ယူနိုက်တက်အတွက် ဒါဘီကောင်တီဘက်ကို အလှပဆုံးဂိုး သွင်းယူသွားခဲ့တဲ့ ပယ်လီစထရီ

မန်ချက်စတာ ယူနိုက်တက်ရဲ့ ဥရုဂွေး လူငယ်ကြယ်ပွင့် ပယ်လီစထရီဟာ ယခုနွေရာသီမှာ လာလီဂါကလပ် ဒီဗို့တီဗို အလာဗတ်အသင်းထံ အငှားပြောင်းရွေ့ဖို့ အလားအလာများနေပါတယ်။ ဒါပေမယ့် ဆယ်ကျော်သက် တောင်ပံကစားသမားက ဝိန်းရွန်းနီရဲ့ ဒါဘီကောင်တီအသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ပထမဆုံး ရာသီကြိုပွဲစဉ်မှာ ယူနိုက်တက် ကစားအဖြစ် ပါဝင်ခဲ့ပါတယ်။

တာဟစ်ချောင်က ပထမပိုင်းမှာ ယူနိုက်တက်အတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပြီးနောက် နည်းပြ အိုလေ ဂန်းနား ဆိုးရှားက ဒုတိယပိုင်းမှာ အပြောင်းအလဲများစွာ ပြုလုပ်ခဲ့ပါတယ်။

ပယ်လီထရီကလည်း အဆိုပါ လူစားဝင်ကစားသမားတွေထဲမှာ ပါဝင်ခဲ့ပြီး ဒုတိယပိုင်းစတင်ပြီး မကြာခင်မှာပဲ ယူနိုက်တက်ရဲ့ ဒုတိယဦးဆောင်ဂိုးကို လှလှပပသွင်းယူပေးခဲ့ပါတယ်။

အလားတူပဲ ပထမပိုင်းအပြီးမှာ လူစားဝင်ကစားခွင့်ရခဲ့တဲ့ ဆိုလာ ရှောတိုင်ယာက တိကျတဲ့ ဖန်တီးပေးပို့မှုပြုလုပ်ခဲ့ပြီး ဥရုဂွေးတောင်ပံကစားက ဘောလုံးကို တည်တည်ငြိမ်ငြိမ် ထိန်းချုပ်ကာ ဒါဘီဂိုးသမားကိုပါ ဖြတ်‌ကျော်ခဲ့ပြီး လှလှပပ သွင်းယူခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် ပွဲကစားချိန် ( ၁ ) နာရီ မပြည့်ခင်မှာပဲ အိုလေ ဂန်းနား ဆိုးရှားရဲ့ အသင်း ( ၂ ) ဂိုး အသာနဲ့ ဦးဆောင် ကစားနိုင်ခဲ့ပါတယ်။

zawgyi

ယူႏုိက္တက္အတြက္ ဒါဘီေကာင္တီဘက္ကုိ အလွပဆုံးဂုိး သြင္းယူသြားခဲ့တဲ့ ပယ္လီစထရီ

မန္ခ်က္စတာ ယူႏိုက္တက္ရဲ႕ ဥ႐ုေဂြး လူငယ္ၾကယ္ပြင့္ ပယ္လီစထရီဟာ ယခုေႏြရာသီမွာ လာလီဂါကလပ္ ဒီဗို႔တီဗို အလာဗတ္အသင္းထံ အငွားေျပာင္းေ႐ြ႕ဖို႔ အလားအလာမ်ားေနပါတယ္။

ဒါေပမယ့္ ဆယ္ေက်ာ္သက္ ေတာင္ပံကစားသမားက ဝိန္း႐ြန္းနီရဲ႕ ဒါဘီေကာင္တီအသင္းနဲ႔ ယွဥ္ၿပိဳင္ခဲ့တဲ့ ပထမဆုံး ရာသီႀကိဳပြဲစဥ္မွာ ယူႏိုက္တက္ ကစားအျဖစ္ ပါဝင္ခဲ့ပါတယ္။

တာဟစ္ေခ်ာင္က ပထမပိုင္းမွာ ယူႏိုက္တက္အတြက္ ဦးေဆာင္ဂိုး သြင္းယူေပးခဲ့ၿပီးေနာက္ နည္းျပ အိုေလ ဂန္းနား ဆိုးရွားက ဒုတိယပိုင္းမွာ အေျပာင္းအလဲမ်ားစြာ ျပဳလုပ္ခဲ့ပါတယ္။

ပယ္လီထရီကလည္း အဆိုပါ လူစားဝင္ကစားသမားေတြထဲမွာ ပါဝင္ခဲ့ၿပီး ဒုတိယပိုင္းစတင္ၿပီး မၾကာခင္မွာပဲ ယူႏိုက္တက္ရဲ႕ ဒုတိယဦးေဆာင္ဂိုးကို လွလွပပသြင္းယူေပးခဲ့ပါတယ္။

အလားတူပဲ ပထမပိုင္းအၿပီးမွာ လူစားဝင္ကစားခြင့္ရခဲ့တဲ့ ဆိုလာ ေရွာတိုင္ယာက တိက်တဲ့ ဖန္တီးေပးပို႔မႈျပဳလုပ္ခဲ့ၿပီး ဥ႐ုေဂြးေတာင္ပံကစားက ေဘာလုံးကို တည္တည္ၿငိမ္ၿငိမ္ ထိန္းခ်ဳပ္ကာ ဒါဘီဂိုးသမားကိုပါ ျဖတ္‌ေက်ာ္ခဲ့ၿပီး လွလွပပ သြင္းယူခဲ့တာျဖစ္ပါတယ္။

ဒါေၾကာင့္ ပြဲကစားခ်ိန္ ( ၁ ) နာရီ မျပည့္ခင္မွာပဲ အိုေလ ဂန္းနား ဆိုးရွားရဲ႕ အသင္း ( ၂ ) ဂိုး အသာနဲ႔ ဦးေဆာင္ ကစားႏိုင္ခဲ့ပါတယ္။