လင်ဂတ်ကို ဝက်စ်ဟမ်းနဲ့အပြိုင် လာလီဂါချန်ပီယံအသင်းကပါ ခေါ်ယူဖို့ စိတ်ဝင်စားနေ

မန်ယူအသင်းရဲ့ တောင်ပံကစားသမား လင်ဂတ်ကို ခေါ်ယူဖို့ ပရီးမီးယားလိဂ်ကလပ် ဝက်စ်ဟမ်းအပြင် လာလီဂါ ချန်ပီယံ အက်သလက်တီကို ကပါ စိတ်ဝင်စားနေတယ်လို့ သတင်းတွေထွက်ပေါ်လာပါတယ်။

မန်ယူအသင်းရဲ့ အကယ်ဒမီထွက် ငယ်မွေးခြံပေါက်ကစားသမား လင်ဂတ် ဟာ လာမယ့်ရာသီသစ်မှာလည်း ပွဲထွက်ခွင့်အတွက် အာမခံချက်မရှိတာကြောင့် အသင်းပြောင်းရွှေ့ဖို့ ပြင်ဆင်နေတဲ့သူဖြစ်ပါတယ်။

လင်ဂတ် ဟာ မနှစ်ကရာသီဝက်က ဝက်စ်ဟမ်း မှာ အဌားသွားရောက်ကစားခဲ့စဉ်မှာ ၉ ဂိုးသွင်းကာ ဂိုးဖန်တီးမှု ၅ ကြိမ်ပြုလုပ်ပေးနိုင်ခဲ့ပြီး ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ ဒါကြောင့် သူ့ရဲ့ခြေစွမ်းကို သဘောကျနေကြတဲ့ အသင်းတွေက ခေါ်ယူဖို့ မန်ယူ နဲ့ လင်ဂတ် တို့ရဲ့ အခြေအနေကို စောင့်ကြည့်နေကြတာဖြစ်ပါတယ်။

လန်ဒန်ကလပ် ဝက်စ်ဟမ်း ကတော့ လင်ဂတ် ကို ဒီရာသီမှာ အပြီးသတ်ခေါ်ယူဖို့ အစွမ်းကုန်ကြိုးစားနေပါတယ်။ အက်သလက်တီကို နည်းပြ ဆီမြွန်နီ ကလည်း လင်ဂတ်ရဲ့ ခြေစွမ်းကိုသဘောကျနေပြီး ခေါ်ယူဖို့စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ မန်ယူအသင်းကခေါ်ယူချင်နေတဲ့ ထရစ်ပီယာ နဲ့ လင်ဂတ်ကို လဲလှယ်သွားဖို့ ဆန္ဒရှိနေတယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။

စာချုပ်သက်တမ်း ၁ နှစ်သာကျန်တော့တဲ့ လင်ဂတ် ကို မန်ယူအသင်းက တပတ်ပေါင် ၁၃၀,၀၀၀ နဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ကမ်းလှမ်းထားပေမဲ့ လင်ဂတ် ဖက်ကတော့ ဆွေးနွေးမှုတွေကို ခဏရပ်ဆိုင်းထားတယ်လို့ သိရပါတယ်။

အသက် ၂၈ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ လင်ဂတ် က ပုံမှန်ပွဲထွက်ကစားခွင့်ရမှသာ မန်ယူအသင်းနဲ့ စာချုပ်ချုပ်ဆိုဖွယ်ရှိပါတယ်။ စာချုပ်သစ်ကိစ္စအဆင်မပြေပါက မန်ယူအသင်းက လင်ဂတ်ကို ရောင်းချသွားဖို့အသင့်ရှိနေပြီး ပြောင်းရွှေ့ကြေး ပေါင် ၂၅ သန်းခန့် တောင်းဆိုမယ်လို့ သိရပါတယ်။

zawgyi

လင္ဂတ္ကို ဝက္စ္ဟမ္းနဲ႔အၿပိဳင္ လာလီဂါခ်န္ပီယံအသင္းကပါ ေခၚယူဖို႔ စိတ္ဝင္စားေန

မန္ယူအသင္းရဲ႕ ေတာင္ပံကစားသမား လင္ဂတ္ကို ေခၚယူဖို႔ ပရီးမီးယားလိဂ္ကလပ္ ဝက္စ္ဟမ္းအျပင္ လာလီဂါ ခ်န္ပီယံ အက္သလက္တီကို ကပါ စိတ္ဝင္စားေနတယ္လို႔ သတင္းေတြထြက္ေပၚလာပါတယ္။

