နယ်သာလန်နည်းပြအနေနဲ့ ဗန်ဟားလ် ပြန်လာမှာကို ဗန်ဒိုက်ဦးဆောင်ပြီး စီနီယာသမားတွေ ဆန်ကျင်နေ

ယူရို ၂၀၂၀ ပြိုင်ပွဲအပြီးမှာ နယ်သာလန်နည်းပြရာထူးကနေ ဖရန့်ဒီဘိုးဝါး နုတ်ထွက်သွားပြီးနောက် ဗန်ဟားလ်ဟာ နိုင်ငံ အသင်းရဲ့နည်းပြအဖြစ် ပြန်လည် ရောက်ရှိလာမယ် ဆိုပြီး သတင်းတွေထွက်ပေါ် နေပါတယ်။ ဗန်ဟားလ်သာ နယ်သာလန်နည်းပြအဖြစ် တာဝန်ယူခဲ့မယ်ဆိုရင် သူအတွက် ဒီတစ်ကြိမ်ဟာ နိုင်ငံ အသင်း အတွက် တတိယအကြိမ်မြောက် နည်းပြမှုလည်း ဖြစ်လာမှာပါ။

ဒါပေမယ့် ဗန်ဟားလ် နယ်သာလန်နည်းပြအဖြစ် ပြန်လည်တာဝန်ထမ်းဆောင်မှာကို သဘောမတူတဲ့ စီနီယာကစားသမားတွေ က ခါးခါးသီးသီး ဆန့်ကျင်နေကြပြီး ဒီထဲမှာ လီဗာပူးနောက်ခံလူ ဗန်ဒိုက်လည်း ပါဝင်တယ်လို့ သိရပါတယ်။

ဗန်ဒိုက်၊ ဝိုက်နယ်ဒန်တို့လို နယ်သာလန် အသင်းရဲ့ စီနီယာကစားသမားတွေဟာ ဗန်ဟားလ် နည်းပြ ဖြစ်လာမှာ ကို မလိုလားတဲ့အုပ်စု အဖြစ် ရှိနေကြပြီး နိုင်ငံအသင်းရဲ့နည်းပြနေရာကို အေဂျက် နည်းပြ ဟောင်း ဟန့် တန် ကာတီကိုသာ ခန့်အပ်ဖို့ ဆန္ဒရှိနေကြပါတယ်။

ဒါပေမယ့် နယ်သာလန်ဘောလုံးအဖွဲ့ချုပ်ကတော့ အဲဒီတောင်းဆိုချက်တွေကို မျက်ကွယ်ပြုထားပြီး ဗန်ဟားလ်ကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ပဲ ဆက်လက်လုပ်ဆောင်နေပါတယ်။ လစာကိစ္စ ညှိနှိုင်းမှုတွေပြီးရင်တော့ နည်းပြအဖြစ် တရားဝင် ကြေငြာသွားမယ့် သဘောရှိနေပါတယ်။

ကစားသမားတွေ ရဲ့ ထောက်ခံမှုကိုရရှိထားတဲ့ ဟန့် တန် ကာတီကလည်း နယ်သာလန်ဘောလုံးအဖွဲ့ချုပ်ရဲ့ တာဝန်ရှိသူတွေက ဗန်ဟားလ်ကို နံပါတ် တစ် ဦးစားပေး အဖြစ် ရွေးလိုက်ပြီဆိုကတည်းက နည်းပြနေရာအတွက် သူ ဝင်ပါဖို့ကို နောက်ဆုတ်သွားခဲ့ပါတယ်။

ဗန်ဟားလ်ဟာ နယ်သာလန်နည်းပြအဖြစ် ၂၀၀၀ခုနှစ်က ပထမအကြိမ်တာဝန်ယူခဲ့စဉ်မှာ အသင်းဟာ ၂၀၀၂ ကမ္ဘာ့ဖလားခြေစစ်ပွဲမအောင်မြင်ခဲ့ပေမယ့် သူ၂၀၁၂မှာဒုတိယအကြိမ် ပြန်လည် နည်းပြခဲ့ချိန်မှာတော့ အသင်းက ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တတိယ ရရှိခဲ့ပါတယ်။

