ကစားသမားသစ် ၂ ယောက်ကို ထပ်မံခေါ်ယူဖို့ သဘောတူညီမှုရသွားတဲ့ အာဆင်နယ်

ပြီးခဲ့တဲ့ရာသီက ရလဒ်တွေဆိုးရွားခဲ့ပြီး ၂၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဥရောပဝင်ခွင့်နဲ့လွဲချော်ခဲ့ရတဲ့ အာဆင်နယ်အသင်းက လာမယ့်ရာသီအတွက် ပြင်ဆင်မှုတွေ ခပ်သွက်သွက်လုပ်ဆောင်နေပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ဘင်ဖီကာ နောက်ခံလူ တာဗာရက်စ် ကို ခေါ်ယူနိုင်ခဲ့ပြီးနောက် အခုအခါမှာလည်း နောက်ထပ် လူငယ်ခြေတက် ကစားသမား ၂ ယောက်ကို ခေါ်ယူနိုင်ဖို့ သဘောတူညီမှုရခဲ့ပြီလို့ သိရပါတယ်။

အဲ့ဒီကစားသမားတွေကတော့ ဘရိုက်တန်အသင်းရဲ့ အင်္ဂလန်နောက်ခံလူ ဘန်ဝှိုက် နဲ့ အန်ဒါလက်ချ်အသင်းရဲ့ ဘယ်လ်ဂျီယံ ကွင်းလယ်လူ လိုကွန်ဂါ တို့ပဲဖြစ်ပါတယ်။

အသက် ၂၁ နှစ်အရွယ် လိုကွန်ဂါ ကို ခေါ်ယူနိုင်ဖို့ အာဆင်နယ် က ပြောင်းရွှေ့ကြေးပေါင် ၁၅ သန်းဝန်းကျင်သာအသုံးပြုခဲ့ရတယ်လို့ သိရပါတယ်။ လိုကွန်ဂါ ဟာ အာဆင်နယ် နဲ့ ဆေးစစ်မှုပြီးမြောက်ခဲ့ပြီဖြစ်ပေမဲ့ ကွာရန်တင်းဝင်နေရတာကြောင့် တရားဝင်ကြေညာဖို့ နှောင့်နှေးနေတာဖြစ်ပါတယ်။ လိုကွန်ဂါ ဟာ အာဆင်နယ်မှာ ဂျာစီနံပါတ် ၄၈ ကို ဝတ်ဆင်သွားမယ်လို့ သတင်းတွေအရ သိရပါတယ်။

လိုကွန်ဂါ ဟာ ကွန်ပနီ ၊ လူကာကူ ၊ တီလေမန်းစ် စတဲ့ နာမည်ကျော်ကစားသမားတွေကို မွေးထုတ်ပေးခဲ့တဲ့ အန်ဒါလက်ချ် အကယ်ဒမီကနေထပ်မံပေါ်ထွက်လာခဲ့တဲ့ လူငယ်ကစားသမားလေးဖြစ်ပြီး နောက်ဆုံး ၃ ရာသီဆက် အန်ဒါလက်ချ် အသင်းကြီးမှာ ပုံမှန်နေရာရခဲ့တဲ့သူဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲအတွက် ဘယ်လ်ဂျီယံအသင်းရဲ့ ပမာဏလူစာရင်းမှာလည်း ရွေးချယ်ခံခဲ့ရပါတယ်။ ဒါကြောင့် လိုကွန်ဂါ ဟာ ရာသီသစ်ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ စောင့်ကြည့်ရမယ့် ကစားသမားတွေထဲက တယောက်လို့ ဆိုရမှာပါ။

ယူရိုပြိုင်ပွဲမစခင်ကတည်းက ပစ်မှတ်ထားလာတဲ့ ဘရိုက်တန် နောက်ခံလူ ဘန်ဝှိုက် ကိုခေါ်ယူနိုင်ဖို့လည်း အာဆင်နယ် က သဘောတူညီမှုရခဲ့ပြီလို့ သိရပါတယ်။ ဘန်ဝှိုက် ရဲ့အပြောင်းအရွှေ့ဟာ အသင်း ၂ သင်းကြား ပြောင်းရွှေ့ကြေး ညှိနှိုင်းနေတာကြောင့် အခုထိကြန့်ကြာနေခဲ့တာပါ။ အခုတော့ အာဆင်နယ် က ဘရိုက်တန် တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေး ပေါင်သန်း ၅၀ ကိုပေးချေဖို့ သဘောတူလိုက်ပြီဖြစ်တာကြောင့် မကြာခင်မှာ ဘန်ဝှိုက် ကို အာဆင်နယ် ဂျာစီနဲ့မြင်တွေ့ရတော့မှာပါ။

ကစားသမားတွေထပ်မံရောက်လာဖို့ရှိနေသလို ထွက်ခွါမယ့်ကစားသမားတွေလည်း အာဆင်နယ်မှာ ရှိနေပါတယ်။ ကွင်းလယ်လူ ရှာကာ က ရိုးမားကိုပြောင်းရွှေ့ဖို့နီးစပ်နေပြီး ညာနောက်ခံလူ ဘယ်လာရင် ကလည်း အင်တာမီလန် ၊ အက်သလက်တီကို စတဲ့အသင်းတွေနဲ့ဆွေးနွေးနေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

zawgyi

ကစားသမားသစ္ ၂ ေယာက္ကို ထပ္မံေခၚယူဖို႔ သေဘာတူညီမႈရသြားတဲ့ အာဆင္နယ္

ၿပီးခဲ့တဲ့ရာသီက ရလဒ္ေတြဆိုး႐ြားခဲ့ၿပီး ၂၅ ႏွစ္အတြင္း ပထမဆုံးအႀကိမ္အျဖစ္ ဥေရာပဝင္ခြင့္နဲ႔လြဲေခ်ာ္ခဲ့ရတဲ့ အာဆင္နယ္အသင္းက လာမယ့္ရာသီအတြက္ ျပင္ဆင္မႈေတြ ခပ္သြက္သြက္လုပ္ေဆာင္ေနပါတယ္။

