၂၀၂၂-၂၃ ရာသီကစပြီး စီးရီးအေသင်းတွေကို အစိမ်းရောင်ဂျာစီဝတ်ဆင်ခွင့် ပိတ်ပင်သွားမယ်

စီးရီးအေဘောလုံးအဖွဲ့ချုပ်ဟာ ၂၀၂၂-၂၃ ရာသီစလို့ စီးရီးအေကလပ်အသင်းတွေကို အစိမ်းရောင်ဂျာစီဝတ်ဆင်ကစားခွင့်ပိတ်ပင်သွားမှာဖြစ်ပြီး အဲဒီအတွက် ဆာဆူအိုလိုအသင်းဟာ သူတို့အသင်းဂျာစီအရောင် ပြောင်းလဲရဖို့ရှိနေပါပြီ။

အစိမ်းရောင်ဂျာစီတွေဟာ ကွင်းထဲက မြက်ခင်းနဲ့အရောင်တူနေတာကြောင့် ရုပ်သံကြည့်ရှုသူတွေ၊ အထူးသဖြင့် Colourblind ဖြစ်နေတဲ့ ပရိသတ်တွေအတွက် ကြည့်ရှုရတာအဆင်မပြေဖြစ်နေလို့ ရုပ်သံကုမ္ပဏီတွေက အစိမ်းရောင်ဂျာစီဝတ်ဆင်ခွင့်ပိတ်ပင်ဖို့ စီးရီးအေဘောလုံးအဖွဲ့ချုပ်ကို တောင်းဆိုခဲ့တယ်လို့ အီတလီနာမည်ကျော်အားကစားမီဒီယာဖြစ်တဲ့ Football Italia ကဖော်ပြခဲ့ပါတယ်။

စီးရီးအေကလပ်အသင်းအများစုဟာ အိမ်ကွင်းဝတ်စုံအဖြစ် အစိမ်းရောင်အသုံးပြုတာနည်းပါးပေမယ့် ဆာဆူအိုလိုအသင်းကတော့ အစိမ်းနဲ့အနက်ကျားဝတ်ဆင်နေတာကြောင့် ၂၀၂၂-၂၃ ရာသီကစလို့ သူတို့ရဲ့ အိမ်ကွင်းဂျာစီအရောင်ပြောင်းလဲဖို့ စီစဉ်ရတော့မှာပါ။

တစ်ခုရှိတာက ဆာဆူအိုလိုအသင်းရဲ့ဝတ်စုံဟာ အစိမ်းရောင်အတောက်ပေါ်မှာ အနက်ကျားတွေ ထင်ထင်ရှားရှားပေါ်နေလို့ မြက်ခင်းအရောင်နဲ့ ရောသွားဖို့မရှိတာကြောင့် စီးရီးအေဘောလုံးအဖွဲ့ချုပ်ရဲ့ သတ်မှတ်ချက်က သူတို့အသင်းအပေါ် အကျိုးသက်ရောက်မှုရှိနိုင်မလားဆိုတာတော့ စောင့်ကြည့်ရမှာပါ။

ပြီးခဲ့တဲ့၂၀၂၀-၂၁ ရာသီမှာ အတ္တလန်တာအသင်းက အိမ်ကွင်းဂျာစီကို ခရစ္စမတ်သစ်ပင်လို အစိမ်းပုတ်အရောင်ပြောင်းလဲခဲ့ပြီး လာဇီယိုအသင်းကလည်း နီယွန်အစိမ်းရောင်ဂျာစီဝတ်ဆင်ကစားခဲ့တာကြောင့် ဒီအသင်းတွေအပေါ် စီးရီးအေဘောလုံးအဖွဲ့ချုပ်က ဘယ်လိုဆုံးဖြတ်မလဲဆိုတာတော့ မသိသေးပါဘူး။

ဒ့ါအပြင် Football Italia က အစိမ်းရောင်မဝတ်ဖို့ ကန့်သတ်လိုက်တဲ့အထဲမှာ ဘောင်းဘီနဲ့ ခြေအိတ်တွေလည်းပါဝင်ပြီး တကယ်လို့အရောင်သုံးမျိုးအသုံးပြုမယ်ဆိုရင် အင်္ကျီအရောင်နဲ့ဆင်တူတဲ့ အရောင်ကို အဓိကထားရမှာဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