မန္ယူအသင္းရဲ႕ အကယ္ဒမီထြက္ ငယ္ေမြးၿခံေပါက္ကစားသမား လင္ဂတ္ ဟာ လာမယ့္ရာသီသစ္မွာလည္း ပြဲထြက္ခြင့္အတြက္ အာမခံခ်က္မရွိတာေၾကာင့္ အသင္းေျပာင္းေ႐ႊ႕ဖို႔ ျပင္ဆင္ေနတဲ့သူျဖစ္ပါတယ္။

လင္ဂတ္ ဟာ မႏွစ္ကရာသီဝက္က ဝက္စ္ဟမ္း မွာ အဌားသြားေရာက္ကစားခဲ့စဥ္မွာ ၉ ဂိုးသြင္းကာ ဂိုးဖန္တီးမႈ ၅ ႀကိမ္ျပဳလုပ္ေပးႏိုင္ခဲ့ၿပီး ေျခစြမ္းျပသႏိုင္ခဲ့ပါတယ္။ ဒါေၾကာင့္ သူ႔ရဲ႕ေျခစြမ္းကို သေဘာက်ေနၾကတဲ့ အသင္းေတြက ေခၚယူဖို႔ မန္ယူ နဲ႔ လင္ဂတ္ တို႔ရဲ႕ အေျခအေနကို ေစာင့္ၾကည့္ေနၾကတာျဖစ္ပါတယ္။

လန္ဒန္ကလပ္ ဝက္စ္ဟမ္း ကေတာ့ လင္ဂတ္ ကို ဒီရာသီမွာ အၿပီးသတ္ေခၚယူဖို႔ အစြမ္းကုန္ႀကိဳးစားေနပါတယ္။ အက္သလက္တီကို နည္းျပ ဆီႁမြန္နီ ကလည္း လင္ဂတ္ရဲ႕ ေျခစြမ္းကိုသေဘာက်ေနၿပီး ေခၚယူဖို႔စိတ္ဝင္စားေနတယ္လို႔ သိရပါတယ္။ မန္ယူအသင္းကေခၚယူခ်င္ေနတဲ့ ထရစ္ပီယာ နဲ႔ လင္ဂတ္ကို လဲလွယ္သြားဖို႔ ဆႏၵရွိေနတယ္လို႔လည္း သတင္းေတြထြက္ေပၚေနပါတယ္။

စာခ်ဳပ္သက္တမ္း ၁ ႏွစ္သာက်န္ေတာ့တဲ့ လင္ဂတ္ ကို မန္ယူအသင္းက တပတ္ေပါင္ ၁၃၀,၀၀၀ နဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ကမ္းလွမ္းထားေပမဲ့ လင္ဂတ္ ဖက္ကေတာ့ ေဆြးေႏြးမႈေတြကို ခဏရပ္ဆိုင္းထားတယ္လို႔ သိရပါတယ္။

အသက္ ၂၈ ႏွစ္အ႐ြယ္ရွိေနၿပီျဖစ္တဲ့ လင္ဂတ္ က ပုံမွန္ပြဲထြက္ကစားခြင့္ရမွသာ မန္ယူအသင္းနဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုဖြယ္ရွိပါတယ္။ စာခ်ဳပ္သစ္ကိစၥအဆင္မေျပပါက မန္ယူအသင္းက လင္ဂတ္ကို ေရာင္းခ်သြားဖို႔အသင့္ရွိေနၿပီး ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၂၅ သန္းခန္႔ ေတာင္းဆိုမယ္လို႔ သိရပါတယ္။