လာမယ့်အပတ်အတွင်း ယူနိုက်တက်က အပြောင်းအရွေ့ ( ၂ ) ခု တစ်ပြိုင်နက် ကြေညာသွားဖွယ်ရှိ

မန်ချက်စတာ ယူနိုက်တက်က ယခုနွေရာသီအပြောင်းအရွေ့မှာ အမှန်တကယ်လှုပ်ရှားလျက်ရှိပြီး ပရိသတ်တွေအတွက် အားရစရာ သတင်းတွေ ထွက်ပေါ်နေပါတယ်။ The Sun သတင်းစာအရ ယူနိုက်တက်ဟာ ကီရန် ထရစ်ပီယာ နှင့် ရာဖေးလ် ဗာရန်းတို့အတွက် အဆင့်မြင့် ဆွေးနွေးမှုတေွ ပြုလုပ်နေပြီး လာမယ့် ရက်သတ္တပတ် အကုန်ပိုင်းမှာ အပြောင်းအရွေ့ ( ၂ ) ခုကို တစ်ပြိုင်နက် ကြေညာနိုင်ဖို့ ယုံကြည်နေတယ်လို့ သိရပါတယ်။ ဒီသတင်းက အားရစရာဆိုပေမယ့် မှန်ကန်ဖို့အတွက် အရမ်းကောင်းလွန်းနေပါတယ် (too good to be true ) ။

The Sun ရဲ့ မန်ယူနိုက်တက် သတင်းရေးသားသူ Neil Custis က အဆိုပါ အကြောင်းကို ဖော်ပြခဲ့တာဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ ( ၂ ) နှစ်ကျော် ၊ ( ၂၀၁၉ ) ဇူလိုင်လ အလယ်ပိုင်းမှာလည်း ယူနိုက်တက်က မက်ဂွဲယားအပြောင်းအရွေ့ကို အပြီးသတ်သဘောတူညီမှု ရရှိခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် အမှန်တကယ်က နောက်ထပ် ( ၃ ) အပတ်အကြာမှသာ အပြီးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် မှန်ကန်ကြောင်းတော့ ပြခဲ့ပါတယ်။

ယူနိုက်တက် ပရိသတ်တွေအနေနဲ့ အဆိုပါ အပြောင်းအရွေ့ ( ၂ ) ခုလုံးကို အပြီးသတ်နိုင်မယ်လို့ ယုံကြည်မှုအပြည့်ရှိသင့်ပါတယ်။ ဗာရန်း အပြောင်းအရွေ့က လာမယ့်အပတ်အတွင်း အပြီးသတ်နိုင်ဖို့ အလားအလာကောင်းနေပါတယ်။ RMC Sport က ယူနိုက်တက်ဟာ ပြင်သစ်နောက်ခံလူကို ခေါ်ယူနိုင်ဖို့ အရေးကြီးတဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေကေြာင်း မနေ့က ဖော်ပြခဲ့ပါတယ်။

ထရစ်ပီယာအပြောင်းအရေွ့ ပတ်သက်ပြီး အက်သလက်တီကိုက ရောင်းချဖို့ အနည်းငယ် ငြင်းဆန်တာကြောင့် ပိုပြီးရှုပ်ထွေးနေပါတယ်။ ဒါပေမယ့် The Telegraph အရ နောက်ခံလူက မန်ချက်စတာကိုပြန်သွားဖို့ လုံးဝ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ ထရစ်ပီယာ အပြောင်းအရွေ့က deadline day ထိ ရောက်ရှိသွားနိုင်တဲ့ အလားအလာရှိပေမယ့် ယူနိုက်တက်ရဲ့ လက်ရှိ အပြောင်းအရွေ့ လှုပ်ရှားမှုတွေအရ ထင်မှတ်မထားတာတွေလည်း ဖြစ်ပေါ်လာနိုင်ပါတယ်။

အဆိုပါ ကစားသမား ( ၂ ) ဦးအတွက် ပေါင် ( ၆၈ ) သန်း ဝန်းကျင် ကုန်ကျဖွယ်ရှိနေတာကြောင့် ယူနိုက်တက်ကလည်း ရောင်းချမှုတွေ ပြုလုပ်ဖို့ လိုအပ်နေပါတယ်။

zawgyi

လာမယ့္အပတ္အတြင္း ယူႏိုက္တက္က အေျပာင္းအေ႐ြ႕ ( ၂ ) ခု တစ္ၿပိဳင္နက္ ေၾကညာသြားဖြယ္ရွိ

မန္ခ်က္စတာ ယူႏိုက္တက္က ယခုေႏြရာသီအေျပာင္းအေ႐ြ႕မွာ အမွန္တကယ္လႈပ္ရွားလ်က္ရွိၿပီး ပရိသတ္ေတြအတြက္ အားရစရာ သတင္းေတြ ထြက္ေပၚေနပါတယ္။

