ဥရုဂွေးကြယ်ပွင့် ယူနိုက်တက်မှာ တောက်ပခွင့်ရတော့မလား

စပိန်သတင်းစာ အေအက်စ်ရဲ့ အဆိုအရ ပယ်လီစထရီဟာ အလာဗတ်အသင်းမှာ နောက်ထပ် ( ၁ ) ရာသီ အငှားသွားရောက်ကစားဖွယ်ရှိနေတယ်လို့ သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်မှာ အခွင့်အရေးရဖို့ သေချာမှုမရှိချိန် လူငယ်တောင်ပံကစားသမားက သူ့ရဲ့ တိုးတက်မှုအတွက် စပိန်နိုင်ငံမှာ နောက်ထပ်တစ်ရာသီ အငှားသွား‌ေရာက်ကစားနိုင်တဲ့အပေါ် နားလည်ပေးလို့ရပါတယ်။

အသက် ( ၁၉) နှစ်အရွယ် ပယ်လီစထရီအနေနဲ့ စပိန်နိုင်ငံကို ထွက်ခွာမသွားခင် မန်ချက်စတာ ယူနိုက်တက်မှာ သူ့ရဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်မယ့် အခွင့်အရေး ရရှိပါလိမ့်မယ်။

ဥရုဂွေး လူငယ်ကြယ်ပွင့်ဟာ လက်ရှိမှာ မန်ချက်စတာ ယူနိုက်တက်အသင်းကြီးနဲ့ စတင်လေ့ကျင့်နေတာ ( ၂ ) ပတ်ကျော်ရှိနေပြီး ဇူလိုင်လ ( ၁၈ ) ရက်နေ့ ၊ ရွန်းနီရဲ့ ဒါဘီကောင်တီအသင်းနဲ့ ကစားမယ့် ပထမဆုံး ရာသီကြိုပွဲစဥ်မှာ ပါဝင်ခွင့် ရနိုင်သလို လာမယ့်အပတ် ကျူပီအာနဲ့ ပွဲစဥ်မှာပါ ဆက်လက်ကစားခွင့်ရနိုင်ပါတယ်။

အဆိုပါ ပွဲစဥ်တွေက ပယ်လီစထရီအတွက် ယူနိုက်တက် ပရိသတ်တွေ နှင့် နည်းပြအဖွဲ့ကို သက်သေပြနိုင်မယ့် အခွင့်အရေးဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ( ၁၂ ) လအတွင်းမှာ သူက ဥရုဂွေး ၊ အင်္ဂလန် ၊ စပိန် စတဲ့ ဒေသပေါင်းစုံမှာ ကစားခဲ့ရပါတယ်။


ယူနိုက်တက် ယူ -၂၃ အသင်းအတွက် ( ၇ ) ပွဲ ကစားပေးခဲ့ပြီး ( ၃ ) ဂိုးသွင်းကာ ( ၁ ) ဂိုး ဖန်တီးပေးခဲ့ပါတယ်။
ဝက်ဖို့ဒ်အသင်းနဲ့ အက်ဖ်အေဖလားပွဲစဥ်မှာ အသင်းကြီးနဲ့အတူ ပထမဆုံး ပါဝင်ခွင့်ရဖို့ နီးစပ်ခဲ့ပေမယ့် ကံဆိုးစွာနဲ့ ကိုဗစ်ရောဂါကူးစက်ခံခဲ့ရပါတယ်။

အဲ့ဒီနောက်မှာတော့ အငှားချခြင်းခံခဲ့ရပါတယ်။

ပယ်လီစထရီက လာလီဂါတန်းဆင်းဇုံကနေ လွတ်မြောက်ဖို့ ရုန်းကန်ခဲ့ရတဲ့ အလာဗတ်အသင်းမှာ အကောင်းဆုံး စွမ်းဆောင်ပြနိုင်ခဲ့ပါတယ်။

ယူနိုက်တက်က ပယ်လီစထရီအတွက် ပေါင် ( ၈ ) သန်းသာ အသုံးပြုခဲ့ရပြီး ( ၂၀၂၆ ) ခုနှစ်ထိ စာချုပ်သက်တမ်း ကျန်ရှိနေတာကြောင့် အလောတကြီး ဆုံးဖြတ်ချက်ချဖို့တော့ မလိုအပ်သေးပါဘူး ။

ရာသီကြိုပွဲစဥ်တွေက ပယ်လီစထရီအတွက် ယူနိုက်တက်နည်းပြတွေရဲ့ ရှေ့မှောက်မှာ ခြေစွမ်းပြသနိုင်မယ့် အကောင်းဆုံးအခွင့်အရေးဖြစ်သလို မိခင်ကလပ်နဲ့လည်း ပိုပြီး ရင်းနှီးမှုရရှိစေပါလိမ့်မယ်။

Zawgyi

ဥ႐ုေဂြးၾကယ္ပြင့္ ယူႏိုက္တက္မွာ ေတာက္ပခြင့္ရေတာ့မလား

စပိန္သတင္းစာ ေအအက္စ္ရဲ႕ အဆိုအရ ပယ္လီစထရီဟာ အလာဗတ္အသင္းမွာ ေနာက္ထပ္ ( ၁ ) ရာသီ အငွားသြားေရာက္ကစားဖြယ္ရွိေနတယ္လို႔ သိရပါတယ္။

