တိုက်စစ်မှူး ဝါနာထက် ဂိုးသမား ကီပါရဲ့ ဂိုးသွင်းစွမ်းရည်က ပိုကောင်းသလား

ချယ်လ်ဆီးTV ကတင်ဆက်ထားတဲ့ ဂိုးသမား ကီပါရဲ့ လေ့ကျင့်ခန်းအစီအစဉ် ဗီဒီယိုဖိုင် တစ်ခုဟာ အခုဆိုရင် ဆိုရှယ်မီဒီယာမှာ လူကြည့်များနေခဲ့ပါတယ်။

ဒီဗီဒီယိုကိုလည်း ချယ်လ်ဆီး ပရိသတ်တွေက ပြန်လည်ဝေမျှ နေကြသလို ကီပါရဲ့စွမ်းရည်အပေါ်မှာလည်း မှတ်ချက်တွေဝိုင်းပေးထားကြပါတယ်။

ဂိုးသမား ကီပါ ဟာ ဂိုးအပေါ်ဘားတိုင်ကို ရှစ်ကြိမ်ဆက်တိုက်ထိအောင်ကန်ပြခဲ့ တာကို တွေ့ရပြီး သူ့ရဲ့ ခြေစွမ်းဟာ ထိပ်တန်းအဆင့်မှာရှိနေဆဲပဲ ဆိုတာပြသခဲ့ပါတယ်။
ဂိုးဘားတိုင်ကိုရှစ်ကြိမ်ဆက်တိုက်ထိအောင်ကန်နိုင်ဖို့ဆိုတာ ဂိုးသွင်းတိကျမှန်ကန်မှဖြစ်နိုင်တာမျိုးပါ။

ဒါကြောင့်လည်း ချယ်လ်ဆီးပရိသတ်တွေက ပြီးခဲ့တဲ့ဘောလုံးရာသီမှာ အပိုင်အခွင့်အရေးတွေကို ဒိုင်ခံ ဖြုန်းတီးခဲ့တဲ့ ဂျာမန်တိုက်စစ်မှူး ဝါနာ နေရာမှာ ကီပါကို အစားထိုးပြီး တိုက်စစ်မှူးအဖြစ်အသုံးပြုသင့်တယ်ဆိုပြီး တွစ်တာမှာ ဟာသနှော ပြီး ရေးသားနေကြပါတယ်။

အသက်၂၆နှစ်ရှိပြီးဖြစ်တဲ့ ဂိုးသမားကီပါဟာ စပိန်အသင်းနဲ့အတူ ယူရို၂၀၂၀ပြိုင်ပွဲမကစားရတာကြောင့် ချဲလ်ဆီးရဲ့ရာသီကြိုလေ့ကျင့်ခန်း အစီအစဉ်တွေမှာ စောစောစီးစီးပူးပေါင်းလာခဲ့တာပါ။

၂၀၁၈၊ သြဂုတ်လ က ဘီလ်ဘာအိုကနေ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် (၇၁.၆)သန်းနဲ့ ရောက်ရှိလာတဲ့ ကီပါ ဟာ စတမ်းဖို့ဒ်ဘရစ်ချ် မှာ ဖိအားတွေများပြီး လက်စွမ်းတွေကြခဲ့သလို ဂိုးကာကွယ်မှုမှာလည်း အမှားတွေ ပြုလုပ်ခဲ့တာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

မနှစ်က ဘောလုံးရာသီမှာတော့ ရန်နက်အသင်းကနေ ပြောင်းရွှေ့လာတဲ့ မန်ဒီရဲ့ လက်စွမ်းပြသခဲ့မှုကြောင့် သူဟာ ပွဲထွက်ကစားသမားအဆင့်ကနေ ဒုတိယဦးစားပေးဂိုးသမားအဖြစ်ကို ပြောင်းလဲရောက်ရှိ သွားခဲ့ပါတယ်။

အသင်းရဲ့ ပွဲထွက်ဂိုးသမား နေရာကို ဆုံးရှုံးထားတာကြောင့် သူဟာ ဒီနွေရာသီအပြောင်းအရွှေ့မှာ လာဇီယို အသင်းဆီကို ပြောင်းရွှေ့ဖို့လည်း ချိတ်ဆက်နေပါတယ်။

ကီပါဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကချဲလ်ဆီးအတွက် (၁၄) ပွဲသာကစားခွင့်ရခဲ့ပါတယ်။

