စီရော်နယ်လ်ဒိုဟာ လက်ရှိကစားနေတဲ့ ဂျူဗင်တပ်စ်အသင်းမှာပဲ ဆက်လက်ကစားသွားဖို့ရှိနေ

ပေါ်တူဂီနာမည်ကျော်ကစားသမား စီရော်နယ်လ်ဒိုဟာ လက်ရှိကစားနေတဲ့ ဂျူဗင်တပ်စ်အသင်းမှာပဲ ဆက်လက်ကစားသွားဖို့ရှိနေပြီး အသင်းနဲ့စာချုပ်သက်တမ်းတိုးမယ့်အနေအထားရှိတယ်လို့ သတင်းထွက်နေပါတယ်။

စီရော်နယ်လ်ဒိုဟာ ဂျူဗင်တပ်စ်အသင်းမှာ အနာဂတ်မသေမချာဖြစ်နေသလို အသင်းကလည်း ဘဏ္ဍာရေးအခက်အခဲတွေောကာင့် တစ်ပတ် ပေါင်(၉၀၀,၀၀၀)အထိပေးချေနေရတဲ့ စီရော်နယ်လ်ဒိုကို ရောင်းချဖို့စီစဉ်နေတယ်ဆိုပြီး မီဒီယာတွေက ဖော်ပြနေကြတာဖြစ်ပါတယ်။ အသက်(၃၆)နှစ်အရွယ်ရှိပြီဖြစ်သူ စီရော်နယ်လ်ဒိုဟာ ဂျူဗင်တပ်စ်အသင်းနဲ့ (၁)နှစ်စာချုပ်သက်တမ်းသာကျန်ရှိတော့ပြီး သူ့ကို ခေါ်ယူဖို့ ပြင်သစ်ထိပ်သီးကလပ် PSG နဲ့ အသင်းဟောင်း မန်ချက်စတာယူနိုက်တက်တို့က စိတ်ဝင်စားနေကြတာပါ။

ဒါပေမဲ့ စီရော်နယ်လ်ဒိုဟာ ဂျူဗင်တပ်စ်အသင်းနဲ့ လမ်းခွဲမှာမဟုတ်ဘဲ အသင်းမှာဆက်ကစားဖို့ရှိနေပါပြီ။ အီတလီနာမည်ကျော်သတင်းစာ Gazzetta က “စီရော်နယ်လ်ဒိုကို နောက်ထပ်(၁)နှစ်သက်တမ်းတိုးဖို့အတွက် ဂျူဗင်တပ်စ်အသင်းနဲ့ စီရော်နယ်လ်ဒိုရဲ့အေးဂျင့်တို့ဆွေးနွေးမှုတွေပြုလုပ်နေပြီး ဂျူဗင်တပ်စ်အသင်းသာ စီရော်နယ်လ်ဒိုကို လစာငွေလျှော့ယူဖို့ ဖျောင်းဖျနိုင်ခဲ့ရင် စာချုပ်ကိစ္စအဆင်ပြေသွားမယ်လို့”ဖော်ပြခဲ့ပါတယ်။

စီရော်နယ်လ်ဒိုရဲ့အဓိကပြိုင်ဘက်ဖြစ်တဲ့ မက်ဆီဟာလည်း ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက လစာငွေလျှော့ယူပြီးတော့ ဘာစီလိုနာအသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ သဘောတူညီမှုရခဲ့တယ်ဆိုပြီး သတင်းထွက်နေတာပါ။ မက်ဆီဟာ သူအရင်ရနေတဲ့ လစာငွေရဲ့ထက်ဝက်ပမာဏနဲ့ (၅)နှစ်စာချုပ်ချုပ်ဆိုဖို့ သဘောတူညီခဲ့တာဖြစ်ပြီး အခု စီရော်နယ်လ်ဒိုကလည်း မက်ဆီရဲ့ခြေရာကို လိုက်နင်းဖို့ရှိနေပါပြီ။

အသက်(၄၀)နားကပ်နေပြီဖြစ်ပေမယ့် စီရော်နယ်လ်ဒိုကတော့ ကာတာနိုင်ငံမှာကျင်းပမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင်အထိ ဘောလုံးသမားဘဝကို ဆက်လက်လျှောက်လှမ်းသွားမှာဖြစ်ပြီး ပြီးခဲ့တဲ့ယူရို-၂၀၂ဝပြိုင်ပွဲမှာ ပေါ်တူဂီအသင်းအတွက် ပါဝင်ကစားခဲ့သလို တစ်ဦးချင်းစံချိန်မှတ်တမ်းကောင်းတွေလည်း ပိုင်ဆိုင်ခဲ့ပါတယ်။

ပေါ်တူဂီအသင်းဟာ ယူရို-၂၀၂၀ ပြိုင်ပွဲ ရှုံးထွက်(၁၆)သင်းအဆင့်ကနေထွက်ခဲ့ရပြီးတဲ့နောက် အခုလောလောဆယ် စီရော်နယ်လ်ဒိုဟာ အားလပ်ရက်အပန်းဖြေခရီးထွက်နေပြီး ဇူလိုင်(၂၅)ရက်ကျရင် ဂျူဗင်တပ်စ်အသင်းနဲ့ လာရောက်ပူးပေါင်းမှာဖြစ်ပါတယ်။

