သူ့ရဲ့သွင်းဂိုးမှန်သမျှကို လက်ရေးနဲ့မှတ်ထားတဲ့ နှစ် ၁၀၀ အရွယ်အဖိုးအိုကို ကျေးဇူးတင်စကားပါးခဲ့တဲ့ မက်ဆီ

အာဂျင်တီးနားနိုင်ငံက ဒွန်ဟာနန် လို့အမည်ရတဲ့ အသက် ၁၀၀ အရွယ်အဖိုးအိုဟာ မက်ဆီ ကို စွဲစွဲလမ်းလမ်းအားပေးနေတဲ့ အသက်အကြီးဆုံးသစ္စာရှိပရိသတ်တယောက်ပဲဖြစ်တယ်လို့ ဆိုရမှာပါ။

ဟာနန် ဟာ မက်ဆီ ပရော်ဖက်ရှင်နယ်ကစားသမားဘဝစတင်ချိန်ကနေ အခုချိန်ထိ သွင်းယူခဲ့တဲ့ သွင်းဂိုးတိုင်းကို စာအုပ်တအုပ်မှာ လက်ရေးနဲ့ကိုယ်တိုင် မှတ်ထားတက်ပါတယ်။

အဲ့ဒီအကြောင်းကို ဟာနန် ရဲ့ မြေးဖြစ်သူက ဆိုရှယ်မီဒီယာပေါ်မှာ ဗီဒီယိုရိုက်ပြီးတင်လိုက်တဲ့အခါမှာတော့ ကြည့်ရှုသူတွေအလွန်များပြားခဲ့ပြီး ဟာနန် ရဲ့ အကြောင်းဟာ လူပြောများခဲ့ပါတယ်။

အဲ့ဒီအကြောင်းကို မက်ဆီ လည်း သိသွားခဲ့တဲ့နောက်မှာတော့ သူ့ရဲ့အမာခံပရိသတ်ကြီးကို ကျေးဇူးတင်စကားပြောထားတဲ့ ဗီဒီယိုမက်ဆေ့ချ်ပေးပို့ခဲ့ပါတယ်။

ဗီဒီယိုထဲမှာ မက်ဆီ က “ ဟိုင်း ၊ ဟာနန် ။ ကျွန်တော်ရဲ့သွင်းဂိုးတွေကို လက်ရေးနဲ့မှတ်ထားတဲ့ အဖိုးရဲ့ အကြောင်းကိုကြားတော့ တော်တော်လေးမိုက်တယ်လို့ ထင်မိတယ်ဗျာ။
အဖိုး စဉ်ဆက်မပြတ်လုပ်ခဲ့တဲ့အလုပ်အတွက် ကျေးဇူးတင်စကားပြောချင်ပါတယ်။

အဖိုး အရာအားလုံးအဆင်ပြေဖို့ ကျွန်တော်ဆုတောင်းပါတယ်။
မကြာခင်မှာ အဖိုးနဲ့ လူချင်းတွေ့နိုင်ဖို့လည်း ကျွန်တော်မျှော်လင့်ပါတယ် “ လို့ ပြောဆိုခဲ့ပါတယ်။

မက်ဆီ ပေးပို့ခဲ့တဲ့ အဲ့ဒီ ဗီဒီယိုမက်ဆေ့ချ်ကို ကြည့်ပြီးပြီးချင်းမှာပဲ ဟာနန် က “ ငါ မင်းကို အမြဲအားပေးခဲ့တယ်။
နောက်လည်း အဆုံးထိကို အမြဲအားပေးနေအုန်းမှာ။

မင်းရဲ့နောက်မှာ ငါအမြဲရှိနေမယ် “ လို့ မျက်ရည်တွေဝဲကာ ပြောခဲ့ပါတယ်။

ဟာနန်ရဲ့ အဲ့ဒီပုံရိပ်တွေကိုလည်း မြေးဖြစ်သူက ဗီဒီယိုရိုက်ကာ ဆိုရှယ်မီဒီယာပေါ်မှာ ထပ်မံတင်ခဲ့ပါ​တယ်။

အဲ့ဒီ ဗီဒီယိုကလည်း လူကြည့်များခဲ့ပြီး စွဲစွဲလမ်းလမ်းအားပေးခဲ့ရတဲ့ မက်ဆီ ရဲ့ ကျေးဇူးတင်စကားကိုကြားရလို့ ပျော်နေတဲ့ ဟာနန် ရဲ့ပုံရိပ်တွေဟာ လူတွေကို ကြည်နူးမှုဖြစ်စေခဲ့ပါတယ်။

Zawgyi

သူ႔ရဲ႕သြင္းဂိုးမွန္သမွ်ကို လက္ေရးနဲ႔မွတ္ထားတဲ့ ႏွစ္ ၁၀၀ အ႐ြယ္အဖိုးအိုကို ေက်းဇူးတင္စကားပါးခဲ့တဲ့ မက္ဆီ

