ဗန်ဟားလ် နယ်သာလန်နည်းပြမဖြစ်အောင် ဦးဆောင်ဆန့်ကျင်နေတယ်ဆိုတဲ့ သတင်းတွေအပေါ် ဗန်ဒိုက် ပြန်ဖြေရှင်း

ဝါရင့် နည်းပြကြီး လူးဝစ် ဗန်ဟားလ် ကို နယ်သာလန်လက်ရွေးစင်အသင်းရဲ့ နည်းပြဖြစ်ဖလာအောင် ဗန်ဒိုက် က ဦးဆောင်ပြီး ဆန့်ကျင်ကန့်ကွက်နေတယ်ဆိုတဲ့ သတင်းတွေဟာ လွန်ခဲ့တဲ့နာရီပိုင်းက အတော်လေး ဂယက်ရိုက်ခဲ့ပါတယ်။

ဗြိတိန်အခြေစိုက် Mirror သတင်းစာမှ သတင်းထောက်က အဲ့သတင်းကို တင်ခဲ့တာဖြစ်ပါတယ်။ Mirror သတင်းစာကတင်လိုက်ပြီးခဏအတွင်းမှာပဲ တခြားနာမည်ကျော်သတင်းဌာနတွေကပါ မှီငြမ်းပြီး အပြိုင်ရေးတင်ခဲ့ကြပါတယ်။ အဲ့ဒီအကြောင်းကို သိသိချင်းမှာပဲ ဗန်ဒိုက်ဟာ သတင်းအမှားရေးတဲ့ Mirror က သတင်းထောက်ကို ဝေဖန်ရှုံ့ချလိုက်ပြီး အခုလိုပြန်ဖြေရှင်းလိုက်ပါတယ်။

“ ဒီဇာတ်လမ်းကြီးက လုံးဝအမှားကြီးပါ။ ဂျာနယ်လစ်တယောက်အတွက် သတင်းအမှန်တွေရေးဖို့ထက် ပိုပြီးအရေးပါတဲ့အရာမရှိပါဘူး။ ဂျာနယ်လစ်တယောက်က မဟုတ်မမှန်တဲ့ အရာတွေကို ပြုလုပ်ရမဲ့ သူမဟုတ်ပါဘူး။ ခင်ဗျားရဲ့ လုပ်ရပ်က ရှက်ဖို့ကောင်းတယ် “ လို့ သူ့ရဲ့ Twitter စာမျက်နှာပေါ်ကနေ ဗန်ဒိုက် က ပြန်ဖြေရှင်းခဲ့ပါတယ်။

အသက် ၆၉ နှစ်အရွယ် ဝါရင့်နည်းပြကြီး လူးဝစ် ဗန်ဟားလ် ဟာ နယ်သာလန်နိုင်ငံမှာ အရှိန်အဝါကြီးမားတဲ့ နည်းပြတယောက်ဖြစ်ပါတယ်။ အေဂျက်စ် အသင်းကို အကယ်ဒမီလူငယ်ကစားသမားတွေနဲ့ ချန်ပီယံလိဂ်ဖလားရအောင် စွမ်းဆောင်ပေးခဲ့တဲ့ ဂန္တဝင်တယောက်ဖြစ်ပါတယ်။ ဒါ့အပြင် ဥရောပအသင်းကြီးတွေဖြစ်တဲ့ ဘာစီလိုနာ ၊ ဘိုင်ယန်မြူးနစ် နဲ့ မန်ယူအသင်းတို့ကိုလည်း နည်းပြခဲ့ဖူးတဲ့ အတွေ့အကြုံရင့်နည်းပြတယောက်ပါ။

လူးဝစ် ဗန်ဟားလ် ဟာ နယ်သာလန် လက်ရွေးစင်အသင်းကိုလည်း ၂ ကြိမ်ကိုင်တွယ်ခဲ့ဖူးပါတယ်။ ဒုတိယ အကြိမ်မြောက်အဖြစ် နည်းပြခဲ့တဲ့ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တတိယနေရာ ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်ပါတယ်။

လူးဝစ် ဗန်ဟားလ် က မန်ယူအသင်းကနေအထုတ်ခံခဲ့ရတဲ့ ၂၀၁၆ ခုနှစ်ကတည်းက ဘောလုံးလောက ကနေအနားယူခဲ့တာဖြစ်ပေမဲ့ နယ်သာလန်အသင်းက နည်းပြအဖြစ်ထပ်မံဆောင်ရွက်ပေးဖို့ ကမ်းလှမ်းတဲ့အတွက် နည်းပြလောကထဲကို ပြန်ပြီးခြေချဖို့ စီစဉ်နေတာပဲဖြစ်ပါတယ်။

zawgyi

ဗန္ဟားလ္ နယ္သာလန္နည္းျပမျဖစ္ေအာင္ ဦးေဆာင္ဆန္႔က်င္ေနတယ္ဆိုတဲ့ သတင္းေတြအေပၚ ဗန္ဒိုက္ ျပန္ေျဖရွင္း

