ဘောလုံးပွဲကို တစ်ခေတ်ဆန်းဖို့ ပြင်ဆင်နေတဲ့ ဖီဖာ

ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် ဖီဖာက ဘောလုံးလောကကို တစ်ခေတ်ဆန်းနိုင်မယ့် အစီအစဉ်တွေ မိတ်ဆက်ဖို့ ပြင်ဆင်နေတယ်လို့ Mundo Deportivo သတင်းဌာနအရ သိရပါတယ်။ အဆိုပါ အစီအစဉ်ထဲမှာ အဓိက အစိတ်အပိုင်း ( ၄ ) ခု ပါဝင်ပါတယ်။

– ပွဲစဉ် ( ၁ ) ခုကို မိနစ် ( ၃၀ ) စီ ( ၂ ) ပိုင်း ပါဝင်ပါမယ် ။ ဖူဆယ် ၊ ဘောလီဘောတွေလိုပဲ ကြားထဲမှာ အနှောက်အယှက်တွေ ပေါ်လာပါက ပွဲချိန်ကို ရပ်နားထားမှာဖြစ်ပါတယ်။ မိနစ် ( ၃၀ ) အပြည့်အဝ ကစားနိုင်ဖို့ ရည်ရွယ်ပါတယ်။

– အကန့်အသတ်မရှိ လူစားလဲခြင်း ။ လက်ရှိမှာ ကပ်ရောဂါကြောင့် ( ၅ ) ကြိမ် ထိ လူစားလဲခွင့်ပြုထားပေမယ့် ပုံမှန်အားဖြင့် ( ၃ ) ကြိမ်သာ လူစားလဲခွင့်ရှိပါတယ်။

– လက်ပစ်ဘောတွေကိုလည်း ခြေထောက်နဲ့ ကန်ခွင့်ပြုမှာဖြစ်ပါတယ်။ ဒါက ဘောလုံးကို ပြိုင်ဘက်ခြမ်းသို့ အလွယ်တကူ ရောက်ရှိစေနိုင်မှာဖြစ်ပါတယ်။

– အဝါကတ် ( ၁ ) ကြိမ် ပြသခံရပါက ( ၅ ) မိနစ် အနားယူရမှာဖြစ်ပါတယ်။

အဆိုပါ အချက်တွေကို လက်ရှိ PSV၊ AZ၊ RB Leipzig နှင့် Club Brugge ယူ -၁၉ အသင်းတွေ ပါဝင်ယှဉ်ပြိုင်နေတဲ့ Future of Football Cup မှာ စတင်အသုံးပြုနေပြီဖြစ်ပါတယ်။

zawgyi

ေဘာလုံးပြဲကို တစ္ေခတ္ဆန္းဖို႔ ျပင္ဆင္ေနတဲ့ ဖီဖာ ။

ကမာၻ႔ေဘာလုံး အဖြဲ႕ခ်ဳပ္ ဖီဖာက ေဘာလုံးေလာကကို တစ္ေခတ္ဆန္းႏိုင္မယ့္ အစီအစဥ္ေတြ မိတ္ဆက္ဖို႔ ျပင္ဆင္ေနတယ္လို႔ Mundo Deportivo သတင္းဌာနအရ သိရပါတယ္။ အဆိုပါ အစီအစဥ္ထဲမွာ အဓိက အစိတ္အပိုင္း ( ၄ ) ခု ပါဝင္ပါတယ္။

– ပြဲစဥ္ ( ၁ ) ခုကို မိနစ္ ( ၃၀ ) စီ ( ၂ ) ပိုင္း ပါဝင္ပါမယ္ ။ ဖူဆယ္ ၊ ေဘာလီေဘာေတြလိုပဲ ၾကားထဲမွာ အေနွာက္အယွက္ေတြ ေပၚလာပါက ပြဲခ်ိန္ကို ရပ္နားထားမွာျဖစ္ပါတယ္။ မိနစ္ ( ၃၀ ) အျပည့္အဝ ကစားႏိုင္ဖို႔ ရည္႐ြယ္ပါတယ္။

– အကန႔္အသတ္မရွိ လူစားလဲျခင္း ။ လက္ရွိမွာ ကပ္ေရာဂါေၾကာင့္ ( ၅ ) ႀကိမ္ ထိ လူစားလဲခြင့္ျပဳထားေပမယ့္ ပုံမွန္အားျဖင့္ ( ၃ ) ႀကိမ္သာ လူစားလဲခြင့္ရွိပါတယ္။

– လက္ပစ္ေဘာေတြကိုလည္း ေျခေထာက္နဲ႔ ကန္ခြင့္ျပဳမွာျဖစ္ပါတယ္။ ဒါက ေဘာလုံးကို ၿပိဳင္ဘက္ျခမ္းသို႔ အလြယ္တကူ ေရာက္ရွိေစႏိုင္မွာျဖစ္ပါတယ္။

– အဝါကတ္ ( ၁ ) ႀကိမ္ ျပသခံရပါက ( ၅ ) မိနစ္ အနားယူရမွာျဖစ္ပါတယ္။

အဆိုပါ အခ်က္ေတြကို လက္ရွိ PSV၊ AZ၊ RB Leipzig ႏွင့္ Club Brugge ယူ -၁၉ အသင္းေတြ ပါဝင္ယွဥ္ၿပိဳင္ေနတဲ့ Future of Football Cup မွာ စတင္အသုံးျပဳေနၿပီျဖစ္ပါတယ္။