အမေဖြစ်သူခေါ်ခဲ့တဲ့ “ အိုင်ဘူ “ ဆိုတဲ့နာမည်ပြောင်လေးကို တကမ္ဘာလုံးသိလာမလား ကိုနာတေး အပေါ်မှာသာ မူတည်နေ

ရာသီသစ် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ စောင့်ကြည့်ရမယ့် ကစားသမားသစ်တွေထဲမှာ လီဗာပူးလ် နောက်ခံလူ ကိုနာတေး လည်းအပါအဝင်ပါပဲ။ အသက် ၂၂ နှစ်အရွယ်သာရှိသေးတဲ့ အဆိုပါပြင်သစ်နောက်ခံလူဟာ ပြီးခဲ့တဲ့တရာသီလုံး ဥရောပအသင်းကြီးတွေရဲ့ စောင့်ကြည့်ခြင်းကိုခံခဲ့ရတဲ့ အလားအလာရှိတဲ့ လူငယ်ကစားသမားဖြစ်ပါတယ်။

ဒါကြောင့်မို့ လီဗာပူးလ်အသင်းက ပြီးခဲ့တဲ့ မေလကတည်းက စာချုပ်ပါလျော်ကြေး ပေါင် ၃၆ သန်းကို လိုက်ပ်ဇစ်အသင်းကို ပေးချေကာ ကိုနာတေး ကို တခြားအသင်းတွေထက် လက်ဦးမှုရယူပြီး ခေါ်ယူခဲ့တာပါ။

ပြီးခဲ့တဲ့ ရာသီက နောက်တန်းကစားသမားတွေရဲ့ ဒဏ်ရာပြဿနာကြောင့် ရလဒ်တွေဆိုးရွားခဲ့ရတဲ့ လီဗာပူးလ် က ဒီနှစ်မှာတော့ ခံစစ်ပိုင်းကို အဓိကပြင်ဆင်နေတယ်လို့ဆိုရမှာပါ။ အဓိကနောက်ခံလူ ဗန်ဒိုက် ဒဏ်ရာကနေပြန်လည်သက်သာလာပြီဖြစ်တဲ့အတွက် ကိုနာတေး-ဗန်ဒိုက် အတွဲဟာ ပြိုင်ဖက်တွေကျော်ဖြတ်ရခက်မယ့် ခံစစ်ကြောင်းတခုဖြစ်လာဖို့တော့ ရှိနေပါတယ်။

ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ စတင်ပွဲထွက်ကစားခွင့်ရတော့မှာနဲ့ ပတ်သက်ပြီး ကိုနာတေး က “ ကျွန်တော်က ခန္ဓာကိုယ်ကြီးမားတယ် ၊ သန်မာတယ် ၊ နောက်ပြီး ဘောလုံးကိုလည်း မကြောက်တတ်ဘူး။ ကျွန်တော်က ခေါင်းတိုက်ပြီးဂိုးသွင်းတာထက် ခြေထောက်နဲ့ ပိုပြီးဂိုးသွင်းနိုင်တယ်။ နောက်ခံလူတယောက်အတွက်တော့ ဒါဟာနည်းနည်းထူးဆန်းတယ်လို့ ပြောနိုင်ပါတယ်။ ကျွန်တော်က အဲ့လိုကစားသမားမျိုးပါ။ ဟုတ်ပါတယ် ၊ ကျွန်တော့်မှာ ကောင်းမွန်တဲ့ အရည်အသွေးတွေရှိပါတယ်။ ပြီးပြည့်စုံတဲ့ နောက်ခံလူတယောက်ဖြစ်ဖို့တော့ အခုထက်ပိုပြီး အလုပ်တွေကြိုးစားဖို့လိုပါသေးတယ်။ ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ကျွန်တော်ကြည့်ဖူးပါတယ်။ သန်မာတဲ့ကစားသမားတွေအများကြီးရှိပြီး အလွန်အကြိတ်အနယ်ရှိတဲ့ ပြိုင်ပွဲမှန်း လူတိုင်းသိကြပါတယ်။ ခက်ခဲမှာသေချာပါတယ်။ ဒါပေမဲ့ ကျွန်တော်က စိန်ခေါ်မှုတွေကို သဘောကျတဲ့လူတယောက်ပါ “ လို့ အင်တာဗျူးမှာ ပြောပါတယ်။