ဝါရင့္ နည္းျပႀကီး လူးဝစ္ ဗန္ဟားလ္ ကို နယ္သာလန္လက္ေ႐ြးစင္အသင္းရဲ႕ နည္းျပျဖစ္ဖလာေအာင္ ဗန္ဒိုက္ က ဦးေဆာင္ၿပီး ဆန္႔က်င္ကန္႔ကြက္ေနတယ္ဆိုတဲ့ သတင္းေတြဟာ လြန္ခဲ့တဲ့နာရီပိုင္းက အေတာ္ေလး ဂယက္႐ိုက္ခဲ့ပါတယ္။

ၿဗိတိန္အေျခစိုက္ Mirror သတင္းစာမွ သတင္းေထာက္က အဲ့သတင္းကို တင္ခဲ့တာျဖစ္ပါတယ္။ Mirror သတင္းစာကတင္လိုက္ၿပီးခဏအတြင္းမွာပဲ တျခားနာမည္ေက်ာ္သတင္းဌာနေတြကပါ မွီျငမ္းၿပီး အၿပိဳင္ေရးတင္ခဲ့ၾကပါတယ္။ အဲ့ဒီအေၾကာင္းကို သိသိခ်င္းမွာပဲ ဗန္ဒိုက္ဟာ သတင္းအမွားေရးတဲ့ Mirror က သတင္းေထာက္ကို ေဝဖန္ရႈံ႕ခ်လိုက္ၿပီး အခုလိုျပန္ေျဖရွင္းလိုက္ပါတယ္။

“ ဒီဇာတ္လမ္းႀကီးက လုံးဝအမွားႀကီးပါ။ ဂ်ာနယ္လစ္တေယာက္အတြက္ သတင္းအမွန္ေတြေရးဖို႔ထက္ ပိုၿပီးအေရးပါတဲ့အရာမရွိပါဘူး။ ဂ်ာနယ္လစ္တေယာက္က မဟုတ္မမွန္တဲ့ အရာေတြကို ျပဳလုပ္ရမဲ့ သူမဟုတ္ပါဘူး။ ခင္ဗ်ားရဲ႕ လုပ္ရပ္က ရွက္ဖို႔ေကာင္းတယ္ “ လို႔ သူ႔ရဲ႕ Twitter စာမ်က္ႏွာေပၚကေန ဗန္ဒိုက္ က ျပန္ေျဖရွင္းခဲ့ပါတယ္။

အသက္ ၆၉ ႏွစ္အ႐ြယ္ ဝါရင့္နည္းျပႀကီး လူးဝစ္ ဗန္ဟားလ္ ဟာ နယ္သာလန္ႏိုင္ငံမွာ အရွိန္အဝါႀကီးမားတဲ့ နည္းျပတေယာက္ျဖစ္ပါတယ္။ ေအဂ်က္စ္ အသင္းကို အကယ္ဒမီလူငယ္ကစားသမားေတြနဲ႔ ခ်န္ပီယံလိဂ္ဖလားရေအာင္ စြမ္းေဆာင္ေပးခဲ့တဲ့ ဂႏၲဝင္တေယာက္ျဖစ္ပါတယ္။ ဒါ့အျပင္ ဥေရာပအသင္းႀကီးေတြျဖစ္တဲ့ ဘာစီလိုနာ ၊ ဘိုင္ယန္ျမဴးနစ္ နဲ႔ မန္ယူအသင္းတို႔ကိုလည္း နည္းျပခဲ့ဖူးတဲ့ အေတြ႕အႀကဳံရင့္နည္းျပတေယာက္ပါ။

လူးဝစ္ ဗန္ဟားလ္ ဟာ နယ္သာလန္ လက္ေ႐ြးစင္အသင္းကိုလည္း ၂ ႀကိမ္ကိုင္တြယ္ခဲ့ဖူးပါတယ္။ ဒုတိယ အႀကိမ္ေျမာက္အျဖစ္ နည္းျပခဲ့တဲ့ ၂၀၁၄ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ တတိယေနရာ ရရွိေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့သူျဖစ္ပါတယ္။

လူးဝစ္ ဗန္ဟားလ္ က မန္ယူအသင္းကေနအထုတ္ခံခဲ့ရတဲ့ ၂၀၁၆ ခုႏွစ္ကတည္းက ေဘာလုံးေလာက ကေနအနားယူခဲ့တာျဖစ္ေပမဲ့ နယ္သာလန္အသင္းက နည္းျပအျဖစ္ထပ္မံေဆာင္႐ြက္ေပးဖို႔ ကမ္းလွမ္းတဲ့အတြက္ နည္းျပေလာကထဲကို ျပန္ၿပီးေျခခ်ဖို႔ စီစဥ္ေနတာပဲျဖစ္ပါတယ္။