The Sun သတင္းစာအရ ယူႏိုက္တက္ဟာ ကီရန္ ထရစ္ပီယာ ႏွင့္ ရာေဖးလ္ ဗာရန္းတို႔အတြက္ အဆင့္ျမင့္ ေဆြးေႏြးမႈေတြ ျပဳလုပ္ေနၿပီး လာမယ့္ ရက္သတၱပတ္ အကုန္ပိုင္းမွာ အေျပာင္းအေ႐ြ႕ ( ၂ ) ခုကို တစ္ၿပိဳင္နက္ ေၾကညာႏိုင္ဖို႔ ယုံၾကည္ေနတယ္လို႔ သိရပါတယ္။

ဒီသတင္းက အားရစရာဆိုေပမယ့္ မွန္ကန္ဖို႔အတြက္ အရမ္းေကာင္းလြန္းေနပါတယ္ (too good to be true ) ။

The Sun ရဲ႕ မန္ယူႏိုက္တက္ သတင္းေရးသားသူ Neil Custis က အဆိုပါ အေၾကာင္းကို ေဖာ္ျပခဲ့တာျဖစ္ပါတယ္။

သူဟာ ၿပီးခဲ့တဲ့ ( ၂ ) ႏွစ္ေက်ာ္ ၊ ( ၂၀၁၉ ) ဇူလိုင္လ အလယ္ပိုင္းမွာလည္း ယူႏိုက္တက္က မက္ဂြဲယားအေျပာင္းအေ႐ြ႕ကို အၿပီးသတ္သေဘာတူညီမႈ ရရွိခဲ့ေၾကာင္း ေဖာ္ျပခဲ့ပါတယ္။

ဒါေပမယ့္ အမွန္တကယ္က ေနာက္ထပ္ ( ၃ ) အပတ္အၾကာမွသာ အၿပီးသတ္ႏိုင္ခဲ့တာျဖစ္ပါတယ္။
ဘာပဲျဖစ္ျဖစ္ မွန္ကန္ေၾကာင္းေတာ့ ျပခဲ့ပါတယ္။

ယူႏိုက္တက္ ပရိသတ္ေတြအေနနဲ႔ အဆိုပါ အေျပာင္းအေ႐ြ႕ ( ၂ ) ခုလုံးကို အၿပီးသတ္ႏိုင္မယ္လို႔ ယုံၾကည္မႈအျပည့္ရွိသင့္ပါတယ္။
ဗာရန္း အေျပာင္းအေ႐ြ႕က လာမယ့္အပတ္အတြင္း အၿပီးသတ္ႏိုင္ဖို႔ အလားအလာေကာင္းေနပါတယ္။
RMC Sport က ယူႏိုက္တက္ဟာ ျပင္သစ္ေနာက္ခံလူကို ေခၚယူႏိုင္ဖို႔ အေရးႀကီးတဲ့ ေဆြးေႏြးမႈေတြ ျပဳလုပ္ေနေၾကာင္း မေန႔က ေဖာ္ျပခဲ့ပါတယ္။

ထရစ္ပီယာအေျပာင္းအေရြ႕ ပတ္သက္ၿပီး အက္သလက္တီကိုက ေရာင္းခ်ဖို႔ အနည္းငယ္ ျငင္းဆန္တာေၾကာင့္ ပိုၿပီးရႈပ္ေထြးေနပါတယ္။

ဒါေပမယ့္ The Telegraph အရ ေနာက္ခံလူက မန္ခ်က္စတာကိုျပန္သြားဖို႔ လုံးဝ ဆႏၵရွိေနတယ္လို႔ သိရပါတယ္။

ထရစ္ပီယာ အေျပာင္းအေ႐ြ႕က deadline day ထိ ေရာက္ရွိသြားႏိုင္တဲ့ အလားအလာရွိေပမယ့္ ယူႏိုက္တက္ရဲ႕ လက္ရွိ အေျပာင္းအေ႐ြ႕ လႈပ္ရွားမႈေတြအရ ထင္မွတ္မထားတာေတြလည္း ျဖစ္ေပၚလာႏိုင္ပါတယ္။

အဆိုပါ ကစားသမား ( ၂ ) ဦးအတြက္ ေပါင္ ( ၆၈ ) သန္း ဝန္းက်င္ ကုန္က်ဖြယ္ရွိေနတာေၾကာင့္ ယူႏိုက္တက္ကလည္း ေရာင္းခ်မႈေတြ ျပဳလုပ္ဖို႔ လိုအပ္ေနပါတယ္။