ၿပီးခဲ့တဲ့ ရက္ပိုင္းက ဘင္ဖီကာ ေနာက္ခံလူ တာဗာရက္စ္ ကို ေခၚယူႏိုင္ခဲ့ၿပီးေနာက္ အခုအခါမွာလည္း ေနာက္ထပ္ လူငယ္ေျခတက္ ကစားသမား ၂ ေယာက္ကို ေခၚယူႏိုင္ဖို႔ သေဘာတူညီမႈရခဲ့ၿပီလို႔ သိရပါတယ္။

အဲ့ဒီကစားသမားေတြကေတာ့ ဘ႐ိုက္တန္အသင္းရဲ႕ အဂၤလန္ေနာက္ခံလူ ဘန္ဝႈိက္ နဲ႔ အန္ဒါလက္ခ်္အသင္းရဲ႕ ဘယ္လ္ဂ်ီယံ ကြင္းလယ္လူ လိုကြန္ဂါ တို႔ပဲျဖစ္ပါတယ္။

အသက္ ၂၁ ႏွစ္အ႐ြယ္ လိုကြန္ဂါ ကို ေခၚယူႏိုင္ဖို႔ အာဆင္နယ္ က ေျပာင္းေ႐ႊ႕ေၾကးေပါင္ ၁၅ သန္းဝန္းက်င္သာအသုံးျပဳခဲ့ရတယ္လို႔ သိရပါတယ္။ လိုကြန္ဂါ ဟာ အာဆင္နယ္ နဲ႔ ေဆးစစ္မႈၿပီးေျမာက္ခဲ့ၿပီျဖစ္ေပမဲ့ ကြာရန္တင္းဝင္ေနရတာေၾကာင့္ တရားဝင္ေၾကညာဖို႔ ေႏွာင့္ေႏွးေနတာျဖစ္ပါတယ္။ လိုကြန္ဂါ ဟာ အာဆင္နယ္မွာ ဂ်ာစီနံပါတ္ ၄၈ ကို ဝတ္ဆင္သြားမယ္လို႔ သတင္းေတြအရ သိရပါတယ္။

လိုကြန္ဂါ ဟာ ကြန္ပနီ ၊ လူကာကူ ၊ တီေလမန္းစ္ စတဲ့ နာမည္ေက်ာ္ကစားသမားေတြကို ေမြးထုတ္ေပးခဲ့တဲ့ အန္ဒါလက္ခ်္ အကယ္ဒမီကေနထပ္မံေပၚထြက္လာခဲ့တဲ့ လူငယ္ကစားသမားေလးျဖစ္ၿပီး ေနာက္ဆုံး ၃ ရာသီဆက္ အန္ဒါလက္ခ်္ အသင္းႀကီးမွာ ပုံမွန္ေနရာရခဲ့တဲ့သူျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲအတြက္ ဘယ္လ္ဂ်ီယံအသင္းရဲ႕ ပမာဏလူစာရင္းမွာလည္း ေ႐ြးခ်ယ္ခံခဲ့ရပါတယ္။ ဒါေၾကာင့္ လိုကြန္ဂါ ဟာ ရာသီသစ္ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ ေစာင့္ၾကည့္ရမယ့္ ကစားသမားေတြထဲက တေယာက္လို႔ ဆိုရမွာပါ။

ယူ႐ိုၿပိဳင္ပြဲမစခင္ကတည္းက ပစ္မွတ္ထားလာတဲ့ ဘ႐ိုက္တန္ ေနာက္ခံလူ ဘန္ဝႈိက္ ကိုေခၚယူႏိုင္ဖို႔လည္း အာဆင္နယ္ က သေဘာတူညီမႈရခဲ့ၿပီလို႔ သိရပါတယ္။ ဘန္ဝႈိက္ ရဲ႕အေျပာင္းအေ႐ႊ႕ဟာ အသင္း ၂ သင္းၾကား ေျပာင္းေ႐ႊ႕ေၾကး ညႇိႏႈိင္းေနတာေၾကာင့္ အခုထိၾကန္႔ၾကာေနခဲ့တာပါ။ အခုေတာ့ အာဆင္နယ္ က ဘ႐ိုက္တန္ ေတာင္းဆိုထားတဲ့ ေျပာင္းေ႐ႊ႕ေၾကး ေပါင္သန္း ၅၀ ကိုေပးေခ်ဖို႔ သေဘာတူလိုက္ၿပီျဖစ္တာေၾကာင့္ မၾကာခင္မွာ ဘန္ဝႈိက္ ကို အာဆင္နယ္ ဂ်ာစီနဲ႔ျမင္ေတြ႕ရေတာ့မွာပါ။

ကစားသမားေတြထပ္မံေရာက္လာဖို႔ရွိေနသလို ထြက္ခြါမယ့္ကစားသမားေတြလည္း အာဆင္နယ္မွာ ရွိေနပါတယ္။ ကြင္းလယ္လူ ရွာကာ က ႐ိုးမားကိုေျပာင္းေ႐ႊ႕ဖို႔နီးစပ္ေနၿပီး ညာေနာက္ခံလူ ဘယ္လာရင္ ကလည္း အင္တာမီလန္ ၊ အက္သလက္တီကို စတဲ့အသင္းေတြနဲ႔ေဆြးေႏြးေနတယ္လို႔ သတင္းေတြထြက္ေပၚေနပါတယ္။