၂၀၁၆ မှာ ယူနိုက်တက်ကနေ ထွက်ခွာလာချိန်မှာ သူဟာ ဘောလုံးလောကကနေ အနားယူခဲ့သလို ကလပ်အသင်း၊ နိုင်ငံအသင်းတွေကို ပြန်လည် နည်းပြ မလုပ်တော့ဘူးဆိုပြီး ပြောခဲ့ဖူးပါတယ်။ အသက် ၇၀ ပြည့်တော့မယ့် လူးဝစ် ဗန်ဟားလ်ဟာ အခုအချိန်မှာတော့ နယ်သာလန် လက်ရွေးစင် အသင်းဆီကို တတိယအကြိမ် ပြန်လည် နည်းပြဖို့ ရှိလာနေပါတယ်။

ယူရို ပြိုင်ပွဲမှာ အောင်မြင်မှု မရခဲ့ဘဲ ချက်ကို ရှုံးပြီး ပြိုင်ပွဲကနေ စောစောစီးစီး ထွက်ခဲ့ရတာကြောင့် ဝေဖန်မှုတွေ ခံနေရတဲ့ အသင်းကို ကိုင်တွယ်ရမှာဖြစ်သလို စီနီယာကစားသမားတွေရဲ့ ထောက်ခံမှုကိုလည်းမရရှိထားတာကြောင့် ဒီတစ်ကြိမ်ဟာ ဗန်ဟားလ်အတွက် ခက်ခဲတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရမှာဆိုတာ သေချာပါတယ်။

zawgyi

နယ္သာလန္နည္းျပအေနနဲ႕ ဗန္ဟားလ္ ျပန္လာမွာကို ဗန္ဒိုက္ဦးေဆာင္ၿပီး စီနီယာသမားေတြ ဆန္က်င္ေန

ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲအၿပီးမွာ နယ္သာလန္နည္းျပရာထူးကေန ဖရန႔္ဒီဘိုးဝါး ႏုတ္ထြက္သြားၿပီးေနာက္ ဗန္ဟားလ္ဟာ ႏိုင္ငံ အသင္းရဲ႕နည္းျပအျဖစ္ ျပန္လည္ ေရာက္ရွိလာမယ္ ဆိုၿပီး သတင္းေတြထြက္ေပၚ ေနပါတယ္။ ဗန္ဟားလ္သာ နယ္သာလန္နည္းျပအျဖစ္ တာဝန္ယူခဲ့မယ္ဆိုရင္ သူအတြက္ ဒီတစ္ၾကိမ္ဟာ ႏိုင္ငံ အသင္း အတြက္ တတိယအႀကိမ္ေျမာက္ နည္းျပမႈလည္း ျဖစ္လာမွာပါ။

ဒါေပမယ့္ ဗန္ဟားလ္ နယ္သာလန္နည္းျပအျဖစ္ ျပန္လည္တာဝန္ထမ္းေဆာင္မွာကို သေဘာမတူတဲ့ စီနီယာကစားသမားေတြ က ခါးခါးသီးသီး ဆန႔္က်င္ေနၾကၿပီး ဒီထဲမွာ လီဗာပူးေနာက္ခံလူ ဗန္ဒိုက္လည္း ပါဝင္တယ္လို႔ သိရပါတယ္။

ဗန္ဒိုက္၊ ဝိုက္နယ္ဒန္တို႕လို နယ္သာလန္ အသင္းရဲ႕ စီနီယာကစားသမားေတြဟာ ဗန္ဟားလ္ နညး္ျပ ျဖစ္လာမွာ ကို မလိုလားတဲ့အုပ္စု အျဖစ္ ရွိေနၾကၿပီး ႏိုင္ငံအသင္းရဲ႕နည္းျပေနရာကို ေအဂ်က္ နည္းျပ ေဟာင္း ဟန႔္ တန္ ကာတီကိုသာ ခန္႔အပ္ဖို႕ ဆႏၵရွိေနၾကပါတယ္။

