ဟယ်ရီကိန်းကိုခေါ်ယူဖို့ ကြိုးစားနေတဲ့အသင်းတွေကို သတိပေးခဲ့တဲ့ စပါးနည်းပြသစ်

ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ မန်စီးတီးက အသင်းကနေ ထွက်ခွါသွားတဲ့ ဝါရင့်တိုက်စစ်မှူး အဂွဲရို ရဲ့နေရာကို အစားထိုးဖို့အတွက် ကမ္ဘာ့အဆင့်တိုက်စစ်မှူးတယောက်ကို ရှာဖွေနေပါတယ်။ လီဝန်ဒေါစကီး ၊ ဟာလန်း ၊ လူကာကူ ၊ ဟယ်ရီကိန်း စတဲ့တိုက်စစ်မှူးတွေထဲက တယောက်ကို အရခေါ်ယူသွားဖို့ရှိနေပါတယ်။ နည်းပြ ဂွါဒီယိုလာကတော့ စပါးကနေထွက်ဖို့ဆန္ဒရှိနေတဲ့ ဟယ်ရီကိန်း ကို ပေါင်သန်း ၁၀၀ ဝန်းကျင်နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဟယ်ရီကိန်း ကို ခေါ်ယူချင်နေတဲ့အသင်းဟာ မန်စီးတီး တသင်းထဲမဟုတ်ပဲ ချဲလ်ဆီးကလည်း အခြေအနေတွေကို စောင့်ကြည့်နေတာပါ။ ဒါကြောင့် စပါးအသင်းရဲ့ နည်းပြသစ် နူနိုဆန်တို က သူ့အသင်းရဲ့ အဓိက ကစားသမားနဲ့ ဝေးဝေးနေကြဖို့ အခုလို သတိပေး ပြောဆိုခဲ့ပါတယ်။

“ ဟယ်ရီကိန်း က စပါးအသင်းရဲ့ကစားသမားပါ။ ကာလအပိုင်းအခြားတခုအထိ ကျွန်တော်တို့ရဲ့ ကစားသမားဖြစ်နေမှာပါ။ ဒီထက်ပိုပြီး ဘာမှပြောစရာမရှိဘူး။ အခုချိန်က ဟယ်ရီကိန်း အနားယူရမယ့် အခိုက်အတန့်ပါ။ သူအသင်းနဲ့လာပူးပေါင်းတဲ့အချိန်ကျရင် ကျွန်တော်တို့ စကားပြောကြမှာပါ။ ဟယ်ရီကိန်း ကျွန်တော်တို့ဆီကို လာရောက်ပူးပေါင်းမယ့် အချိန်ကိုစောင့်မျှော်နေပြီး သူနဲ့အလုပ်အတူတူတွဲလုပ်ရဖို့ကိုလည်း မျှော်လင့်နေပါတယ် “ လို့ စပါးနည်းပြဘဝ ပထမဆုံးပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ နူနို ဆန်တို က ပြောခဲ့ပါတယ်။

စပါးအသင်း ဥက္ကဌ လီဗိုင်း ကလည်း အဓိက ကစားသမား ဟယ်ရီကိန်း ကို လုံးဝရောင်းချဖို့စိတ်ကူးမရှိဘူးလို့ သိရပါတယ်။ ဒါပေမဲ့ အပြောင်းအရွှေ့ဖြစ် မဖြစ်ကတော့ ကစားသမားရဲ့ ဆန္ဒအပေါ်မှာသာမူတည်နေပြီး ဟယ်ရီကိန်း သာ မန်စီးတီးကို ပြောင်းခွင့်ပြုဖို့ တောင်းဆိုခဲ့ရင် လက်လွှတ်ပေးရဖို့ရှိနေပါတယ်။

မန်စီးတီးအသင်းဟာ ဟယ်ရီကိန်း အပြင် အင်္ဂလန်ကွင်းလယ်လူ ဂျက်ဂရီးလစ်ရှ် ကိုလည်း ခေါ်ယူဖို့ ကြိုးစားနေပါတယ်။ ဂရီးလစ်ရှ် အတွက်လည်း ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ လောက်သုံးရနိုင်တာကြောင့် အသင်းမှာရှိတဲ့ ကစားသမားတွေကို ရောင်းထုတ်ပြီး ငွေအရင်ရှာဖို့ရှိနေပါတယ်။

ဂျုဗင်တပ်စ်အသင်းက စိတ်ဝင်စားနေတဲ့ ဘရာဇီးလ် တိုက်စစ်မှူး ဂျေးဇူး ကို ရောင်းချဖို့အသင့်ရှိနေသလို ယူရိုပြိုင်ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ တောင်ပံကစားသမား စတာလင် ကိုလည်း အံ့အားသင့်ဖွယ်အဖြစ် အရောင်းစာရင်းတင်ထားတယ်လို့ သိရပါတယ်။

zawgyi

ဟယ္ရီကိိန္းကိုေခၚယူဖို႔ ႀကိဳးစားေနတဲ့အသင္းေတြကို သတိေပးခဲ့တဲ့ စပါးနည္းျပသစ္

ပရီးမီးယားလိဂ္ၿပိဳင္ပြဲရဲ႕ လက္ရွိခ်န္ပီယံ မန္စီးတီးက အသင္းကေန ထြက္ခြါသြားတဲ့ ဝါရင့္တိုက္စစ္မႉး အဂြဲ႐ို ရဲ႕ေနရာကို အစားထိုးဖို႔အတြက္ ကမာၻ႔အဆင့္တိုက္စစ္မႉးတေယာက္ကို ရွာေဖြေနပါတယ္။