အဲဒီအင်တာဗျူးမှာ ကိုနာတေး က သူ့ရဲ့နာမည်ပြောင်နဲ့ပက်သက်ပြီးတော့လည်း အခုလိုပြောခဲ့ပါသေးတယ်။ “ ကျွန်တော့်ကို Ibou ( အိုင်ဘူ ) လို့ ခေါ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အမေက ကျွန်တော့်ကို ငယ်ငယ်လေးကတည်းက “ အိုင်ဘူ ၊ အိုင်ဘူ “ လို့ အမြဲခေါ်နေကြမို့လို့ပါ။ လိုက်ပ်ဇစ် ကိုစရောက်တဲ့ ပထမဆုံးနေ့တုန်းက အမေပါကျွန်တော်နဲ့အတူလိုက်လာတယ်။ အဲ့မှာ အမေက ကျွန်တော့်ကို “ အိုင်ဘူ အိုင်ဘူ “ လို့ ခေါ်တော့ နည်းပြက ကျွန်တော့်ကိုမေးတယ်။ အဲ့ဒီ အိုင်ဘူ ဆိုတာ ဘာကိုဆိုလိုတာလဲပေါ့။ အဲ့မှာ သူ့ကို အဲ့ဒီစကားလုံးက ကျွန်တော့်ရဲ့ မိသားစုတွေခေါ်တဲ့ နာမည်ပြောင်ပါလို့ ရှင်းပြလိုက်ရတယ်။ အဲ့အချိန်တည်းက နည်းပြကလည်း ကျွန်တော့်ကို အိုင်ဘူ လို့ပဲခေါ်တော့တယ်။ နောက်တော့ အသင်းဖော်တွေအပြင်အားလုံးကပါ အိုင်ဘူ လို့ခေါ်ကြတော့တာပဲ “ လို့ ကိုနာတေး က ပြောပြခဲ့တယ်။

မေမေခေါ်ခဲ့တဲ့ “ အိုင်ဘူ “ဆိုတဲ့ နာမည်ပြောင်လေးဟာ မကြာခင်မှာ တကမ္ဘာလုံးခေါ်နေကြမဲ့ ချစ်စရာအမည်နာမတခုဖြစ်လာမလားဆိုတာကတော့ ကိုနာတေး အပေါ်မှာသာမူတည်နေတယ်လို့ဆိုရမှာပါ။

zawgyi

အေမျဖစ္သူေခၚခဲ့တဲ့ “ အိုင္ဘူ “ ဆိုတဲ့နာမည္ေျပာင္ေလးကို တကမာၻလုံးသိလာမလား ကိုနာေတး အေပၚမွာသာ မူတည္ေန

ရာသီသစ္ ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ ေစာင့္ၾကည့္ရမယ့္ ကစားသမားသစ္ေတြထဲမွာ လီဗာပူးလ္ ေနာက္ခံလူ ကိုနာေတး လည္းအပါအဝင္ပါပဲ။ အသက္ ၂၂ ႏွစ္အ႐ြယ္သာရွိေသးတဲ့ အဆိုပါျပင္သစ္ေနာက္ခံလူဟာ ၿပီးခဲ့တဲ့တရာသီလုံး ဥေရာပအသင္းႀကီးေတြရဲ႕ ေစာင့္ၾကည့္ျခင္းကိုခံခဲ့ရတဲ့ အလားအလာရွိတဲ့ လူငယ္ကစားသမားျဖစ္ပါတယ္။

ဒါေၾကာင့္မို႔ လီဗာပူးလ္အသင္းက ၿပီးခဲ့တဲ့ ေမလကတည္းက စာခ်ဳပ္ပါေလ်ာ္ေၾကး ေပါင္ ၃၆ သန္းကို လိုက္ပ္ဇစ္အသင္းကို ေပးေခ်ကာ ကိုနာေတး ကို တျခားအသင္းေတြထက္ လက္ဦးမႈရယူၿပီး ေခၚယူခဲ့တာပါ။

ၿပီးခဲ့တဲ့ ရာသီက ေနာက္တန္းကစားသမားေတြရဲ႕ ဒဏ္ရာျပႆနာေၾကာင့္ ရလဒ္ေတြဆိုး႐ြားခဲ့ရတဲ့ လီဗာပူးလ္ က ဒီႏွစ္မွာေတာ့ ခံစစ္ပိုင္းကို အဓိကျပင္ဆင္ေနတယ္လို႔ဆိုရမွာပါ။ အဓိကေနာက္ခံလူ ဗန္ဒိုက္ ဒဏ္ရာကေနျပန္လည္သက္သာလာၿပီျဖစ္တဲ့အတြက္ ကိုနာေတး-ဗန္ဒိုက္ အတြဲဟာ ၿပိဳင္ဖက္ေတြေက်ာ္ျဖတ္ရခက္မယ့္ ခံစစ္ေၾကာင္းတခုျဖစ္လာဖို႔ေတာ့ ရွိေနပါတယ္။

ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ စတင္ပြဲထြက္ကစားခြင့္ရေတာ့မွာနဲ႔ ပတ္သက္ၿပီး ကိုနာေတး က “ ကြၽန္ေတာ္က ခႏၶာကိုယ္ႀကီးမားတယ္ ၊ သန္မာတယ္ ၊ ေနာက္ၿပီး ေဘာလုံးကိုလည္း မေၾကာက္တတ္ဘူး။ ကြၽန္ေတာ္က ေခါင္းတိုက္ၿပီးဂိုးသြင္းတာထက္ ေျခေထာက္နဲ႔ ပိုၿပီးဂိုးသြင္းႏိုင္တယ္။ ေနာက္ခံလူတေယာက္အတြက္ေတာ့ ဒါဟာနည္းနည္းထူးဆန္းတယ္လို႔ ေျပာႏိုင္ပါတယ္။ ကြၽန္ေတာ္က အဲ့လိုကစားသမားမ်ိဳးပါ။ ဟုတ္ပါတယ္ ၊ ကြၽန္ေတာ့္မွာ ေကာင္းမြန္တဲ့ အရည္အေသြးေတြရွိပါတယ္။ ၿပီးျပည့္စုံတဲ့ ေနာက္ခံလူတေယာက္ျဖစ္ဖို႔ေတာ့ အခုထက္ပိုၿပီး အလုပ္ေတြႀကိဳးစားဖို႔လိုပါေသးတယ္။ ပရီးမီးယားလိဂ္ပြဲစဥ္ေတြကို ကြၽန္ေတာ္ၾကည့္ဖူးပါတယ္။ သန္မာတဲ့ကစားသမားေတြအမ်ားႀကီးရွိၿပီး အလြန္အႀကိတ္အနယ္ရွိတဲ့ ၿပိဳင္ပြဲမွန္း လူတိုင္းသိၾကပါတယ္။ ခက္ခဲမွာေသခ်ာပါတယ္။ ဒါေပမဲ့ ကြၽန္ေတာ္က စိန္ေခၚမႈေတြကို သေဘာက်တဲ့လူတေယာက္ပါ “ လို႔ အင္တာဗ်ဴးမွာ ေျပာပါတယ္။

အဲဒီအင္တာဗ်ဴးမွာ ကိုနာေတး က သူ႔ရဲ႕နာမည္ေျပာင္နဲ႔ပက္သက္ၿပီးေတာ့လည္း အခုလိုေျပာခဲ့ပါေသးတယ္။ “ ကြၽန္ေတာ့္ကို Ibou ( အိုင္ဘူ ) လို႔ ေခၚႏိုင္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အေမက ကြၽန္ေတာ့္ကို ငယ္ငယ္ေလးကတည္းက “ အိုင္ဘူ ၊ အိုင္ဘူ “ လို႔ အၿမဲေခၚေနၾကမို႔လို႔ပါ။ လိုက္ပ္ဇစ္ ကိုစေရာက္တဲ့ ပထမဆုံးေန႔တုန္းက အေမပါကြၽန္ေတာ္နဲ႔အတူလိုက္လာတယ္။ အဲ့မွာ အေမက ကြၽန္ေတာ့္ကို “ အိုင္ဘူ အိုင္ဘူ “ လို႔ ေခၚေတာ့ နည္းျပက ကြၽန္ေတာ့္ကိုေမးတယ္။ အဲ့ဒီ အိုင္ဘူ ဆိုတာ ဘာကိုဆိုလိုတာလဲေပါ့။ အဲ့မွာ သူ႔ကို အဲ့ဒီစကားလုံးက ကြၽန္ေတာ့္ရဲ႕ မိသားစုေတြေခၚတဲ့ နာမည္ေျပာင္ပါလို႔ ရွင္းျပလိုက္ရတယ္။ အဲ့အခ်ိန္တည္းက နည္းျပကလည္း ကြၽန္ေတာ့္ကို အိုင္ဘူ လို႔ပဲေခၚေတာ့တယ္။ ေနာက္ေတာ့ အသင္းေဖာ္ေတြအျပင္အားလုံးကပါ အိုင္ဘူ လို႔ေခၚၾကေတာ့တာပဲ “ လို႔ ကိုနာေတး က ေျပာျပခဲ့တယ္။

ေမေမေခၚခဲ့တဲ့ “ အိုင္ဘူ “ဆိုတဲ့ နာမည္ေျပာင္ေလးဟာ မၾကာခင္မွာ တကမာၻလုံးေခၚေနၾကမဲ့ ခ်စ္စရာအမည္နာမတခုျဖစ္လာမလားဆိုတာကေတာ့ ကိုနာေတး အေပၚမွာသာမူတည္ေနတယ္လို႔ဆိုရမွာပါ။