ဒါေပမယ့္ နယ္သာလန္ေဘာလုံးအဖြဲ႕ခ်ဳပ္ကေတာ့ အဲဒီေတာင္းဆိုခ်က္ေတြကို မ်က္ကြယ္ျပဳထားၿပီး ဗန္ဟားလ္ကို နည္းျပသစ္ အျဖစ္ ခန႔္အပ္ဖို႕ပဲ ဆက္လက္လုပ္ေဆာင္ေနပါတယ္။ လစာကိစၥ ညွိႏႈိင္းမႈေတြၿပီးရင္ေတာ့ နညး္ျပအျဖစ္ တရားဝင္ ေၾကျငာသြားမယ့္ သေဘာရွိေနပါတယ္။

ကစားသမားေတြ ရဲ႕ ေထာက္ခံမႈကိုရရွိထားတဲ့ ဟန႔္ တန္ ကာတီကလည္း နယ္သာလန္ေဘာလုံးအဖြဲ႕ခ်ဳပ္ရဲ႕ တာဝန္ရွိသူေတြက ဗန္ဟားလ္ကို နံပါတ္ တစ္ ဦးစားေပး အျဖစ္ ေ႐ြးလိုက္ၿပီဆိုကတည္းက နည္းျပေနရာအတြက္ သူ ဝင္ပါဖို႔ကို ေနာက္ဆုတ္သြားခဲ့ပါတယ္။

ဗန္ဟားလ္ဟာ နယ္သာလန္နည္းျပအျဖစ္ ၂၀၀၀ခုႏွစ္က ပထမအႀကိမ္တာဝန္ယူခဲ့စဥ္မွာ အသင္းဟာ ၂၀၀၂ ကမာၻ႔ဖလားေျခစစ္ပြဲမေအာင္ျမင္ခဲ့ေပမယ့္ သူ၂၀၁၂မွာဒုတိယအၾကိမ္ ျပန္လည္ နည္းျပခဲ့ခ်ိန္မွာေတာ့ အသင္းက ၂၀၁၄ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ တတိယ ရရွိခဲ့ပါတယ္။

၂၀၁၆ မွာ ယူႏိုက္တက္ကေန ထြက္ခြာလာခ်ိန္မွာ သူဟာ ေဘာလံုးေလာကကေန အနားယူခဲ့သလို ကလပ္အသင္း၊ ႏိုင္ငံအသင္းေတြကို ျပန္လည္ နည္းျပ မလုပ္ေတာ့ဘူးဆိုၿပီး ေျပာခဲ့ဖူးပါတယ္။ အသက္ ၇၀ ျပည့္ေတာ့မယ့္ လူးဝစ္ ဗန္ဟားလ္ဟာ အခုအခ်ိန္မွာေတာ့ နယ္သာလန္ လက္ေ႐ြးစင္ အသင္းဆီကို တတိယအၾကိမ္ ျပန္လည္ နည္းျပဖို႕ ရွိလာေနပါတယ္။

ယူ႐ို ၿပိဳင္ပြဲမွာ ေအာင္ျမင္မႈ မရခဲ့ဘဲ ခ်က္ကို ရႈံးၿပီး ျပိဳင္ပြဲကေန ေစာေစာစီးစီး ထြက္ခဲ့ရတာေၾကာင့္ ေဝဖန္မႈေတြ ခံေနရတဲ့ အသင္းကို ကိုင္တြယ္ရမွာျဖစ္သလို စီနီယာကစားသမားေတြရဲ႕ ေထာက္ခံမႈကိုလည္းမရရွိထားတာေၾကာင့္ ဒီတစ္ၾကိမ္ဟာ ဗန္ဟားလ္အတြက္ ခက္ခဲတဲ့ စိန္ေခၚမႈေတြနဲ႕ ရင္ဆိုင္ရမွာဆိုတာ ေသခ်ာပါတယ္။