သူတို့အသင်းခေါင်းဆောင်ရဲ့ဂျာစီတွေကို ဖီယင်နု ပရိသတ်တွေ မီးရှို့ခဲ့ကြ

နယ်သာလန်ကလပ် ဖီယင်နု ရဲ့ အသင်းခေါင်းဆောင် ဘာ့ခ်ဟို့စ် က အစဉ်အလာပြိုင်ဖက် အေဂျက်စ်အသင်းဆီကို ပြီးခဲ့တဲ့ရက်ပိုင်းက အံ့အားသင့်ဖွယ် ပြောင်းရွှေ့သွားခဲ့ပါတယ်။

ဘာ့ခ်ဟို့စ် ဟာ ဖီယင်နု ရဲ့ အသင်းခေါင်းဆောင်ဖြစ်သလို အားအထားရဆုံးကစားသမားလည်း ဖြစ်ပါတယ်။
ဒီလိုကစားသမားမျိုးက အေဂျက်စ် အသင်းကို ပြောင်းရွှေ့သွားတဲ့အပေါ် ဖီယင်နု ပရိသတ်တွေက အလွန်ခံပြင်းကာ ဒေါသထွက်နေကြပါတယ်။

ဒေါသထွက်နေတဲ့ ပရိသတ်တွေက ဘာ့ခ်ဟိုစ် နာမည်ပါတဲ့ ဖီယင်နုအသင်းရဲ့ ဂျာစီတွေကို လမ်းမတွေပေါ်မှာ မီးရှို့ဖျက်စီးနေကြတာကို တွေ့ရပါတယ်။

ဘာ့ခ်ဟို့စ် ဟာ ၂၀၁၆ ခုနှစ် ဖီယင်နုအသင်းကို ရောက်ရောက်ချင်း ပထမဆုံးရာသီမှာပဲ ၁၈ နှစ်ကြာဝေးကွာနေတဲ့ နယ်သာလန်အမှတ်ပေးဖလားကို ပြန်လည်ရရှိအောင် အဓိကနေရာကနေ စွမ်းဆောင်ပေးခဲ့တဲ့သူဖြစ်ပါတယ်။

ဒါကြောင့်မို့ ဖီယင်နု ပရိသတ်တွေက ဘာ့ခ်ဟို့စ် အေဂျက်စ်ကို ပြောင်းရွှေ့သွားမှုအပေါ် တော်တော်လေးခံစားနေရတာဖြစ်ပါတယ်။

အေဂျက်စ် အသင်းက အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘာ့ခ်ဟို့စ် အတွက်ပြောင်းရွှေ့ကြေး ယူရို ၅.၅ သန်းသာသုံးခဲ့ရပြီး ၄ နှစ်သက်တမ်းရှိ စာချုပ်တရပ်ကို ချုပ်ဆိုမယ်လို့သိရပါတယ်။

ဖီယင်နု ကနေ အေဂျက်စ် ကို အံ့အားသင့်ဖွယ်ပြောင်းရွှေ့ခဲ့တာနဲ့ ပတ်သက်ပြီး ဘာ့ခ်ဟို့စ် က “ ကျွန်တော့်အသက်က ၂၉ နှစ်ဖြစ်နေပြီ။
ဒီအချိန်မှာ ကစားသမားဘဝရဲ့ နောက်တဆင့်ကို တက်လှမ်းချင်တဲ့ ဆန္ဒကို လျို့ဝှက်မထားချင်ဘူး။
အားကစားလောကမှာ ကိုယ့်ကိုကိုယ်အမြဲတိုးတက်နေအောင်လုပ်ဖို့ အရမ်းအရေးကြီးတယ်။


အသင်းသစ်ရွေးချယ်ဖို့ စဉ်းစားတဲ့အခါမှာ ကျွန်တော့်ကိုဘယ်လောက်ထိ တိုးတက်အောင်လုပ်ပေးမလဲဆိုတာကို အရင်ကြည့်ပါတယ်။
နောက်ပြီး ကျွန်တော်က ဆုဖလားတွေလည်းထပ်လိုချင်သေးသလို ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ကစားချင်တယ်။


အဲဒီအပြင် နယ်သာလန်လက်ရွေးစင်အသင်းမှာလည်း ပုံမှန်ပါဝင်နိုင်ဖို့ ရည်မှန်ထားတာပါ။
အေဂျက်စ် မှာ ဆိုရင်တော့ ကျွန်တော်မှန်းထားတဲ့အရာအားလုံး ရနိုင်မယ်ထင်လို့ပါ “ လို့ အေဂျက်စ်အသင်းနဲ့ ပထမဆုံးအင်တာဗျူးမှာ ပြောခဲ့ပါတယ်။

သမိုင်းတလျှောက် ဖီယင်နု ကနေ အေဂျက်စ်အသင်းဆီကို တိုက်ရိုက်ပြောင်းရွှေ့ကစားခဲ့တဲ့ ကစားသမား ၃ ယောက်သာရှိဖူးပြီး ဘာ့ခ်ဟို့စ် က ၄ ယောက်မြောက်အဖြစ် မှတ်တမ်းဝင်မှာဖြစ်ပါတယ်။