မန္ခ်က္စတာ ယူႏိုက္တက္မွာ အခြင့္အေရးရဖို႔ ေသခ်ာမႈမရွိခ်ိန္ လူငယ္ေတာင္ပံကစားသမားက သူ႔ရဲ႕ တိုးတက္မႈအတြက္ စပိန္ႏိုင္ငံမွာ ေနာက္ထပ္တစ္ရာသီ အငွားသြား‌ေရာက္ကစားႏိုင္တဲ့အေပၚ နားလည္ေပးလို႔ရပါတယ္။

အသက္ ( ၁၉) ႏွစ္အ႐ြယ္ ပယ္လီစထရီအေနနဲ႔ စပိန္ႏိုင္ငံကို ထြက္ခြာမသြားခင္ မန္ခ်က္စတာ ယူႏိုက္တက္မွာ သူ႔ရဲ႕ စြမ္းေဆာင္ရည္ေတြကို ျပသႏိုင္မယ့္ အခြင့္အေရး ရရွိပါလိမ့္မယ္။

ဥ႐ုေဂြး လူငယ္ၾကယ္ပြင့္ဟာ လက္ရွိမွာ မန္ခ်က္စတာ ယူႏိုက္တက္အသင္းႀကီးနဲ႔ စတင္ေလ့က်င့္ေနတာ ( ၂ ) ပတ္ေက်ာ္ရွိေနၿပီး ဇူလိုင္လ ( ၁၈ ) ရက္ေန႔ ၊ ႐ြန္းနီရဲ႕ ဒါဘီေကာင္တီအသင္းနဲ႔ ကစားမယ့္ ပထမဆုံး ရာသီႀကိဳပြဲစဥ္မွာ ပါဝင္ခြင့္ ရႏိုင္သလို လာမယ့္အပတ္ က်ဴပီအာနဲ႔ ပြဲစဥ္မွာပါ ဆက္လက္ကစားခြင့္ရႏိုင္ပါတယ္။

အဆိုပါ ပြဲစဥ္ေတြက ပယ္လီစထရီအတြက္ ယူႏိုက္တက္ ပရိသတ္ေတြ ႏွင့္ နည္းျပအဖြဲ႕ကို သက္ေသျပႏိုင္မယ့္ အခြင့္အေရးျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ( ၁၂ ) လအတြင္းမွာ သူက ဥ႐ုေဂြး ၊ အဂၤလန္ ၊ စပိန္ စတဲ့ ေဒသေပါင္းစုံမွာ ကစားခဲ့ရပါတယ္။
ယူႏိုက္တက္ ယူ -၂၃ အသင္းအတြက္ ( ၇ ) ပြဲ ကစားေပးခဲ့ၿပီး ( ၃ ) ဂိုးသြင္းကာ ( ၁ ) ဂိုး ဖန္တီးေပးခဲ့ပါတယ္။
ဝက္ဖို႔ဒ္အသင္းနဲ႔ အက္ဖ္ေအဖလားပြဲစဥ္မွာ အသင္းႀကီးနဲ႔အတူ ပထမဆုံး ပါဝင္ခြင့္ရဖို႔ နီးစပ္ခဲ့ေပမယ့္ ကံဆိုးစြာနဲ႔ ကိုဗစ္ေရာဂါကူးစက္ခံခဲ့ရပါတယ္။
အဲ့ဒီေနာက္မွာေတာ့ အငွားခ်ျခင္းခံခဲ့ရပါတယ္။

ပယ္လီစထရီက လာလီဂါတန္းဆင္းဇုံကေန လြတ္ေျမာက္ဖို႔ ႐ုန္းကန္ခဲ့ရတဲ့ အလာဗတ္အသင္းမွာ အေကာင္းဆုံး စြမ္းေဆာင္ျပႏိုင္ခဲ့ပါတယ္။

ယူႏိုက္တက္က ပယ္လီစထရီအတြက္ ေပါင္ ( ၈ ) သန္းသာ အသုံးျပဳခဲ့ရၿပီး ( ၂၀၂၆ ) ခုႏွစ္ထိ စာခ်ဳပ္သက္တမ္း က်န္ရွိေနတာေၾကာင့္ အေလာတႀကီး ဆုံးျဖတ္ခ်က္ခ်ဖို႔ေတာ့ မလိုအပ္ေသးပါဘူး ။

ရာသီႀကိဳပြဲစဥ္ေတြက ပယ္လီစထရီအတြက္ ယူႏိုက္တက္နည္းျပေတြရဲ႕ ေရွ႕ေမွာက္မွာ ေျခစြမ္းျပသႏိုင္မယ့္ အေကာင္းဆုံးအခြင့္အေရးျဖစ္သလို မိခင္ကလပ္နဲ႔လည္း ပိုၿပီး ရင္းႏွီးမႈရရွိေစပါလိမ့္မယ္။