ဝမ်ဘစ်ဆာကာရဲ့ တိုက်စစ်စွမ်းဆောင်ရည်ကို သုံးသပ်ကြည့်ခြင်း

အာရွန် ဝမ်ဘစ်ဆာကာ မန်ချက်စတာ ယူနိုက်တက်ကို ပြောင်းရွေ့လာခဲ့တဲ့ ( ၂၀၁၉ ) ခုနှစ် ကတည်းက သူ့ရဲ့ final third တိုက်စစ်စွမ်းဆောင်ရည်ဟာ လူပြောများတဲ့ အကြောင်းအရာတစ်ခုဖြစ်ခဲ့ပါတယ်။
ညာနောက်ခံကစားသမားက ပြီးခဲ့တဲ့ရာသီအတွင်း အဆိုပါ စွမ်းဆောင်ရည်ပိုင်းမှာ တိုးတက်လာခဲ့တယ်လို့ ပြောဆိုမှုတွေရှိခဲ့ပေမယ့် ထိပ်တန်းအဆင့် ရပ်တည်နိုင်ဖို့ ဆက်လက်ကြိုးစားရဖို့ရှိနေပါတယ်။

( ၂၀၁၉ /၂၀ ) ရာသီမှာ သူက ပြိုင်ဘက်အသင်းရဲ့ နောက်စည်းနဲ့ အရမ်းနီးကပ်တဲ့ အရေအထားကနေ ဖြတ်တင်ဘောတွေ ပေးဖို့လေ့ရှိတာတွေ့ရပါတယ်။
( ၂၀၂၀ /၂၁ ) ရာသီမှာတော့ ယခင်နှစ်ကထက် ပိုပြီး နောက်‌ေရာက်တဲ့ နေရာတွေကနေ ဖြတ်တင်ဘော စတင်ပေးပို့လာတာတွေ့ရပြီး width ကို အကောင်းဆုံး အသုံးချနိုင်ခဲ့တယ်လို့ ဆိုရမှာပါ ။

နောက်ပြီး ဒီရာသီမှာ ဝမ်ဘစ်ဆာကာရဲ့ ဖြတ်တင်ဘောပေးပို့မှုတွေက ပြီးခဲ့တဲ့ ရာသီကထက် ပြိုင်ဘက်ဂိုးနဲ့ ပိုမိုနီးကပ်တဲ့ အနေအထားရောက်ရှိခဲ့တာတွေ့ရပါတယ်။
ဒါက ကောင်းမွန်တဲ့ အချက်ဖြစ်ပြီး ဖြတ်တင်ဘောပေးပို့ဖို့အတွက် နေရာယူမှုပိုမိုကောင်းမွန်လာတဲ့ အကျိုးသက်‌ေရာက်မှုဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ( ၂၀၁၉/၂၀ ) ရာသီ မှာ ဝမ်ဘစ်ဆာကာက သတ္တိရှိရှိ တိုက်စစ်လိုက်ပါကစားခဲ့ခြင်း မရှိပါဘူး ။
ဒါပေမယ့် ဒီနှစ်မှာတော့ တိုက်စစ်လိုက်ပါဖို့ ကြောက်ရွံ့ခြင်းမရှိတော့သလို အသင်းဖော်တွေနဲ့ ပိုမိုချိတ်ဆက် ကစားလာပြီး ပြိုင်ဘက်အသင်းရဲ့ ပင်နယ်တီဧရိယာနဲ့ ပိုမိုနီးကပ်တဲ့ လှုပ်ရှားမှုတွေ မြင်တွေ့လာရပါတယ်။

နောက်ပြီး ဒီရာသီအတွင်း ပြိုင်ဘက်အသင်းရဲ့‌ နောက်စည်းနားမှာ ဘောလုံးထိချက်ပိုမို နည်းပါလာမှုကလည်း သူ့ရဲ့ စောစီးစွာ ဖြတ်တင်ဘောပေးပို့လိုတဲ့ ဆန္ဒကို ဖော်ပြနေပါတယ်။