zawgyi

၂၀၂၂-၂၃ ရာသီကစၿပီး စီးရီးေအသင္းေတြကို အစိမ္းေရာင္ဂ်ာစီဝတ္ဆင္ခြင့္ ပိတ္ပင္သြားမယ္

စီးရီးေအေဘာလုံးအဖြဲ႕ခ်ဳပ္ဟာ ၂၀၂၂-၂၃ ရာသီစလို႔ စီးရီးေအကလပ္အသင္းေတြကို အစိမ္းေရာင္ဂ်ာစီဝတ္ဆင္ကစားခြင့္ပိတ္ပင္သြားမွာျဖစ္ၿပီး အဲဒီအတြက္ ဆာဆူအိုလိုအသင္းဟာ သူတို႔အသင္းဂ်ာစီအေရာင္ ေျပာင္းလဲရဖို႔ရွိေနပါၿပီ။ အစိမ္းေရာင္ဂ်ာစီေတြဟာ ကြင္းထဲက ျမက္ခင္းနဲ႔အေရာင္တူေနတာေၾကာင့္ ႐ုပ္သံၾကည့္ရႈသူေတြ၊ အထူးသျဖင့္ Colourblind ျဖစ္ေနတဲ့ ပရိသတ္ေတြအတြက္ ၾကည့္ရႈရတာအဆင္မေျပျဖစ္ေနလို႔ ႐ုပ္သံကုမၸဏီေတြက အစိမ္းေရာင္ဂ်ာစီဝတ္ဆင္ခြင့္ပိတ္ပင္ဖို႔ စီးရီးေအေဘာလုံးအဖြဲ႕ခ်ဳပ္ကို ေတာင္းဆိုခဲ့တယ္လို႔ အီတလီနာမည္ေက်ာ္အားကစားမီဒီယာျဖစ္တဲ့ Football Italia ကေဖာ္ျပခဲ့ပါတယ္။

စီးရီးေအကလပ္အသင္းအမ်ားစုဟာ အိမ္ကြင္းဝတ္စုံအျဖစ္ အစိမ္းေရာင္အသုံးျပဳတာနည္းပါးေပမယ့္ ဆာဆူအိုလိုအသင္းကေတာ့ အစိမ္းနဲ႔အနက္က်ားဝတ္ဆင္ေနတာေၾကာင့္ ၂၀၂၂-၂၃ ရာသီကစလို႔ သူတို႔ရဲ႕ အိမ္ကြင္းဂ်ာစီအေရာင္ေျပာင္းလဲဖို႔ စီစဥ္ရေတာ့မွာပါ။

တစ္ခုရွိတာက ဆာဆူအိုလိုအသင္းရဲ႕ဝတ္စုံဟာ အစိမ္းေရာင္အေတာက္ေပၚမွာ အနက္က်ားေတြ ထင္ထင္ရွားရွားေပၚေနလို႔ ျမက္ခင္းအေရာင္နဲ႔ ေရာသြားဖို႔မရွိတာေၾကာင့္ စီးရီးေအေဘာလုံးအဖြဲ႕ခ်ဳပ္ရဲ႕ သတ္မွတ္ခ်က္က သူတို႔အသင္းအေပၚ အက်ိဳးသက္ေရာက္မႈရွိႏိုင္မလားဆိုတာေတာ့ ေစာင့္ၾကည့္ရမွာပါ။ ၿပီးခဲ့တဲ့၂၀၂၀-၂၁ ရာသီမွာ အတၱလန္တာအသင္းက အိမ္ကြင္းဂ်ာစီကို ခရစၥမတ္သစ္ပင္လို အစိမ္းပုတ္အေရာင္ေျပာင္းလဲခဲ့ၿပီး လာဇီယိုအသင္းကလည္း နီယြန္အစိမ္းေရာင္ဂ်ာစီဝတ္ဆင္ကစားခဲ့တာေၾကာင့္ ဒီအသင္းေတြအေပၚ စီးရီးေအေဘာလုံးအဖြဲ႕ခ်ဳပ္က ဘယ္လိုဆုံးျဖတ္မလဲဆိုတာေတာ့ မသိေသးပါဘူး။

ဒ့ါအျပင္ Football Italia က အစိမ္းေရာင္မဝတ္ဖို႔ ကန႔္သတ္လိုက္တဲ့အထဲမွာ ေဘာင္းဘီနဲ႔ ေျခအိတ္ေတြလည္းပါဝင္ၿပီး တကယ္လို႔အေရာင္သုံးမ်ိဳးအသုံးျပဳမယ္ဆိုရင္ အက်ႌအေရာင္နဲ႔ဆင္တူတဲ့ အေရာင္ကို အဓိကထားရမွာျဖစ္တယ္လို႔ ေဖာ္ျပခဲ့ပါတယ္။