ဘရာဇီးလ်တိုက်စစ်ကစားသမားကိုရော ခေါ်ယူချင်မလားဆိုပြီး မန်ယူကို ရီးရဲလ် ကမ်းလှမ်း

မန်ယူ နဲ့ ရီးရဲလ်အသင်းတို့ဟာ ဒီရက်ပိုင်းမှာ ပြင်သစ်နောက်ခံလူ ဗာရန်း အတွက် ဆွေးနွေးနေတာကို သိကြမယ်ထင်ပါတယ်။ အဲ့ဒီဆွေးနွေးပွဲမှာ ရီးရဲလ်အသင်းက သူတို့ရဲ့ ဘရာဇီးလ် တိုက်စစ်ကစားသမား ဗင်နီစီးယက်စ် ကိုပါ ခေါ်ယူချင်မလားဆိုပြီး မန်ယူ ကိုကမ်းလှမ်းခဲ့တယ်လို့ သတင်းတွေထွက်ပေါ်လာပါတယ်။

ငွေရေးကြေးရေး ပြဿနာကြုံနေရတဲ့ လာလီဂါကလပ်တွေထဲမှာ ရီးရဲလ် ကလည်း တသင်းအပါအဝင်ဖြစ်ပါတယ်။ ကစားသမားအသစ်ခေါ်ယူနိုင်ဖို့အတွက် အသင်းမှာရှိတဲ့ နာမည်ကျော် ကစားသမားတွေကို လစာငွေအမြောက်အများလျော့ချဖို့ကြံစည်နေသလို တချို့ကိုလည်းရောင်းထုတ်ဖို့ ရီးရဲလ်က ကြံစည်နေတာဖြစ်ပါတယ်။

ဝါရင့်ကစားသမားတွေအသင်းကထွက်ခွါသွားတာကြောင့် ရီးရဲလ် က လက်ရှိအသင်းကို မြေလှန်ပြီး အစကနေပြန်ဖွဲ့စည်းဖို့ ဥက္ကဌ ပီရက်စ် က အလိုရှိနေတာပါ။ ဒါကြောင့်မို့ နည်းပြ အန်ဆယ်လော့တီ သဘောမကျတဲ့ ကစားသမားတွေကို ရှင်းထုတ်သွားဖို့ အရင်ဆုံးလုပ်ဆောင်နေတာဖြစ်ပါတယ်။ ဒါပေမဲ့ အဲ့ဒီကစားသမားတွေကို ရှင်းထုတ်လို့မရသေးချိန်မှာ ရာမို့စ် ၊ ဗာရန်း တို့လို အမာခံကစားသမားတွေက အရင်ထွက်ဖို့ဖြစ်လာတော့ ရီးရဲလ် အနေနဲ့ အခက်တွေ့နေတယ်လို့ ဆိုရမှာပါ။

အသက် ၂၁ နှစ်အရွယ်သာရှိသေးတဲ့ ဗင်နီစီးယက်စ် ဟာ ၂၀၁၈ ခုနှစ်ကမှ ဖလာမင်ဂို ကနေ ယူရို ၄၆ သန်းနဲ့ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ စျေးကြီးပေးပြီး မျှော်လင့်ချက်ကြီးစွာနဲ့ ခေါ်ယူခဲ့ပေမဲ့ ဗင်နီစီးယက်စ် က ရီးရဲလ် မှာ ထင်သလောက်ခြေစွမ်းမပြသနိုင်ခဲ့ပဲ ၃ နှစ်အတွင်းမှာ ၁၅ ဂိုးပဲ သွင်းယူပေးနိုင်ခဲ့ပါတယ်။

ဒါကြောင့်မို့ ရီးရဲလ် က ရောင်းချချင်နေတာဖြစ်ပြီး ပြောင်းရွှေ့ကြေးအဖြစ် ယူရို ၆၈ သန်းလောက်ရဖို့ မှန်းထားတယ်လို့သိရပါတယ်။ မားကပ်ရပ်ရှ်ဖို့ဒ် ဒဏ်ရာကြောင့် ပွဲတော်တော်များများကို လွဲချော်ဖွယ်ရှိနေတာကြောင့် သူ့ရဲ့နေရာကို ဗင်နီစီးယက်စ် နဲ့အစားထိုးချင်ရင် ရောင်းချပေးမယ်ဆိုပြီး ရီးရဲလ် က မန်ယူ ကို ကမ်းလှမ်းခဲ့တာဖြစ်နိုင်ပါတယ်။

ဒါပေမဲ့ အင်္ဂလန်တောင်ပံကစားသမား ဆန်ချို ကို ပေါင် ၇၃ သန်းနဲ့ခေါ်ယူထားပြီးဖြစ်တဲ့ မန်ယူက ရီးရဲလ် ရဲ့ အဆိုပါကမ်းလှမ်းချက်ကို ငြင်းဆိုဖို့ ရာခိုင်နှုန်းများပါတယ်။ နောက်ခံလူ ဗာရန်း ကို ခေါ်ယူနိုင်ဖို့သာ အဓိကဆွေးနွေးသွားဖို့ရှိနေပါတယ်။ မန်ယူအသင်းဟာ ဗာရန်း နဲ့ သဘောတူညီမှုရခဲ့ပြီလို့သိရပြီး ပြောင်းရွှေ့ကြေးသာ ဆွေးနွေးဖို့ ကျန်ပါတော့တယ်။

zawgyi

ဘရာဇီးလ္တိုက္စစ္ကစားသမားကိုေရာ ေခၚယူခ်င္မလားဆိုၿပီး မန္ယူကို ရီးရဲလ္ ကမ္းလွမ္း

မန္ယူ နဲ႔ ရီးရဲလ္အသင္းတို႔ဟာ ဒီရက္ပိုင္းမွာ ျပင္သစ္ေနာက္ခံလူ ဗာရန္း အတြက္ ေဆြးေႏြးေနတာကို သိၾကမယ္ထင္ပါတယ္။ အဲ့ဒီေဆြးေႏြးပြဲမွာ ရီးရဲလ္အသင္းက သူတို႔ရဲ႕ ဘရာဇီးလ္ တိုက္စစ္ကစားသမား ဗင္နီစီးယက္စ္ ကိုပါ ေခၚယူခ်င္မလားဆိုၿပီး မန္ယူ ကိုကမ္းလွမ္းခဲ့တယ္လို႔ သတင္းေတြထြက္ေပၚလာပါတယ္။