ဝမ်ဘစ်ဆာကာက မန်ချက်စတာ ယူနိုက်တက်ကစားသမား ဘဝ ပထမဆုံးရာသီမှာ တိုက်စစ်ပိုင်းစွမ်းဆောင်ရည်နဲ့ ပတ်သက်လို့ အမှန်တကယ် ရုန်းကန်ခဲ့ရပါတယ်။

သူက ယနေ့ခေတ် full-back အတွက် လိုအပ်တဲ့ စွမ်းဆောင်ရည်တွေ ပိုင်ဆိုင်ထားကြောင်း သက်သေပြခဲ့ပြီးဖြစ်ပါတယ်။
ဒါပေမယ့် ကွင်းထဲမှာတော့ ပရိသတ်တွေ မျှော်လင့်ထားသလောက် ချပြနိုင်ခဲ့ခြင်းမရှိပါဘူး။

သူက တိုက်စစ်ပိုင်းစွမ်းဆောင်ရည်မှာ နည်းစနစ်ပိုင်းအရ ပါရမီ အားနည်းသလို အခြားသော full-back တွေလောက် တီထွင်ကြံဆနိုင်ခြင်းမရှိပါဘူး ။


ဒါပေမယ့် သူပိုင်ဆိုင်ထားတဲ့ ခံစစ်ပိုင်းခြေစွမ်းအရ ( ၂၀၂၀/၂၁ ) ရာသီကဲ့သို့ ဆက်လက်တိုးတက်အောင် စွမ်းဆောင်နိုင်ပါက ဥရောပရဲ့ အကောင်းဆုံး full-back ကစားသမားတစ်ဦး ဖြစ်လာနိုင်ပါတယ်။

Zawgyi

ဝမ္ဘစ္ဆာကာရဲ႕ တိုက္စစ္စြမ္းေဆာင္ရည္ကို သုံးသပ္ၾကည့္ျခင္း

အာ႐ြန္ ဝမ္ဘစ္ဆာကာ မန္ခ်က္စတာ ယူႏိုက္တက္ကို ေျပာင္းေ႐ြ႕လာခဲ့တဲ့ ( ၂၀၁၉ ) ခုႏွစ္ ကတည္းက သူ႔ရဲ႕ final third တိုက္စစ္စြမ္းေဆာင္ရည္ဟာ လူေျပာမ်ားတဲ့ အေၾကာင္းအရာတစ္ခုျဖစ္ခဲ့ပါတယ္။
ညာေနာက္ခံကစားသမားက ၿပီးခဲ့တဲ့ရာသီအတြင္း အဆိုပါ စြမ္းေဆာင္ရည္ပိုင္းမွာ တိုးတက္လာခဲ့တယ္လို႔ ေျပာဆိုမႈေတြရွိခဲ့ေပမယ့္ ထိပ္တန္းအဆင့္ ရပ္တည္ႏိုင္ဖို႔ ဆက္လက္ႀကိဳးစားရဖို႔ရွိေနပါတယ္။

( ၂၀၁၉ /၂၀ ) ရာသီမွာ သူက ၿပိဳင္ဘက္အသင္းရဲ႕ ေနာက္စည္းနဲ႔ အရမ္းနီးကပ္တဲ့ အေရအထားကေန ျဖတ္တင္ေဘာေတြ ေပးဖို႔ေလ့ရွိတာေတြ႕ရပါတယ္။
( ၂၀၂၀ /၂၁ ) ရာသီမွာေတာ့ ယခင္ႏွစ္ကထက္ ပိုၿပီး ေနာက္‌ေရာက္တဲ့ ေနရာေတြကေန ျဖတ္တင္ေဘာ စတင္ေပးပို႔လာတာေတြ႕ရၿပီး width ကို အေကာင္းဆုံး အသုံးခ်ႏိုင္ခဲ့တယ္လို႔ ဆိုရမွာပါ ။

