ဆန်ချိုကို the Freedom of the Borough ဆု ချီးမြင့်

အင်္ဂလန်လက်ရွေးစင် ဂျေဒန် ဆန်ချိုကို သူနေထိုင်ခဲ့ရာ Southwark ဒေသကနေ the Freedom of the Borough ချီးမြင့်ခဲ့ပါတယ်။

ဇူလိုင်လ ( ၁၄ ) ရက်နေ့က ပြုလုပ်တဲ့ ကောင်စီ တွေ့ဆုံပွဲမှာ Southwark မြို့တော်ဝန် Barrie Hargrove က အင်္ဂလန်အသင်းကို

( ၅၅ ) နှစ်အတွင်း ပထမဆံုးအကြိမ် အဓိကပြိုင်ပွဲကြီးတစ်ခုရဲ့ ဗိုလ်လုပွဲတက်ရောက်နိုင်အောင ်စွမ်းေဆာင်ပေးခဲ့တဲ့
Camberwell နွယ်ဖွား ကြယ်ပွင့်ကစားသမားကို အသိအမှတ်ပြုတဲ့အနေနဲ့ ယခုလို ဆုချီးမြင့်ခဲ့တာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

ဒါဟာ ဒေသဆိုင်ရာ တာဝန်ရှိသူတွေက ပေးအပ်ခွင့်ရှိတဲ့ အမြင့်မားဆုံး ဆုတံဆိပ်လည်းဖြစ်ပါတယ်။

ဆန်ချိုက ( ၂၀၁၁ ) လန်ဒန် လူငယ်အားကစားပြိုင်ပွဲမှာ Southwark ဒေသကို ကိုယ်စားပြုယှဥ်ပြိုင်ခဲ့ပြီး ယူ -၁၁ ချန်ပီယံဖြစ်ခဲ့ဖူးပါတယ်။

အဆိုပါ အစည်းအဝေးမှာ မြို့တော်ကောင်စီ ခေါင်းဆောင်က ဗိုလ်လုပွဲအပြီး ရင်ဆိုင်ခဲ့ရတဲ့ လူမျိုးရေးခွဲခြားမှုတွေကို သတ္တိရှိရှိ တုန့်ပြန်ခဲ့တဲ့့ ဆန်ချိုကိုလည်း ချီးကျူးစကား ပြောဆိုခဲ့ပါတယ်။

အီတလီအသင်းနဲ့ ဗိုလ်လုပွဲစဥ်မှာ ပင်နယ်တီလွဲချော်ခဲ့ပြီးနောက် မားကတ် ရက်ဖို့ဒ် နှင့် ဘာကာယို ဆာကာတို့ဟာလည်း အလားတူ လူမျိုးရေးခွဲခြားခြင်းခံခဲ့ရပါတယ်။

ဆန်ချိုက လူမျိုးရေးခွဲခြားမှုတွေနဲ့ ပတ်သက်ပြီး ဆိုရှယ်မီဒီယာပေါ်မှာ ကြေညာချက်ထုတ်ပြန်ခဲ့တဲ့ နေ့မှာပဲ အဆိုပါဆု ချီးမြင့်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

သူက အသင်းဖော်တွေ ၊ နည်းပြ အဖွဲ့ဝင်တွေ နှင့် ပရိသတ်တွေကို တောင်းပံစကားပြောကြားခဲ့ပါတယ်။
နောက်ပြီးသူက ဒါဟာ သူ့ရဲ့ ဘောလုံးသမားဘဝတစ်လျှောက် အဆိုးရွားဆုံး ခံစားချက်လို့လည်း ဆိုခဲ့ပါတယ် ။

Zawgyi

ဆန္ခ်ိဳကို the Freedom of the Borough ဆု ခ်ီးျမင့္

အဂၤလန္လက္ေ႐ြးစင္ ေဂ်ဒန္ ဆန္ခ်ိဳကို သူေနထိုင္ခဲ့ရာ Southwark ေဒသကေန the Freedom of the Borough ခ်ီးျမင့္ခဲ့ပါတယ္။