ေငြေရးေၾကးေရး ျပႆနာႀကဳံေနရတဲ့ လာလီဂါကလပ္ေတြထဲမွာ ရီးရဲလ္ ကလည္း တသင္းအပါအဝင္ျဖစ္ပါတယ္။ ကစားသမားအသစ္ေခၚယူႏိုင္ဖို႔အတြက္ အသင္းမွာရွိတဲ့ နာမည္ေက်ာ္ ကစားသမားေတြကို လစာေငြအေျမာက္အမ်ားေလ်ာ့ခ်ဖို႔ႀကံစည္ေနသလို တခ်ိဳ႕ကိုလည္းေရာင္းထုတ္ဖို႔ ရီးရဲလ္က ႀကံစည္ေနတာျဖစ္ပါတယ္။

ဝါရင့္ကစားသမားေတြအသင္းကထြက္ခြါသြားတာေၾကာင့္ ရီးရဲလ္ က လက္ရွိအသင္းကို ေျမလွန္ၿပီး အစကေနျပန္ဖြဲ႕စည္းဖို႔ ဥကၠဌ ပီရက္စ္ က အလိုရွိေနတာပါ။ ဒါေၾကာင့္မို႔ နည္းျပ အန္ဆယ္ေလာ့တီ သေဘာမက်တဲ့ ကစားသမားေတြကို ရွင္းထုတ္သြားဖို႔ အရင္ဆုံးလုပ္ေဆာင္ေနတာျဖစ္ပါတယ္။ ဒါေပမဲ့ အဲ့ဒီကစားသမားေတြကို ရွင္းထုတ္လို႔မရေသးခ်ိန္မွာ ရာမို႔စ္ ၊ ဗာရန္း တို႔လို အမာခံကစားသမားေတြက အရင္ထြက္ဖို႔ျဖစ္လာေတာ့ ရီးရဲလ္ အေနနဲ႔ အခက္ေတြ႕ေနတယ္လို႔ ဆိုရမွာပါ။

အသက္ ၂၁ ႏွစ္အ႐ြယ္သာရွိေသးတဲ့ ဗင္နီစီးယက္စ္ ဟာ ၂၀၁၈ ခုႏွစ္ကမွ ဖလာမင္ဂို ကေန ယူ႐ို ၄၆ သန္းနဲ႔ေျပာင္းေ႐ႊ႕လာခဲ့တာျဖစ္ပါတယ္။ ေစ်းႀကီးေပးၿပီး ေမွ်ာ္လင့္ခ်က္ႀကီးစြာနဲ႔ ေခၚယူခဲ့ေပမဲ့ ဗင္နီစီးယက္စ္ က ရီးရဲလ္ မွာ ထင္သေလာက္ေျခစြမ္းမျပသႏိုင္ခဲ့ပဲ ၃ ႏွစ္အတြင္းမွာ ၁၅ ဂိုးပဲ သြင္းယူေပးႏိုင္ခဲ့ပါတယ္။

ဒါေၾကာင့္မို႔ ရီးရဲလ္ က ေရာင္းခ်ခ်င္ေနတာျဖစ္ၿပီး ေျပာင္းေ႐ႊ႕ေၾကးအျဖစ္ ယူ႐ို ၆၈ သန္းေလာက္ရဖို႔ မွန္းထားတယ္လို႔သိရပါတယ္။ မားကပ္ရပ္ရွ္ဖို႔ဒ္ ဒဏ္ရာေၾကာင့္ ပြဲေတာ္ေတာ္မ်ားမ်ားကို လြဲေခ်ာ္ဖြယ္ရွိေနတာေၾကာင့္ သူ႔ရဲ႕ေနရာကို ဗင္နီစီးယက္စ္ နဲ႔အစားထိုးခ်င္ရင္ ေရာင္းခ်ေပးမယ္ဆိုၿပီး ရီးရဲလ္ က မန္ယူ ကို ကမ္းလွမ္းခဲ့တာျဖစ္ႏိုင္ပါတယ္။

ဒါေပမဲ့ အဂၤလန္ေတာင္ပံကစားသမား ဆန္ခ်ိဳ ကို ေပါင္ ၇၃ သန္းနဲ႔ေခၚယူထားၿပီးျဖစ္တဲ့ မန္ယူက ရီးရဲလ္ ရဲ႕ အဆိုပါကမ္းလွမ္းခ်က္ကို ျငင္းဆိုဖို႔ ရာခိုင္ႏႈန္းမ်ားပါတယ္။ ေနာက္ခံလူ ဗာရန္း ကို ေခၚယူႏိုင္ဖို႔သာ အဓိကေဆြးေႏြးသြားဖို႔ရွိေနပါတယ္။ မန္ယူအသင္းဟာ ဗာရန္း နဲ႔ သေဘာတူညီမႈရခဲ့ၿပီလို႔သိရၿပီး ေျပာင္းေ႐ႊ႕ေၾကးသာ ေဆြးေႏြးဖို႔ က်န္ပါေတာ့တယ္။