ဝါရင့်နောက်ခံလူ ချီလီနီကို စာချုပ်သစ်ချုပ်ဖို့ မဆွေးနွေးရသေးတဲ့ ဂျူဗင်တပ်စ်

အီတလီအသင်းနာမည်ကျော်နောက်ခံလူ ချီလီနီရဲ့အေးဂျင့်က ဂျူဗင်တပ်စ်အသင်းဟာ အသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးသွားလို့ Free Agent ဖြစ်နေတဲ့ ချီလီကို စာချုပ်သက်တမ်းတိုးဖို့ အခုအချိန်အထိ မဆွေးနွေးသေးဘူးလို့ ဖွင့်ဟပြောဆိုခဲ့ပါတယ်။

ယူရို-၂၀၂၀ ပြိုင်ပွဲမှာ အီတလီအသင်းခေါင်းဆောင်အဖြစ် ပါဝင်ကစားခဲ့ပြီး ၁၉၆၈ ခုနှစ်နောက်ပိုင်းဝေးကွာနေတဲ့ ယူရိုချန်ပီယံဆုရရှိအောင် ဦးဆောင်ပေးခဲ့သူ ချီလီနီဟာ ဂျူဗင်တပ်စ်အသင်းနဲ့ ပြီးခဲ့တဲ့ဇွန်လကုန်ကတည်းက စာချုပ်သက်တမ်းပြည့်သွားတာဖြစ်ပြီး ဂျူဗင်တပ်စ်အသင်းမှာ (၁၈)ရာသီမြောက်အဖြစ် ပါဝင်ကစားခွင့်ရဖို့ မျှော်လင့်နေပါတယ်။

အသက်(၃၆)နှစ်အရွယ်ရှိပြီဖြစ်သူ ချီလီနီဟာ ဂျူဗင်တပ်စ်အသင်းမှာ ၂၀၀၄ ခုနှစ်ကတည်းက စတင်ကစားခဲ့သူဖြစ်သလို အသင်းနဲ့အတူ စီးရီးအေ(၉)ကြိမ်ဆက်အပါအဝင် ဆုဖလားပေါင်း(၂၀)ခုအထိ ရယူနိုင်ခဲ့သူပါ။ ချီလီနီရဲ့အေးဂျင့်ဖြစ်သူ ဒေးဗစ်လစ်ပီက “စာချုပ်ချုပ်ဖို့ဆိုတာက နှစ်ဦးနှစ်ဖက်သဘောဆန္ဒအရ လက်မှတ်ထိုးမှဖြစ်တာပါ။ ချီလီနီဟာ အီတလီအသင်းနဲ့အတူ ယူရိုပြိုင်ပွဲဆင်နွှဲခဲ့ပြီး ပြိုင်ပွဲတစ်ခုတည်းအပေါ် အာရုံစိုက်ခဲ့တာဖြစ်ပါတယ်။ ဂျူဗင်တပ်စ်အသင်းကတော့ ဘာမှပြဿနာမရှိဘဲ နွေရာသီနှောင်းပိုင်းကျရင် စာချုပ်ကိစ္စဆွေးနွေးဖို့ ကျွန်တော်တို့ပြောဆိုပြီးသားဖြစ်ပါတယ်။ ဒါပေမဲ့ အခုအချိန်အထိ ကျွန်တော်တို့တွေ စာချုပ်သစ်ကိစ္စအတွက် မဆွေးနွေးရသေးပါဘူး။ ဂျူဗင်တပ်စ်အသင်းဘက်က ဘယ်အချိန်မှာ စာချုပ်သစ်ကိစ္စအတွက် တွေ့ဆုံဆွေးနွေးမယ်ဆိုတဲ့ ကမ်းလှမ်းချက်ကို ကျွန်တော်တို့ စောင့်မျှော်နေပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

လာမယ့်သြဂုတ်လအတွင်းမှာ အသက်(၃၇)နှစ်ပြည့်မယ့် ချီလီနီဟာ ယူရို-၂၀၂၀ ပြိုင်ပွဲမှာ အီတလီအသင်းအတွက်ခြေစွမ်းပြကစားနိုင်ခဲ့တယ်ဆိုပေမယ့် အသက်အရွယ်အရ ဘောလုံးသမားဘဝကနေ အနားယူဖို့အချိန် တဖြည်းဖြည်းနီးကပ်လာပါပြီ။