Zawgyi

တိုက္စစ္မႉး ဝါနာထက္ ဂိုးသမား ကီပါရဲ႕ ဂိုးသြင္းစြမ္းရည္က ပိုေကာင္းသလား

ခ်ယ္လ္ဆီးTV ကတင္ဆက္ထားတဲ့ ဂိုးသမား ကီပါရဲ႕ ေလ့က်င့္ခန္းအစီအစဥ္ ဗီဒီယိုဖိုင္ တစ္ခုဟာ အခုဆိုရင္ ဆိုရွယ္မီဒီယာမွာ လူၾကည့္မ်ားေနခဲ့ပါတယ္။

ဒီဗီဒီယိုကိုလည္း ခ်ယ္လ္ဆီး ပရိသတ္ေတြက ျပန္လည္ေဝမွ် ေနၾကသလို ကီပါရဲ႕စြမ္းရည္အေပၚမွာလည္း မွတ္ခ်က္ေတြဝိုင္းေပးထားၾကပါတယ္။

ဂိုးသမား ကီပါ ဟာ ဂိုးအေပၚဘားတိုင္ကို ရွစ္ႀကိမ္ဆက္တိုက္ထိေအာင္ကန္ျပခဲ့ တာကို ေတြ႕ရၿပီး သူ႔ရဲ႕ ေျခစြမ္းဟာ ထိပ္တန္းအဆင့္မွာရွိေနဆဲပဲ ဆိုတာျပသခဲ့ပါတယ္။
ဂိုးဘားတိုင္ကိုရွစ္ႀကိမ္ဆက္တိုက္ထိေအာင္ကန္ႏိုင္ဖို႔ဆိုတာ ဂိုးသြင္းတိက်မွန္ကန္မွျဖစ္ႏိုင္တာမ်ိဳးပါ။

ဒါေၾကာင့္လည္း ခ်ယ္လ္ဆီးပရိသတ္ေတြက ၿပီးခဲ့တဲ့ေဘာလုံးရာသီမွာ အပိုင္အခြင့္အေရးေတြကို ဒိုင္ခံ ျဖဳန္းတီးခဲ့တဲ့ ဂ်ာမန္တိုက္စစ္မႉး ဝါနာ ေနရာမွာ ကီပါကို အစားထိုးၿပီး တိုက္စစ္မႉးအျဖစ္အသုံးျပဳသင့္တယ္ဆိုၿပီး တြစ္တာမွာ ဟာသေႏွာ ၿပီး ေရးသားေနၾကပါတယ္။

အသက္၂၆ႏွစ္ရွိၿပီးျဖစ္တဲ့ ဂိုးသမားကီပါဟာ စပိန္အသင္းနဲ႔အတူ ယူ႐ို၂၀၂၀ၿပိဳင္ပြဲမကစားရတာေၾကာင့္ ခ်ဲလ္ဆီးရဲ႕ရာသီႀကိဳေလ့က်င့္ခန္း အစီအစဥ္ေတြမွာ ေစာေစာစီးစီးပူးေပါင္းလာခဲ့တာပါ။

၂၀၁၈၊ ၾသဂုတ္လ က ဘီလ္ဘာအိုကေန ကလပ္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကး ေပါင္ (၇၁.၆)သန္းနဲ႔ ေရာက္ရွိလာတဲ့ ကီပါ ဟာ စတမ္းဖို႔ဒ္ဘရစ္ခ်္ မွာ ဖိအားေတြမ်ားၿပီး လက္စြမ္းေတြၾကခဲ့သလို ဂိုးကာကြယ္မႈမွာလည္း အမွားေတြ ျပဳလုပ္ခဲ့တာေၾကာင့္ ေဝဖန္မႈေတြနဲ႔ ရင္ဆိုင္ခဲ့ရပါတယ္။

မႏွစ္က ေဘာလုံးရာသီမွာေတာ့ ရန္နက္အသင္းကေန ေျပာင္းေ႐ႊ႕လာတဲ့ မန္ဒီရဲ႕ လက္စြမ္းျပသခဲ့မႈေၾကာင့္ သူဟာ ပြဲထြက္ကစားသမားအဆင့္ကေန ဒုတိယဦးစားေပးဂိုးသမားအျဖစ္ကို ေျပာင္းလဲေရာက္ရွိ သြားခဲ့ပါတယ္။

အသင္းရဲ႕ ပြဲထြက္ဂိုးသမား ေနရာကို ဆုံးရႈံးထားတာေၾကာင့္ သူဟာ ဒီေႏြရာသီအေျပာင္းအေ႐ႊ႕မွာ လာဇီယို အသင္းဆီကို ေျပာင္းေ႐ႊ႕ဖို႔လည္း ခ်ိတ္ဆက္ေနပါတယ္။

ကီပါဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကခ်ဲလ္ဆီးအတြက္ (၁၄) ပြဲသာကစားခြင့္ရခဲ့ပါတယ္။