက် ပိုပြီးကြိုးစားရမှာ သေချာပါတယ်။

Zawgyi

ရာသီႀကိဳျပင္ဆင္မႈကို ေစာေစာပူးေပါင္းမဲ့ ဒီဂီယာ

စပိန္ဂိုးသမား ဒီဂီယာ ဟာ မႏွစ္တုန္းက သူလက္လႊတ္ခဲ့ရတဲ့ မန္ယူအသင္းရဲ႕ နံပါတ္ ၁ ဂိုးသမားေနရာကို ျပန္လည္ရယူႏိုင္ဖို႔အတြက္ ရာသီႀကိဳျပင္ဆင္မႈေတြကို ေစာေစာလာေရာက္ၿပီး ပူးေပါင္းေတာ့မယ္လို႔ သိရပါတယ္။

အသက္ ၃၀ အ႐ြယ္ရွိၿပီျဖစ္တဲ့ ဒီဂီယာ ဟာ ၿပီးခဲ့တဲ့ရာသီမွာ အမွားေတြမ်ားခဲ့တာေၾကာင့္ ေဝဖန္မႈေတြကို ခံခဲ့ရပါတယ္။
နည္းျပဆိုးလ္ရွား ကလည္း လူငယ္ဂိုးသမားေလး ဟန္ဒါဆန္ ကို ဒီဂီယာ ထက္ပိုၿပီးပြဲထြက္ခြင့္ေပးခဲ့ၿပီး ဦးစားေပးဂိုးသမားအျဖစ္ သတ္မွတ္ခဲ့ပါတယ္။

ပရီးမီးယားလိဂ္ပြဲစဥ္ေတာ္ေတာ္မ်ားမ်ားမွာ ဟန္ဒါဆန္ ကိုသာ ပြဲထြက္ကစားေစခဲ့ၿပီး ဒီဂီယာ ကိုေတာ့ ယူ႐ိုပါလိဂ္ၿပိဳင္ပြဲမွာသာ အမ်ားဆုံးအသုံးျပဳခဲ့ပါတယ္။
အရင္တုန္းက မန္ယူအသင္းကို သူ႔ရဲ႕မယုံႏိုင္စရာလက္စြမ္းေတြနဲ႔ အႀကိမ္ႀကိမ္ကယ္တင္ေပးခဲ့တဲ့ ဒီဂီယာ ဟာ ေနာက္ပိုင္းႏွစ္ေတြမွာေတာ့ လက္စြမ္းေတြအေတာ္ေလးက်ေနခဲ့တယ္လို႔ ဆိုရမွာပါ။

မန္ယူအသင္းမွာ ဦးစားေပးဂိုးသမားအျဖစ္ သတ္မွတ္ျခင္းမခံရေတာ့တဲ့အျဖစ္က ဒီဂီယာ ရဲ႕ စပိန္လက္ေ႐ြးစင္ကစားသမားဘဝကိုပါ ႐ိုက္ခက္မႈရွိခဲ့ပါတယ္။
ၿပီးခဲ့တဲ့ ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲမွာ စပိန္နည္းျပ အင္းနရစ္ က ကလပ္အသင္းမွာ ပုံမွန္ပြဲထြက္ခြင့္ေပ်ာက္ဆုံးခဲ့တဲ့ ဒီဂီယာ အစား ဘီလ္ဘာအိုအသင္းမွာ ပုံမွန္ပြဲထြက္ခြင့္ရေနတဲ့ ဂိုးသမား အူႏိုင္း ဆိုင္မြန္ ကိုသာ ပြဲတိုင္းအသုံးျပဳခဲ့ပါတယ္။

ဒါေၾကာင့္မို႔ ဒီဂီယာ ဟာ သူလက္လႊတ္ခဲ့ရတဲ့ နံပါတ္ ၁ ဂိုးသမားေနရာကို ျပန္လည္ရယူႏိုင္ဖို႔အတြက္ မန္ယူအသင္းရဲ႕ ရာသီႀကိဳျပင္ဆင္မႈေတြကို ေစာေစာပူးေပါင္းဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။
တကယ္ဆိုရင္ မန္ယူ က ဒီဂီယာ ကို ဇူလိုင္လကုန္အထိ အားလပ္ရက္ေပးထားတာျဖစ္ပါတယ္။
ဒါေပမဲ့ ေနရာယွဥ္လုရမဲ့ ဟန္ဒါဆန္ က အသင္းနဲ႔ေလ့က်င့္ေနတာကို သိခဲ့ရၿပီးေနာက္ ဒီဂီယာ ကလည္း အသင္းနဲ႔ ေစာေစာပူးေပါင္းဖို႔ ဆုံးျဖတ္ခဲ့တာပဲျဖစ္ပါတယ္။

နည္းျပ ဆိုးလ္ရွား က ဒီဂီယာ ထက္ အဂၤလန္ဂိုးသမား ဟန္ဒါဆန္ ကို ပိုၿပီးသေဘာက်တဲ့သူျဖစ္ပါတယ္။
ဒါေၾကာင့္ ဒီဂီယာ အေနနဲ႔ ဆယ္စုႏွစ္တခုနီးပါးၾကာရပ္တည္ခဲ့ဖူးတဲ့ သူ႔ရဲ႕ေနရာကို ျပန္လည္ရယူႏိုင္ဖို႔ဆိုရင္ေတာ့ အရင္ကထက္ ပိုၿပီးႀကိဳးစားရမွာ ေသခ်ာပါတယ္။