၂၀၁၉၊ သြဂုတ်လတုန်းက ပြင်းထန်တဲ့ဒူးဒဏ်ရာကြောင့် ပြီးခဲ့တဲ့နှစ်ဖေဖော်ဝါရီလအထိ အနားယူခဲ့ရပြီး ဘောလုံးသမားဘဝအဆုံးသတ်ဖို့ နီးစပ်ခဲ့ပေမယ့် ပြင်းပြတဲ့စိတ်ဓာတ်နဲ့ ဘောလုံးကွင်းထဲ ခြေပြန်ချနိုင်အောင် ကြိုးစားခဲ့တာလည်းဖြစ်ပါတယ်။

ချီလီနီဟာ ယူရို-၂၀၂၀ ဗိုလ်လုပွဲမှာ အသက်(၃၆)နှစ်၊ (၃၃၁)ရက်နဲ့ အသင်းဖော်ဟောင်း ဂိုးသမားကြီးဘူဖွန်တင်ရှိခဲ့တဲ့ ယူရိုဗိုလ်လုပွဲကစားခဲ့တဲ့ အသက်အကြီးဆုံးအသင်းခေါင်းဆောင်(၃၄နှစ်၊ ၁၅၄ရက်)စံချိန်ကို ချိုးဖျက်ပြီး စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။

အီတလီနဲ့ ဂျူဗင်တပ်စ်အသင်းရဲ့ ဂန္ထဝင်ကစားသမားအဖြစ် သတ်မှတ်ရမယ့် ချီလီနီအနေနဲ့ ဂျူဗင်တပ်စ်အသင်းဘက်က စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းလာမှုမရှိရင်တော့ ဘောလုံးသမားဘဝကနေ အနားယူဖို့ရှိနေပါပြီ။

zawgyi

ဝါရင့္ေနာက္ခံလူ ခ်ီလီနီကို စာခ်ဳပ္သစ္ခ်ဳပ္ဖို႔ မေဆြးေႏြးရေသးတဲ့ ဂ်ဴဗင္တပ္စ္

အီတလီအသင္းနာမည္ေက်ာ္ေနာက္ခံလူ ခ်ီလီနီရဲ႕ေအးဂ်င့္က ဂ်ဴဗင္တပ္စ္အသင္းဟာ အသင္းနဲ႔စာခ်ဳပ္သက္တမ္းကုန္ဆုံးသြားလို႔ Free Agent ျဖစ္ေနတဲ့ ခ်ီလီကို စာခ်ဳပ္သက္တမ္းတိုးဖို႔ အခုအခ်ိန္အထိ မေဆြးေႏြးေသးဘူးလို႔ ဖြင့္ဟေျပာဆိုခဲ့ပါတယ္။ ယူ႐ို-၂၀၂၀ ၿပိဳင္ပြဲမွာ အီတလီအသင္းေခါင္းေဆာင္အျဖစ္ ပါဝင္ကစားခဲ့ၿပီး ၁၉၆၈ ခုႏွစ္ေနာက္ပိုင္းေဝးကြာေနတဲ့ ယူ႐ိုခ်န္ပီယံဆုရရွိေအာင္ ဦးေဆာင္ေပးခဲ့သူ ခ်ီလီနီဟာ ဂ်ဴဗင္တပ္စ္အသင္းနဲ႔ ၿပီးခဲ့တဲ့ဇြန္လကုန္ကတည္းက စာခ်ဳပ္သက္တမ္းျပည့္သြားတာျဖစ္ၿပီး ဂ်ဴဗင္တပ္စ္အသင္းမွာ (၁၈)ရာသီေျမာက္အျဖစ္ ပါဝင္ကစားခြင့္ရဖို႔ ေမွ်ာ္လင့္ေနပါတယ္။