လီဝန္ေဒါစကီး ၊ ဟာလန္း ၊ လူကာကူ ၊ ဟယ္ရီကိန္း စတဲ့တိုက္စစ္မႉးေတြထဲက တေယာက္ကို အရေခၚယူသြားဖို႔ရွိေနပါတယ္။ နည္းျပ ဂြါဒီယိုလာကေတာ့ စပါးကေနထြက္ဖို႔ဆႏၵရွိေနတဲ့ ဟယ္ရီကိန္း ကို ေပါင္သန္း ၁၀၀ ဝန္းက်င္နဲ႔ ကမ္းလွမ္းဖို႔ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။

ဟယ္ရီကိန္း ကို ေခၚယူခ်င္ေနတဲ့အသင္းဟာ မန္စီးတီး တသင္းထဲမဟုတ္ပဲ ခ်ဲလ္ဆီးကလည္း အေျခအေနေတြကို ေစာင့္ၾကည့္ေနတာပါ။ ဒါေၾကာင့္ စပါးအသင္းရဲ႕ နည္းျပသစ္ ႏူႏိုဆန္တို က သူ႔အသင္းရဲ႕ အဓိက ကစားသမားနဲ႔ ေဝးေဝးေနၾကဖို႔ အခုလို သတိေပး ေျပာဆိုခဲ့ပါတယ္။

“ ဟယ္ရီကိန္း က စပါးအသင္းရဲ႕ကစားသမားပါ။ ကာလအပိုင္းအျခားတခုအထိ ကြၽန္ေတာ္တို႔ရဲ႕ ကစားသမားျဖစ္ေနမွာပါ။ ဒီထက္ပိုၿပီး ဘာမွေျပာစရာမရွိဘူး။ အခုခ်ိန္က ဟယ္ရီကိန္း အနားယူရမယ့္ အခိုက္အတန္႔ပါ။ သူအသင္းနဲ႔လာပူးေပါင္းတဲ့အခ်ိန္က်ရင္ ကြၽန္ေတာ္တို႔ စကားေျပာၾကမွာပါ။ ဟယ္ရီကိန္း ကြၽန္ေတာ္တို႔ဆီကို လာေရာက္ပူးေပါင္းမယ့္ အခ်ိန္ကိုေစာင့္ေမွ်ာ္ေနၿပီး သူနဲ႔အလုပ္အတူတူတြဲလုပ္ရဖို႔ကိုလည္း ေမွ်ာ္လင့္ေနပါတယ္ “ လို႔ စပါးနည္းျပဘဝ ပထမဆုံးျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ႏူႏို ဆန္တို က ေျပာခဲ့ပါတယ္။

စပါးအသင္း ဥကၠဌ လီဗိုင္း ကလည္း အဓိက ကစားသမား ဟယ္ရီကိန္း ကို လုံးဝေရာင္းခ်ဖို႔စိတ္ကူးမရွိဘူးလို႔ သိရပါတယ္။ ဒါေပမဲ့ အေျပာင္းအေ႐ႊ႕ျဖစ္ မျဖစ္ကေတာ့ ကစားသမားရဲ႕ ဆႏၵအေပၚမွာသာမူတည္ေနၿပီး ဟယ္ရီကိန္း သာ မန္စီးတီးကို ေျပာင္းခြင့္ျပဳဖို႔ ေတာင္းဆိုခဲ့ရင္ လက္လႊတ္ေပးရဖို႔ရွိေနပါတယ္။

မန္စီးတီးအသင္းဟာ ဟယ္ရီကိန္း အျပင္ အဂၤလန္ကြင္းလယ္လူ ဂ်က္ဂရီးလစ္ရွ္ ကိုလည္း ေခၚယူဖို႔ ႀကိဳးစားေနပါတယ္။ ဂရီးလစ္ရွ္ အတြက္လည္း ေျပာင္းေ႐ႊ႕ေၾကး ေပါင္သန္း ၁၀၀ ေလာက္သုံးရႏိုင္တာေၾကာင့္ အသင္းမွာရွိတဲ့ ကစားသမားေတြကို ေရာင္းထုတ္ၿပီး ေငြအရင္ရွာဖို႔ရွိေနပါတယ္။

ဂ်ဳဗင္တပ္စ္အသင္းက စိတ္ဝင္စားေနတဲ့ ဘရာဇီးလ္ တိုက္စစ္မႉး ေဂ်းဇူး ကို ေရာင္းခ်ဖို႔အသင့္ရွိေနသလို ယူ႐ိုၿပိဳင္ပြဲမွာ ေျခစြမ္းျပခဲ့တဲ့ ေတာင္ပံကစားသမား စတာလင္ ကိုလည္း အံ့အားသင့္ဖြယ္အျဖစ္ အေရာင္းစာရင္းတင္ထားတယ္လို႔ သိရပါတယ္။