အာဂ်င္တီးနားႏိုင္ငံက ဒြန္ဟာနန္ လို႔အမည္ရတဲ့ အသက္ ၁၀၀ အ႐ြယ္အဖိုးအိုဟာ မက္ဆီ ကို စြဲစြဲလမ္းလမ္းအားေပးေနတဲ့ အသက္အႀကီးဆုံးသစၥာရွိပရိသတ္တေယာက္ပဲျဖစ္တယ္လို႔ ဆိုရမွာပါ။

ဟာနန္ ဟာ မက္ဆီ ပေရာ္ဖက္ရွင္နယ္ကစားသမားဘဝစတင္ခ်ိန္ကေန အခုခ်ိန္ထိ သြင္းယူခဲ့တဲ့ သြင္းဂိုးတိုင္းကို စာအုပ္တအုပ္မွာ လက္ေရးနဲ႔ကိုယ္တိုင္ မွတ္ထားတက္ပါတယ္။

အဲ့ဒီအေၾကာင္းကို ဟာနန္ ရဲ႕ ေျမးျဖစ္သူက ဆိုရွယ္မီဒီယာေပၚမွာ ဗီဒီယို႐ိုက္ၿပီးတင္လိုက္တဲ့အခါမွာေတာ့ ၾကည့္ရႈသူေတြအလြန္မ်ားျပားခဲ့ၿပီး ဟာနန္ ရဲ႕ အေၾကာင္းဟာ လူေျပာမ်ားခဲ့ပါတယ္။

အဲ့ဒီအေၾကာင္းကို မက္ဆီ လည္း သိသြားခဲ့တဲ့ေနာက္မွာေတာ့ သူ႔ရဲ႕အမာခံပရိသတ္ႀကီးကို ေက်းဇူးတင္စကားေျပာထားတဲ့ ဗီဒီယိုမက္ေဆ့ခ်္ေပးပို႔ခဲ့ပါတယ္။

ဗီဒီယိုထဲမွာ မက္ဆီ က “ ဟိုင္း ၊ ဟာနန္ ။ ကြၽန္ေတာ္ရဲ႕သြင္းဂိုးေတြကို လက္ေရးနဲ႔မွတ္ထားတဲ့ အဖိုးရဲ႕ အေၾကာင္းကိုၾကားေတာ့ ေတာ္ေတာ္ေလးမိုက္တယ္လို႔ ထင္မိတယ္ဗ်ာ။

အဖိုး စဥ္ဆက္မျပတ္လုပ္ခဲ့တဲ့အလုပ္အတြက္ ေက်းဇူးတင္စကားေျပာခ်င္ပါတယ္။

အဖိုး အရာအားလုံးအဆင္ေျပဖို႔ ကြၽန္ေတာ္ဆုေတာင္းပါတယ္။
မၾကာခင္မွာ အဖိုးနဲ႔ လူခ်င္းေတြ႕ႏိုင္ဖို႔လည္း ကြၽန္ေတာ္ေမွ်ာ္လင့္ပါတယ္ “ လို႔ ေျပာဆိုခဲ့ပါတယ္။

မက္ဆီ ေပးပို႔ခဲ့တဲ့ အဲ့ဒီ ဗီဒီယိုမက္ေဆ့ခ်္ကို ၾကည့္ၿပီးၿပီးခ်င္းမွာပဲ ဟာနန္ က “ ငါ မင္းကို အၿမဲအားေပးခဲ့တယ္။
ေနာက္လည္း အဆုံးထိကို အၿမဲအားေပးေနအုန္းမွာ။
မင္းရဲ႕ေနာက္မွာ ငါအၿမဲရွိေနမယ္ “ လို႔ မ်က္ရည္ေတြဝဲကာ ေျပာခဲ့ပါတယ္။

ဟာနန္ရဲ႕ အဲ့ဒီပုံရိပ္ေတြကိုလည္း ေျမးျဖစ္သူက ဗီဒီယို႐ိုက္ကာ ဆိုရွယ္မီဒီယာေပၚမွာ ထပ္မံတင္ခဲ့ပါ​တယ္။

အဲ့ဒီ ဗီဒီယိုကလည္း လူၾကည့္မ်ားခဲ့ၿပီး စြဲစြဲလမ္းလမ္းအားေပးခဲ့ရတဲ့ မက္ဆီ ရဲ႕ ေက်းဇူးတင္စကားကိုၾကားရလို႔ ေပ်ာ္ေနတဲ့ ဟာနန္ ရဲ႕ပုံရိပ္ေတြဟာ လူေတြကို ၾကည္ႏူးမႈျဖစ္ေစခဲ့ပါတယ္။