Zawgyi

သူတုိ့အသင္းေခါင္းေဆာင္ရဲ႕ဂ်ာစီေတြကို ဖီယင္ႏု ပရိသတ္ေတြ မီးရႈိ႕ခဲ့ၾက

နယ္သာလန္ကလပ္ ဖီယင္ႏု ရဲ႕ အသင္းေခါင္းေဆာင္ ဘာ့ခ္ဟို႔စ္ က အစဥ္အလာၿပိဳင္ဖက္ ေအဂ်က္စ္အသင္းဆီကို ၿပီးခဲ့တဲ့ရက္ပိုင္းက အံ့အားသင့္ဖြယ္ ေျပာင္းေ႐ႊ႕သြားခဲ့ပါတယ္။

ဘာ့ခ္ဟို႔စ္ ဟာ ဖီယင္ႏု ရဲ႕ အသင္းေခါင္းေဆာင္ျဖစ္သလို အားအထားရဆုံးကစားသမားလည္း ျဖစ္ပါတယ္။

ဒီလိုကစားသမားမ်ိဳးက ေအဂ်က္စ္ အသင္းကို ေျပာင္းေ႐ႊ႕သြားတဲ့အေပၚ ဖီယင္ႏု ပရိသတ္ေတြက အလြန္ခံျပင္းကာ ေဒါသထြက္ေနၾကပါတယ္။

ေဒါသထြက္ေနတဲ့ ပရိသတ္ေတြက ဘာ့ခ္ဟိုစ္ နာမည္ပါတဲ့ ဖီယင္ႏုအသင္းရဲ႕ ဂ်ာစီေတြကို လမ္းမေတြေပၚမွာ မီးရႈိ႕ဖ်က္စီးေနၾကတာကို ေတြ႕ရပါတယ္။

ဘာ့ခ္ဟို႔စ္ ဟာ ၂၀၁၆ ခုႏွစ္ ဖီယင္ႏုအသင္းကို ေရာက္ေရာက္ခ်င္း ပထမဆုံးရာသီမွာပဲ ၁၈ ႏွစ္ၾကာေဝးကြာေနတဲ့ နယ္သာလန္အမွတ္ေပးဖလားကို ျပန္လည္ရရွိေအာင္ အဓိကေနရာကေန စြမ္းေဆာင္ေပးခဲ့တဲ့သူျဖစ္ပါတယ္။

ဒါေၾကာင့္မို႔ ဖီယင္ႏု ပရိသတ္ေတြက ဘာ့ခ္ဟို႔စ္ ေအဂ်က္စ္ကို ေျပာင္းေ႐ႊ႕သြားမႈအေပၚ ေတာ္ေတာ္ေလးခံစားေနရတာျဖစ္ပါတယ္။

ေအဂ်က္စ္ အသင္းက အသက္ ၂၉ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ဘာ့ခ္ဟို႔စ္ အတြက္ေျပာင္းေ႐ႊ႕ေၾကး ယူ႐ို ၅.၅ သန္းသာသုံးခဲ့ရၿပီး ၄ ႏွစ္သက္တမ္းရွိ စာခ်ဳပ္တရပ္ကို ခ်ဳပ္ဆိုမယ္လို႔သိရပါတယ္။

ဖီယင္ႏု ကေန ေအဂ်က္စ္ ကို အံ့အားသင့္ဖြယ္ေျပာင္းေ႐ႊ႕ခဲ့တာနဲ႔ ပတ္သက္ၿပီး ဘာ့ခ္ဟို႔စ္ က “ ကြၽန္ေတာ့္အသက္က ၂၉ ႏွစ္ျဖစ္ေနၿပီ။
ဒီအခ်ိန္မွာ ကစားသမားဘဝရဲ႕ ေနာက္တဆင့္ကို တက္လွမ္းခ်င္တဲ့ ဆႏၵကို လ်ိဳ႕ဝွက္မထားခ်င္ဘူး။
အားကစားေလာကမွာ ကိုယ့္ကိုကိုယ္အၿမဲတိုးတက္ေနေအာင္လုပ္ဖို႔ အရမ္းအေရးႀကီးတယ္။
အသင္းသစ္ေ႐ြးခ်ယ္ဖို႔ စဥ္းစားတဲ့အခါမွာ ကြၽန္ေတာ့္ကိုဘယ္ေလာက္ထိ တိုးတက္ေအာင္လုပ္ေပးမလဲဆိုတာကို အရင္ၾကည့္ပါတယ္။
ေနာက္ၿပီး ကြၽန္ေတာ္က ဆုဖလားေတြလည္းထပ္လိုခ်င္ေသးသလို ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာလည္း ကစားခ်င္တယ္။

အဲဒီအျပင္ နယ္သာလန္လက္ေ႐ြးစင္အသင္းမွာလည္း ပုံမွန္ပါဝင္ႏိုင္ဖို႔ ရည္မွန္ထားတာပါ။
ေအဂ်က္စ္ မွာ ဆိုရင္ေတာ့ ကြၽန္ေတာ္မွန္းထားတဲ့အရာအားလုံး ရႏိုင္မယ္ထင္လို႔ပါ “ လို႔ ေအဂ်က္စ္အသင္းနဲ႔ ပထမဆုံးအင္တာဗ်ဴးမွာ ေျပာခဲ့ပါတယ္။

သမိုင္းတေလွ်ာက္ ဖီယင္ႏု ကေန ေအဂ်က္စ္အသင္းဆီကို တိုက္႐ိုက္ေျပာင္းေ႐ႊ႕ကစားခဲ့တဲ့ ကစားသမား ၃ ေယာက္သာရွိဖူးၿပီး ဘာ့ခ္ဟို႔စ္ က ၄ ေယာက္ေျမာက္အျဖစ္ မွတ္တမ္းဝင္မွာျဖစ္ပါတယ္။