အားလပ်ရက်မှာတောင် အနားမယူပဲ အသင်းဟောင်းနဲ့အတူ လေ့ကျင့်နေတဲ့ ဘရူနို ဖာနန်ဒက်

ဘရူနို ဖာနန်ဒက်ဟာ အားလပ်ရက်ကာလအတွင်းမှာ အသင်းဟောင်း Boavista ကလပ်နဲ့အတူ လေ့ကျင့်ရေး အစီအစဉ်တွေ ပြုလုပ်နေပြီး ရာသီသစ်အတွက် စတင်ပြင်ဆင်လျက်ရှိပါတယ်။

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်ကစားသမားဟာ လာမယ့် တနင်္လာနေ့မှာ ကာရင်တန်လေ့ကျင့်ရေးကွင်းကို ပြန်လည် လာရောက်ပူးပေါင်းဖို့ ရှိပေမယ့် မျှော်လင့်ထားတာထက် ကြိုပြီး လေ့ကျင့်ရေးအစဉ်တွေ ပြုလုပ်နေတာဖြစ်ပါတယ်။

အသက် ( ၂၆ ) နှစ်အရွယ် ကစားသမားဟာ ပြီးခဲ့တဲ့ ရာသီအတွင်း နိုင်ငံ နှင့် ကလပ်အသင်းတွေ အတွက် စုစုပေါင်း ပွဲ ( ၇၀ ) ကျော် ကစားပေးခဲ့ရပြီး ရာသီကုန်ခါနီးမှာ ပွဲပန်းတဲ့ လက္ခဏာတွေ မြင်တွေ့ခဲ့ရပေမယ့် လက်ရှိမှာတော့ ပုံမှန်အနေအထားကို ပြန်လည် ပိုင်ဆိုင်ထားပုံရပါတယ်။

ဖာနန်ဒက်စ်က ယူရို ( ၂၀၂၀ ) ပြိုင်ပွဲ ၊ ( ၁၆ ) သင်းအဆင့်ကနေ ထွက်ခဲ့ရတဲ့ ပေါ်တူဂီလက်ရွေးစင်အသင်းမှာလည်း ပါဝင်ခဲ့ပြီး ပွဲထွက်ကစားသမားအနေနဲ့ ( ၂ ) ကြိမ် ပါဝင်ခွင့်ရခဲ့ပါတယ်။

စီနီယာကစားသမားတွေက သြဂုတ်လအစောပိုင်းထိ အသင်းနဲ့ လာရောက်ပူးပေါင်းနိုင်ဖို့ မရှိသေးချိန် အိုလေ ဂန်းနား ဆိုးရှားအနေနဲ့ ဖာနန်ဒက်စ်က ယခုလို ကြံ့ခိုင်မှုပြည့်ဝနေတဲ့အပေါ် သဘောကျ ကျေနပ်နေပါလိမ့်မယ်။

ပြီးခဲတဲ့ ရာသီကုန်ဆုံးခါနီးမှာ ခြေစွမ်းအနည်းငယ် ကျဆင်းခဲ့ပေမယ့် ဖာနန်ဒက်စ်က မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိကကစားသမားအဖြစ် ရှိနေပြီး ( ၄ ) ရာသီဆက် ဖလားလက်မဲ့ဖြစ်မှုကို အဆုံးသတ်နိုင်ဖို့ ပေါ်တူဂီ ကြယ်ပွင့်အပေါ် လုံးဝ မှီခိုရဖို့ ရှိနေပါတယ်။

zawgyi

အားလပ္ရက္မွာေတာင္ အနားမယူပဲ အသင္းေဟာင္းနဲ႔အတူ ေလ့က်င့္ေနတဲ့ ဘ႐ူႏို ဖာနန္ဒက္

ဘ႐ူႏို ဖာနန္ဒက္ဟာ အားလပ္ရက္ကာလအတြင္းမွာ အသင္းေဟာင္း Boavista ကလပ္နဲ႔အတူ ေလ့က်င့္ေရး အစီအစဥ္ေတြ ျပဳလုပ္ေနၿပီး ရာသီသစ္အတြက္ စတင္ျပင္ဆင္လ်က္ရွိပါတယ္။

မန္ခ်က္စတာ ယူႏိုက္တက္ ကြင္းလယ္ကစားသမားဟာ လာမယ့္ တနလၤာေန႔မွာ ကာရင္တန္ေလ့က်င့္ေရးကြင္းကို ျပန္လည္ လာေရာက္ပူးေပါင္းဖို႔ ရွိေပမယ့္ ေမွ်ာ္လင့္ထားတာထက္ ႀကိဳၿပီး ေလ့က်င့္ေရးအစဥ္ေတြ ျပဳလုပ္ေနတာျဖစ္ပါတယ္။

အသက္ ( ၂၆ ) ႏွစ္အ႐ြယ္ ကစားသမားဟာ ၿပီးခဲ့တဲ့ ရာသီအတြင္း ႏိုင္ငံ ႏွင့္ ကလပ္အသင္းေတြ အတြက္ စုစုေပါင္း ပြဲ ( ၇၀ ) ေက်ာ္ ကစားေပးခဲ့ရၿပီး ရာသီကုန္ခါနီးမွာ ပြဲပန္းတဲ့ လကၡဏာေတြ ျမင္ေတြ႕ခဲ့ရေပမယ့္ လက္ရွိမွာေတာ့ ပုံမွန္အေနအထားကို ျပန္လည္ ပိုင္ဆိုင္ထားပုံရပါတယ္။

ဖာနန္ဒက္စ္က ယူ႐ို ( ၂၀၂၀ ) ၿပိဳင္ပြဲ ၊ ( ၁၆ ) သင္းအဆင့္ကေန ထြက္ခဲ့ရတဲ့ ေပၚတူဂီလက္ေ႐ြးစင္အသင္းမွာလည္း ပါဝင္ခဲ့ၿပီး ပြဲထြက္ကစားသမားအေနနဲ႔ ( ၂ ) ႀကိမ္ ပါဝင္ခြင့္ရခဲ့ပါတယ္။

စီနီယာကစားသမားေတြက ၾသဂုတ္လအေစာပိုင္းထိ အသင္းနဲ႔ လာေရာက္ပူးေပါင္းႏိုင္ဖို႔ မရွိေသးခ်ိန္ အိုေလ ဂန္းနား ဆိုးရွားအေနနဲ႔ ဖာနန္ဒက္စ္က ယခုလို ႀကံ့ခိုင္မႈျပည့္ဝေနတဲ့အေပၚ သေဘာက် ေက်နပ္ေနပါလိမ့္မယ္။

ၿပီးခဲတဲ့ ရာသီကုန္ဆုံးခါနီးမွာ ေျခစြမ္းအနည္းငယ္ က်ဆင္းခဲ့ေပမယ့္ ဖာနန္ဒက္စ္က မန္ခ်က္စတာ ယူႏိုက္တက္ရဲ႕ အဓိကကစားသမားအျဖစ္ ရွိေနၿပီး ( ၄ ) ရာသီဆက္ ဖလားလက္မဲ့ျဖစ္မႈကို အဆုံးသတ္ႏိုင္ဖို႔ ေပၚတူဂီ ၾကယ္ပြင့္အေပၚ လုံးဝ မွီခိုရဖို႔ ရွိေနပါတယ္။