ဇူလိုင္လ ( ၁၄ ) ရက္ေန႔က ျပဳလုပ္တဲ့ ေကာင္စီ ေတြ႕ဆုံပြဲမွာ Southwark ၿမိဳ႕ေတာ္ဝန္ Barrie Hargrove က အဂၤလန္အသင္းကို ( ၅၅ ) ႏွစ္အတြင္း ပထမဆံုးအႀကိမ္ အဓိကၿပိဳင္ပြဲႀကီးတစ္ခုရဲ႕ ဗိုလ္လုပြဲတက္ေရာက္ႏိုင္ေအာင ္စြမ္းေဆာင္ေပးခဲ့တဲ့

Camberwell ႏြယ္ဖြား ၾကယ္ပြင့္ကစားသမားကို အသိအမွတ္ျပဳတဲ့အေနနဲ႔ ယခုလို ဆုခ်ီးျမင့္ခဲ့တာျဖစ္ေၾကာင္း ေၾကညာခဲ့ပါတယ္။

ဒါဟာ ေဒသဆိုင္ရာ တာဝန္ရွိသူေတြက ေပးအပ္ခြင့္ရွိတဲ့ အျမင့္မားဆုံး ဆုတံဆိပ္လည္းျဖစ္ပါတယ္။

ဆန္ခ်ိဳက ( ၂၀၁၁ ) လန္ဒန္ လူငယ္အားကစားၿပိဳင္ပြဲမွာ Southwark ေဒသကို ကိုယ္စားျပဳယွဥ္ၿပိဳင္ခဲ့ၿပီး ယူ -၁၁ ခ်န္ပီယံျဖစ္ခဲ့ဖူးပါတယ္။

အဆိုပါ အစည္းအေဝးမွာ ၿမိဳ႕ေတာ္ေကာင္စီ ေခါင္းေဆာင္က ဗိုလ္လုပြဲအၿပီး ရင္ဆိုင္ခဲ့ရတဲ့ လူမ်ိဳးေရးခြဲျခားမႈေတြကို သတၱိရွိရွိ တုန႔္ျပန္ခဲ့တဲ့့ ဆန္ခ်ိဳကိုလည္း ခ်ီးက်ဴးစကား ေျပာဆိုခဲ့ပါတယ္။

အီတလီအသင္းနဲ႔ ဗိုလ္လုပြဲစဥ္မွာ ပင္နယ္တီလြဲေခ်ာ္ခဲ့ၿပီးေနာက္ မားကတ္ ရက္ဖို႔ဒ္ ႏွင့္ ဘာကာယို ဆာကာတို႔ဟာလည္း အလားတူ လူမ်ိဳးေရးခြဲျခားျခင္းခံခဲ့ရပါတယ္။

ဆန္ခ်ိဳက လူမ်ိဳးေရးခြဲျခားမႈေတြနဲ႔ ပတ္သက္ၿပီး ဆိုရွယ္မီဒီယာေပၚမွာ ေၾကညာခ်က္ထုတ္ျပန္ခဲ့တဲ့ ေန႔မွာပဲ အဆိုပါဆု ခ်ီးျမင့္ျခင္းခံခဲ့ရတာျဖစ္ပါတယ္။

သူက အသင္းေဖာ္ေတြ ၊ နည္းျပ အဖြဲ႕ဝင္ေတြ ႏွင့္ ပရိသတ္ေတြကို ေတာင္းပံစကားေျပာၾကားခဲ့ပါတယ္။
ေနာက္ၿပီးသူက ဒါဟာ သူ႔ရဲ႕ ေဘာလုံးသမားဘဝတစ္ေလွ်ာက္ အဆိုး႐ြားဆုံး ခံစားခ်က္လို႔လည္း ဆိုခဲ့ပါတယ္ ။