ေနာက္ၿပီး ဒီရာသီမွာ ဝမ္ဘစ္ဆာကာရဲ႕ ျဖတ္တင္ေဘာေပးပို႔မႈေတြက ၿပီးခဲ့တဲ့ ရာသီကထက္ ၿပိဳင္ဘက္ဂိုးနဲ႔ ပိုမိုနီးကပ္တဲ့ အေနအထားေရာက္ရွိခဲ့တာေတြ႕ရပါတယ္။
ဒါက ေကာင္းမြန္တဲ့ အခ်က္ျဖစ္ၿပီး ျဖတ္တင္ေဘာေပးပို႔ဖို႔အတြက္ ေနရာယူမႈပိုမိုေကာင္းမြန္လာတဲ့ အက်ိဳးသက္‌ေရာက္မႈျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ( ၂၀၁၉/၂၀ ) ရာသီ မွာ ဝမ္ဘစ္ဆာကာက သတၱိရွိရွိ တိုက္စစ္လိုက္ပါကစားခဲ့ျခင္း မရွိပါဘူး ။
ဒါေပမယ့္ ဒီႏွစ္မွာေတာ့ တိုက္စစ္လိုက္ပါဖို႔ ေၾကာက္႐ြံ႕ျခင္းမရွိေတာ့သလို အသင္းေဖာ္ေတြနဲ႔ ပိုမိုခ်ိတ္ဆက္ ကစားလာၿပီး ၿပိဳင္ဘက္အသင္းရဲ႕ ပင္နယ္တီဧရိယာနဲ႔ ပိုမိုနီးကပ္တဲ့ လႈပ္ရွားမႈေတြ ျမင္ေတြ႕လာရပါတယ္။

ေနာက္ၿပီး ဒီရာသီအတြင္း ၿပိဳင္ဘက္အသင္းရဲ႕‌ ေနာက္စည္းနားမွာ ေဘာလုံးထိခ်က္ပိုမို နည္းပါလာမႈကလည္း သူ႔ရဲ႕ ေစာစီးစြာ ျဖတ္တင္ေဘာေပးပို႔လိုတဲ့ ဆႏၵကို ေဖာ္ျပေနပါတယ္။

ဝမ္ဘစ္ဆာကာက မန္ခ်က္စတာ ယူႏိုက္တက္ကစားသမား ဘဝ ပထမဆုံးရာသီမွာ တိုက္စစ္ပိုင္းစြမ္းေဆာင္ရည္နဲ႔ ပတ္သက္လို႔ အမွန္တကယ္ ႐ုန္းကန္ခဲ့ရပါတယ္။
သူက ယေန႔ေခတ္ full-back အတြက္ လိုအပ္တဲ့ စြမ္းေဆာင္ရည္ေတြ ပိုင္ဆိုင္ထားေၾကာင္း သက္ေသျပခဲ့ၿပီးျဖစ္ပါတယ္။
ဒါေပမယ့္ ကြင္းထဲမွာေတာ့ ပရိသတ္ေတြ ေမွ်ာ္လင့္ထားသေလာက္ ခ်ျပႏိုင္ခဲ့ျခင္းမရွိပါဘူး။

သူက တိုက္စစ္ပိုင္းစြမ္းေဆာင္ရည္မွာ နည္းစနစ္ပိုင္းအရ ပါရမီ အားနည္းသလို အျခားေသာ full-back ေတြေလာက္ တီထြင္ႀကံဆႏိုင္ျခင္းမရွိပါဘူး ။
ဒါေပမယ့္ သူပိုင္ဆိုင္ထားတဲ့ ခံစစ္ပိုင္းေျခစြမ္းအရ ( ၂၀၂၀/၂၁ ) ရာသီကဲ့သို႔ ဆက္လက္တိုးတက္ေအာင္ စြမ္းေဆာင္ႏိုင္ပါက ဥေရာပရဲ႕ အေကာင္းဆုံး full-back ကစားသမားတစ္ဦး ျဖစ္လာႏိုင္ပါတယ္။