zawgyi

စီေရာ္နယ္လ္ဒိုဟာ လက္ရွိကစားေနတဲ့ ဂ်ဴဗင္တပ္စ္အသင္းမွာပဲ ဆက္လက္ကစားသြားဖို႔ရွိေန

ေပၚတူဂီနာမည္ေက်ာ္ကစားသမား စီေရာ္နယ္လ္ဒိုဟာ လက္ရွိကစားေနတဲ့ ဂ်ဴဗင္တပ္စ္အသင္းမွာပဲ ဆက္လက္ကစားသြားဖို႔ရွိေနၿပီး အသင္းနဲ႔စာခ်ဳပ္သက္တမ္းတိုးမယ့္အေနအထားရွိတယ္လို႔ သတင္းထြက္ေနပါတယ္။ စီေရာ္နယ္လ္ဒိုဟာ ဂ်ဴဗင္တပ္စ္အသင္းမွာ အနာဂတ္မေသမခ်ာျဖစ္ေနသလို အသင္းကလည္း ဘ႑ာေရးအခက္အခဲေတြောကာင့္ တစ္ပတ္ ေပါင္(၉၀၀,၀၀၀)အထိေပးေခ်ေနရတဲ့ စီေရာ္နယ္လ္ဒိုကို ေရာင္းခ်ဖို႔စီစဥ္ေနတယ္ဆိုၿပီး မီဒီယာေတြက ေဖာ္ျပေနၾကတာျဖစ္ပါတယ္။ အသက္(၃၆)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ စီေရာ္နယ္လ္ဒိုဟာ ဂ်ဴဗင္တပ္စ္အသင္းနဲ႔ (၁)ႏွစ္စာခ်ဳပ္သက္တမ္းသာက်န္ရွိေတာ့ၿပီး သူ႔ကို ေခၚယူဖို႔ ျပင္သစ္ထိပ္သီးကလပ္ PSG နဲ႔ အသင္းေဟာင္း မန္ခ်က္စတာယူႏိုက္တက္တို႔က စိတ္ဝင္စားေနၾကတာပါ။

ဒါေပမဲ့ စီေရာ္နယ္လ္ဒိုဟာ ဂ်ဴဗင္တပ္စ္အသင္းနဲ႔ လမ္းခြဲမွာမဟုတ္ဘဲ အသင္းမွာဆက္ကစားဖို႔ရွိေနပါၿပီ။ အီတလီနာမည္ေက်ာ္သတင္းစာ Gazzetta က “စီေရာ္နယ္လ္ဒိုကို ေနာက္ထပ္(၁)ႏွစ္သက္တမ္းတိုးဖို႔အတြက္ ဂ်ဴဗင္တပ္စ္အသင္းနဲ႔ စီေရာ္နယ္လ္ဒိုရဲ႕ေအးဂ်င့္တို႔ေဆြးေႏြးမႈေတြျပဳလုပ္ေနၿပီး ဂ်ဴဗင္တပ္စ္အသင္းသာ စီေရာ္နယ္လ္ဒိုကို လစာေငြေလွ်ာ့ယူဖို႔ ေဖ်ာင္းဖ်ႏိုင္ခဲ့ရင္ စာခ်ဳပ္ကိစၥအဆင္ေျပသြားမယ္လို႔”ေဖာ္ျပခဲ့ပါတယ္။

စီေရာ္နယ္လ္ဒိုရဲ႕အဓိကၿပိဳင္ဘက္ျဖစ္တဲ့ မက္ဆီဟာလည္း ၿပီးခဲ့တဲ့ရက္ပိုင္းတုန္းက လစာေငြေလွ်ာ့ယူၿပီးေတာ့ ဘာစီလိုနာအသင္းနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ သေဘာတူညီမႈရခဲ့တယ္ဆိုၿပီး သတင္းထြက္ေနတာပါ။ မက္ဆီဟာ သူအရင္ရေနတဲ့ လစာေငြရဲ႕ထက္ဝက္ပမာဏနဲ႔ (၅)ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုဖို႔ သေဘာတူညီခဲ့တာျဖစ္ၿပီး အခု စီေရာ္နယ္လ္ဒိုကလည္း မက္ဆီရဲ႕ေျခရာကို လိုက္နင္းဖို႔ရွိေနပါၿပီ။

အသက္(၄၀)နားကပ္ေနၿပီျဖစ္ေပမယ့္ စီေရာ္နယ္လ္ဒိုကေတာ့ ကာတာႏိုင္ငံမွာက်င္းပမယ့္ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမတိုင္ခင္အထိ ေဘာလုံးသမားဘဝကို ဆက္လက္ေလွ်ာက္လွမ္းသြားမွာျဖစ္ၿပီး ၿပီးခဲ့တဲ့ယူ႐ို-၂၀၂ဝၿပိဳင္ပြဲမွာ ေပၚတူဂီအသင္းအတြက္ ပါဝင္ကစားခဲ့သလို တစ္ဦးခ်င္းစံခ်ိန္မွတ္တမ္းေကာင္းေတြလည္း ပိုင္ဆိုင္ခဲ့ပါတယ္။ ေပၚတူဂီအသင္းဟာ ယူ႐ို-၂၀၂၀ ၿပိဳင္ပြဲ ရႈံးထြက္(၁၆)သင္းအဆင့္ကေနထြက္ခဲ့ရၿပီးတဲ့ေနာက္ အခုေလာေလာဆယ္ စီေရာ္နယ္လ္ဒိုဟာ အားလပ္ရက္အပန္းေျဖခရီးထြက္ေနၿပီး ဇူလိုင္(၂၅)ရက္က်ရင္ ဂ်ဴဗင္တပ္စ္အသင္းနဲ႔ လာေရာက္ပူးေပါင္းမွာျဖစ္ပါတယ္။