အသက္(၃၆)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ခ်ီလီနီဟာ ဂ်ဴဗင္တပ္စ္အသင္းမွာ ၂၀၀၄ ခုႏွစ္ကတည္းက စတင္ကစားခဲ့သူျဖစ္သလို အသင္းနဲ႔အတူ စီးရီးေအ(၉)ႀကိမ္ဆက္အပါအဝင္ ဆုဖလားေပါင္း(၂၀)ခုအထိ ရယူႏိုင္ခဲ့သူပါ။ ခ်ီလီနီရဲ႕ေအးဂ်င့္ျဖစ္သူ ေဒးဗစ္လစ္ပီက “စာခ်ဳပ္ခ်ဳပ္ဖို႔ဆိုတာက ႏွစ္ဦးႏွစ္ဖက္သေဘာဆႏၵအရ လက္မွတ္ထိုးမွျဖစ္တာပါ။ ခ်ီလီနီဟာ အီတလီအသင္းနဲ႔အတူ ယူ႐ိုၿပိဳင္ပြဲဆင္ႏႊဲခဲ့ၿပီး ၿပိဳင္ပြဲတစ္ခုတည္းအေပၚ အာ႐ုံစိုက္ခဲ့တာျဖစ္ပါတယ္။ ဂ်ဴဗင္တပ္စ္အသင္းကေတာ့ ဘာမွျပႆနာမရွိဘဲ ေႏြရာသီေႏွာင္းပိုင္းက်ရင္ စာခ်ဳပ္ကိစၥေဆြးေႏြးဖို႔ ကြၽန္ေတာ္တို႔ေျပာဆိုၿပီးသားျဖစ္ပါတယ္။ ဒါေပမဲ့ အခုအခ်ိန္အထိ ကြၽန္ေတာ္တို႔ေတြ စာခ်ဳပ္သစ္ကိစၥအတြက္ မေဆြးေႏြးရေသးပါဘူး။ ဂ်ဴဗင္တပ္စ္အသင္းဘက္က ဘယ္အခ်ိန္မွာ စာခ်ဳပ္သစ္ကိစၥအတြက္ ေတြ႕ဆုံေဆြးေႏြးမယ္ဆိုတဲ့ ကမ္းလွမ္းခ်က္ကို ကြၽန္ေတာ္တို႔ ေစာင့္ေမွ်ာ္ေနပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

လာမယ့္ၾသဂုတ္လအတြင္းမွာ အသက္(၃၇)ႏွစ္ျပည့္မယ့္ ခ်ီလီနီဟာ ယူ႐ို-၂၀၂၀ ၿပိဳင္ပြဲမွာ အီတလီအသင္းအတြက္ေျခစြမ္းျပကစားႏိုင္ခဲ့တယ္ဆိုေပမယ့္ အသက္အ႐ြယ္အရ ေဘာလုံးသမားဘဝကေန အနားယူဖို႔အခ်ိန္ တျဖည္းျဖည္းနီးကပ္လာပါၿပီ။ ၂၀၁၉၊ ၾသဂုတ္လတုန္းက ျပင္းထန္တဲ့ဒူးဒဏ္ရာေၾကာင့္ ၿပီးခဲ့တဲ့ႏွစ္ေဖေဖာ္ဝါရီလအထိ အနားယူခဲ့ရၿပီး ေဘာလုံးသမားဘဝအဆုံးသတ္ဖို႔ နီးစပ္ခဲ့ေပမယ့္ ျပင္းျပတဲ့စိတ္ဓာတ္နဲ႔ ေဘာလုံးကြင္းထဲ ေျချပန္ခ်ႏိုင္ေအာင္ ႀကိဳးစားခဲ့တာလည္းျဖစ္ပါတယ္။

ခ်ီလီနီဟာ ယူ႐ို-၂၀၂၀ ဗိုလ္လုပြဲမွာ အသက္(၃၆)ႏွစ္၊ (၃၃၁)ရက္နဲ႔ အသင္းေဖာ္ေဟာင္း ဂိုးသမားႀကီးဘူဖြန္တင္ရွိခဲ့တဲ့ ယူ႐ိုဗိုလ္လုပြဲကစားခဲ့တဲ့ အသက္အႀကီးဆုံးအသင္းေခါင္းေဆာင္(၃၄ႏွစ္၊ ၁၅၄ရက္)စံခ်ိန္ကို ခ်ိဳးဖ်က္ၿပီး စံခ်ိန္သစ္တင္ႏိုင္ခဲ့ပါတယ္။ အီတလီနဲ႔ ဂ်ဴဗင္တပ္စ္အသင္းရဲ႕ ဂႏၴဝင္ကစားသမားအျဖစ္ သတ္မွတ္ရမယ့္ ခ်ီလီနီအေနနဲ႔ ဂ်ဴဗင္တပ္စ္အသင္းဘက္က စာခ်ဳပ္သက္တမ္းတိုးဖို႔ ကမ္းလွမ္းလာမႈမရွိရင္ေတာ့ ေဘာလုံးသမားဘဝကေန အနားယူဖို႔ရွိေနပါၿပီ။